သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဝါရင့် လွှတ်တော်အမတ် McConnell ဒေါ်စု ဘက်ကရပ်တည်


အမေရိကန်အထက်လွှတ်တော် ရီပါပလင်ကန်အမတ်များစုခေါင်းဆောင် Mitch McConnell
အမေရိကန်အထက်လွှတ်တော် ရီပါပလင်ကန်အမတ်များစုခေါင်းဆောင် Mitch McConnell

အမေရိကန်အထက်လွှတ်တော် ရီပါပလင်ကန်အမတ်အများစုခေါင်းဆောင် Mitch McConnell က အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာလျှင် မြန်မာနိုင်ငံအတွက် တခုတည်းသော မျှော်လင့်ချက် ဖြစ်ပြီး ရိုဟင်ဂျာမွတ်စလင်တွေအပေါ် စစ်တပ်ရဲ့နှိပ်ကွက်မှုကို သူ့အပေါ်အခြေခံစုပြုံ အပြစ်ပုံချနေတဲ့အထဲ လွှတ်တော်က ပါဝင်လို့ အကျိုးထူးမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

ဒီလိုဝိုင်းအော်နေကြလို့ ဘယ်လိုမှ ကောင်းမလာနိုင်ဘူးဆိုတာ သိထားသင့်တယ်။ အနာဂတ်မြန်မာနိုင်ငံအတွက် စစ်မှန်သော ဒီမိုကရေစီမျှော်လင့်ချက်အတွက် ကောင်းမွန်တဲ့ မူဝါဒ တရပ်မဖြစ်နိုင်ဘူးလို့လည်း သူက ဆိုပါတယ်။ ၁၉၈၀ ပြည့်လွန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီခေါင်းဆောင်အဖြစ် ပေါ်ထွက်လာပြီးနောက် အမေရိကန်ပြည်ထောင်စုက အခိုင်အမာအားပေးထောက်ခံခဲ့တာဖြစ်ပြီး Mitch McConnell ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ပေါင်းများစွာ ရင်းနှီးမှုရှိခဲ့သူပါ။

ရိုက်တာသတင်းထောက်နှစ်ယောက်ကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမေရိကန်လွှတ်တော်က ဖိအားပေးသင့်သလား ဆိုတဲ့ မေးခွန်းကိုတော့ ဒီမေးခွန်းကို အခုလောလောဆယ် မဖြေသေးဘူး။ ဒါပေမယ့် ဒီမေးခွန်းဟာ အင်မတန်စိတ်ဝင်စားဖို့ ကောင်းတဲ့ မေးခွန်းတခုဖြစ်တယ်လို့ Mitch McConnell ကပြောကြားသွားပါတယ်။

ကန် ဝါရင့်လွှတ်တော်အမတ် McConnell ဒေါ်စု ဘက်ကရပ်တည်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG