သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပသမားေတြ ေသဆံုးရတဲ႔ အၾကမ္းဖက္ႏွိမ္နင္းမႈ ႏိုင္ငံတကာက ျပင္းျပင္းထန္ထန္ တုံ႔ျပန္ဖို႔လို (ကုလအထူးကိုယ္စားလွယ္ Tom Andrew)


ျမန္မာႏိုင္ငံလူ႔အခြင့္ေရးဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ Tom Andrews

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းထားတဲ့ စစ္အာဏာရွင္ဟာ တရားဝင္မႈမရွိေၾကာင္းနဲ႔ အၾကမ္းမဖက္ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြ အေပၚ လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔နဲ႔ စနစ္တက် က်ဴးလြန္ေနတာအတြက္ ဒီစစ္အာဏာရွင္မွာ တာဝန္ရွိေၾကာင္း ျမန္မာႏိုင္ငံလူ႔အခြင့္ေရးဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ Tom Andrews က ၾကာသပေတးေန႔မွာ ေျပာၾကားလိုက္ပါတယ္။

ေဖေဖၚဝါရီလ ၂၂ ရက္ကေန မတ္လ ၁၉ ရက္ေန႔အထိ က်င္းပတဲ့ ကုလသမဂၢလူ႔အခြင့္ေရးေကာင္စီရဲ့ ၄၆ ႀကိမ္ေျမာက္အစည္းအေဝးမွာ ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္ေရး အေျခေနေတြကို အထူးကိုယ္စားလွယ္က တင္ျပခဲ့တာျဖစ္ၿပီး သူတင္သြင္းတဲ့ အစီရင္ခံစာထဲမွာ ျမန္မာစစ္တပ္က ဘယ္လို အရပ္သားအစိုးရကို ျဖဳတ္ခ်တာ၊ ျပည္သူအေပၚ သတ္ျဖတ္တိုက္ခိုက္တဲ့ ရာဇဝတ္မႈေတြ ဘယ္လို က်ဴးလြန္တယ္ ဆိုတာအျပင္ တရားမဲ့ဖမ္းဆီးတာေတြနဲ႔ ပတ္သက္ၿပီး အေသးစိတ္တင္ျပထားတာ ျဖစ္ပါတယ္။

အခုေနာက္ဆံုး ၿငိမ္းခ်မ္းစြာဆႏၵျပသူ ၃၈ ေယာက္ေသဆံုးရတဲ့ ဗုဒၶဟူးေန႔ ရဲနဲ႔စစ္တပ္ရဲ႕ ေျခမႈန္းမႈ မ်ိဳးဆိုရင္ ႏိုင္ငံတကာရဲ႕ ျပင္းထန္တဲ့တုံ႔ျပန္ လိုအပ္ေၾကာင္းလည္း Tom Andrews က ေျပာပါတယ္။

တရားမွ်တမႈ၊ လူ႔အခြင့္ေရးနဲ႔ ဒီမိုကေရစီေရးအတြက္ရပ္တည္ၿပီး ေတာင္းဆိုဆႏၵျပေနသူေတြကို စစ္အာဏာပိုင္ေတြက ေန႔စဥ္လိုလို တိုးၿပီးရက္ရက္စက္စက္ ေျခမႈန္းလာတာ ေတြ႕ရေၾကာင္းနဲ႔ ကိုယ့္ႏိုင္ငံအနာဂတ္အတြက္ သံဓိဌာန္ခ်လုပ္ေဆာင္ေနတဲ့ ဒီျပည္သူေတြကို ႏိုင္ငံတကာအသိုင္းဝိုင္း က အေရးတႀကီး ျပတ္ျပတ္သားသား ေထာက္ခံမႈျပရမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ေသာၾကာေန႔က်င္းပမယ့္ ကုလသမဂၢလံုျခံဳေရးေကာင္စီရဲ႕ ျမန္မာ့အေရးေဆြးေႏြးပြဲမွာ ေကာင္စီကေန ျမန္မာစစ္အာဏာရွင္အေပၚ ပစ္မွတ္ထားအေရးယူတာ၊ လက္နက္မရေအာင္တားတာအျပင္ ICC ႏိုင္ငံတကာရာဇဝတ္ခံုရံုးက စံုစမ္းၿပီး က်ဴးလြန္သူေတြကို အေရးယူေပးဖို႔ ေတာင္းဆိုတာ အထိ ျပတ္ျပတ္သားသား လုပ္ေဆာင္ၾကဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာကို ဆန္႔က်င္ၿပီး အၾကမ္းမဖက္ဆႏၵျပေနတဲ့ CDM လႈပ္ရွားမႈဟာ တေန႔တျခားက်ယ္ျပန္႔လာေနတာျဖစ္ၿပီး ကုလသမဂၢအဖြဲ႔ဝင္ ႏိုင္ငံေတြ အေနနဲ႔ လူထုအလိုမရွိတဲ့ တကယ္တမ္းတရားဝင္မႈမရွိတဲ့ အာဏာသိမ္းထားတဲ့ စစ္အာဏာရွင္ကို တရားဝင္ အသိမွတ္မျပဳဖို႔ပါ ေတာင္းဆိုခဲ့ပါတယ္။


............

ဆန္ဒပြသမားတွေ သေဆုံးရတဲ့ အကြမ်းဖက်နှိမ်နင်းမှု နိုင်ငံတကာက ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့လို (ကုလအထူးကိုယ်စားလှယ် Tom Andrew)

(Unicode)

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်အာဏာရှင်ဟာ တရားဝင်မှုမရှိကြောင်းနဲ့ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပေါ် လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျူးလွန်နေတာအတွက် ဒီစစ်အာဏာရှင်မှာ တာဝန်ရှိကြောင်း မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဖေဖေါ်ဝါရီလ ၂၂ ရက်ကနေ မတ်လ ၁၉ ရက်နေ့အထိ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီရဲ့ ၄၆ ကြိမ်မြောက်အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး အခြေနေတွေကို အထူးကိုယ်စားလှယ်က တင်ပြခဲ့တာဖြစ်ပြီး သူတင်သွင်းတဲ့ အစီရင်ခံစာထဲမှာ မြန်မာစစ်တပ်က ဘယ်လို အရပ်သားအစိုးရကို ဖြုတ်ချတာ၊ ပြည်သူအပေါ် သတ်ဖြတ်တိုက်ခိုက်တဲ့ ရာဇဝတ်မှုတွေ ဘယ်လို ကျူးလွန်တယ် ဆိုတာအပြင် တရားမဲ့ဖမ်းဆီးတာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်တင်ပြထားတာ ဖြစ်ပါတယ်။

အခုနောက်ဆုံး ငြိမ်းချမ်းစွာဆန္ဒပြသူ ၃၈ ယောက်သေဆုံးရတဲ့ ဗုဒ္ဓဟူးနေ့ ရဲနဲ့စစ်တပ်ရဲ့ ခြေမှုန်းမှု မျိုးဆိုရင် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့တုံ့ပြန် လိုအပ်ကြောင်းလည်း Tom Andrews က ပြောပါတယ်။

တရားမျှတမှု၊ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီရေးအတွက်ရပ်တည်ပြီး တောင်းဆိုဆန္ဒပြနေသူတွေကို စစ်အာဏာပိုင်တွေက နေ့စဉ်လိုလို တိုးပြီးရက်ရက်စက်စက် ခြေမှုန်းလာတာ တွေ့ရကြောင်းနဲ့ ကိုယ့်နိုင်ငံအနာဂတ်အတွက် သံဓိဌာန်ချလုပ်ဆောင်နေတဲ့ ဒီပြည်သူတွေကို နိုင်ငံတကာအသိုင်းဝိုင်း က အရေးတကြီး ပြတ်ပြတ်သားသား ထောက်ခံမှုပြရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

သောကြာနေ့ကျင်းပမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ ကောင်စီကနေ မြန်မာစစ်အာဏာရှင်အပေါ် ပစ်မှတ်ထားအရေးယူတာ၊ လက်နက်မရအောင်တားတာအပြင် ICC နိုင်ငံတကာရာဇဝတ်ခုံရုံးက စုံစမ်းပြီး ကျူးလွန်သူတွေကို အရေးယူပေးဖို့ တောင်းဆိုတာ အထိ ပြတ်ပြတ်သားသား လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာကို ဆန့်ကျင်ပြီး အကြမ်းမဖက်ဆန္ဒပြနေတဲ့ CDM လှုပ်ရှားမှုဟာ တနေ့တခြားကျယ်ပြန့်လာနေတာဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ လူထုအလိုမရှိတဲ့ တကယ်တမ်းတရားဝင်မှုမရှိတဲ့ အာဏာသိမ်းထားတဲ့ စစ်အာဏာရှင်ကို တရားဝင် အသိမှတ်မပြုဖို့ပါ တောင်းဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG