သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အရပ္ဘက္အဖဲြ႔အစည္းတခ်ိဳ႕ ပစ္မွတ္ထားအေရးယူခံေနရ


ရန္ကုန္ၿမိဳ႕ရွိ လမ္းတေနရာမွာ ေတြ႔ရတဲ့ အခ်ဳပ္ကားနဲ႔ ရဲကားမ်ား။ (ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

​ျမန္မာႏိ္ုင္ငံမွာ စစ္တပ္က အာဏာသိမ္းယူၿပီးေနာက္ပိုင္း စစ္အာဏာရွင္ဆန္႔က်င္ေရးဆႏၵျပလႈပ္ရွားမႈေတြကို အာဏာပိုင္ေတြက ၿဖိဳခဲြႏွိမ္နင္းေနခ်ိန္မွာပဲ အရပ္ဘက္အဖဲြ႕အစည္းေတြနဲ႔ အစိုးရမဟုတ္တဲ့အဖဲြ႕အစည္းတခ်ိဳ႕ကို ပစ္မွတ္ထားအေရးယူတာေတြလည္း ရွိေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္သတင္းေထာက္ေပးပို႔ထားတာကို ကိုေဇာ္ဝင္းလိႈင္က ေျပာျပပါလိမ့္မယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အာဏာပိုင္ေတြက အရပ္ဘက္အဖြဲ႔ အစည္းေတြနဲ႔ အစိုးရမဟုတ္တဲ့ အဖြဲ႔အစည္းေတြကို ဝင္ေရာက္ဖမ္းဆီးတာေတြ၊ ပစၥည္းေတြ သိမ္းယုူတာေတြ လုပ္လာေနတာပါ။

လက္ရွိ အာဏာသိမ္းၿပီးေနာက္ပိုင္း အရပ္ဘက္အဖြဲ႔အစည္းေတြကို အာဏာပိုင္ေတြဘက္က အဓိကထားလုပ္တာေတြ ရွိတယ္လို႔ အလုပ္အသမားအေရး ကူညီေနတဲ့ အနာဂတ္ အလင္းတန္းဆံုမွတ္အဖြဲ႔ရဲ႕ ဒါရိုက္တာ မသက္သက္ေအာင္က ေျပာပါတယ္။

“က်မတို႔ဆိုရင္ အရပ္ဘက္ အဖြဲ႔အစည္းေတြေပါ့ေနာ္... အလုပ္သမားအေရး ကူညီေဆာင္ရြက္ေနတဲ့ အရပ္ဘက္အဖြဲ႔အစည္းေတြ ျဖစ္တယ္။ ဒီအရပ္ဘက္အဖြဲ႔အစည္းေတြကို ဆုိလို႔ရွိရင္လည္း က်မတို႔ နိစၥဓူဝ သတင္းကေန ေၾကျငာေနတယ္။ တရားမဝင္အသင္းဆိုၿပီးေတာ့ေပါ့ေနာ္။ ဒါမ်ိဳးေတြကို က်မတို႔အဖြဲ႔အစည္း တစ္ခုတည္း မဟုတ္ဘဲ တျခားေသာ အရပ္ဘက္အဖြဲ႔အစည္းေတြကိုလည္း သတင္းမီဒီယာေတြကို ပိတ္သိမ္းတဲ့ အေျခအေနေတြ ဒါေတြကိုလည္း က်မတို႔ ရင္ဆိုင္ေနၾကရတယ္။ ေသခ်ာတာက အရပ္ဘက္အဖြဲ႔အစည္းေတြေပၚမွာ အာဏာရွင္ကေနၿပီးေတာ့ ၿခိမ္းေျခာက္ၿပီးေတာ့ ၿဖိဳခြဲမႈေတြ လုပ္ေနတာကိုလည္း ေတြ႔ရပါတယ္။ CSO ေတြေရာ၊ NGO ေတြေရာ ဘာေၾကာင့္ေဒါက္တိုင္ကို ၿဖိဳေနလဲဆိုေတာ့ ဒီမိုကေရစီ အားေကာင္းဖို႔က က်မတို႔ အရပ္ဘက္အဖြဲ႔အစည္းေတြရဲ႕ အေျခခံ အုပ္ျမစ္ေတြ ျဖစ္တယ္။ ဒါေတြကို အားမေကာင္းေအာင္လုပ္တာက အာဏာရွင္ေတြရဲ႕ အက်င့္စရိုက္ လကၡဏာ တစ္ခုလို႔ပဲ က်မျမင္ပါတယ္။”

ဒီအပတ္ထဲမွာပဲ ရန္ကုန္ၿမိဳ႕က စုအသက္ေမြးဝမ္းေက်ာင္း သိပံၸကို အာဏာပိုင္ေတြက ဝင္ေရာက္ဖမ္းဆီးတာပါ။ ဖမ္းဆီးခံရသူ ၇ ဦးထက္မနည္းရွိၿပီး ေက်ာင္းတာဝန္ခံ ဦးေဇာ္ျမတ္လင္းကေတာ့ ဖမ္းဆီးခံထားရစဥ္မွာပဲ ေသဆံုးသြားခဲ့ပါတယ္။

ျပည္သူေတြကို ကူညီေပးေနတဲ့ အရပ္ဘက္အဖြဲ႔အစည္းေတြကို ဖမ္းဆီးတာေတြ၊ ပစၥည္းေတြ သိမ္းယူတာေတြဟာ ျပည္သူေတြ ဘာမွမလုပ္ႏိုင္ေအာင္ လုပ္ေနတာျဖစ္တယ္လို႔လည္း စုအသက္ေမြးဝမ္းေက်ာင္းသိပံၸ တာဝန္ရွိ္သူတစ္ဦးကေျပာပါတယ္။

“အဓိက ျပည္သူကို ေထာက္ပံ့ေပးေနတာကို သူတို႔က ဖ်က္စီးပစ္တာေပါ့။ ဒီအဖြဲ႔အစည္းေတြကို ျဖိဳခြင္းလိုက္ျခင္းအားျဖင့္ ဒီအဖြဲ႔အစည္းေတြက ျပည္သူကို မေထာက္ပံ့ႏိုင္လို႔ရွိရင္ အခုဆိုရင္ ျပည္သူေတြက အလုပ္အကိုင္လည္း ရွိၾကတာမဟုတ္။ စားဝတ္ေနေရးေတြက ၾကပ္တည္းေနတယ္။ ဒီလိုအေနအထားေရာက္ေအာင္ သူတို႔က လုပ္လိုက္တဲ့ အေနအထားပဲ။ သူတို႔ကို ေထာက္ပံ့တဲ့ သူေတြမရွိေတာ့ရင္ ျပည္သူေတြလည္း ဘာမွလုပ္ႏိုင္တာ မဟုတ္ဘူးဆိုတဲ့ အခ်ိဳးနဲ႔ လုပ္ေနတာ။”

ဒါအျပင့္ တျခားအဖြဲ႔အစည္းေတြ ျဖစ္တဲ့ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း၊ ၈၈ မ်ိဳးဆက္ ၿငိမ္းခ်မ္ေရးနဲ႔ ပြင့္လင္း လူ႔အဖြဲ႔အစည္း၊ ဦးေက်ာ္သူ ရန္ကုန္နာေရးကူညီမႈအသင္း အပါအဝင္ ပုဂၢလိက မီဒီယာေတြကိုလည္း အာဏာပိုင္ေတြက ဝင္ေရာက္ဖမ္းဆီးရွာေဖြတာေတြလည္း ရွိခဲ့ပါတယ္။

လက္ရွိအေနအထားအရ အရပ္ဘက္အဖြဲ႔အစည္းေတြကို ပစ္မွတ္ထား ဖမ္းဆီးတာေတြ ရွိေနေပမယ့္လည္း အလုပ္သမားေတြ ကူညီေရးအဖြဲ႔ေတြကေတာ့ အာဏာရွင္ ဆန္႔က်င္မႈေတြကို ဆက္လက္လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ အနာဂတ္ အလင္းတန္းဆံုမွတ္အဖြဲ႔ရဲ႕ ဒါရိုက္တာ မသက္သက္ေအာင္က ေျပာပါတယ္။

“အာဏာသိမ္းၿပီးေတာ့ ၆ ရက္ေျမာက္ေန႔မွာ ပထမဦးဆံုး က်မတို႔ အလုပ္သမား ေတြကေနၿပီးေတာ့ စၿပီး အာဏာသိမ္း စစ္အာဏာရွင္ကို စတင္ၿပီးေတာ့ ေတာ္လွန္ခဲ့တဲ့ အဖြဲ႔အစည္းေတြ ျဖစ္ပါတယ္။ အဲဒီအတြက္ က်မတို႔ ဆက္လက္ၿပီးေတာ့လည္း စစ္အာဏာရွင္ကို အျမစ္ျဖဳတ္ႏိုင္ဖို႔အတြက္ ဆက္လက္ၿပီးေတာ့ က်မတို႔ အလုပ္သမားအဖြဲ႔အစည္းေတြအေနနဲ႔ ျပင္ဆင္ေနပါတယ္။”

ဒီကေန႔အထိ ျမန္မာႏိုင္ငံမွာ အာဏာရွင္ဆန္႔က်င္သူေတြကို အင္အား သံုးျဖိဳခြင္းတာ၊ ဖမ္းဆီးတာ၊ ပစ္ခတ္တာေတြ ရွိေနသလို တစ္ဘက္မွာလည္း မီဒီယာေတြ အပါအဝင္ အရပ္ဘက္အဖြဲ႔အစည္းေတြကိုလည္း ဝင္ေရွာက္ရွာဖြယ္ဖမ္းဆီးတာေတြ ရွိေနတာေၾကာင့္ အရပ္ဘက္အဖြဲ႔အစည္းေတြၾကား စိုးရိမ္မႈေတြ ရွိေနၾကတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အရပ်ဘက်အဖွဲ့အစည်းတချို့ ပစ်မှတ်ထားအရေးယူခံနေရ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေကို အာဏာပိုင်တွေက ဖြိုခွဲနှိမ်နင်းနေချိန်မှာပဲ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတချို့ကို ပစ်မှတ်ထားအရေးယူတာတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်သတင်းထောက်ပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က ပြောပြပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာပိုင်တွေက အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ဝင်ရောက်ဖမ်းဆီးတာတွေ၊ ပစ္စည်းတွေ သိမ်းယုူတာတွေ လုပ်လာနေတာပါ။

လက်ရှိ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်ဘက်အဖွဲ့အစည်းတွေကို အာဏာပိုင်တွေဘက်က အဓိကထားလုပ်တာတွေ ရှိတယ်လို့ အလုပ်အသမားအရေး ကူညီနေတဲ့ အနာဂတ် အလင်းတန်းဆုံမှတ်အဖွဲ့ရဲ့ ဒါရိုက်တာ မသက်သက်အောင်က ပြောပါတယ်။

“ကျမတို့ဆိုရင် အရပ်ဘက် အဖွဲ့အစည်းတွေပေါ့နော်... အလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ဖြစ်တယ်။ ဒီအရပ်ဘက်အဖွဲ့အစည်းတွေကို ဆိုလို့ရှိရင်လည်း ကျမတို့ နိစ္စဓူဝ သတင်းကနေ ကြေငြာနေတယ်။ တရားမဝင်အသင်းဆိုပြီးတော့ပေါ့နော်။ ဒါမျိုးတွေကို ကျမတို့အဖွဲ့အစည်း တစ်ခုတည်း မဟုတ်ဘဲ တခြားသော အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း သတင်းမီဒီယာတွေကို ပိတ်သိမ်းတဲ့ အခြေအနေတွေ ဒါတွေကိုလည်း ကျမတို့ ရင်ဆိုင်နေကြရတယ်။ သေချာတာက အရပ်ဘက်အဖွဲ့အစည်းတွေပေါ်မှာ အာဏာရှင်ကနေပြီးတော့ ခြိမ်းခြောက်ပြီးတော့ ဖြိုခွဲမှုတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ CSO တွေရော၊ NGO တွေရော ဘာကြောင့်ဒေါက်တိုင်ကို ဖြိုနေလဲဆိုတော့ ဒီမိုကရေစီ အားကောင်းဖို့က ကျမတို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခြေခံ အုပ်မြစ်တွေ ဖြစ်တယ်။ ဒါတွေကို အားမကောင်းအောင်လုပ်တာက အာဏာရှင်တွေရဲ့ အကျင့်စရိုက် လက္ခဏာ တစ်ခုလို့ပဲ ကျမမြင်ပါတယ်။”

ဒီအပတ်ထဲမှာပဲ ရန်ကုန်မြို့က စုအသက်မွေးဝမ်းကျောင်း သိပ္ပံကို အာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးတာပါ။ ဖမ်းဆီးခံရသူ ၇ ဦးထက်မနည်း ရှိပြီး ကျောင်းတာဝန်ခံ ဦးဇော်မြတ်လင်းကတော့ ဖမ်းဆီးခံထားရစဉ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

ပြည်သူတွေကို ကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ဖမ်းဆီးတာတွေ၊ ပစ္စည်းတွေ သိမ်းယူတာတွေဟာ ပြည်သူတွေ ဘာမှမလုပ်နိုင်အောင် လုပ်နေတာဖြစ်တယ်လို့လည်း စုအသက်မွေးဝမ်းကျောင်းသိပ္ပံ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“အဓိက ပြည်သူကို ထောက်ပံ့ပေးနေတာကို သူတို့က ဖျက်စီးပစ်တာပေါ့။ ဒီအဖွဲ့အစည်းတွေကို ဖြိုခွင်းလိုက်ခြင်းအားဖြင့် ဒီအဖွဲ့အစည်းတွေက ပြည်သူကို မထောက်ပံ့နိုင်လို့ရှိရင် အခုဆိုရင် ပြည်သူတွေက အလုပ်အကိုင်လည်း ရှိကြတာမဟုတ်။ စားဝတ်နေရေးတွေက ကြပ်တည်းနေတယ်။ ဒီလိုအနေအထားရောက်အောင် သူတို့က လုပ်လိုက်တဲ့ အနေအထားပဲ။ သူတို့ကို ထောက်ပံ့တဲ့ သူတွေမရှိတော့ရင် ပြည်သူတွေလည်း ဘာမှလုပ်နိုင်တာ မဟုတ်ဘူးဆိုတဲ့ အချိုးနဲ့ လုပ်နေတာ။”

ဒါအပြင့် တခြားအဖွဲ့အစည်းတွေ ဖြစ်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ၈၈ မျိုးဆက် ငြိမ်းချမ်ရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း၊ ဦးကျော်သူ ရန်ကုန်နာရေးကူညီမှုအသင်း အပါအဝင် ပုဂ္ဂလိက မီဒီယာတွေကိုလည်း အာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးရှာဖွေတာတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိအနေအထားအရ အရပ်ဘက်အဖွဲ့အစည်းတွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေ ရှိနေပေမယ့်လည်း အလုပ်သမားတွေ ကူညီရေးအဖွဲ့တွေကတော့ အာဏာရှင် ဆန့်ကျင်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အနာဂတ် အလင်းတန်းဆုံမှတ်အဖွဲ့ရဲ့ ဒါရိုက်တာ မသက်သက်အောင်က ပြောပါတယ်။

“အာဏာသိမ်းပြီးတော့ ၆ ရက်မြောက်နေ့မှာ ပထမဦးဆုံး ကျမတို့ အလုပ်သမား တွေကနေပြီးတော့ စပြီး အာဏာသိမ်း စစ်အာဏာရှင်ကို စတင်ပြီးတော့ တော်လှန်ခဲ့တဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အဲဒီအတွက် ကျမတို့ ဆက်လက်ပြီးတော့လည်း စစ်အာဏာရှင်ကို အမြစ်ဖြုတ်နိုင်ဖို့အတွက် ဆက်လက်ပြီးတော့ ကျမတို့ အလုပ်သမားအဖွဲ့အစည်းတွေအနေနဲ့ ပြင်ဆင်နေပါတယ်။”

ဒီကနေ့အထိ မြန်မာနိုင်ငံမှာ အာဏာရှင်ဆန့်ကျင်သူတွေကို အင်အား သုံးဖြိုခွင်းတာ၊ ဖမ်းဆီးတာ၊ ပစ်ခတ်တာတွေ ရှိနေသလို တစ်ဘက်မှာလည်း မီဒီယာတွေ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း ဝင်ရှောက်ရှာဖွယ်ဖမ်းဆီးတာတွေ ရှိနေတာကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေကြား စိုးရိမ်မှုတွေ ရှိနေကြတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG