သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိန်းသိမ်းခံတွေ ပြန်လွှတ်ပေးဖို့ ကုလအတွင်းရေးမှူးချုပ် ထပ်မံတောင်းဆို


အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် ( ဓာတ်ပုံ - Reuters)
အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် ( ဓာတ်ပုံ - Reuters)

(Zawgyi/Unicode)
မြန်မာစစ်တပ်က အာဏာသိမ်း ဖယ်ရှားလိုက်တဲ့ အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် အာဏာပိုင်တွေက နောက်ထပ်စွဲချက်တွေနဲ့ အရေးယူဖို့ ပြင်ဆင်နေပေမယ့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကတော့ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် အရပ်သားအစိုးရ ခေါင်းဆောင်တွေကို အဂတိလိုက်စားမှုနဲ့ စစ်ဆေးနေတယ်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီက ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂ ဒုတိယပြောခွင့်ရ Farhan Haq ကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ အတွင်းရေးမှူးချုပ် António Guterres ကိုယ်တိုင် တောင်းဆိုထားကြောင်း ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ်နဲ့ တခြားသူတွေကလည်း ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဗုဒ္ဓဟူးနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးနဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ်က သတင်းမီဒီယာတွေကို ဖြေကြားရာမှာလည်း ဒီလိုဖမ်းဆီး ထားသူတွေကို ပြန်လွှတ်ဖို့ ထပ်လောင်းပြောဆိုထားပါတယ်။ ဒါကိုပဲ ဒီနေ့ထပ်ပြောပါရစေ။”

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက်မှုကို ရှုံ့ချပြီး စစ်တပ်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက် တရပ်ကို ဗုဒ္ဓဟူးနေ့ကပဲ ချမှတ်ခဲ့တာပါ။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် သက်ရောက်မှု ရှိမယ်လို့ မျှော်လင့်ကြောင်းလည်း အတွင်းရေးမှူးချုပ်က ပြောဆိုထားပါတယ်။

.......................................................

တိုက်ရိုက် လင့်ခ်



(Unicode)



XS
SM
MD
LG