သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဆႏၵျပသူေတြကို စစ္ပြဲသံုးလက္နက္ေတြနဲ႔ ႏွိမ္နင္းေနတယ္လုိ႔ AI အဖြဲ႔ ျပစ္တင္ေဝဖန္


ရန္ကုန္ၿမိဳ႕ရွိ လမ္းတေနရာတြင္ ေတြ႔ရတဲ့ ရဲတပ္ဖဲြ႔ဝင္မ်ား။ (မတ္ ၀၄၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ၿပီးခဲ့တဲ့လက စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ေနၾကတဲ့ ကန္႔ကြက္ဆႏၵျပေနသူေတြအေပၚ ျမန္မာစစ္တပ္က စစ္ပြဲေတြမွာသံုးတဲ့ လက္နက္ေတြနဲ႔ အင္အားအလြန္အကၽြံသံုးၿပီး ၿဖိဳခြဲႏွိမ္နင္းေနေၾကာင္း ႏုိင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ AI က ဒီကေန႔ ၾကာသပေတးေန႔မွာ ေျပာလိုက္ပါတယ္။

ကုလသမဂၢအဖြဲ႔ႀကီးကလည္း အနည္းဆံုး ဆႏၵျပသူ ၆၀ ေလာက္ေသဆံုးခဲ့ေၾကာင္း ေျပာထားခ်ိန္မွာပဲ အၾကမ္းဖက္ၿဖိဳခြဲေနတဲ့ ဗီြဒီယို ၅၀ ေက်ာ္ကို စစ္ေဆးၾကည့္႐ႈၿပီး အခုလို အတည္ျပဳခဲ့တာျဖစ္ေၾကာင္း AI အဖြဲ႔က ေျပာတာပါ။ သတ္ျဖတ္ခံရမႈအမ်ားအျပားဟာ ဥပေဒမဲ့ သတ္ျဖတ္ခံရတာျဖစ္ေၾကာင္းလည္း AI အဖြဲ႔က ေျပာပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီေျပာခြင့္ရကို ႐ုိက္တာသတင္းဌာနက ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။ စစ္တပ္ကေတာ့ ဆႏၵျပပြဲေတြကို ထိန္းထိန္းသိမ္းသိမ္း ကိုင္တြယ္ေနတယ္လုိ႔ ဆိုထားပါတယ္။

စစ္တပ္နဲ႔ ရဲဟာ ေနရာေကာင္းေရြးၿပီးမွ စႏိုက္ပါ ႐ိုင္ဖယ္ေတြ၊ အေပါ့စား စက္ေသနတ္ေတြ၊ အတြဲလိုက္ဆြဲပစ္တဲ့ ႐ိုင္ဖယ္လ္ေတြကို သံုးခဲ့ေၾကာင္း ေအအိုင္က ေျပာပါတယ္။

ဒါ့အျပင္ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြအပါအဝင္ လူနည္းစုတိုင္းရင္းသားမ်ဳိးႏြယ္အုပ္စုေတြကိုလည္း အခုလို ႏွစ္ေပါင္းမ်ားစြာ ရက္ရက္စက္စက္ၿဖိဳခြဲလာခဲ့တာျဖစ္ေၾကာင္းလည္း လူ႔အခြင့္အေရးအဖြဲ႔ေတြက စြပ္စြဲထားပါတယ္။

“ဒါဟာ အမိန္႔ေပးတဲ့ အရာရွိတေယာက္ခ်င္းစီရဲ႕ ညံ့ဖ်င္းတဲ့ဆံုးျဖတ္ခ်က္ေတြေၾကာင့္ ျဖစ္လာတာေတြ မဟုတ္ပါဘူး။ လူသားထုကို ဆန္႔က်င္တဲ့ရာဇဝတ္မႈေတြကို ေသခ်ာအမိန္႔ေပးေစခိုင္းေနၾကတာ၊အေသအခ်ာ တပ္ျဖန႔္ခ်ထားၿပီးမွ စနစ္တက် သတ္ျဖတ္ေနတာျဖစ္ပါတယ္။” လို႔ ေအအိုင္အဖြဲ႔ရဲ႕ အၾကပ္အတည္းဆုိင္ရာ တုံ႔ျပန္ေဆာင္ရြက္ေရး ဒါ႐ိုက္တာ Joanne Mariner က ေျပာပါတယ္။

အခုလို သတ္ျဖတ္ေနတာကို ရပ္တန္႔ဖို႔နဲ႔ ဖမ္းဆီးခံရသူအားလံုးကို လႊတ္ေပးဖို႔လည္း ေအအိုင္အဖြဲ႔က ေတာင္းဆို္ခဲ့ပါတယ္။ ေဖေဖၚဝါရီလ ၁ ရက္ အာဏာသိမ္းခ်ိန္က စလို႔ အဖမ္းခံထားရသူေပါင္း ၂,၀၀၀ နီးပါးရွိေနၿပီျဖစ္ေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ ေအေအပီပီရဲ႕စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာဆန္ဒပြသူတွေကို စစ်ပွဲသုံးလက်နက်တွေနဲ့ နှိမ်နင်းနေတယ်လို့ AI အဖွဲ့ ပြစ်တင်ဝေဖန်

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ ကန့်ကွက်ဆန္ဒပြနေသူတွေအပေါ် မြန်မာစစ်တပ်က စစ်ပွဲတွေမှာသုံးတဲ့ လက်နက်တွေနဲ့ အင်အားအလွန်အကျွံသုံးပြီး ဖြိုခွဲနှိမ်နင်းနေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ဒီကနေ့ ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ကြီးကလည်း အနည်းဆုံး ဆန္ဒပြသူ ၆၀ လောက်သေဆုံးခဲ့ကြောင်း ပြောထားချိန်မှာပဲ အကြမ်းဖက်ဖြိုခွဲနေတဲ့ ဗွီဒီယို ၅၀ ကျော်ကို စစ်ဆေးကြည့်ရှုပြီး အခုလို အတည်ပြုခဲ့တာဖြစ်ကြောင်း AI အဖွဲ့က ပြောတာပါ။ သတ်ဖြတ်ခံရမှုအများအပြားဟာ ဥပဒေမဲ့ သတ်ဖြတ်ခံရတာဖြစ်ကြောင်းလည်း AI အဖွဲ့က ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရကို ရိုက်တာသတင်းဌာနက ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ စစ်တပ်ကတော့ ဆန္ဒပြပွဲတွေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်နေတယ်လို့ ဆိုထားပါတယ်။

စစ်တပ်နဲ့ရဲဟာ နေရာကောင်းရွေးပြီးမှ စနိုက်ပါ ရိုင်ဖယ်တွေ၊ အပေါ့စား စက်သေနတ်တွေ၊ အတွဲလိုက်ဆွဲပစ်တဲ့ ရိုင်ဖယ်လ်တွေကို သုံးခဲ့ကြောင်း အေအိုင်က ပြောပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာမွတ်ဆလင်တွေအပါအဝင် လူနည်းစုတိုင်းရင်းသားမျိုးနွယ်အုပ်စုတွေကိုလည်း အခုလို နှစ်ပေါင်းများစွာ ရက်ရက်စက်စက်ဖြိုခွဲလာခဲ့တာဖြစ်ကြောင်းလည်း လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။

“ဒါဟာ အမိန့်ပေးတဲ့ အရာရှိတယောက်ချင်းစီရဲ့ ညံ့ဖျင်းတဲ့ဆုံးဖြတ်ချက်တွေကြောင့် ဖြစ်လာတာတွေ မဟုတ်ပါဘူး။ လူသားထုကို ဆန့်ကျင်တဲ့ရာဇဝတ်မှုတွေကို သေချာအမိန့်ပေးစေခိုင်းနေကြတာ၊အသေအချာ တပ်ဖြန့်ချထားပြီးမှ စနစ်တကျ သတ်ဖြတ်နေတာဖြစ်ပါတယ်။” လို့ အေအိုင်အဖွဲ့ရဲ့ အကြပ်အတည်းဆိုင်ရာတုံ့ပြန်ဆောင်ရွက်ရေး ဒါရိုက်တာ Joanne Mariner က ပြောပါတယ်။

အခုလို သတ်ဖြတ်နေတာကို ရပ်တန့်ဖို့နဲ့ ဖမ်းဆီးခံရသူအားလုံးကို လွှတ်ပေးဖို့လည်း အေအိုင်အဖွဲ့က တောင်းဆိုခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းချိန်က စလို့ အဖမ်းခံထားရသူပေါင်း ၂,၀၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အေအေပီပီရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG