သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ဒဂုံ ဆႏၵျပပြဲၿဖိဳခြင္းမႈ အနည္းဆုံး ၁ ဦး ေသဆုံး


ေျမာက္ဒဂုံမွာ ေသနတ္ဒဏ္ရာနဲ႔ ေသဆုံးသြားသည့္ ဆႏၵျပလူငယ္။

(Unicode/Zawgyi)
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၃၅ ရပ်ကွက် ဗိုလ်မင်းရောင်လမ်းထိပ်နားမှာ ပြည်သူ ၁၀၀ ကျော် ဆန္ဒပြနေစဉ် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ ကျည်ထိမှန်လို့ အမျိုးသားတဦး ခေါင်းထိမှန် သေဆုံးခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်း ၁၁ နာရီခွဲ ဝန်းကျင်လောက်မှာ မြောက်ဒဂုံဘက်မှာရှိနေတဲ့ ဆန္ဒပြနေတာကို ဖြိုခွင်းဖို့ လုပ်တာဖြစ်ပါတယ်။ ပထမအသံဗုံးနဲ့စပစ်ခတ်တာကြောင့် ဆန္ဒပြသူတွေက နောက်ကိုဆုတ်နေချိန်မှာ သေနတ်စတင် ပစ်ဖောက်လိုက်တာဖြစ်ပြီး သေနတ် ၂ချက်ဖောက်တာမှာတချက်က ဒိုင်းကာနေသူကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့်ဆန္ဒပြပြည်သူတွေ လူစုကွဲသွားခဲ့တယ်လို့ ကနဦးသိရပါတယ်။ ထိခိုက်ဒဏ်ရာရသူ ကိုဆေးရုံပို့စဉ် အသက်ဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုမှာထိခိုက်သေဆုံးသူဟာ ခန့်မှန်းခြေ အသက် ၂၇ နှစ်ဝန်းကျင်သာရှိပြီး အသေးစိတ် အချက်အလက်တွေကို ဆက်လက် စုံစမ်းနေဆဲပါ။ သူက ဆန္ဒပြသူတွေအတွက် အကာအကွယ်ပေးတဲ့ အဖွဲ့ဝင်ဖြစ်ကာဒိုင်းကာသူတဦးလို့ ဒေသခံတွေကပြောပါတယ်။

နောက်ထပ် ဒဏ်ရာရသူတွေ ရှိတယ်ဆိုတဲ့ သတင်းတွေရပေမယ့် ဘယ်နှစ်ယောက် ဒဏ်ရာရတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ ဗွီအိုအေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

----------

(Zawgyi)

ရန္ကုန္တိုင္း၊ ေျမာက္ဒဂုံၿမိဳ႕နယ္၊ ၃၅ ရပ္ကြက္ ဗိုလ္မင္းေရာင္လမ္းထိပ္နားမွာ ျပည္သူ ၁၀၀ ေက်ာ္ ဆႏၵျပေနစဥ္ လက္နက္ကုိင္တပ္ဖြဲ႕ဝင္ေတြရဲ႕ က်ည္ထိမွန္လို႔ အမ်ိဳးသားတဦး ေခါင္းထိမွန္ ေသဆုံးခဲ့ပါတယ္။

ဒီေန႔မနက္ပိုင္း ၁၁ နာရီခြဲ ဝန္းက်င္ေလာက္မွာ ေျမာက္ဒဂုံဘက္မွာရွိေနတဲ့ ဆႏၵျပေနတာကို ၿဖိဳခြင္းဖို႔ လုပ္တာျဖစ္ပါတယ္။ ပထမအသံဗုံးနဲ႔စပစ္ခတ္တာေၾကာင့္ ဆႏၵျပသူေတြက ေနာက္ကိုဆုတ္ေနခ်ိန္မွာ ေသနတ္စတင္ ပစ္ေဖာက္လိုက္တာျဖစ္ၿပီး ေသနတ္ ၂ခ်က္ေဖာက္တာမွာတခ်က္က ဒိုင္းကာေနသူကို ထိမွန္ခဲ့တာျဖစ္ပါတယ္။ပစ္ခတ္မႈေၾကာင့္ဆႏၵျပျပည္သူေတြ လူစုကြဲသြားခဲ့တယ္လို႔ ကနဦးသိရပါတယ္။ ထိခိုက္ဒဏ္ရာရသူ ကိုေဆး႐ုံပို႔စဥ္ အသက္ဆုံးသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ပစ္ခတ္မႈမွာထိခိုက္ေသဆုံးသူဟာ ခန္႔မွန္းေျခ အသက္ ၂၇ ႏွစ္ဝန္းက်င္သာရွိၿပီး အေသးစိတ္ အခ်က္အလက္ေတြကုိ ဆက္လက္ စုံစမ္းေနဆဲပါ။ သူက ဆႏၵျပသူေတြအတြက္ အကာအကြယ္ေပးတဲ့ အဖြဲ႕ဝင္ျဖစ္ကာဒိုင္းကာသူတဦးလို႔ ေဒသခံေတြကေျပာပါတယ္။

ေနာက္ထပ္ ဒဏ္ရာရသူေတြ ရွိတယ္ဆုိတဲ့ သတင္းေတြရေပမယ့္ ဘယ္ႏွစ္ေယာက္ ဒဏ္ရာရတယ္ဆုိတဲ့ အေသးစိတ္အခ်က္အလက္ကုိေတာ့ ဗီြအုိေအက ဆက္လက္ စုံစမ္းေနဆဲ ျဖစ္ပါတယ္။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG