သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္မွာ အတားအဆီးေတြ စစ္တပ္နဲ႔ ရဲ ဖ်က္ဆီး မီး႐ိႈ႕


ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုေပၚ ေတြ႔ရတဲ့ ရဲနဲ႔ စစ္သားမ်ား။ (မတ္ ၁၇၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္တဲ့ဆႏၵျပပြဲေတြ အျပင္းအထန္ျဖစ္ခဲ့ဲတဲ့ ရန္ကုန္ၿမိဳ႕ ေနရာအေတာ္မ်ားမ်ားမွာ ဆႏၵျပသူေတြကခ်ထားတဲ့ လမ္းေပၚ အတားအဆီးေတြကို စစ္တပ္နဲ႔ရဲက ဒီကေန႔ လိုက္ၿပီးၿဖိဳဖ်က္ မီး႐ိႈ႕သလို ပစ္ခတ္တာေတြလည္း ရွိပါတယ္။ ရန္ကုန္ဘက္ကအေျခအေနကိုေတာ့ မခင္ျဖဴေထြးက ေျပာျပပါမယ္။

ၿမိဳ႕နယ္ တခ်ိဳ႕ကို စစ္အုပ္ခ်ဳပ္ေရး နယ္ေျမအျဖစ္ ေၾကျငာခံထားရတဲ့ ရန္ကုန္တိုင္းအတြင္းမွာကေတာ့ အာဏာရွင္ဆန႔္က်င္ေရးကို ပုံစံမ်ိဳးစုံနဲ႔ ဆင္ႏႊဲေနၾကဆဲပါ။ ဒီကေန႔မွာေတာ့ စစ္အုပ္ခ်ဳပ္ေရး ေကာင္စီရဲ႕လုံၿခဳံေရးတပ္ေတြက ေနရာ ေတာ္ေတာ္မ်ားမ်ားမွာ လူထုက ခ်ထားတဲ့ လမ္းေပၚအဟန႔္အတားေတြကို လိုက္လံ ၿဖိဳဖ်က္တာေတြ၊ မီးရႈိ႕ဖ်က္ဆီးတာေတြ လုပ္ခဲ့တာပါ။ မနက္ေစာပိုင္းကစလို႔ ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္ထဲက သမိုင္းကုန္းတံတားေပၚ လႈိင္ၿမိဳ႕နယ္အနီးက ဘုရင့္ေနာင္လမ္းမေပၚ၊ ရန္ကင္း ၿမိဳ႕နယ္ သစၥာလမ္းေပၚ၊ သဃၤန္းကြၽန္း ေလးေထာင့္ကန္လမ္းေပၚ၊ ေတာင္ဥကၠလာ ရတနာလမ္းေပၚနဲ႔ တာေမြေစ်းနားနဲ႔ ေက်ာက္ေျမာင္းသရိပဌာန္လမ္းနားေတြမွာ ရွိတဲ့ လူထူက လုံၿခဳံေရးအတြက္ လုပ္ထားတဲ့ အတားဆီးေတြကို ရွင္းလင္းၿဖိဳဖ်က္တာေတြ လုပ္ခဲ့တာပါ။

လမ္းေပၚက အဟန႔္အတားေတြကို ၿဖိဳခဲ့တဲ့အျပင္ အသံဗုံးေတြနဲ႔ ပစ္တာခတ္တာေတြလည္းရွိခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ အဲဒီမွာ လမ္းသြားလမ္းလာနဲ႔ ရပ္ကြက္ေနျပည္သူအခ်ိဳ႕ကို ေခၚေဆာင္တာ၊ အိမ္စီးကားအခ်ိဳ႕ကို တားၿပီး လူေတြကို ဆင္းခိုင္းၿပီးအတားဆီးေတြကို ဖယ္ခိုင္းတာ၊ အမႈိက္ေတြသိမ္းခိုင္းတာ၊ သဲအိတ္ေတြ ဖယ္ခိုင္းတာေတြ လုပ္တယ္လို႔ ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရသူ ျပည္သူတဦးကေျပာပါတယ္။

"က်ေနာ္တို႔ကို လာေျပာတာေတာ့တေယာက္ပဲ။ ဒါေပမဲ့ ေနာက္မွာ တျခားရဲေတြ ရွိတယ္။ လမ္း ဟိုဘက္ ဒီဘက္မွာေပါ့ မ်က္ႏွာခ်င္းဆိုင္ေရာ၊ မီးပြင့္ဘက္မွာေရာ ရဲေတြရွိတယ္။ စစ္ကားေတြရွိတယ္။ သူတို႔က ေဘးကပ္ၿပီး ဆင္းၿပီး လာသယ္ဖို႔ေျပာတယ္။ ေနာက္ကားတံခါးကို ဆြဲဖြင့္တယ္။ က်ေနာ္က ေလာ့ခ္ခ်ထားေတာ့ ဖြင့္မရဘူး။ အဲဒီခ်ိန္မွာ က်ေနာ္ေနာက္ဆုတ္ထြက္ျပန္ေမာင္းလာတာ။ အဲဒီခ်ိန္မွာ ရဲတေယာက္က ပစ္ဖို႔ ေသနတ္ကိုင္ ခ်ိန္လိုက္တာ ေတြ႕တယ္။ က်ေနာ္တို႔ကို မမီလိုက္ေတာ့ဘူး။ အဲဒီမွာ ေတြ႕တယ္၊ လူေတြလည္းရွိတယ္။ ၄၊ ၅ ေယာက္ေလာက္ လမ္းသြား၊ လမ္းလာေတြကို က်ေနာ္တို႔ အရင္သယ္ခိုင္းေနတာ။ ကားေပၚမွာ ရွိမေနဘူး။ စက္ဘီးနဲ႔ျဖစ္ျဖစ္၊ လမ္းေလွ်ာက္သြားတာပဲျဖစ္ျဖစ္ဆိုရင္ေတာ့ သယ္ခိုင္းမွာပဲ။ မသယ္ဘူးေျပာရင္ေတာ့ ႐ိုက္တာႏွက္တာ၊ ပစ္တာခတ္တာရွိမွာပဲ။ က်ေနာ္တို႔က ကားေပၚမို႔ ကားပါလာလို႔ ကံေကာင္းသြားတာ။"

ဒါကေတာ့ ဒီမနက္ပိုင္းမွာ ရန္ကင္း ၁၂ လုံးတန္းမီးပြိင့္အနီးမွာ လက္နက္ကိုင္အဖြဲ႕ေတြဘက္က သဲအိတ္ေတြ ဖယ္ဖို႔ အတင္းအၾကပ္ ခိုင္းေစခဲ့တာကို ကိုယ္တိုင္ႀကဳံခဲ့ရသူတဦးက ျပန္ေျပာျပခဲ့တာျဖစ္ပါတယ္။

လက္နက္ကိုင္အဖြဲ႕ေတြဟာ အတားအဆီးေတြဖယ္တဲ့ ေနရာအနီးတဝိုက္ ပတ္ဝန္းက်င္ကလူထုေတြကို ဖမ္းဆီးမႈေတြရွိ ခဲ့ေပမဲ့ ေနရာတခ်ိဳ႕မွာေတာ့ အတားဆီးေတြ ဖယ္ခိုင္းဖို႔ ခိုင္းေစၿပီး ျပန္လႊတ္ေပးတာေတြလည္း ရွိခဲ့တယ္လို႔ ရပ္ကြက္ေနသူေတြကေျပာပါတယ္။

အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပမႈေတြကို ျပင္းျပင္းထန္ထန္ ႏွိမ္နင္းခံရၿပီး လူေသအေပ်ာက္ အမ်ားဆုံးျဖစ္ခဲ့ ရတဲ့ ေနရာျဖစ္တဲ့ လႈိင္သာယာၿမိဳ႕နယ္ကို စစ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္က စစ္အုပ္ခ်ဳပ္ေရးနယ္ေျမအျဖစ္ ေၾကျငာၿပီး ျပင္းျပင္းထန္ထန္ထိန္းခ်ဳပ္ကိုင္တြယ္မႈ ေတြလုပ္ေနဆဲမို႔ ျပည္သူေတြမွာ ပုန္းေအာင္းေနရတယ္လို႔ ေဒသခံတဦးကေျပာပါတယ္။

"ဒီေန႔ကေတာ့ လႈိင္သာယာမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းပဲ။ ဘာမွ မရွိဘူး။ လမ္းေတြလည္း ျပန္ဖြင့္ေနၿပီ။ အသြားအလာေတြေတာ့ ျပန္ရွိေနၿပီ။ အရင္ကထက္ေတာ့ ရွင္းေနၿပီေပါ့ဗ်ာ။ ၁ ထိပ္ႀကိဳးတံတားဘက္ကိုေတာ့ ကား ၁၀ စီးေလာက္ တက္သြားၿပီ။ သူတို႔ လိုက္လွည့္ေနၿပီေပါ့ဗ်ာ။ ျပည္သူေတြလည္း အရင္လို မရွိေတာ့ပါဘူး။ ပုန္းေနၾကပါၿပီ။ သူ႔ဟာနဲ႔သူေျပးတာနဲ႔ ရပ္ကြက္ထဲက အေဆာင္ေတြလည္း လူေတြ မရွိၾကေတာ့ပါဘူး။"

ၿပီးခဲ့တဲ့ မတ္လ ၁၅ ရက္ေန႔ကစလို႔ စစ္အုပ္ခ်ဳပ္ေရးေၾကညာထားတဲ့ လႈိင္သာယာၿမိဳ႕နယ္အပါအဝင္ ၿမိဳ႕နယ္ ၆ ခုမွာ ေန႔ေန႔ညည ပစ္ခတ္ၿဖိဳခြင္းမႈေတြ လုပ္ခဲ့သလို ေနအိမ္ေတြထဲအထိ လူေတြကို ဝင္ေရာက္ဖမ္းဆီးၿပီး၊ သဲအိတ္ေတြနဲ႔ အကာအရံေတြကို ဖယ္ရွားခိုင္းတာေတြ လုပ္ခဲ့တာေတြေၾကာင့္ ေသဆုံးသူေတြ တိုးလာတဲ့အျပင္ အဲဒီေနရာေတြမွာေနထိုင္ၾကသူ အမ်ားစု ေနရပ္စြန႔္ခြာထြက္သြားရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ပစ္ခတ္ၿဖိဳခြင္းတာေတြ လုပ္တာေတြရွိေနေပမဲ့ လူထုဘက္ကေတာ့ အာဏာရွင္ဆန႔္က်င္ေရးကို ပုံစံမ်ိဳးစုံနဲ႔ ဆင္ႏႊဲလာတာေတြ ရွိၿပီး လူမဲ့သပိတ္ဆင္ႏဲႊတာလည္း ရွိခဲ့ပါတယ္။ ဒီေန႔ ဆႏၵျပပြဲေတြရွိခဲ့တဲ့ ေျမာက္ဥကၠလာနဲ႔ တာေမြေက်ာက္ေျမာင္းဘက္မွာ စစ္တပ္က ပစ္ခတ္ၿဖိဳခြင္းတာေတြ လုပ္ခဲ့ပါတယ္။ ဒဏ္ရာရသူေတြရွိေပမဲ့ အေသအေပ်ာက္ေတာ့ မရွိခဲ့ပါဘူး။ ဖမ္းခံရသူေတြ ရွိတယ္လို႔ ေဒသခံေတြကေျပာေပမဲ့ အတိအက် မသိႏိုင္ျဖစ္ေနတယ္လို႔ လုံၿခဳံေရးေၾကာင့္ နာမည္နဲ႔အသံ သုံးႏိုင္ခြင့္မေပးႏိုင္တဲ့ တာေမြေဒသခံတဦးကေျပာပါတယ္။

ဆႏၵျပမႈေတြ အားေကာင္းတဲ့ သာေကတ၊ စမ္းေခ်ာင္း၊ ေတာင္ဥကၠလာေနရာေတြမွာ ဆႏၵျပသူေတြ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ဆႏၵထုတ္ေဖာ္တာေတြဆက္လုပ္ေနၾကပါတယ္။ ရက္ေပါင္း ၄၅ ရက္ၾကာၿပီျဖစ္တဲ့ အာဏာသိမ္းဆန႔္က်င္ေရး လႈပ္ရွားမႈကို လက္နက္ကိုင္တပ္ဖြဲ႕ဘက္က ၿဖိဳခြင္းလို႔ ႏိုင္ငံတစ္ဝွမ္း လူ ၂၀၀ ေက်ာ္ေသဆုံးခဲ့ၿပီး လူေပါင္း ၂,၀၀၀ ထပ္မနည္း ဖမ္းဆီးခံထားရတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP-B က ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်မှာ အတားအဆီးတွေ စစ်တပ်နဲ့ ရဲ ဖျက်ဆီး မီးရှို့

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ဆန္ဒပြပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ဲတဲ့ ရန်ကုန်မြို့ နေရာအတော်များများမှာ ဆန္ဒပြသူတွေကချထားတဲ့ လမ်းပေါ် အတားအဆီးတွေကို စစ်တပ်နဲ့ရဲက ဒီကနေ့ လိုက်ပြီးဖြိုဖျက် မီးရှို့သလို ပစ်ခတ်တာတွေလည်း ရှိပါတယ်။ ရန်ကုန်ဘက်ကအခြေအနေကိုတော့ မခင်ဖြူထွေးက ပြောပြပါမယ်။

မြို့နယ် တချို့ကို စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် ကြေငြာခံထားရတဲ့ ရန်ကုန်တိုင်းအတွင်းမှာကတော့ အာဏာရှင်ဆန့်ကျင်ရေးကို ပုံစံမျိုးစုံနဲ့ ဆင်နွှဲနေကြဆဲပါ။ ဒီကနေ့မှာတော့ စစ်အုပ်ချုပ်ရေး ကောင်စီရဲ့လုံခြုံရေးတပ်တွေက နေရာ တော်တော်များများမှာ လူထုက ချထားတဲ့ လမ်းပေါ်အဟန့်အတားတွေကို လိုက်လံ ဖြိုဖျက်တာတွေ၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တာပါ။ မနက်စောပိုင်းကစလို့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ထဲက သမိုင်းကုန်းတံတားပေါ် လှိုင်မြို့နယ်အနီးက ဘုရင့်နောင်လမ်းမပေါ်၊ ရန်ကင်း မြို့နယ် သစ္စာလမ်းပေါ်၊ သင်္ဃန်းကျွန်း လေးထောင့်ကန်လမ်းပေါ်၊ တောင်ဥက္ကလာ ရတနာလမ်းပေါ်နဲ့ တာမွေဈေးနားနဲ့ ကျောက်မြောင်းသရိပဌာန်လမ်းနားတွေမှာ ရှိတဲ့ လူထူက လုံခြုံရေးအတွက် လုပ်ထားတဲ့ အတားဆီးတွေကို ရှင်းလင်းဖြိုဖျက်တာတွေ လုပ်ခဲ့တာပါ။

လမ်းပေါ်က အဟန့်အတားတွေကို ဖြိုခဲ့တဲ့အပြင် အသံဗုံးတွေနဲ့ ပစ်တာခတ်တာတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီမှာ လမ်းသွားလမ်းလာနဲ့ ရပ်ကွက်နေပြည်သူအချို့ကို ခေါ်ဆောင်တာ၊ အိမ်စီးကားအချို့ကို တားပြီး လူတွေကို ဆင်းခိုင်းပြီးအတားဆီးတွေကို ဖယ်ခိုင်းတာ၊ အမှိုက်တွေသိမ်းခိုင်းတာ၊ သဲအိတ်တွေ ဖယ်ခိုင်းတာတွေ လုပ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ပြည်သူတဦးကပြောပါတယ်။

"ကျနော်တို့ကို လာပြောတာတော့တယောက်ပဲ။ ဒါပေမဲ့ နောက်မှာ တခြားရဲတွေ ရှိတယ်။ လမ်း ဟိုဘက် ဒီဘက်မှာပေါ့ မျက်နှာချင်းဆိုင်ရော၊ မီးပွင့်ဘက်မှာရော ရဲတွေရှိတယ်။ စစ်ကားတွေရှိတယ်။ သူတို့က ဘေးကပ်ပြီး ဆင်းပြီး လာသယ်ဖို့ပြောတယ်။ နောက်ကားတံခါးကို ဆွဲဖွင့်တယ်။ ကျနော်က လော့ခ်ချထားတော့ ဖွင့်မရဘူး။ အဲဒီချိန်မှာ ကျနော်နောက်ဆုတ်ထွက်ပြန်မောင်းလာတာ။ အဲဒီချိန်မှာ ရဲတယောက်က ပစ်ဖို့ သေနတ်ကိုင် ချိန်လိုက်တာ တွေ့တယ်။ ကျနော်တို့ကို မမီလိုက်တော့ဘူး။ အဲဒီမှာ တွေ့တယ်၊ လူတွေလည်းရှိတယ်။ ၄၊ ၅ ယောက်လောက် လမ်းသွား၊ လမ်းလာတွေကို ကျနော်တို့ အရင်သယ်ခိုင်းနေတာ။ ကားပေါ်မှာ ရှိမနေဘူး။ စက်ဘီးနဲ့ဖြစ်ဖြစ်၊ လမ်းလျှောက်သွားတာပဲဖြစ်ဖြစ်ဆိုရင်တော့ သယ်ခိုင်းမှာပဲ။ မသယ်ဘူးပြောရင်တော့ ရိုက်တာနှက်တာ၊ ပစ်တာခတ်တာရှိမှာပဲ။ ကျနော်တို့က ကားပေါ်မို့ ကားပါလာလို့ ကံကောင်းသွားတာ။"

ဒါကတော့ ဒီမနက်ပိုင်းမှာ ရန်ကင်း ၁၂ လုံးတန်းမီးပွိင့်အနီးမှာ လက်နက်ကိုင်အဖွဲ့တွေဘက်က သဲအိတ်တွေ ဖယ်ဖို့ အတင်းအကြပ် ခိုင်းစေခဲ့တာကို ကိုယ်တိုင်ကြုံခဲ့ရသူတဦးက ပြန်ပြောပြခဲ့တာဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့တွေဟာ အတားအဆီးတွေဖယ်တဲ့ နေရာအနီးတဝိုက် ပတ်ဝန်းကျင်ကလူထုတွေကို ဖမ်းဆီးမှုတွေရှိ ခဲ့ပေမဲ့ နေရာတချို့မှာတော့ အတားဆီးတွေ ဖယ်ခိုင်းဖို့ ခိုင်းစေပြီး ပြန်လွှတ်ပေးတာတွေလည်း ရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေကပြောပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းခံရပြီး လူသေအပျောက် အများဆုံးဖြစ်ခဲ့ ရတဲ့ နေရာဖြစ်တဲ့ လှိုင်သာယာမြို့နယ်ကို စစ်အုပ်ချုပ်ရေးကောင်စီဘက်က စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေငြာပြီး ပြင်းပြင်းထန်ထန်ထိန်းချုပ်ကိုင်တွယ်မှု တွေလုပ်နေဆဲမို့ ပြည်သူတွေမှာ ပုန်းအောင်းနေရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

"ဒီနေ့ကတော့ လှိုင်သာယာမှာ ငြိမ်းငြိမ်းချမ်းချမ်းပဲ။ ဘာမှ မရှိဘူး။ လမ်းတွေလည်း ပြန်ဖွင့်နေပြီ။ အသွားအလာတွေတော့ ပြန်ရှိနေပြီ။ အရင်ကထက်တော့ ရှင်းနေပြီပေါ့ဗျာ။ ၁ ထိပ်ကြိုးတံတားဘက်ကိုတော့ ကား ၁၀ စီးလောက် တက်သွားပြီ။ သူတို့ လိုက်လှည့်နေပြီပေါ့ဗျာ။ ပြည်သူတွေလည်း အရင်လို မရှိတော့ပါဘူး။ ပုန်းနေကြပါပြီ။ သူ့ဟာနဲ့သူပြေးတာနဲ့ ရပ်ကွက်ထဲက အဆောင်တွေလည်း လူတွေ မရှိကြတော့ပါဘူး။"

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ကစလို့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လှိုင်သာယာမြို့နယ်အပါအဝင် မြို့နယ် ၆ ခုမှာ နေ့နေ့ညည ပစ်ခတ်ဖြိုခွင်းမှုတွေ လုပ်ခဲ့သလို နေအိမ်တွေထဲအထိ လူတွေကို ဝင်ရောက်ဖမ်းဆီးပြီး၊ သဲအိတ်တွေနဲ့ အကာအရံတွေကို ဖယ်ရှားခိုင်းတာတွေ လုပ်ခဲ့တာတွေကြောင့် သေဆုံးသူတွေ တိုးလာတဲ့အပြင် အဲဒီနေရာတွေမှာနေထိုင်ကြသူ အများစု နေရပ်စွန့်ခွာထွက်သွားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ပစ်ခတ်ဖြိုခွင်းတာတွေ လုပ်တာတွေရှိနေပေမဲ့ လူထုဘက်ကတော့ အာဏာရှင်ဆန့်ကျင်ရေးကို ပုံစံမျိုးစုံနဲ့ ဆင်နွှဲလာတာတွေ ရှိပြီး လူမဲ့သပိတ်ဆင်နွဲှတာလည်း ရှိခဲ့ပါတယ်။ ဒီနေ့ ဆန္ဒပြပွဲတွေရှိခဲ့တဲ့ မြောက်ဥက္ကလာနဲ့ တာမွေကျောက်မြောင်းဘက်မှာ စစ်တပ်က ပစ်ခတ်ဖြိုခွင်းတာတွေ လုပ်ခဲ့ပါတယ်။ ဒဏ်ရာရသူတွေရှိပေမဲ့ အသေအပျောက်တော့ မရှိခဲ့ပါဘူး။ ဖမ်းခံရသူတွေ ရှိတယ်လို့ ဒေသခံတွေကပြောပေမဲ့ အတိအကျ မသိနိုင်ဖြစ်နေတယ်လို့ လုံခြုံရေးကြောင့် နာမည်နဲ့အသံ သုံးနိုင်ခွင့်မပေးနိုင်တဲ့ တာမွေဒေသခံတဦးကပြောပါတယ်။

ဆန္ဒပြမှုတွေ အားကောင်းတဲ့ သာကေတ၊ စမ်းချောင်း၊ တောင်ဥက္ကလာနေရာတွေမှာ ဆန္ဒပြသူတွေ ပုံစံအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်တာတွေဆက်လုပ်နေကြပါတယ်။ ရက်ပေါင်း ၄၅ ရက်ကြာပြီဖြစ်တဲ့ အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုကို လက်နက်ကိုင်တပ်ဖွဲ့ဘက်က ဖြိုခွင်းလို့ နိုင်ငံတစ်ဝှမ်း လူ ၂၀၀ ကျော်သေဆုံးခဲ့ပြီး လူပေါင်း ၂,၀၀၀ ထပ်မနည်း ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG