သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ႏွိမ္နင္းမႈ ကုလနဲ႔ အေမရိကန္ ထပ္မံသတိေပး


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ Stéphane Dujarric (ဓာတ္ပံု- VOA)

(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြအေပၚ လုံျခံဳေရးတပ္ဖဲြ႕ေတြက အၾကမ္းဖက္ ႏွိမ္နင္းမႈေတြနဲ႔ ဖမ္းဆီးမႈေတြအတြင္း ထိခိုက္ေသဆုံးမႈေတြအတြက္ ကုလသမဂၢနဲ႔ အေမရိကန္ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းက ထပ္မံသတိေပးလိုက္ပါတယ္။
“အာဏာပိုင္ေတြရဲ႕ ႏွိမ္နင္းမႈေတြအတြင္း အမ်ဳိးသမီး ၆ ဦးအထိ ေသဆုံးခဲ့ၿပီးျဖစ္သလို၊ ငယ္ရြယ္သူေတြ၊ လိင္စိတ္ကဲြျပားသူေတြ၊ တက္ႂကြလႈပ္ရွားသူေတြ၊ အရပ္ဖက္ အဖဲြ႕အစည္း၀င္ေတြ အပါအ၀င္ အမ်ဳိးသမီး ၆၀၀ ေလာက္ ဖမ္းဆီးခံထားရေၾကာင္းနဲ႔ ဖမ္းဆီးခံထားရခ်ိန္မွာ လိင္ပိုင္ဆိုင္ရာနဲ႔ အၾကမ္းဖက္ခံရမယ့္ ၿခိမ္းေျခာက္မႈေတြနဲ႔လည္း ရင္ဆိုင္ေနရပါတယ္။” လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ Stéphane Dujarric က ေသာၾကာေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုသြားတာပါ။

တခ်ိန္တည္းမွာပဲ ကေလးေတြအေပၚ ထိခိုက္ေသေက်တဲ့အထိ က်ည္ဆံအစစ္ေတြ အသုံးျပဳတာ အပါအ၀င္ အင္အား အလြန္အကၽြံသုံး ႏွိမ္နင္းေနတဲ့ လုပ္ရပ္ေတြကို ကုလသမဂၢ ကေလးမ်ားရန္ပုံေငြ အဖဲြ႕ (UNICEF) က အျပင္းထန္ဆုံး ျပစ္တင္႐ႈတ္ခ်လိုက္ေၾကာင္းလည္း ေျပာပါတယ္။ မေန႔ကအထိ ရရွိထားတဲ့ အခ်က္အလက္ေတြအရ အၾကမ္းဖက္ ႏွိမ္နင္းမႈေတြေၾကာင့္္ ေသဆုံးသူ ကေလး ၉ ေယာက္ ရွိေနၿပီး၊ ၈ ေယာက္ဟာလည္း ဒဏ္ရာအျပင္းအထန္ ရခဲ့တယ္လို႔ ေျပာပါတယ္။ ဖမ္းဆီးထားသူေတြဟာ မိသားစုနဲ႔ ေတြ႕ခြင့္မရသလို၊ ဥပေဒေၾကာင္းအရ တိုင္ပင္ေဆြးေႏြးခြင့္ မရဘဲ လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံေနရတယ္လို႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရပုဂၢိဳလ္က ေျပာဆိုခဲ့တာပါ။

ေသာၾကာေန႔မွာပဲ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရ Ned Price ကလည္း ျမန္မာလုံျခံဳေရးတပ္ဖဲြ႕ေတြ လက္ခ်က္နဲ႔ NLD အမ်ဳိးသား ဒီမိုကေရစီအဖဲြ႕ခ်ဳပ္၀င္ ၂ ဦး ေသဆုံးရတဲ့အေပၚ ျပစ္တင္႐ႈတ္ခ်ခဲ့ပါတယ္။

............................................................................

တိုက္႐ိုက္ လင့္ခ္


ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှု ကုလနဲ့ အမေရိကန် ထပ်မံသတိပေး

(Unicode)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ ဖမ်းဆီးမှုတွေအတွင်း ထိခိုက်သေဆုံးမှုတွေအတွက် ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ထပ်မံသတိပေးလိုက်ပါတယ်။
“အာဏာပိုင်တွေရဲ့ နှိမ်နင်းမှုတွေအတွင်း အမျိုးသမီး ၆ ဦးအထိ သေဆုံးခဲ့ပြီးဖြစ်သလို၊ ငယ်ရွယ်သူတွေ၊ လိင်စိတ်ကွဲပြားသူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက် အဖွဲ့အစည်းဝင်တွေ အပါအဝင် အမျိုးသမီး ၆၀၀ လောက် ဖမ်းဆီးခံထားရကြောင်းနဲ့ ဖမ်းဆီးခံထားရချိန်မှာ လိင်ပိုင်ဆိုင်ရာနဲ့ အကြမ်းဖက်ခံရမယ့် ခြိမ်းခြောက်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

တချိန်တည်းမှာပဲ ကလေးတွေအပေါ် ထိခိုက်သေကျေတဲ့အထိ ကျည်ဆံအစစ်တွေ အသုံးပြုတာ အပါအဝင် အင်အား အလွန်အကျွံသုံး နှိမ်နင်းနေတဲ့ လုပ်ရပ်တွေကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (UNICEF) က အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချလိုက်ကြောင်းလည်း ပြောပါတယ်။ မနေ့ကအထိ ရရှိထားတဲ့ အချက်အလက်တွေအရ အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် သေဆုံးသူ ကလေး ၉ ယောက် ရှိနေပြီး၊ ၈ ယောက်ဟာလည်း ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ပြောပါတယ်။ ဖမ်းဆီးထားသူတွေဟာ မိသားစုနဲ့ တွေ့ခွင့်မရသလို၊ ဥပဒေကြောင်းအရ တိုင်ပင်ဆွေးနွေးခွင့် မရဘဲ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့တာပါ။

သောကြာနေ့မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price ကလည်း မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ၂ ဦး သေဆုံးရတဲ့အပေါ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG