သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေခါင္းေဆာင္ေတြ လူသားထုအေပၚ ရာဇ၀တ္မႈ က်ဴးလြန္ (ကုလျမန္မာ႔အေရးအႀကံေပးေကာင္စီ)


ျမန္မာ့အေရး အထူးအႀကံေပးေကာင္စီအဖြဲ႕ရဲ႕ ေဆြးေႏြးခန္း (Special Advisory Council for Myanmar)

(Zawgyi/Unicode)

ကုလသမဂၢက ျမန္မာအေရးကၽြမ္းက်င္သူ ၃ ဦးေပါင္းဖြဲ႔လိုက္တဲ့ ျမန္မာ့အေရးအထူးအႀကံေပးေကာင္စီက ပထမဆံုး သတင္းစာရွင္းပြဲလုပ္ၿပီး၊ စစ္ေခါင္းေဆာင္ေတြရဲ့ဖိႏွိပ္မူဟာ လူသားထုအေပၚက်ဴးလြန္တဲ့ရာဇဝတ္မူေျမာက္တာေသခ်ာတယ္လို႔၊ ျပင္းျပင္းထန္ထန္ေဝဖန္လိုက္ပါတယ္။

ခုလိုအၾကမ္းဖက္ခံေနရတဲ့ ျမန္မာျပည္သူေတြကို ႏိုင္ငံတကာအေနနဲ႔ အကာအကြယ္ေပးဖို႔ တာဝန္ရွိေနၿပီး၊ စစ္အုပ္စုရဲ.ဝင္ေငြလမ္းေၾကာင္းကို အျမန္ဆံုးျဖတ္ေတာက္ပစ္ဖို႔၊ စစ္အာဏာရွင္ဆန္႔က်င္ေရး CDM လူပ္ရွားသူတစ္ဦးလည္းပါတဲ့၊ မေန႔က On-line သတင္းစာရွင္းလင္းပြဲမွာ၊ အၾကံျပဳလိုက္ပါတယ္။ ကိုဝင္းမင္းကေျပာျပထားပါတယ္။

ကုလသမဂၢမွာ ျမန္မာ့အေရးအေရးကိုင္တြယ္ေပးခဲ့ၾကတဲ့ ဒီကၽြမ္းက်င္သူေတြထဲကတစ္ဦးျဖစ္တဲ့၊ ျမန္မာ့လူအခြင့္အေရးဆိုင္ရာ ကုလအထူးကိုယ္စာလွယ္ေဟာင္း ပါေမာကၡ Yanghee Lee က -

“ျမန္မာႏိုင္ငံက စစ္တပ္နဲ႔လံုၿခံဳအေရးတပ္ေတြအေနနဲ႔၊ လူသားေတြအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မူ Crime Against Humanity ကို သူ႔ျပည္သူေတြအေပၚမွာကိုယ္တိုင္ က်ဴးလြန္ရာေရာက္တာ အေသအခ်ာပါပဲ။ အခုပစ္ခတ္တိုက္ခိုက္ေနတာေတြက၊ အရပ္သားလူထုတစ္ခုလံုးအေပၚ က်ယ္က်ယ္ျပန္႔ျပန္႔နဲ႔ စနစ္တက်ကို လုပ္ေနတာ ျဖစ္ေနပါၿပီ။”

ဒါ့အျပင္ FFM လို႔ အတိုေကာက္ေခၚတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးမစ္ရွင္ ဥကၠဌေဟာင္း Marzuki Darusman ကလည္း

“အခုျဖစ္ေနတဲ့ ရိုက္ႏွက္ညွဥ္းပန္းမူေတြ၊ သတ္ျဖတ္မူေတြက ႏိုင္ငံတကာရာဇဝတ္ခံုရံုးဆိုင္ရာ ေရာမစာခ်ဳပ္က အဓိကအခ်က္ေတြကို ခ်ဳိးေဖာက္ရာ ေရာက္ပါတယ္။ အင္မတန္မွ သိသာတာ ေနာက္တစ္ခုကလည္း အဖမ္းခံရသူေတြ ေနာက္ ဘယ္ေပ်ာက္သြားမွန္းမသိ၊ သတင္းအခ်က္မလက္ မရေတာ့တာေတ ြရွိေနပါတယ္။ အခုစစ္အုပ္စုရဲ႕ လုပ္ရပ္ေတြက အရပ္သားအသိုင္းအဝိုင္းကို ရည္ရြယ္လုပ္ေဆာင္ေနတာ ရွင္းေနၿပီး၊ ဒါက အေသအခ်ာကို Crime Against Humanity လူသားထုအေပၚက်ဳးလြန္တဲ့ ရာဇဝတ္မူ ေျမာက္ပါတယ္။”

ဒီအေပၚ ၂၀၁၉ ခုႏွစ္တုန္းက ကုလအခ်က္အလက္စံုစမ္းေရးအဖြဲ႔ဝင္ Chris Sidoti ကပါ၊ ျမန္မာစစ္တပ္ အေနနဲ႔ ဒီအၾကမ္းဖက္မူေတြကို အခုမွ ရုတ္တရက္ ထလုပ္တာမဟုတ္ဘဲ ဆယ္စုႏွစ္ေတြနဲ႔ခ်ီ၊ မ်ိဳးဆက္ေတြအဆက္ဆက္ကို ဖိႏွိပ္ခဲ့တာပါလို႔ ဆိုပါတယ္။

“ေဖေဖာ္ဝါရီ ၁ ရက္မွာျဖစ္လိုက္တဲ့ အေျပာင္းအလဲက ျမန္မာတပ္မေတာ္ရဲ့ တကယ့္အစစ္အမွန္ကိုု ေရွ႕မွာ ထြက္ျပလိုက္တာပါ။ ဒါက ႏိုင္ငံေတာ္နဲ႔ျပည္သူကို ကာကြယ္တဲ့ စစ္တပ္မဟုတ္ဘူး၊ အာဏာရွင္ကို ကာကြယ္တဲ့စစ္တပ္၊ မတရားမူေတြ ဖိႏွိပ္မူေတြက်ဴးလြန္တဲ့စစ္တပ္ ဆိုတာကို ျမင္သာေအာင္ ျပလိုက္တာပါပဲ။ ဒါကို အရင္ခံစားခဲ့ရဖူးတဲ့ တိုင္းရင္းသား လူနည္းစုေတြတင္မက၊ ျမန္မာျပည္သူအားလံုး နဖူးေတြ႔ဒူးေတြႀကံဳလိုက္ရပါၿပီ။ စစ္တပ္က သူ႔အေရာင္အေသြးအစစ္အမွန္ကို ျမန္မာျပည္သူေတြကိုအျပင္ ႏုိင္ငံတကာကိုလည္း ျပလိုက္တာပါ။”

ျမန္မာဆိုင္ရာ ကုလစံုစမ္းစစ္ေဆးသူ ၃ ဦးပါတဲ့အဖြဲ႔ရဲ့ အခုသတင္းစာရွင္းလင္းပြဲမွာ ျမန္မာႏိုင္ငံကေနပါဝင္ခဲ့တဲ့ အမည္မေဖာ္လိုသူ CDM လူပ္ရွားသူ ဆရာဝန္ကလည္း

“ဒီ ရက္စက္မူတခ်ိဳ႕ကို ကၽြန္ေတာ္ကိုယ္တိုင္ ျမင္ခဲ့ရပါတယ္။ တခ်ိဳ႕ကိုလည္း လူမူမီဒီယာေတြမွာ ေတြ႔ခဲ့ရပါတယ္။ တခ်ိဳ႕ကေလးငယ္ေတြ ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြပါ အဖမ္းခံရတာ၊ ရိုက္ႏွက္ခံရတာေတြ ေတြ႔ခဲ့ရပါတယ္။ ဒဏ္ရာရသြားသူေတြလည္း ခ်က္ခ်င္းလိုအပ္တဲ့ ကုသခြင့္ မရခဲ့ၾကပါဘူး။ တခ်ိဳ႕ေထာင္ထဲမွာ ေဆးကုသခြင့္ ျငင္းဆန္ခံရၿပီး ေသဆံုးခဲ့ ရပါတယ္။ မိသားစုေတြလည္း ဖမ္းခံထားရသူေတြကို ေတြ႔ခြင့္မရပါဘူး။”

ဒီ CDM ဆရာဝန္ကပဲ ရက္ရက္စက္စက္အၾကမ္းဖက္ခံေနရမူေအာက္မွာ ျမန္မာျပည္သူေတြ ေနာက္ထပ္ဘယ္ေလာက္ထပ္ေသေက်ေပးရဦးမွာလဲ၊ အခ်ိန္ဆိုင္းမေနဘဲ၊ ႏိုင္ငံတကာအကူအညီ အျမန္လိုေနၿပီလို႔ ေတာင္းဆိုလိုက္ပါတယ္။

ပါေမာကၡ Yanghee Lee ကလည္း အခုလို ျမန္မာျပည္သူေတြ အကူအညီအျမန္လိုေနခ်ိန္မွာ လိုအပ္လာရင္ ဝင္ေရာက္စြက္ဖက္မူအထိပါ စဥ္းစားေပးသင့္တယ္လို႔ ဆိုလိုက္ခ်ိန္မွာ၊ Chris Sidoti ကေတာ့ ျမန္မာျပည္သူေတြကို ကာကြယ္ေပးဖို႔ တာဝန္ရွိတာကို ခံစားေနရေပမဲ့၊ စစ္ေရးအရ စြက္ဖက္တာေၾကာင့္ ျမန္မာႏိုင္ငံမ်ိဳးမွာ စစ္ပြဲသံသရာရွည္ေစႏိုင္တာမို႔၊ တျခားနည္းနဲ႔ အျပင္းထန္ဆံုး ဖိအားေပးသင့္တယ္လို႔ ဆိုပါတယ္။ သူက -

“စစ္အုပ္စု ဝင္ေငြေတြကို ရွင္းရွင္းေလး ျဖတ္ေတာက္ပစ္ရမွာပါ။ ဒါက အျမန္ဆံုး ဦးစားေပးလုပ္ရမယ့္ကိစၥပါ။ ဒါ့အျပင္ ျမန္မာ ႏိုင္ငံ ျပင္ပမွာ ရွိေနသူေတြအေနနဲ႔ အလြယ္တကူနဲ႔ ခ်က္ခ်င္း စလုပ္ေပးႏိုင္တာမ်ိဳးလည္း ျဖစ္ပါတယ္။”

Marzuki Darusman ကလည္း ဒီေန႔လုပ္မယ့္ လံုၿခံုေရးေကာင္စီ အစည္းအေဝးမွာျဖစ္လာႏိုင္တာကို -

“လံုးဝမထင္မွတ္ထားတာ ရုတ္တရုက္ထျဖစ္တာမ်ိဳး ကလြဲရင္ေပါ့ေလ၊ ကၽြန္ေတာ္တို႔ ပံုမွန္ေမွ်ာ္လင့္ႏိုင္တာကေတာ့၊ လံုၿခံဳေရးေကာင္စီအေနနဲ႔ လက္ရွိ ကုလသမဂၢဆိုင္ရာ ျမန္မာအျမဲတမ္း ကိုယ္စားလွယ္ကိုပဲ ဆက္အသိအမွတ္ျပဳေထာက္ခံမွာကို လံုၿခံဳေရးေကာင္စီမွာ အတည္ျပဳေပးမွာ ျဖစ္ပါတယ္။”

Chris Sidoti ကေတာ့ တရုတ္အေနနဲ႔ တကယ္တမ္း ျမန္မာႏိုင္ငံမွာလံုၿခံဳတည္ျငိမ္ေရးကို အေလးထားတယ္ဆိုရင္ ဒါကိုအခုဖ်က္ဆီးလိုက္တဲ့ စစ္ေခါင္းေဆာင္ေတြကို လံုၿခံဳေရးေကာင္စီကေန ဝိုင္းအေရးယူဖိအားေပးဖို႔ ေျပာင္းစဥ္းစားခ်ိန္တန္ေနၿပီလို႔ ေထာက္ျပခဲ့ပါတယ္ ။

တိုက္႐ိုက္ လင့္ခ္


..........

မြန်မာစစ်ခေါင်းဆောင်တွေ လူသားထုအပေါ် ရာဇဝတ်မှု ကျူးလွန် (ကုလမြန်မာ့အရေးအကြံပေးကောင်စီ)

(Unicode)

ကုလသမဂ္ဂက မြန်မာအရေးကျွမ်းကျင်သူ ၃ ဦးပေါင်းဖွဲ့လိုက်တဲ့ မြန်မာ့အရေးအထူးအကြံပေးကောင်စီက ပထမဆုံး သတင်းစာရှင်းပွဲလုပ်ပြီး၊ စစ်ခေါင်းဆောင်တွေရဲ့ဖိနှိပ်မူဟာ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မူမြောက်တာသေချာတယ်လို့၊ ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

ခုလိုအကြမ်းဖက်ခံနေရတဲ့ မြန်မာပြည်သူတွေကို နိုင်ငံတကာအနေနဲ့ အကာအကွယ်ပေးဖို့ တာဝန်ရှိနေပြီး၊ စစ်အုပ်စုရဲ.ဝင်ငွေလမ်းကြောင်းကို အမြန်ဆုံးဖြတ်တောက်ပစ်ဖို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လူပ်ရှားသူတစ်ဦးလည်းပါတဲ့၊ မနေ့က On-line သတင်းစာရှင်းလင်းပွဲမှာ၊ အကြံပြုလိုက်ပါတယ်။ ကိုဝင်းမင်းကပြောပြထားပါတယ်။

ကုလသမဂ္ဂမှာ မြန်မာ့အရေးအရေးကိုင်တွယ်ပေးခဲ့ကြတဲ့ ဒီကျွမ်းကျင်သူတွေထဲကတစ်ဦးဖြစ်တဲ့၊ မြန်မာ့လူအခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စာလှယ်ဟောင်း ပါမောက္ခ Yanghee Lee က -

“မြန်မာနိုင်ငံက စစ်တပ်နဲ့လုံခြုံအရေးတပ်တွေအနေနဲ့၊ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မူ Crime Against Humanity ကို သူ့ပြည်သူတွေအပေါ်မှာကိုယ်တိုင် ကျူးလွန်ရာရောက်တာ အသေအချာပါပဲ။ အခုပစ်ခတ်တိုက်ခိုက်နေတာတွေက၊ အရပ်သားလူထုတစ်ခုလုံးအပေါ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျကို လုပ်နေတာ ဖြစ်နေပါပြီ။”

ဒါ့အပြင် FFM လို့ အတိုကောက်ခေါ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် ဥက္ကဌဟောင်း Marzuki Darusman ကလည်း

“အခုဖြစ်နေတဲ့ ရိုက်နှက်ညှဉ်းပန်းမူတွေ၊ သတ်ဖြတ်မူတွေက နိုင်ငံတကာရာဇဝတ်ခုံရုံးဆိုင်ရာ ရောမစာချုပ်က အဓိကအချက်တွေကို ချိုးဖောက်ရာ ရောက်ပါတယ်။ အင်မတန်မှ သိသာတာ နောက်တစ်ခုကလည်း အဖမ်းခံရသူတွေ နောက် ဘယ်ပျောက်သွားမှန်းမသိ၊ သတင်းအချက်မလက် မရတော့တာတေ ွရှိနေပါတယ်။ အခုစစ်အုပ်စုရဲ့ လုပ်ရပ်တွေက အရပ်သားအသိုင်းအဝိုင်းကို ရည်ရွယ်လုပ်ဆောင်နေတာ ရှင်းနေပြီး၊ ဒါက အသေအချာကို Crime Against Humanity လူသားထုအပေါ်ကျုးလွန်တဲ့ ရာဇဝတ်မူ မြောက်ပါတယ်။”

ဒီအပေါ် ၂၀၁၉ ခုနှစ်တုန်းက ကုလအချက်အလက်စုံစမ်းရေးအဖွဲ့ဝင် Chris Sidoti ကပါ၊ မြန်မာစစ်တပ် အနေနဲ့ ဒီအကြမ်းဖက်မူတွေကို အခုမှ ရုတ်တရက် ထလုပ်တာမဟုတ်ဘဲ ဆယ်စုနှစ်တွေနဲ့ချီ၊ မျိုးဆက်တွေအဆက်ဆက်ကို ဖိနှိပ်ခဲ့တာပါလို့ ဆိုပါတယ်။

“ဖေဖော်ဝါရီ ၁ ရက်မှာဖြစ်လိုက်တဲ့ အပြောင်းအလဲက မြန်မာတပ်မတော်ရဲ့ တကယ့်အစစ်အမှန်ကို ရှေ့မှာ ထွက်ပြလိုက်တာပါ။ ဒါက နိုင်ငံတော်နဲ့ပြည်သူကို ကာကွယ်တဲ့ စစ်တပ်မဟုတ်ဘူး၊ အာဏာရှင်ကို ကာကွယ်တဲ့စစ်တပ်၊ မတရားမူတွေ ဖိနှိပ်မူတွေကျူးလွန်တဲ့စစ်တပ် ဆိုတာကို မြင်သာအောင် ပြလိုက်တာပါပဲ။ ဒါကို အရင်ခံစားခဲ့ရဖူးတဲ့ တိုင်းရင်းသား လူနည်းစုတွေတင်မက၊ မြန်မာပြည်သူအားလုံး နဖူးတွေ့ဒူးတွေကြုံလိုက်ရပါပြီ။ စစ်တပ်က သူ့အရောင်အသွေးအစစ်အမှန်ကို မြန်မာပြည်သူတွေကိုအပြင် နိုင်ငံတကာကိုလည်း ပြလိုက်တာပါ။”

မြန်မာဆိုင်ရာ ကုလစုံစမ်းစစ်ဆေးသူ ၃ ဦးပါတဲ့အဖွဲ့ရဲ့ အခုသတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံကနေပါဝင်ခဲ့တဲ့ အမည်မဖော်လိုသူ CDM လူပ်ရှားသူ ဆရာဝန်ကလည်း

“ဒီ ရက်စက်မူတချို့ကို ကျွန်တော်ကိုယ်တိုင် မြင်ခဲ့ရပါတယ်။ တချို့ကိုလည်း လူမူမီဒီယာတွေမှာ တွေ့ခဲ့ရပါတယ်။ တချို့ကလေးငယ်တွေ ၊ ကိုယ်ဝန်ဆောင်မိခင်တွေပါ အဖမ်းခံရတာ၊ ရိုက်နှက်ခံရတာတွေ တွေ့ခဲ့ရပါတယ်။ ဒဏ်ရာရသွားသူတွေလည်း ချက်ချင်းလိုအပ်တဲ့ ကုသခွင့် မရခဲ့ကြပါဘူး။ တချို့ထောင်ထဲမှာ ဆေးကုသခွင့် ငြင်းဆန်ခံရပြီး သေဆုံးခဲ့ ရပါတယ်။ မိသားစုတွေလည်း ဖမ်းခံထားရသူတွေကို တွေ့ခွင့်မရပါဘူး။”

ဒီ CDM ဆရာဝန်ကပဲ ရက်ရက်စက်စက်အကြမ်းဖက်ခံနေရမူအောက်မှာ မြန်မာပြည်သူတွေ နောက်ထပ်ဘယ်လောက်ထပ်သေကျေပေးရဦးမှာလဲ၊ အချိန်ဆိုင်းမနေဘဲ၊ နိုင်ငံတကာအကူအညီ အမြန်လိုနေပြီလို့ တောင်းဆိုလိုက်ပါတယ်။

ပါမောက္ခ Yanghee Lee ကလည်း အခုလို မြန်မာပြည်သူတွေ အကူအညီအမြန်လိုနေချိန်မှာ လိုအပ်လာရင် ဝင်ရောက်စွက်ဖက်မူအထိပါ စဉ်းစားပေးသင့်တယ်လို့ ဆိုလိုက်ချိန်မှာ၊ Chris Sidoti ကတော့ မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတာကို ခံစားနေရပေမဲ့၊ စစ်ရေးအရ စွက်ဖက်တာကြောင့် မြန်မာနိုင်ငံမျိုးမှာ စစ်ပွဲသံသရာရှည်စေနိုင်တာမို့၊ တခြားနည်းနဲ့ အပြင်းထန်ဆုံး ဖိအားပေးသင့်တယ်လို့ ဆိုပါတယ်။ သူက -

“စစ်အုပ်စု ဝင်ငွေတွေကို ရှင်းရှင်းလေး ဖြတ်တောက်ပစ်ရမှာပါ။ ဒါက အမြန်ဆုံး ဦးစားပေးလုပ်ရမယ့်ကိစ္စပါ။ ဒါ့အပြင် မြန်မာ နိုင်ငံ ပြင်ပမှာ ရှိနေသူတွေအနေနဲ့ အလွယ်တကူနဲ့ ချက်ချင်း စလုပ်ပေးနိုင်တာမျိုးလည်း ဖြစ်ပါတယ်။”

Marzuki Darusman ကလည်း ဒီနေ့လုပ်မယ့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာဖြစ်လာနိုင်တာကို -

“လုံးဝမထင်မှတ်ထားတာ ရုတ်တရုက်ထဖြစ်တာမျိုး ကလွဲရင်ပေါ့လေ၊ ကျွန်တော်တို့ ပုံမှန်မျှော်လင့်နိုင်တာကတော့၊ လုံခြုံရေးကောင်စီအနေနဲ့ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ကိုပဲ ဆက်အသိအမှတ်ပြုထောက်ခံမှာကို လုံခြုံရေးကောင်စီမှာ အတည်ပြုပေးမှာ ဖြစ်ပါတယ်။”

Chris Sidoti ကတော့ တရုတ်အနေနဲ့ တကယ်တမ်း မြန်မာနိုင်ငံမှာလုံခြုံတည်ငြိမ်ရေးကို အလေးထားတယ်ဆိုရင် ဒါကိုအခုဖျက်ဆီးလိုက်တဲ့ စစ်ခေါင်းဆောင်တွေကို လုံခြုံရေးကောင်စီကနေ ဝိုင်းအရေးယူဖိအားပေးဖို့ ပြောင်းစဉ်းစားချိန်တန်နေပြီလို့ ထောက်ပြခဲ့ပါတယ် ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG