သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္အပါအဝင္ ႏုိင္ငံတဝန္း ဆႏၵျပပြဲေတြနဲ႔ ၿဖိဳခြဲတာေတြ ဆက္ျဖစ္ေနဆဲ


ရန္ကုန္ လိႈင္ၿမိဳ႕နယ္ ဆႏၵျပပဲြအတြင္း ျဖိဳခြင္းခံရတဲ့ ျမင္ကြင္း။ (မတ္ ၁၇၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔ေတြရဲ႕ အၾကမ္းဖက္ ၿဖိဳခြဲမႈေတြ ႐ွိေနတဲ့ၾကားမွာပဲ ရန္ကုန္ၿမိဳ႕အပါအဝင္ မႏၱေလး၊ မံု႐ြာ၊ ေ႐ႊဘို၊ နက္ေမာက္၊ ေတာင္ငူ၊ ေညာင္ဦး၊ မိတၱိလာ၊ ဖားကန္႔၊ လိြဳင္ေကာ္၊ ထားဝယ္၊ ကေလး စတဲ့ႏိုင္ငံတဝန္းက ၿမိဳ႕ေတြမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့အေနနဲ႔ ျပည္သူေတြဟာ လမ္းေလ ွ်ာက္ခ်ီတက္တာေတြ၊ ထိုင္သပိတ္လုပ္တာေတြ၊ ဆိုင္ကယ္ေတြ တန္းစီေမာင္းႏွင္ဆႏၵျပတာေတြ လုပ္ခဲ့ၾကပါတယ္။ မြန္ျပည္နယ္ထဲမွာလည္း ဖဲြ႔စည္းပံုကို မီး႐ႈိ႕ဖ်က္စီး ဆႏၵျပခဲ့ၾကပါတယ္။ ပ်ဥ္းမနား၊ လားရႈိး၊ စစ္ကိုင္းနဲ႔ မိုးကုတ္ ၿမိဳ႕ေတြမွာ ေတာင္းဆိုခ်က္ စာသားေတြ ဆိုင္းဘုတ္ေတြသာ ခ်ထားတဲ့ လူမဲ့သပိတ္၊ ဗန္းေမာ္မွာ အသံတိတ္သပိတ္၊ သီေပါနဲ႔ ပုသိမ္ၿမိဳ႕ေတြမွာ မိုးမလင္းခင္ကတည္းကျပဳလုပ္တဲ့ အာ႐ုံဦးသပိတ္ စတဲ့ ပုံစံအမ်ိဳးမ်ိဳးေသာ စစ္အာဏာရွင္ဆန္႔က်င္ေရး လႈပ္ရွားမႈေတြ ဆက္ရွိေနပါတယ္။

ရန္ကုန္ၿမိဳ႕မွာဆိုရင္ သာေကတ၊ အင္းစိန္၊ စမ္းေခ်ာင္း၊ လႈိင္၊ တာေမြစတဲ့ၿမိဳ႕နယ္ေတြမွာ ျပည္သူရာနဲ႔ခ်ီ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။ ရဲနဲ႔စစ္တပ္ေတြရဲ႕ ပစ္ခတ္ႏွိမ္နင္းမႈေတြလည္း႐ွိပါတယ္။

လႈိင္ၿမိဳ႕နယ္ဘက္က ပစ္ခတ္တဲ့အသံေတြပါ။ ဆႏၵျပျပည္သူေတြဘက္ကလည္း အိမ္လုပ္ေလာင္စာဗံုးေတြနဲ႔ ျပန္ၿပီး တံု႔ျပန္ ပစ္တာေတြ႐ွိပါတယ္။

ဒါကေတာ့ အလံုၿမိဳ႕နယ္ဘက္မွာ လက္နက္ကိုင္တပ္ဖဲြ႔ဝင္ေတြကို ဆႏၵျပသူေတြဘက္က မီး႐ွဴးမီးပန္းေတြနဲ႔ ျပန္ၿပီး ပစ္ေဖါက္သံေတြျဖစ္ပါတယ္။

ေျမာက္ဥကၠလာနဲ႔​ တာေမြၿမိဳ႕နယ္ေတြမွာလည္း စစ္တပ္က ပစ္ခတ္ၿဖိဳခြင္းလို႔ ဒဏ္ရာရသူေတြရွိေပမယ့္ အေသအေပ်ာက္ေတာ့ မရွိခဲ့ပါဘူး။

ရန္ကုန္ၿမိဳ႕ လမ္းေတာ္ေတာ္မ်ားမ်ားမွာ လံုၿခံဳေရးတပ္ေတြ အလြယ္တကူ ဝင္မလာႏိုင္ေအာင္ အတားအဆီးေတြခ်ထားသလို တခ်ဳိ႕ေနရာေတြမွာ ခ်ထားတဲ့အတားအဆီးေတြကို မီး႐ႈိ႕ၿပီး ရဲေတြ၊ စစ္သားေတြ ခ်င္းခ်င္းသြားလာလို႔ မရေအာင္လုပ္ခဲ့ၾကပါတယ္။ တခ်ဳိ႕လမ္းေတြမွာေတာ့ လက္နက္ကိုင္လံုၿခံဳေရးေတြက လမ္းထဲက႐ွိသူေတြကို အင္အားသံုးၿပီး ဖယ္႐ွားခိုင္းတာေတြလည္း ႐ွိပါတယ္။ တခ်ဳိ႕ေနရာေတြမွာဆို အမ်ဳိးသမီးေတြကိုပါ ဖယ္႐ွားခိုင္းခဲ့တာေတြ႐ွိပါတယ္။ ေတာင္ဥကၠလာပၿမိဳ႕နယ္ထဲမွာ ျဖစ္ခဲ့တဲ့အေျခအေနနဲ႔ပတ္သက္လို႔ ေဒသခံတေယာက္က ခုလိုေျပာျပပါတယ္။

"ရသဝတီ ၁၂၊ ၁၃ လမ္းေတြမွာ ေတာင္ဥကၠလာဘက္မွာ လမ္းေတြကို အတားအဆီး လူေတြက စစ္ကားေတြ ဝင္မွာစိုးလို႔ အတားအဆီးေတြ ပိတ္ေရာ၊ ပိတ္တဲ့အခ်ိန္မွာ ဘာျဖစ္လဲဆိုေတာ့ စစ္ကား ၆ စီးေလာက္ေရာက္လာၿပီးေတာ့ အဲဒီလမ္းေတြမွာ ရွိတဲ့လူေတြ၊ အိမ္ေတြအကုန္လံုးကို တံခါးေခါက္ၿပီးေတာ့ လူ ၃၀ ေလာက္ဖမ္းသြားတယ္ ည။ မနက္ျပန္လာမယ္လို႔ က်ိမ္းသြားတယ္။ ည ၂ နာရီခဲြ၊ ၃ နာရီေလာက္မွ ၿပီးသြားတယ္။ ဒီေန႔မနက္က်ေတာ့ ၉ နာရီခဲြေလာက္ ျပန္ေရာက္လာတယ္။ အခုလမ္းေတြကို တလမ္းဝင္၊ တလမ္းထြက္ အိမ္ေတြ တံခါးေခါက္တယ္။ ေတြ႔တဲ့လူအကုန္ဖမ္း။ အဲဒီမွာ ရွိတဲ့ မိသားစုေတြအကုန္လံုးက နီးစပ္ရာ ေဆြမ်ိဳးအိမ္ေတြမွာ ပုန္းေနရတဲ့ အေျခအေနေတြ ျဖစ္သြားတယ္။ တလမ္းဝင္တလမ္းထြက္ တံခါးေခါက္ၿပီးေတာ့ အိမ္ရွိသမွ်လူေတြ အကုန္ထြက္ခိုင္းၿပီး ဆဲြေနတာ။ ရသဝတီ ၁၂၊ ၁၃၊ ၁၄ လမ္းေတြမွာ ညတုန္းက ထိပ္တိုက္ေတြ႔တာမွာ လူေသတယ္၊ က်န္တဲ့ဟာ ဒဏ္ရာရသြားတယ္ ေသ၊ မေသ confirm လုပ္လို႔မရဘူး။ တေယာက္ ေသတာေတာ့ confirm တယ္။ မိသားစုက confirm ထားတယ္။ ညသပိတ္စခန္းကို လွမ္းပစ္လိုက္တာမွာ သူ႔ကို မွန္သြားတယ္။"

ဒါက ေတာင္ဥကၠလာပၿမိဳ႕နယ္ဘက္က အေျခအေနပါ။ တခ်ဳိ႕ၿမိဳ႕နယ္ေတြမွာဆိုလည္း လမ္းေတြေပၚမွာ တားထားတဲ့ အတားအဆီးေတြကို ဖယ္မေပးရင္း ရပ္တကြက္တခုလံုးကို ပစ္ခတ္မယ္၊ ေျမလွန္မယ္ဆိုၿပီး လက္နက္ကိုင္တပ္ေတြဘက္က သတိေပးၿခိမ္းေျခာက္ခဲ့ပါတယ္။

ရဲေတြ စစ္သားေတြဟာ ျပည္သူေတြေတြရဲ႕ ေမာ္ေတာ္ကားေတြ အေဆာက္အဦးေတြ ဖ်က္စီးတာ၊ လမ္္းသြား၊ လမ္းလာတခ်ဳိ႕ကို ႐ိုက္ႏွက္ ေခၚယူစစ္ေဆးတာေတြ၊ ေစ်းသည္ေတြေတြဆီက အစားအေသာက္ေတြကို အတင္းလုယူတာေတြ လုပ္တဲ့ ဗီဒီယိုေတြလည္း လူမႈကြန္ယက္ေတြေပၚမွာ ျပည္သူေတြ မ ွ်ေဝေနၾကပါတယ္။

လက္ကိုင္ဖုန္းေတြေပၚကေန အင္တာနက္ မသံုးႏုိင္ေအာင္ အာဏာပိုင္ေတြဘက္က ပိတ္ပင္ထားတဲ့အတြက္ အဆက္အသြယ္ျပတ္ေတာက္ၿပီး သတင္းေတြ မသိရမွာကို ျပည္သူေတာ္ေတာ္မ်ားမ်ားကလည္း စိုးရိမ္ေနၾကပါတယ္။ ဆက္သြယ္ေရး အခက္အခဲေၾကာင့္ ဆႏၵျပသူေတြ တဖဲြ႔နဲ႔တဖဲြ႔ ခ်ိတ္ဆက္ဖို႔၊ ထိခိုက္ဒဏ္ရရသူေတြကို ကယ္ဆယ္ဖုိ႔၊ ဖမ္းဆီးခံရသူေတြသတင္းသိရဖုိ႔နဲ႔၊ ေပ်ာက္ဆံုးေနသူေတြကို ႐ွာေဖြဖုိ႔ အခက္အခဲေတြျဖစ္ေနတယ္လို႔ ရန္ကုန္ေဒသခံေတြက ေျပာပါတယ္။

စစ္အုပ္ခ်ဳပ္ေရးေၾကညာထားတဲ့ လႈိင္သာယာၿမိဳ႕မွာ ယခင္ရက္ေတြကလို ဆႏၵျပပြဲေတြမေတြ႕ရေတာ့ပဲ ေနရပ္စြန္႔ခြာေနၾကသူေတြ တိုးလာေနပါတယ္။ စက္႐ုံတစ္ခ်ိဳ႕ မီးေလာင္ပ်က္စီးတာေၾကာင့္ အလုပ္အကိုင္မရွိေတာ့တာ၊ ေသာက္သုံးေရရွားပါးတာေၾကာင့္နဲ႔ စစ္တပ္က ေနရာအႏွံ႔ တပ္စြဲထားတာေၾကာင့္ စိုးရိမ္ထိတ္လန္႔ေနၾကတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ အာဏာသိမ္းစစ္တပ္ကၿဖိဳခြင္းလို႔ ႏိုင္ငံတစ္ဝွမ္း လူ ၂၀၀ ေက်ာ္ေသဆုံးခဲ့ၿပီး ၂,၀၀၀ ေက်ာ္ ဖမ္းဆီးခံထားရတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP-B က ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်အပါအဝင် နိုင်ငံတဝန်း ဆန္ဒပြပွဲတွေနဲ့ ဖြိုခွဲတာတွေ ဆက်ဖြစ်နေဆဲ

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေ ရှိနေတဲ့ကြားမှာပဲ ရန်ကုန်မြို့အပါအဝင် မန္တလေး၊ မုံရွာ၊ ရွှေဘို၊ နက်မောက်၊ တောင်ငူ၊ ညောင်ဦး၊ မိတ္တိလာ၊ ဖားကန့်၊ လွိုင်ကော်၊ ထားဝယ်၊ ကလေး စတဲ့နိုင်ငံတဝန်းက မြို့တွေမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူတွေဟာ လမ်းလေ ျှာက်ချီတက်တာတွေ၊ ထိုင်သပိတ်လုပ်တာတွေ၊ ဆိုင်ကယ်တွေ တန်းစီမောင်းနှင်ဆန္ဒပြတာတွေ လုပ်ခဲ့ကြပါတယ်။ မွန်ပြည်နယ်ထဲမှာလည်း ဖွဲ့စည်းပုံကို မီးရှို့ဖျက်စီး ဆန္ဒပြခဲ့ကြပါတယ်။ ပျဉ်းမနား၊ လားရှိုး၊ စစ်ကိုင်းနဲ့ မိုးကုတ် မြို့တွေမှာ တောင်းဆိုချက် စာသားတွေ ဆိုင်းဘုတ်တွေသာ ချထားတဲ့ လူမဲ့သပိတ်၊ ဗန်းမော်မှာ အသံတိတ်သပိတ်၊ သီပေါနဲ့ ပုသိမ်မြို့တွေမှာ မိုးမလင်းခင်ကတည်းကပြုလုပ်တဲ့ အာရုံဦးသပိတ် စတဲ့ ပုံစံအမျိုးမျိုးသော စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်ရှိနေပါတယ်။

ရန်ကုန်မြို့မှာဆိုရင် သာကေတ၊ အင်းစိန်၊ စမ်းချောင်း၊ လှိုင်၊ တာမွေစတဲ့မြို့နယ်တွေမှာ ပြည်သူရာနဲ့ချီ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ရဲနဲ့စစ်တပ်တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေလည်းရှိပါတယ်။

လှိုင်မြို့နယ်ဘက်က ပစ်ခတ်တဲ့အသံတွေပါ။ ဆန္ဒပြပြည်သူတွေဘက်ကလည်း အိမ်လုပ်လောင်စာဗုံးတွေနဲ့ ပြန်ပြီး တုံ့ပြန် ပစ်တာတွေရှိပါတယ်။

ဒါကတော့ အလုံမြို့နယ်ဘက်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ဆန္ဒပြသူတွေဘက်က မီးရှူးမီးပန်းတွေနဲ့ ပြန်ပြီး ပစ်ဖေါက်သံတွေဖြစ်ပါတယ်။

မြောက်ဥက္ကလာနဲ့ တာမွေမြို့နယ်တွေမှာလည်း စစ်တပ်က ပစ်ခတ်ဖြိုခွင်းလို့ ဒဏ်ရာရသူတွေရှိပေမယ့် အသေအပျောက်တော့ မရှိခဲ့ပါဘူး။

ရန်ကုန်မြို့ လမ်းတော်တော်များများမှာ လုံခြုံရေးတပ်တွေ အလွယ်တကူ ဝင်မလာနိုင်အောင် အတားအဆီးတွေချထားသလို တချို့နေရာတွေမှာ ချထားတဲ့အတားအဆီးတွေကို မီးရှို့ပြီး ရဲတွေ၊ စစ်သားတွေ ချင်းချင်းသွားလာလို့ မရအောင်လုပ်ခဲ့ကြပါတယ်။ တချို့လမ်းတွေမှာတော့ လက်နက်ကိုင်လုံခြုံရေးတွေက လမ်းထဲကရှိသူတွေကို အင်အားသုံးပြီး ဖယ်ရှားခိုင်းတာတွေလည်း ရှိပါတယ်။ တချို့နေရာတွေမှာဆို အမျိုးသမီးတွေကိုပါ ဖယ်ရှားခိုင်းခဲ့တာတွေရှိပါတယ်။ တောင်ဥက္ကလာပမြို့နယ်ထဲမှာ ဖြစ်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်လို့ ဒေသခံတယောက်က ခုလိုပြောပြပါတယ်။

"ရသဝတီ ၁၂၊ ၁၃ လမ်းတွေမှာ တောင်ဥက္ကလာဘက်မှာ လမ်းတွေကို အတားအဆီး လူတွေက စစ်ကားတွေ ဝင်မှာစိုးလို့ အတားအဆီးတွေ ပိတ်ရော၊ ပိတ်တဲ့အချိန်မှာ ဘာဖြစ်လဲဆိုတော့ စစ်ကား ၆ စီးလောက်ရောက်လာပြီးတော့ အဲဒီလမ်းတွေမှာ ရှိတဲ့လူတွေ၊ အိမ်တွေအကုန်လုံးကို တံခါးခေါက်ပြီးတော့ လူ ၃၀ လောက်ဖမ်းသွားတယ် ည။ မနက်ပြန်လာမယ်လို့ ကျိမ်းသွားတယ်။ ည ၂ နာရီခွဲ၊ ၃ နာရီလောက်မှ ပြီးသွားတယ်။ ဒီနေ့မနက်ကျတော့ ၉ နာရီခွဲလောက် ပြန်ရောက်လာတယ်။ အခုလမ်းတွေကို တလမ်းဝင်၊ တလမ်းထွက် အိမ်တွေ တံခါးခေါက်တယ်။ တွေ့တဲ့လူအကုန်ဖမ်း။ အဲဒီမှာ ရှိတဲ့ မိသားစုတွေအကုန်လုံးက နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ ပုန်းနေရတဲ့ အခြေအနေတွေ ဖြစ်သွားတယ်။ တလမ်းဝင်တလမ်းထွက် တံခါးခေါက်ပြီးတော့ အိမ်ရှိသမျှလူတွေ အကုန်ထွက်ခိုင်းပြီး ဆွဲနေတာ။ ရသဝတီ ၁၂၊ ၁၃၊ ၁၄ လမ်းတွေမှာ ညတုန်းက ထိပ်တိုက်တွေ့တာမှာ လူသေတယ်၊ ကျန်တဲ့ဟာ ဒဏ်ရာရသွားတယ် သေ၊ မသေ confirm လုပ်လို့မရဘူး။ တယောက် သေတာတော့ confirm တယ်။ မိသားစုက confirm ထားတယ်။ ညသပိတ်စခန်းကို လှမ်းပစ်လိုက်တာမှာ သူ့ကို မှန်သွားတယ်။"

ဒါက တောင်ဥက္ကလာပမြို့နယ်ဘက်က အခြေအနေပါ။ တချို့မြို့နယ်တွေမှာဆိုလည်း လမ်းတွေပေါ်မှာ တားထားတဲ့ အတားအဆီးတွေကို ဖယ်မပေးရင်း ရပ်တကွက်တခုလုံးကို ပစ်ခတ်မယ်၊ မြေလှန်မယ်ဆိုပြီး လက်နက်ကိုင်တပ်တွေဖက်က သတိပေးခြိမ်းခြောက်ခဲ့ပါတယ်။

ရဲတွေ စစ်သားတွေဟာ ပြည်သူတွေတွေရဲ့ မော်တော်ကားတွေ အဆောက်အဦးတွေ ဖျက်စီးတာ၊ လမ်းသွား၊ လမ်းလာတချို့ကို ရိုက်နှက် ခေါ်ယူစစ်ဆေးတာတွေ၊ ဈေးသည်တွေတွေဆီက အစားအသောက်တွေကို အတင်းလုယူတာတွေ လုပ်တဲ့ ဗီဒီယိုတွေလည်း လူမှုကွန်ယက်တွေပေါ်မှာ ပြည်သူတွေ မ ျှဝေနေကြပါတယ်။

လက်ကိုင်ဖုန်းတွေပေါ်ကနေ အင်တာနက် မသုံးနိုင်အောင် အာဏာပိုင်တွေဘက်က ပိတ်ပင်ထားတဲ့အတွက် အဆက်အသွယ်ပြတ်တောက်ပြီး သတင်းတွေ မသိရမှာကို ပြည်သူတော်တော်များများကလည်း စိုးရိမ်နေကြပါတယ်။ ဆက်သွယ်ရေး အခက်အခဲကြောင့် ဆန္ဒပြသူတွေ တဖွဲ့နဲ့တဖွဲ့ ချိတ်ဆက်ဖို့၊ ထိခိုက်ဒဏ်ရရသူတွေကို ကယ်ဆယ်ဖို့၊ ဖမ်းဆီးခံရသူတွေသတင်းသိရဖို့နဲ့၊ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ ရန်ကုန်ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လှိုင်သာယာမြို့မှာ ယခင်ရက်တွေကလို ဆန္ဒပြပွဲတွေမတွေ့ရတော့ပဲ နေရပ်စွန့်ခွာနေကြသူတွေ တိုးလာနေပါတယ်။ စက်ရုံတစ်ချို့ မီးလောင်ပျက်စီးတာကြောင့် အလုပ်အကိုင်မရှိတော့တာ၊ သောက်သုံးရေရှားပါးတာကြောင့်နဲ့ စစ်တပ်က နေရာအနှံ့ တပ်စွဲထားတာကြောင့် စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ကဖြိုခွင်းလို့ နိုင်ငံတစ်ဝှမ်း လူ ၂၀၀ ကျော်သေဆုံးခဲ့ပြီး ၂,၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG