သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ကုလလံုျခံဳေရးေကာင္စီသေဘာထား တခုထြက္ဖို႔ ညိွႏိႈင္းေန


ရန္ကုန္ ေျမာက္ဥကၠလာၿမိဳ႕နယ္ သပိတ္စစ္ေၾကာင္း။ (ဓာတ္ပံု - Zeyar Htun - မတ္ ၁၀၊ ၂၀၂၁)

[Zawgyi/Unicode]

အခုအသံလႊင့္ေနခ်ိန္မွာ ရန္ကုန္ၿမိဳ႕ ေျမာက္ဥကၠလာပၿမိဳ႕နယ္ထဲက ဆႏၵျပသူေတြ စုေဝးခဲ့တဲ့ ေနရာတဝိုက္ လံုျခံဳေရးေတြ ဝိုင္းပိတ္ထားပါတယ္။ အေစာပိုင္းကလည္း ဆႏၵျပသူ ၂၀၀ ထက္မနည္း ဖမ္းဆီးခံရပါတယ္။ အျပစ္မဲ့ ေက်ာင္းသား ျပည္သူေတြကို လံုျခံဳေရးေတြ ဝိုင္းဝန္း ပိတ္ဆို႔၊ ဖမ္းဆီးတာနဲ႔ပတ္သက္လို႔ ရန္ကုန္အေမရိကန္သံရံုးက ထုတ္ျပန္ၿပီး လံုျခံဳေရးေတြ အဲဒီေနရာကေန ဖယ္ရွားေပးဖို႔နဲ႔ ဖမ္းဆီးထားသူေတြ ျပန္လႊတ္ေပးဖို႔နဲ႔ ပိတ္မိေနသူေတြ ေဘးကင္းလံုျခံဳစြာ ထြက္သြားခြင့္ေပးဖို႔ ေတာင္းဆိုပါတယ္။ ရန္ကုန္ၿမိဳ႕ထဲက ေျမာက္ဥကၠလာပနဲ႔ တျခားၿမိဳ႕နယ္ေတြမွာ လံုျခံဳေရးေတြ တိုးျမွင့္ေနတာနဲ႔အတူ ျပည္သူေတြ ေဘးကင္းစြာ အိမ္ျပန္ႏိုင္ၾကေရးကို လံုျခံဳေရးေတြ ခြင့္ျပဳဖို႔ ျမန္မာႏိုင္ငံဆိုင္ရာ ဥေရာပသမဂၢရံုးကလည္း ထုတ္ျပန္ထားပါတယ္။ ကေနဒါ၊ Netherlands ႏိုင္ငံ သံရံုးေတြကလည္း သူတို႔ရဲ႕ Facebook စာမ်က္ႏွာေတြေပၚမွာ အလားတူ ေရးသားေတာင္းဆိုထားၾကပါတယ္။

စမ္းေခ်ာင္းဘက္မွာလည္း လံုျခံဳေရးေတြ အင္အားျပေနၾကတယ္လို႔ ေဒသခံေတြက လူမႈကြန္ယက္ေတြေပၚမွာ ေျပာျပေနၾကပါတယ္။ အခုလိုျမန္မာႏိုင္ငံမွာ လက္နက္ကိုင္ လံုျခံဳေရးေတြရဲ႕ အင္အားသံုး အၾကမ္းဖက္မႈေတြ ပိုမ်ားလာခ်ိန္မွာ ျမန္မာျပည္သူေတြ လူ႔အခြင့္အေရးကို ျပန္လည္ခံစားႏိုင္ဖို႔ ကုလသမဂၢလံုျခံဳေရးေကာင္စီကေန သေဘာထားတခုထဲ ထြက္လာႏိုင္ဖို႔ ကုလအတြင္းေရးမွဴးခ်ဳပ္က ေမွ်ာ္လင့္ေနတယ္လို႔ သူ႔ရဲ႕ေျပာခြင့္ရသူ Stéphane Dujarric ကေျပာၾကားခဲ့ပါတယ္။

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္အေနနဲ႔ လံုျခံဳေရးေကာင္စီကေန တညီတၫြတ္ထဲ ျပင္းထန္ ျပတ္သားတဲ့ သေဘာထား ထုတ္ျပန္ေစခ်င္ပါတယ္လို႔ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရသူ Stéphane Dujarric ကေျပာၾကားခဲ့တာျဖစ္ပါတယ္။ ျဖစ္ေနတဲ့ အေျခအေနကို ျပန္ေျပာင္းႏိုင္မယ့္၊ စစ္တပ္ရဲ႕ လုပ္ရပ္ေတြကို ျပန္ေျပာင္းေစႏိုင္မယ့္၊ ျမန္မာျပည္သူေတြ အေျခခံအခြင့္အေရးကို ျပန္လည္ခံစားႏိုင္မယ့္ ျပင္းထန္ ျပတ္သားတဲ့ သေဘာထား ထုတ္ျပန္ခ်က္မ်ဳိး ျဖစ္ေစခ်င္တယ္လို႔ သူကေျပာပါတယ္။

ျမန္မာႏိုုင္ငံမွာ စစ္တပ္က အာဏာသိမ္းတဲ့အေပၚ အျပစ္တင္ၿပီး စစ္တပ္ကို ထိန္းထိန္းသိမ္းသိမ္းလုပ္ဖို႔ေတာင္းဆိုမယ့္ ေၾကညာခ်က္ ထုတ္ေရးကို New York ၿမိဳ႕ကုလသမဂၢလံုျခံဳေရးေကာင္စီမွာ မေန႔ကေတာ့ သေဘာမတူႏိုင္ခဲ့ၾကပါဘူး။ လံုျခံဳေရးေကာင္စီအၿမဲတမ္းအဖဲြ႕ဝင္ႏိုင္ငံတခုျဖစ္တဲ့ ၿဗိတိန္ႏိုင္ငံက ျမန္မာႏိုင္ငံအတြက္ ေရးသားထားတဲ့ ထုတ္ျပန္ခ်က္မူၾကမ္းကို တ႐ုတ္၊ အိႏၵိယ၊ ဗီယက္နမ္နဲ႔ ႐ုရွားႏိုင္ငံတို႔က ျပင္ဆင္ဖို႔အတြက္ အဂၤါေန႔ညက အၾကံျပဳခဲ့ၾကတယ္လို႔ Reuters သတင္းမွာ ေဖာ္ျပထားပါတယ္။ ထုတ္ျပန္ခ်က္ မူၾကမ္းထဲမွာ ေရးထားတဲ့ အာဏာသိမ္းမႈကို ရည္ၫႊန္းတဲ့အေၾကာင္းနဲ႔ ေနာက္ထပ္အေရးယူမႈေတြလုပ္မယ္လို႔ ၿခိမ္းေျခာက္ထားတဲ့ အခ်က္ေတြကို အဲဒီႏိုင္ငံေတြက ဖယ္ရွားခိုင္းတယ္လို႔ Reuters သတင္းမွာ ေျပာပါတယ္။

ျမန္မာႏိုင္ငံအေရးကိစၥအတြက္ အားလံုးမွာ သူ႔က႑နဲ႔သူ လုပ္ႏိုင္တာေတြ ရွိပါတယ္လို႔ အတြင္းေရးမွဴးခ်ဳပ္ António Guterres ရဲ႕ ေျပာခြင့္ရသူ Stéphane Dujarric ကေျပာပါတယ္။

ဘယ္ႏိုင္ငံကမွ ေဘးကေနရပ္ၾကည့္ေနလို႔ မရပါဘူး။ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံတိုင္းမွာ သူက႑နဲ႔သူ လုပ္ႏိုင္တာေတြရွိပါတယ္။ တႏိုင္ငံခ်င္းစီေရာ အားလံုး စုေပါင္းၿပီးလုပ္ႏိုင္တာေတြရွိပါတယ္။ အတြင္းေရးမွဴးခ်ဳပ္အေနန႔ဲကေတာ့ လံုျခံဳေရးေကာင္စီကေန ျပင္းထန္ ျပန္သားတဲ့ ေျပာၾကားမႈ လုပ္ေဆာင္မႈေတြကို အၿမဲေမွ်ာ္လင့္ပါတယ္လို႔လည္း ေျပာခြင့္ရက ေျပာပါတယ္။ ေဒသတြင္းမွာ ျမန္မာ့အိမ္နီးခ်င္း အာဆီယံႏိုင္ငံေတြနဲ႔ တ႐ုတ္ႏိုင္ငံဘက္ကလည္း သူ႔အခန္းကေနသူ လုပ္ရပါမယ္။ ဒါေၾကာင့္လည္း အထူးသံတမန္ေရာ၊ ကုလသမဂၢအတြင္းေရးမွဴးပါ မျပတ္ဆက္သြယ္ေနပါတယ္။ တခ်ိန္ထဲမွာပဲ ျမင္ေနရတဲ့ အၾကမ္းဖက္မႈေတြ ျမန္မာျပည္သူေတြအေပၚ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြအတြက္ စိတ္မခ်မ္းမသာျဖစ္ရပါတယ္လို႔ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ေျပာခြင့္ရ Stéphane Dujarric က အဂၤါေန႔ကသတင္းစာရွင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။ ျမန္မာႏိုင္ငံထဲမွာ စီးပြားေရးလုပ္ေနၾကတဲ့ ႏိုင္ငံတကာ ကုမၸဏီေတြအေနနဲ႔လည္း ျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့ အေျခအေနကို ေဘးကေနရပ္ၾကည့္ေနလို႔ မရဘူးလို႔ သူကေျပာပါတယ္။ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးသံတမန္ Christine Schraner Burgener အေနနဲ႔လည္း သံတမန္နည္းနဲ႔ ေဆြးေႏြးမႈေတြ ဆက္လုပ္ေနေၾကာင္း ခုလို ေျပာခဲ့ပါတယ္။

ျမန္မာႏိုင္ငံနဲ႔ နယ္နမိတ္ခ်င္းထိဆက္ေနတဲ့ အိမ္နီးခ်င္းႏိုင္ငံေတြ အပါအဝင္ ေဒသတြင္းကႏိ္ုင္ငံေတြနဲ႔ သူ အဆက္အသြယ္ရွိပါတယ္။ ေဒသတြင္းကို သူသြားႏိုင္ဖို႔ ကိစၥကိုလည္း ဆက္လက္ေဆြးေႏြးေနပါတယ္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stéphane Dujarric က အဂၤါေန႔ကသတင္းစာရွင္းပြဲမွာ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္ရွင္။

ေတာင္ကိုရီးယားႏိုင္ငံမွာေတာ့ ကိုရီးယားလႊတ္ေတာ္အမတ္ ဆယ္ေယာက္ေလာက္က ျမန္မာသံရံုးေရွ႕သြားၿပီး စစ္အာဏာသိမ္းမႈကို ကန္႔ကြက္ေၾကာင္း ဒီေန႔ ဆႏၵျပခဲ့ၾကပါတယ္။

တရားမဝင္ စစ္အာဏာသိမ္းမႈ ကန္႔ကြက္ေၾကာင္းနဲ႔၊ ၿငိမ္းခ်မ္းစြာဆႏၵျပေနသူေတြအေပၚ သတ္ျဖတ္ေနမႈေတြ အျမန္ဆံုးရပ္ေပးဖို႔ Seoul ၿမိဳ႕ေတာ္မွာရွိတဲ့ ျမန္မာသံရံုးေရွ႕မွာ ကိုရီးယားလႊတ္ေတာ္အမတ္တခ်ဳိ႕ေတာင္းဆိုဆႏၵျပခဲ့ၾကပါတယ္။

မတ္လ ၈ ရက္ တနလၤာေန႔ကလည္း ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီး Mr. Ichiro Maruyama ဟာ ေနျပည္ေတာ္ကို သြားေရာက္ၿပီး ဦးဝဏၰေမာင္လြင္နဲ႔ေတြ႕ဆုံခဲ့ပါတယ္။ အဲဒီေတြ႕ဆံုမႈနဲ႔ ပတ္သက္တဲ့ ဂ်ပန္အစိုးရရဲ႕ ထုတ္ျပန္ခ်က္မွာေရာ၊ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံး အင္တာနက္စာ မ်က္ႏွာမွာပါ ဦးဝဏၰေမာင္လြင္ကို ႏိုင္ငံျခားေရးဝန္ႀကီး ဆိုၿပီးေခၚေဝၚသုံးစြဲခဲ့ပါတယ္။ ဒီအေပၚမွာ ဂ်ပန္ႏိုင္ငံမွာ ေနထိုင္ေနၾကတဲ့ ျမန္မာေတြနဲ႔ ျမန္မာ့အေရးစိတ္ဝင္စားတဲ့ ဂ်ပန္လူမ်ဳိးေတာ္ေတာ္မ်ားမ်ားက ဦးဝဏၰေမာင္လြင္ကို ႏိုင္ငံျခားေရးဝန္ႀကီးလို႔ ေခၚေဝၚသုံးစြဲတာဟာ စစ္ေကာင္စီကို အသိအမွတ္ျပဳေထာက္ခံတဲ့ သေဘာသက္ေရာက္တယ္လို႔ ဂ်ပန္ႏိုင္ငံျခားေရး႐ုံးနဲ႔ ျမန္မာႏိုင္ငံရွိ ဂ်ပန္သံ႐ုံးတို႔ကို ဆက္သြယ္ကန႔္ကြက္ခဲ့ၾကပါတယ္။

ဒီေန႔ ဂ်ပန္အစိုးရ ပံုမွန္သတင္းစာရွင္းပြဲမွာေတာ့ ဝန္ႀကီးအဖဲြ႕ အတြင္းေရးမွဴးခ်ဳပ္ Katsunobu Katō ကခုလို တုံ႔ျပန္ ရွင္းလင္းခဲ့ပါတယ္။

ဂ်ပန္ႏိုင္ငံအေနနဲ႔ အာဏာသိမ္းတာကို မွန္ကန္တဲ့လုပ္ရပ္လို႔ လက္ခံတာ လုံးဝ မဟုတ္ပါဘူးလို႔ ဝန္ႀကီးအဖဲြ႕ အတြင္းေရးမွဴးခ်ဳပ္ Katō က ျငင္းဆိုခဲ့ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးလို႔ သုံးႏႈန္းခဲ့တာဟာ ေတြ႕ဆုံေဆြးေႏြးမႈေတြ ဆက္ၿပီး လုပ္ေဆာင္ႏိုင္ဖို႔အတြက္ ျဖစ္တယ္လို႔ တံု႔ျပန္ေျပာၾကားခဲ့ပါတယ္။

အခုလို ျမန္မာႏိ္ုင္ငံမွာ စစ္အာဏာသိမ္းတဲ့ကိစၥကို ႏိုင္ငံတကာက တံု႔ျပန္ေဆာင္ရြက္မႈေတြ သံတမန္ေရးနည္းနဲ႔ ေျဖရွင္းဖို႔ လုပ္ေနၾကခ်ိန္မွာပဲ၊ စစ္တပ္နဲ႔ရဲေတြက ျပည္သူေတြအေပၚ အင္အားသံုး အၾကမ္းဖက္ ႏွိမ္နင္း ဖမ္းဆီးေနတာေတြ ဆက္လုပ္ေနပါတယ္။

ဒီေန႔မနက္အေစာပိုင္းကေတာ့ ရန္ကုန္ၿမိဳ႕ မဂၤလာေတာင္ၫြန္႔ ၿမိဳ႕နယ္ထဲက မလႊကုန္းက မီးရထားဝန္ထမ္းအိမ္ယာကို လံုျခံဳေရးအင္အား အလံုးအရင္းနဲ႔ ဝင္ေရာက္စီးနင္းၿပီး ဝန္ထမ္းမိသားစုေတြကို အတင္းဖယ္ရွား၊ ေမာင္းထုတ္ခဲ့ပါတယ္။ အဲဒီက မီးရထားဝန္ထမ္းေတြဟာ စစ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈမွာ အေစာပိုင္းထဲက ပါဝင္ၾကသူေတြျဖစ္ပါတယ္။

ဒီေန႔ ရန္ကုန္၊ မႏၲေလး၊ ထားဝယ္၊ မံုရြာ စတဲ့ၿမိဳ႕ေတြအပါအဝင္ ျမန္မာႏိုင္ငံအႏွံ႔က ၿမိဳ႕ေတြမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ဆႏၵျပမႈေတြရွိသလို အၾကမ္းဖက္ ၿဖိဳခဲြမႈေတြလည္း ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီသဘောထား တခုထွက်ဖို့ ညှိနှိုင်းနေ

အခုအသံလွှင့်နေချိန်မှာ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ထဲက ဆန္ဒပြသူတွေ စုဝေးခဲ့တဲ့ နေရာတဝိုက် လုံခြုံရေးတွေ ဝိုင်းပိတ်ထားပါတယ်။ အစောပိုင်းကလည်း ဆန္ဒပြသူ ၂၀၀ ထက်မနည်း ဖမ်းဆီးခံရပါတယ်။ အပြစ်မဲ့ ကျောင်းသား ပြည်သူတွေကို လုံခြုံရေးတွေ ဝိုင်းဝန်း ပိတ်ဆို့၊ ဖမ်းဆီးတာနဲ့ပတ်သက်လို့ ရန်ကုန်အမေရိကန်သံရုံးက ထုတ်ပြန်ပြီး လုံခြုံရေးတွေ အဲဒီနေရာကနေ ဖယ်ရှားပေးဖို့နဲ့ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့နဲ့ ပိတ်မိနေသူတွေ ဘေးကင်းလုံခြုံစွာ ထွက်သွားခွင့်ပေးဖို့ တောင်းဆိုပါတယ်။ ရန်ကုန်မြို့ထဲက မြောက်ဥက္ကလာပနဲ့ တခြားမြို့နယ်တွေမှာ လုံခြုံရေးတွေ တိုးမြှင့်နေတာနဲ့အတူ ပြည်သူတွေ ဘေးကင်းစွာ အိမ်ပြန်နိုင်ကြရေးကို လုံခြုံရေးတွေ ခွင့်ပြုဖို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးကလည်း ထုတ်ပြန်ထားပါတယ်။ ကနေဒါ၊ Netherlands နိုင်ငံ သံရုံးတွေကလည်း သူတို့ရဲ့ Facebook စာမျက်နှာတွေပေါ်မှာ အလားတူ ရေးသားတောင်းဆိုထားကြပါတယ်။

စမ်းချောင်းဘက်မှာလည်း လုံခြုံရေးတွေ အင်အားပြနေကြတယ်လို့ ဒေသခံတွေက လူမှုကွန်ယက်တွေပေါ်မှာ ပြောပြနေကြပါတယ်။ အခုလိုမြန်မာနိုင်ငံမှာ လက်နက်ကိုင် လုံခြုံရေးတွေရဲ့ အင်အားသုံး အကြမ်းဖက်မှုတွေ ပိုများလာချိန်မှာ မြန်မာပြည်သူတွေ လူ့အခွင့်အရေးကို ပြန်လည်ခံစားနိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ သဘောထားတခုထဲ ထွက်လာနိုင်ဖို့ ကုလအတွင်းရေးမှူးချုပ်က မျှော်လင့်နေတယ်လို့ သူ့ရဲ့ပြောခွင့်ရသူ Stéphane Dujarric ကပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ လုံခြုံရေးကောင်စီကနေ တညီတညွတ်ထဲ ပြင်းထန် ပြတ်သားတဲ့ သဘောထား ထုတ်ပြန်စေချင်ပါတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Stéphane Dujarric ကပြောကြားခဲ့တာဖြစ်ပါတယ်။ ဖြစ်နေတဲ့ အခြေအနေကို ပြန်ပြောင်းနိုင်မယ့်၊ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ပြန်ပြောင်းစေနိုင်မယ့်၊ မြန်မာပြည်သူတွေ အခြေခံအခွင့်အရေးကို ပြန်လည်ခံစားနိုင်မယ့် ပြင်းထန် ပြတ်သားတဲ့ သဘောထား ထုတ်ပြန်ချက်မျိုး ဖြစ်စေချင်တယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့အပေါ် အပြစ်တင်ပြီး စစ်တပ်ကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့တောင်းဆိုမယ့် ကြေညာချက် ထုတ်ရေးကို New York မြို့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနေ့ကတော့ သဘောမတူနိုင်ခဲ့ကြပါဘူး။ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံအတွက် ရေးသားထားတဲ့ ထုတ်ပြန်ချက်မူကြမ်းကို တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်နဲ့ ရုရှားနိုင်ငံတို့က ပြင်ဆင်ဖို့အတွက် အင်္ဂါနေ့ညက အကြံပြုခဲ့ကြတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ထုတ်ပြန်ချက် မူကြမ်းထဲမှာ ရေးထားတဲ့ အာဏာသိမ်းမှုကို ရည်ညွှန်းတဲ့အကြောင်းနဲ့ နောက်ထပ်အရေးယူမှုတွေလုပ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ အချက်တွေကို အဲဒီနိုင်ငံတွေက ဖယ်ရှားခိုင်းတယ်လို့ Reuters သတင်းမှာ ပြောပါတယ်။

မြန်မာနိုင်ငံအရေးကိစ္စအတွက် အားလုံးမှာ သူ့ကဏ္ဍနဲ့သူ လုပ်နိုင်တာတွေ ရှိပါတယ်လို့ အတွင်းရေးမှူးချုပ် António Guterres ရဲ့ ပြောခွင့်ရသူ Stéphane Dujarric ကပြောပါတယ်။

ဘယ်နိုင်ငံကမှ ဘေးကနေရပ်ကြည့်နေလို့ မရပါဘူး။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းမှာ သူကဏ္ဍနဲ့သူ လုပ်နိုင်တာတွေရှိပါတယ်။ တနိုင်ငံချင်းစီရော အားလုံး စုပေါင်းပြီးလုပ်နိုင်တာတွေရှိပါတယ်။ အတွင်းရေးမှူးချုပ်အနေနဲ့ကတော့ လုံခြုံရေးကောင်စီကနေ ပြင်းထန် ပြန်သားတဲ့ ပြောကြားမှု လုပ်ဆောင်မှုတွေကို အမြဲမျှော်လင့်ပါတယ်လို့လည်း ပြောခွင့်ရက ပြောပါတယ်။ ဒေသတွင်းမှာ မြန်မာ့အိမ်နီးချင်း အာဆီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံဘက်ကလည်း သူ့အခန်းကနေသူ လုပ်ရပါမယ်။ ဒါကြောင့်လည်း အထူးသံတမန်ရော၊ ကုလသမဂ္ဂအတွင်းရေးမှူးပါ မပြတ်ဆက်သွယ်နေပါတယ်။ တချိန်ထဲမှာပဲ မြင်နေရတဲ့ အကြမ်းဖက်မှုတွေ မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စိတ်မချမ်းမသာဖြစ်ရပါတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ Stéphane Dujarric က အင်္ဂါနေ့ကသတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံထဲမှာ စီးပွားရေးလုပ်နေကြတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေကို ဘေးကနေရပ်ကြည့်နေလို့ မရဘူးလို့ သူကပြောပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Christine Schraner Burgener အနေနဲ့လည်း သံတမန်နည်းနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေကြောင်း ခုလို ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်းထိဆက်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ဒေသတွင်းကနိုင်ငံတွေနဲ့ သူ အဆက်အသွယ်ရှိပါတယ်။ ဒေသတွင်းကို သူသွားနိုင်ဖို့ ကိစ္စကိုလည်း ဆက်လက်ဆွေးနွေးနေပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က အင်္ဂါနေ့ကသတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်ရှင်။

တောင်ကိုရီးယားနိုင်ငံမှာတော့ ကိုရီးယားလွှတ်တော်အမတ် ဆယ်ယောက်လောက်က မြန်မာသံရုံးရှေ့သွားပြီး စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

တရားမဝင် စစ်အာဏာသိမ်းမှု ကန့်ကွက်ကြောင်းနဲ့၊ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပေါ် သတ်ဖြတ်နေမှုတွေ အမြန်ဆုံးရပ်ပေးဖို့ Seoul မြို့တော်မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ကိုရီးယားလွှတ်တော်အမတ်တချို့တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

မတ်လ ၈ ရက် တနင်္လာနေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama ဟာ နေပြည်တော်ကို သွားရောက်ပြီး ဦးဝဏ္ဏမောင်လွင်နဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက်တဲ့ ဂျပန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာရော၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး အင်တာနက်စာ မျက်နှာမှာပါ ဦးဝဏ္ဏမောင်လွင်ကို နိုင်ငံခြားရေးဝန်ကြီး ဆိုပြီးခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ ဒီအပေါ်မှာ ဂျပန်နိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာတွေနဲ့ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးတော်တော်များများက ဦးဝဏ္ဏမောင်လွင်ကို နိုင်ငံခြားရေးဝန်ကြီးလို့ ခေါ်ဝေါ်သုံးစွဲတာဟာ စစ်ကောင်စီကို အသိအမှတ်ပြုထောက်ခံတဲ့ သဘောသက်ရောက်တယ်လို့ ဂျပန်နိုင်ငံခြားရေးရုံးနဲ့ မြန်မာနိုင်ငံရှိ ဂျပန်သံရုံးတို့ကို ဆက်သွယ်ကန့်ကွက်ခဲ့ကြပါတယ်။

ဒီနေ့ ဂျပန်အစိုးရ ပုံမှန်သတင်းစာရှင်းပွဲမှာတော့ ဝန်ကြီးအဖွဲ့ အတွင်းရေးမှူးချုပ် Katsunobu Katō ကခုလို တုံ့ပြန် ရှင်းလင်းခဲ့ပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ အာဏာသိမ်းတာကို မှန်ကန်တဲ့လုပ်ရပ်လို့ လက်ခံတာ လုံးဝ မဟုတ်ပါဘူးလို့ ဝန်ကြီးအဖွဲ့ အတွင်းရေးမှူးချုပ် Katō က ငြင်းဆိုခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးလို့ သုံးနှုန်းခဲ့တာဟာ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်ပြီး လုပ်ဆောင်နိုင်ဖို့အတွက် ဖြစ်တယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

အခုလို မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ကိစ္စကို နိုင်ငံတကာက တုံ့ပြန်ဆောင်ရွက်မှုတွေ သံတမန်ရေးနည်းနဲ့ ဖြေရှင်းဖို့ လုပ်နေကြချိန်မှာပဲ၊ စစ်တပ်နဲ့ရဲတွေက ပြည်သူတွေအပေါ် အင်အားသုံး အကြမ်းဖက် နှိမ်နင်း ဖမ်းဆီးနေတာတွေ ဆက်လုပ်နေပါတယ်။

ဒီနေ့မနက်အစောပိုင်းကတော့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ထဲက မလွှကုန်းက မီးရထားဝန်ထမ်းအိမ်ယာကို လုံခြုံရေးအင်အား အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းမိသားစုတွေကို အတင်းဖယ်ရှား၊ မောင်းထုတ်ခဲ့ပါတယ်။ အဲဒီက မီးရထားဝန်ထမ်းတွေဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ အစောပိုင်းထဲက ပါဝင်ကြသူတွေဖြစ်ပါတယ်။

ဒီနေ့ ရန်ကုန်၊ မန္တလေး၊ ထားဝယ်၊ မုံရွာ စတဲ့မြို့တွေအပါအဝင် မြန်မာနိုင်ငံအနှံ့က မြို့တွေမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုတွေရှိသလို အကြမ်းဖက် ဖြိုခွဲမှုတွေလည်း ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG