သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒသတြင္း ေရႊ႕ေျပာင္းလုပ္သားေတြအေပၚ အၾကမ္းဖက္မႈ ရပ္တန္႔ဖို႔ ကုလ IOM ေတာင္းဆို 


မွတ္တမ္းဓါတ္ပံု ေဖေဖာ္၀ါရီ ၂၅ ရက္ေန႔က ဆႏၵျပ စက္ရံုအလုပ္သမားမ်ား

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ဆႏၵျပသူေတြအေပၚ လုံျခံဳေရးတပ္ဖဲြ႕ေတြရဲ႕ အၾကမ္းဖက္ ၿဖိဳခြင္းမႈေတြကို အဓိက ခံစားေနရသူေတြထဲမွာ ေရႊ႕ေျပာင္းေနထိုင္သူေတြ ပါ၀င္ေနေၾကာင္း ကုလသမဂၢက ေျပာဆိုလိုက္ပါတယ္။

ခန္႔မွန္းေျခ ျမန္မာႏိုင္ငံသား ၄ ေယာက္မွာ ၁ ေယာက္ႏႈန္းဟာ ျပည္တြင္း၊ ျပည္ပေရႊ႕ေျပာင္းအလုပ္သမားေတြ ျဖစ္ၾကၿပီး၊ ျမန္မာႏိုင္ငံမွာ လက္ရွိ အက်ပ္အတည္းေတြရဲ႕ဒဏ္ကို အဓိက ခံစားေနရသူေတြထဲမွာ ပါ၀င္နေၾကာင္း ေရႊ႕ေျပာင္းေနထိုင္သူမ်ားဆိုင္ရာ ႏိုင္ငံတကာအဖဲြ႕ IOM ရဲ႕ ေျပာၾကားခ်က္ကို ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ဗုဒၶဟူးေန႔ သတင္းစာရွင္းလင္းပဲြမ်ာ ေျပာဆိုလိုက္တာပါ။

“ျပည္တြင္း ေရႊ႕ေျပာင္းအလုပ္သမားေတြ အမ်ားအျပား ေနထိုင္ရာ အရပ္မွာ အၾကမ္းဖက္ ၿဖိဳခြင္းမႈေတြ ေပၚေပါက္ေနၿပီး၊ အၾကမ္းဖက္ လုပ္ရပ္ေတြကို ခ်က္ျခင္းရပ္ဖို႔လည္း IOM အဖဲြ႕က ေတာင္းဆိုထားသလို၊ ေရႊ႕ေျပာင္းအလုပ္သမားေတြ တျခားထိလြယ္ရွလြယ္ လူမႈအသိုင္းအ၀န္းနဲ႔ ျမန္မာျပည္သူေတြ အားလုံးရဲ႕ အေျခခံ အခြင့္အေရးေတြ၊ ဆႏၵေတြကို အသိအမွတ္ျပဳ ေလးစားဖို႔လည္း ေတာင္းဆိုထားပါတယ္။” လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရက ေျပာဆိုခဲ့တာပါ။

ရန္ကုန္တိုင္းအတြင္းက ေရႊ႕ေျပာင္းအလုပ္သမားေတြ အမ်ားအျပား ေနထိုင္ရာ အရပ္ေတြ အပါအ၀င္ ၿမိဳ႕နယ္ ၆ ခုမွာ အာဏာပိုင္ေတြ စစ္အုပ္ခ်ဳပ္ေရး ေၾကညာခဲ့ၿပီး ဆႏၵျပလႈပ္ရွားမႈေတြကို အျပင္းအထန္ ႏွိမ္နင္းခဲ့ရာက လူေပါင္းေထာင္ေသာင္းခ်ီ ေဘးလြတ္ရာ တိမ္းေရွာင္ေနခ်ိန္မွာပဲ ကုလသမဂၢရဲ႕ သတိေပးခ်က္ ထြက္ပၚလာတာလည္း ျဖစ္ပါတယ္။

ဆႏၵျပလႈပ္ရွားမႈေတြအတြင္း လုံျခံဳေရးတပ္ဖဲြ႕ေတြ လက္ခ်က္နဲ႔ အနည္းဆုံး ကေလး ၁၅ ေယာက္ထက္မနည္း ေသဆုံးခဲ့ေၾကာင္း ကုလသမဂၢ ကေလးမ်ားရန္ပုံေငြအဖဲြ႕ (UNICEF) က ခန္႔မွန္းထားေၾကာင္းလည္း အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရသူက သတင္းစာ ရွင္းလင္းပဲြမွာ ေျပာဆိုခဲ့တာပါ။ ၿငိမ္းခ်မ္းစြာ ဆႏၵျပလႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္ၿပီး ဥပေဒမဲ့ ဖမ္းဆီးထားသူ ၂ ေထာင္ေက်ာ္ ရွိေနတာေၾကာင့္ ျမန္မာႏိုင္ငံ အေျခစိုက္ ကုလသမဂၢ အဖဲြ႕အစည္းေတြ အေနနဲ႔ အလြန္အမင္း စိတ္ေသာက ေရာက္ရေၾကာင္းလည္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


........

ဒေသတွင်း ရွှေ့ပြောင်းလုပ်သားတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ဖို့ ကုလ IOM တောင်းဆို

(Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကို အဓိက ခံစားနေရသူတွေထဲမှာ ရွှေ့ပြောင်းနေထိုင်သူတွေ ပါဝင်နေကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။ ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၄ ယောက်မှာ ၁ ယောက်နှုန်းဟာ ပြည်တွင်း၊ ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ကြပြီး၊ မြန်မာနိုင်ငံမှာ လက်ရှိ အကျပ်အတည်းတွေရဲ့ဒဏ်ကို အဓိက ခံစားနေရသူတွေထဲမှာ ပါဝင်နကြောင်း ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ IOM ရဲ့ ပြောကြားချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမျာ ပြောဆိုလိုက်တာပါ။

“ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြား နေထိုင်ရာ အရပ်မှာ အကြမ်းဖက် ဖြိုခွင်းမှုတွေ ပေါ်ပေါက်နေပြီး၊ အကြမ်းဖက် လုပ်ရပ်တွေကို ချက်ခြင်းရပ်ဖို့လည်း IOM အဖွဲ့က တောင်းဆိုထားသလို၊ ရွှေ့ပြောင်းအလုပ်သမားတွေ တခြားထိလွယ်ရှလွယ် လူမှုအသိုင်းအဝန်းနဲ့ မြန်မာပြည်သူတွေ အားလုံးရဲ့ အခြေခံ အခွင့်အရေးတွေ၊ ဆန္ဒတွေကို အသိအမှတ်ပြု လေးစားဖို့လည်း တောင်းဆိုထားပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောဆိုခဲ့တာပါ။

ရန်ကုန်တိုင်းအတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြား နေထိုင်ရာ အရပ်တွေ အပါအဝင် မြို့နယ် ၆ ခုမှာ အာဏာပိုင်တွေ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး ဆန္ဒပြလှုပ်ရှားမှုတွေကို အပြင်းအထန် နှိမ်နင်းခဲ့ရာက လူပေါင်းထောင်သောင်းချီ ဘေးလွတ်ရာ တိမ်းရှောင်နေချိန်မှာပဲ ကုလသမဂ္ဂရဲ့ သတိပေးချက် ထွက်ပါ်လာတာလည်း ဖြစ်ပါတယ်။

ဆန္ဒပြလှုပ်ရှားမှုတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ အနည်းဆုံး ကလေး ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ခန့်မှန်းထားကြောင်းလည်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဥပဒေမဲ့ ဖမ်းဆီးထားသူ ၂ ထောင်ကျော် ရှိနေတာကြောင့် မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အနေနဲ့ အလွန်အမင်း စိတ်သောက ရောက်ရကြောင်းလည်း ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG