သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းမဲ႔စရိုက္ဆန္တဲ႔ ရက္စက္ႏွိမ္နင္းမႈေတြ ႀကံဳေနရတယ္ (ရန္ကုန္ေဒသခံတခ်ိဳ႕)


မတ္လ ၆ ရက္ေန႔က ဆႏၵျပသူမ်ားကို ရဲ ဖမ္းဆီးႏွိမ္နင္းေန

(Zawgyi/Unicode)

စစ္အာဏာသိမ္းအၿပီး၊ ရန္ကုန္တိုင္းအတြင္းက ၿမိဳ႕နယ္ ၆ ခုမွာ စစ္အုပ္ခ်ဳပ္ေရး ေၾကညာခဲ့ၿပီး ပစ္ခတ္ၿဖိဳခြင္းမူေတြျပင္းထန္လာတာေၾကာင့္၊ ထိတ္လန္႔ေၾကာက္ရြံမူေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ခံစားေနၾကရပါတယ္။ အမ်ားအျပားလည္း ေနရာေျပာင္းေရြ.ကုန္ၾကၿပီလို႔ ျမိဳ.ခံတခ်ိဳ.ကဆိုပါတယ္။ ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြကေနစၿပီး ရန္ကုန္က ၿမိဳ႕တခ်ိဳ႕မွာ စစ္အုပ္ခ်ဳပ္ေရး စေၾကညာကာ ပစ္ခတ္ၿဖိဳခြဲမႈေတြ မ်ားလာတာက မၾကံဳစဖူးပါပဲလို႔ ရန္ကုန္ၿမိဳ႕ခံ ကို၀င္းတင္က ဆိုပါတယ္။

“ရန္ကုန္ တၿမိဳ႕လံုးမွာ ရွိေနတဲ့ ျပည္သူေတြရဲ႕ စိုးရိမ္ေနမႈေတြက အရင္ရက္ေတြထက္စာရင္ ပိုၿပီးေတာ့ ျမင့္တက္လာတယ္။ ဒီစစ္ေကာင္စီရဲ႕ ၿဖိဳခြင္းမႈေတြက အရင္ က်ေနာ္တို႔ ၈၈ ထက္ေတာင္မွ ပိုၿပီးေတာ့ ျပင္းထန္တယ္လို႔ ေျပာရမယ့္ အေနအထားရွိလာတယ္ဆိုေတာ့ အျခားၿမိဳ႕နယ္ေတြမွာလည္း အဲဒီလို အခင္းအက်င္းမ်ိဳးေတြကို ေတြ႔လာတဲ့ အေနအထားေတြရွိတယ္။”

ကို၀င္းတင္ကပဲ အရင္ ၁၉၈၈ ဒီမိုကေရစီအေရး ၿဖိဳခြဲခဲ့စဥ္ကထက္ ပိုျပင္းထန္လာပံုကို

“အခုဟာက အိမ္ထဲကို ၀င္ၿပီးေတာ့ ေနမေကာင္းတဲ့လူလည္း ပစ္တာပဲ။ သက္ႀကီးရြယ္အိုေတြ ေတြ႔ရင္လည္း ဘာမွ မဆိုင္ပဲနဲ႔ ထိုးတာ က်ိတ္တာပဲ ။ ေနာက္ဆံုး လမ္းေဘးမွာ ရပ္ထားတဲ့ ကားေတြကအစ ထုတာေတြ ခြဲတာေတြဆိုေတာ့ ကေလးေတြ မိန္းမေတြဆိုရင္လည္း ဒီလိုပဲ အေရးအခင္းျဖစ္ေနတဲ့ အေျခအေနေတြကို ထိန္းသိမ္းရမယ္ဆိုတာထက္ ေဘာင္ေက်ာ္ၿပီးေတာ့ လုပ္ေနတဲ့ အေနအထားမ်ိဳးေတြကို က်ေနာ္တို႔ ေတြ႔ေနရတာေပါ့ေနာ္။ ၈၈ တုန္းကေတာ့ က်ေနာ္တို႔ ဆႏၵျပတဲ့လူေတြဆီကို ထြက္ေျပးလို႔ လိုက္ရိုက္ ပစ္သတ္၊ ဖမ္းၿပီးေခၚလာတာေတာ့ ရွိတယ္။ အခုဟာကေတာ့ ဘာမွ မဆိုင္တဲ့ သူ႔ဟာသူ ဆိုင္ကယ္နဲ႔ ျဖတ္ေမာင္းတဲ့သူကိုလည္း ေခၚၿပီး ရိုက္လိုရိုက္၊ ကားနဲ႔ ျဖတ္ေမာင္းသြားတဲ့လူေတြကို ကားေပၚက ဆြဲၿပီး ရိုက္လိုရိုက္ အခုက မင္းမဲ့စရိုက္မ်ိဳး လုပ္ေနတဲ့ ပံုစံမ်ိဳး ေတြ႔ရတဲ့အတြက္ ရန္ကုန္ၿမိဳ႕ေန လူေတြအေနနဲ႔ေတာ့ ေဒါသထြက္တာလည္း ပါတယ္၊ စိုးရိမ္စိတ္ေတြ ပိုၿပီးေတာ့ ျမင့္တက္ေနတာ ေတြလည္း ပါတယ္ေပါ့ဗ်ာ။”

ဒီအေပၚ ရန္ကုန္ ၿမိဳ႕ထဲပိုင္းက အမည္မေဖာ္လိုသူ အၿငိမ္းစား၀န္ထမ္း တဦးကလည္း

“လိႈင္သာယာမွာ က်ေတာ့ အိမ္မွာ လာလုပ္ေပးေနတဲ့ ေကာင္မေလးေတြ အိမ္ရွိတယ္ေလ။ အဲဒီေကာင္မေလးကို ေမးၾကည့္လိုက္ေတာ့ အမရယ္ ေသတာမွ အမ်ားႀကီးပဲတဲ့၊ ရက္ရက္စက္စက္ သတ္တာ အမရယ္တဲ့ အိမ္ေရွ႕ခန္းမွာ မေနရဲဘူး ေနာက္ေဖးေခ်ာင္ထဲမွာ ၀ပ္ေနရတယ္တဲ့ အကုန္လံုး မီးအေမွာင္ခ်ၿပီးေတာ့တဲ့ ။ ေနာက္ၿပီးေတာ့ သူတို႔ေတြက စက္ရံုေတြ ဘာေတြကို မီးရိႈ႕ ၊ ရိႈ႕ၿပီးလို႔ရွိရင္ လူေတြကေတာ့ ၾကည့္ေနတာ သူတို႔ကို ၊ အဲဒါ သူတို႔က လူေတြက ရိႈ႕တယ္ဆိုၿပီးေတာ့ လုပ္တယ္တဲ့ အဲဒါလည္း သူတို႔ ေျပာတယ္။ သူတို႔ကေလ ဒီမွာလည္း ၿမိဳ႕ထဲမွာ ဆိုရင္လည္း ၀ရံတာက ထြက္ၾကည့္ရင္ ေခါင္းျပဴထြက္ရင္ ေသနတ္နဲ႔ ေထာင္ပစ္တဲ့ အေကာင္ေတြက ေျပာတာေနာ္၊ေခါင္းျပဴရင္ ေခါင္းကို ပစ္သတ္မယ္ အဲဒီလို ေျပာတာ သိလား။”

အခုလို ၿခိမ္းေျခာက္ ပစ္ခတ္မႈေတြ ျမင့္မားလာတာေၾကာင့္ ေၾကာက္ရြံ႕မႈေတြ မ်ားလာတဲ့ အက်ိဳးဆက္ကိုလည္း ကို၀င္းတင္က

“တခ်ိဳ႕ အိမ္ေတြဆိုရင္ ဘာမွ မဆိုင္ပဲနဲ႔ကို ေျပာင္းေျပးတာေတြ ၊ ဒီလူေတြရဲ႕ စည္းမဲ့ ကမ္းမဲ့ ဥပေဒရဲ႕ လုပ္ရပ္ေတြကို အရမ္းစိုးရိမ္ၿပီးေတာ့ အေၾကာက္တရားေတြ မ်ားၿပီးေတာ့ ကိုယ့္ေနရာကေန အျခားရြာေတြကို ေျပာင္းေျပးၾကတာေတြ ၊ နယ္ေတြကို ေျပာင္းေျပးၾကတာေတြ ရွိတယ္။ အမ်ားႀကီးေပါ့ လိႈင္သာယာတင္မဟုတ္ပါဘူး။ က်ေနာ္ တို႔ဒီဘက္ ေက်ာက္တံတား၊ ပဘဲတန္း ၊ လသာ ၊ ဗဟန္းတို႔ အဲဒီလို ဘက္ေတြမွာေတာင္မွ တခ်ိဳ႕ ေျပာင္းကုန္တာရွိတယ္။ တာေမြၿမိဳ႕နယ္မွာဆိုရင္ မိသားစု အနည္းဆံုးမရွိဘူးဆိုရင္ ၁ ေသာင္းေက်ာ္ေလာက္ ေျပာင္းသြားတယ္။”

အၿငိမ္းစား၀န္ထမ္းအမ်ိဳးသမီးကလည္း

“ဒီၿမိဳ႕ထဲမွာေနေတာ့ ေၾကာက္တာေပါ့၊ ေၾကာက္ေတာ့ တခ်ိဳ႕အိမ္ေတြက ဒီတိုက္ဆိုရင္ တခ်ိဳ႕ေတြက သူတို႔ကားေတြနဲ႔ သူတို႔နဲ႔ အသိကၽြမ္းတဲ့ တခ်ိဳ႕ၿမိဳ႕ေတြကိုသြားတယ္။ ဒီတိုက္မွာဆိုရင္ လူမရွိေတာ့ဘူး သိပ္ၿပီးေတာ့။ စမ္းေခ်ာင္းက အမ်ိဳးေတြလည္းေၾကာက္တာပဲ အသက္ ၈၀ ေက်ာ္ႀကီးေတြ အခု မေနရဲေတာ့ဘူး ။ သူတို႔ကလည္း သု၀ဏၰကို သြားတယ္ ။ ညလည္း ေကာင္းေကာင္းမအိပ္ရဘူး။ သူတို႔ကေလ လွည့္ေတာ့ လွည့္ေနတာပဲ စစ္ကားေတြနဲ႔ အခု ဒီေန႔ လွည့္ေတာ့ တံခါးကေန ေခ်ာင္းၾကည့္လိုက္တာေလ လမ္းမေပၚကိုေပါ့ေနာ္ ေရႊတံဂံု ဟိုဘက္ေဒါင့္နားက Junction ရွိတဲ့ Mytel ရံုးက မွန္ေတြကို သူတို႔က ေသနတ္နဲ႔ ပစ္သြားတာ Junction နားမွာက သပိတ္က အျမဲတမ္းရွိတာကို ။ အဲဒါကို လူထုက ျမင္တယ္ သူတို႔ ပစ္တာကို။”

အခုလို အခ်ိန္မွာ လူလုပ္တဲ့ လူထုကပ္ေဘးဆိုးႀကိီးကို ဦးတည္လာမွာ စိုးရိမ္ ေနရၿပီလို႔ သံုးသပ္သူေတြက ဆိုေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

မင်းမဲ့စရိုက်ဆန်တဲ့ ရက်စက်နှိမ်နင်းမှုတွေ ကြုံနေရတယ် (ရန်ကုန်ဒေသခံတချို့)

(Unicode)

စစ်အာဏာသိမ်းအပြီး၊ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၆ ခုမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး ပစ်ခတ်ဖြိုခွင်းမူတွေပြင်းထန်လာတာကြောင့်၊ ထိတ်လန့်ကြောက်ရွံမူတွေ ကျယ်ကျယ်ပြန့်ပြန့် ခံစားနေကြရပါတယ်။ အများအပြားလည်း နေရာပြောင်းရွေ.ကုန်ကြပြီလို့ မြို.ခံတချို.ကဆိုပါတယ်။ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေကနေစပြီး ရန်ကုန်က မြို့တချို့မှာ စစ်အုပ်ချုပ်ရေး စကြေညာကာ ပစ်ခတ်ဖြိုခွဲမှုတွေ များလာတာက မကြုံစဖူးပါပဲလို့ ရန်ကုန်မြို့ခံ ကိုဝင်းတင်က ဆိုပါတယ်။

“ရန်ကုန် တမြို့လုံးမှာ ရှိနေတဲ့ ပြည်သူတွေရဲ့ စိုးရိမ်နေမှုတွေက အရင်ရက်တွေထက်စာရင် ပိုပြီးတော့ မြင့်တက်လာတယ်။ ဒီစစ်ကောင်စီရဲ့ ဖြိုခွင်းမှုတွေက အရင် ကျနော်တို့ ၈၈ ထက်တောင်မှ ပိုပြီးတော့ ပြင်းထန်တယ်လို့ ပြောရမယ့် အနေအထားရှိလာတယ်ဆိုတော့ အခြားမြို့နယ်တွေမှာလည်း အဲဒီလို အခင်းအကျင်းမျိုးတွေကို တွေ့လာတဲ့ အနေအထားတွေရှိတယ်။”

ကိုဝင်းတင်ကပဲ အရင် ၁၉၈၈ ဒီမိုကရေစီအရေး ဖြိုခွဲခဲ့စဉ်ကထက် ပိုပြင်းထန်လာပုံကို

“အခုဟာက အိမ်ထဲကို ဝင်ပြီးတော့ နေမကောင်းတဲ့လူလည်း ပစ်တာပဲ။ သက်ကြီးရွယ်အိုတွေ တွေ့ရင်လည်း ဘာမှ မဆိုင်ပဲနဲ့ ထိုးတာ ကျိတ်တာပဲ ။ နောက်ဆုံး လမ်းဘေးမှာ ရပ်ထားတဲ့ ကားတွေကအစ ထုတာတွေ ခွဲတာတွေဆိုတော့ ကလေးတွေ မိန်းမတွေဆိုရင်လည်း ဒီလိုပဲ အရေးအခင်းဖြစ်နေတဲ့ အခြေအနေတွေကို ထိန်းသိမ်းရမယ်ဆိုတာထက် ဘောင်ကျော်ပြီးတော့ လုပ်နေတဲ့ အနေအထားမျိုးတွေကို ကျနော်တို့ တွေ့နေရတာပေါ့နော်။ ၈၈ တုန်းကတော့ ကျနော်တို့ ဆန္ဒပြတဲ့လူတွေဆီကို ထွက်ပြေးလို့ လိုက်ရိုက် ပစ်သတ်၊ ဖမ်းပြီးခေါ်လာတာတော့ ရှိတယ်။ အခုဟာကတော့ ဘာမှ မဆိုင်တဲ့ သူ့ဟာသူ ဆိုင်ကယ်နဲ့ ဖြတ်မောင်းတဲ့သူကိုလည်း ခေါ်ပြီး ရိုက်လိုရိုက်၊ ကားနဲ့ ဖြတ်မောင်းသွားတဲ့လူတွေကို ကားပေါ်က ဆွဲပြီး ရိုက်လိုရိုက် အခုက မင်းမဲ့စရိုက်မျိုး လုပ်နေတဲ့ ပုံစံမျိုး တွေ့ရတဲ့အတွက် ရန်ကုန်မြို့နေ လူတွေအနေနဲ့တော့ ဒေါသထွက်တာလည်း ပါတယ်၊ စိုးရိမ်စိတ်တွေ ပိုပြီးတော့ မြင့်တက်နေတာ တွေလည်း ပါတယ်ပေါ့ဗျာ။”

ဒီအပေါ် ရန်ကုန် မြို့ထဲပိုင်းက အမည်မဖော်လိုသူ အငြိမ်းစားဝန်ထမ်း တဦးကလည်း

“လှိုင်သာယာမှာ ကျတော့ အိမ်မှာ လာလုပ်ပေးနေတဲ့ ကောင်မလေးတွေ အိမ်ရှိတယ်လေ။ အဲဒီကောင်မလေးကို မေးကြည့်လိုက်တော့ အမရယ် သေတာမှ အများကြီးပဲတဲ့၊ ရက်ရက်စက်စက် သတ်တာ အမရယ်တဲ့ အိမ်ရှေ့ခန်းမှာ မနေရဲဘူး နောက်ဖေးချောင်ထဲမှာ ဝပ်နေရတယ်တဲ့ အကုန်လုံး မီးအမှောင်ချပြီးတော့တဲ့ ။ နောက်ပြီးတော့ သူတို့တွေက စက်ရုံတွေ ဘာတွေကို မီးရှို့ ၊ ရှို့ပြီးလို့ရှိရင် လူတွေကတော့ ကြည့်နေတာ သူတို့ကို ၊ အဲဒါ သူတို့က လူတွေက ရှို့တယ်ဆိုပြီးတော့ လုပ်တယ်တဲ့ အဲဒါလည်း သူတို့ ပြောတယ်။ သူတို့ကလေ ဒီမှာလည်း မြို့ထဲမှာ ဆိုရင်လည်း ဝရံတာက ထွက်ကြည့်ရင် ခေါင်းပြူထွက်ရင် သေနတ်နဲ့ ထောင်ပစ်တဲ့ အကောင်တွေက ပြောတာနော်၊ခေါင်းပြူရင် ခေါင်းကို ပစ်သတ်မယ် အဲဒီလို ပြောတာ သိလား။”

အခုလို ခြိမ်းခြောက် ပစ်ခတ်မှုတွေ မြင့်မားလာတာကြောင့် ကြောက်ရွံ့မှုတွေ များလာတဲ့ အကျိုးဆက်ကိုလည်း ကိုဝင်းတင်က

“တချို့ အိမ်တွေဆိုရင် ဘာမှ မဆိုင်ပဲနဲ့ကို ပြောင်းပြေးတာတွေ ၊ ဒီလူတွေရဲ့ စည်းမဲ့ ကမ်းမဲ့ ဥပဒေရဲ့ လုပ်ရပ်တွေကို အရမ်းစိုးရိမ်ပြီးတော့ အကြောက်တရားတွေ များပြီးတော့ ကိုယ့်နေရာကနေ အခြားရွာတွေကို ပြောင်းပြေးကြတာတွေ ၊ နယ်တွေကို ပြောင်းပြေးကြတာတွေ ရှိတယ်။ အများကြီးပေါ့ လှိုင်သာယာတင်မဟုတ်ပါဘူး။ ကျနော် တို့ဒီဘက် ကျောက်တံတား၊ ပဘဲတန်း ၊ လသာ ၊ ဗဟန်းတို့ အဲဒီလို ဘက်တွေမှာတောင်မှ တချို့ ပြောင်းကုန်တာရှိတယ်။ တာမွေမြို့နယ်မှာဆိုရင် မိသားစု အနည်းဆုံးမရှိဘူးဆိုရင် ၁ သောင်းကျော်လောက် ပြောင်းသွားတယ်။”

အငြိမ်းစားဝန်ထမ်းအမျိုးသမီးကလည်း

“ဒီမြို့ထဲမှာနေတော့ ကြောက်တာပေါ့၊ ကြောက်တော့ တချို့အိမ်တွေက ဒီတိုက်ဆိုရင် တချို့တွေက သူတို့ကားတွေနဲ့ သူတို့နဲ့ အသိကျွမ်းတဲ့ တချို့မြို့တွေကိုသွားတယ်။ ဒီတိုက်မှာဆိုရင် လူမရှိတော့ဘူး သိပ်ပြီးတော့။ စမ်းချောင်းက အမျိုးတွေလည်းကြောက်တာပဲ အသက် ၈၀ ကျော်ကြီးတွေ အခု မနေရဲတော့ဘူး ။ သူတို့ကလည်း သုဝဏ္ဏကို သွားတယ် ။ ညလည်း ကောင်းကောင်းမအိပ်ရဘူး။ သူတို့ကလေ လှည့်တော့ လှည့်နေတာပဲ စစ်ကားတွေနဲ့ အခု ဒီနေ့ လှည့်တော့ တံခါးကနေ ချောင်းကြည့်လိုက်တာလေ လမ်းမပေါ်ကိုပေါ့နော် ရွှေတံဂုံ ဟိုဘက်ဒေါင့်နားက Junction ရှိတဲ့ Mytel ရုံးက မှန်တွေကို သူတို့က သေနတ်နဲ့ ပစ်သွားတာ Junction နားမှာက သပိတ်က အမြဲတမ်းရှိတာကို ။ အဲဒါကို လူထုက မြင်တယ် သူတို့ ပစ်တာကို။”

အခုလို အချိန်မှာ လူလုပ်တဲ့ လူထုကပ်ဘေးဆိုးကြီးကို ဦးတည်လာမှာ စိုးရိမ် နေရပြီလို့ သုံးသပ်သူတွေက ဆိုနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG