[Zawgyi/Unicode]
ကုန္ထုတ္လုပ္ေရးမွာ အဓိကက်တဲ႔ ရန္ကုန္တိုင္းက ၿမိဳ႕နယ္တခ်ိဳ႕ကို စစ္အုုပ္ခ်ဳပ္ေရးေကာင္စီက အၾကမ္းဖက္ၿဖိဳခြဲတာ၊ စစ္အုပ္ခ်ဳပ္ေရးဥပေဒ က်င့္သံုးတာေတြေၾကာင့္ ေနရပ္ေရႊ႕ေျပာင္းမႈေတြနဲ႔အတူ စားဝတ္ေနေရး လံုျခံဳမႈမရွိေတာ႔တဲ႔ အေျခအေနကိုု ဦးတည္လာေၾကာင္း ပညာရွင္ေတြက ေျပာလိုက္ပါတယ္။ အျပည္အစံုကိုေတာ႔ ကိုေဇာ္ဝင္းလိႈင္ကတင္ျပေပးထားပါတယ္။
စက္မႈဇုန္အေျခတည္ထားတဲ႔ လႈိင္သာယာ၊ ေရႊျပည္သာ၊ ေတာင္ဒဂံု ဒီေနရာေတြမွာ ေဒသခံေတြကို စစ္အုပ္ခ်ဳပ္ေရးေကာင္စီက အၾကမ္းဖက္ၿဖိဳခြဲခဲ႔ၿပီး ေဒသခံေတြရဲ႕ စားဝတ္ေနေရးဟာ စိုးရိမ္စရာ ရွိလာပါတယ္။ ဒီအေျခအေနက ျပည္တြင္းေရႊ႕ေျပာင္းမႈကို ဦးတည္လာၿပီလို႔ ေသြးစည္းညီၫြတ္ေသာ သမဂၢမ်ားအဖြဲ႔ခ်ဳပ္က ေဒၚခင္မ်ိဳးခ်စ္က ဗြီအိုေအကို ေျပာပါတယ္။
“ျပန္တဲ႔သူေတြအတြက္ က်ေတာ႔လည္း ဟိုမွာေရာ သူတို႔အတြက္ အလုပ္အကိုင္ အခြင့္အလမ္းက ေပးႏိုင္မလဲေပါ႔။ ေရရွည္မွာ ဒီဟာက ၾကာလာတာနဲ႔အမွ် အားလံုးက အဆင္မေျပတာေတြ၊ ဒုစ႐ိုက္မႈေတြက ပိုမ်ားလာတာ ဒါမ်ိဳးေတြ ျဖစ္လာႏိုင္တယ္။ လူကေတာ႔ေလ ထမင္းမစားဘဲလည္း မေနႏိုင္ဘူး အသက္ရွင္ေနသမွ် ကာလပတ္လံုး ရွင္သန္ဖို႔အတြက္ နည္းလမ္းေပါင္းစံုနဲ႔ စဥ္းစားရတာဆိုေတာ႔ စက္မႈဇုန္ေတြက အလုပ္မျဖစ္ေတာ႔ဘူးလို႔ ေတြးလာတဲ႔ အခါမွာ တျခားလမ္းေၾကာင္း တခုကို စဥ္းစာၾကမွာေပါ႔ေနာ္။ စိုက္ပ်ိဳးေရးေသာ္လည္းေကာင္း၊ က်မတို႔ မျမင္ႏိုင္တဲ႔ ဘာလုပ္ငန္း ေပၚလာဦးမလဲ မသိဘူးေပါ႔ေနာ္။ ဒါမ်ိဳးေတြ ျဖစ္လာမွာေပါ႔။”
ကိုဗစ္ေၾကာင့္ စီးပြားေရးယုတ္ေလ်ာ့ေနတဲ႔ ျမန္မာႏိုင္ငံဟာ စစ္အာဏာသိမ္းမႈေၾကာင့္ ေနာက္ဆက္တြဲျဖစ္လာမယ့္ အစားအစာ ဖူလံုမႈအတြက္ စိုးရိမ္စရာျဖစ္လာေၾကာင္း ကမာၻ႔စားနပ္ရိကၡာ ဖူလံုေရးအစီအစဥ္ WFP က သူ႔ရဲ႕ ျမန္မာျပည္ဌာေန ၫႊန္ၾကားေရးမွဴး Stephen Anderson ရဲ႕ ေျပာဆိုခ်က္ကို ကိုးထားထုတ္ျပန္လိုက္ပါတယ္။
ဒီမိုကေရစီျပန္ရဖို႔ သပိတ္ေမွာက္ေနတဲ႔ ႏိုင္ငံ႔ဝန္ထမ္းေတြ၊ လမ္းေပၚထြက္ ဆႏၵျပသူေတြေၾကာင့္ ဘဏ္စနစ္ေတြ၊ ကုန္စည္စီးဆင္းမႈေတြ၊ ႏိုင္ငံတကာ ေထာက္ပံ႔ေရး အစီအစဥ္ေတြ ရပ္တန္႔သြားပါတယ္။ ဒါဟာ စစ္အစိုးရကို ဦးတည္တိုက္ခိုက္တာ ျဖစ္ေပမဲ႔ ထိခိုက္ရွလြယ္ အေျခခံလူတန္းစားလည္း အခက္အခဲေတြ စတင္ရင္ဆိုင္ေနရေၾကာင္း ဒီထုတ္ျပန္ခ်က္မွာ ေရးသားထားတာပါ။
“စီးပြားေရး အေျခအေနကေတာ႔ က်ေနာ္ထင္တယ္... ေလာေလာဆယ္ ျဖစ္ပ်က္ေနတဲ႔ အေျခအေနအရဆိုရင္ ေကာင္းဖို႔ေတာ္ေတာ္႔ကို ခဲယဥ္းမွာပါ။ စိုက္ပ်ိဳးေရးအေနနဲ႔ ၾကည့္ၾကည့္၊ ထုတ္လုပ္မႈ အေနနဲ႔ၾကည့္ၾကည့္၊ ဘာပဲၾကည္ၾကည့္ေပါ႔ေလ အေျခအေနက ေကာင္းဖို႔ေတာ္ေတာ္႔ကို ခက္ပါတယ္။”
ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္လုပ္ခဲ႔သူ ဦးေမာ္သန္း ေျပာျပသြားတာပါ။
ႏိုင္ငံတကာ ေငြေၾကးရံပံုေငြအဖြဲ႔ IMF အခ်က္အလက္အရဆိုရင္ ေဖေဖာ္ဝါရီလအတြင္း ျပည္တြင္းမွာ လုပ္ငန္းသစ္ ၁၈၀ ေက်ာ္ပဲမွတ္ပံုၾကပါတယ္။ ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ ၿပီးခဲ႔တဲ႔ ဇန္နဝါရီလနဲ႔ ၂၀၂၀ ေဖေဖာ္ဝါရီမွာ မွတ္ပံုတင္တဲ႔ လုပ္ငန္းသစ္ေပါင္း ၁,၄၀၀ ဝန္းက်င္ရွိခဲ႔တာပါ။ ဒါဟာႏိုင္ငံေရး မတည္ၿငိမ္တဲ႔ အေျခအေနမွာ လုပ္ငန္စတင္းဖို႔ ဆႏၵမရွိဘူးဆိုတာ ျပသေနတာျဖစ္ေၾကာင္း ျပည္ပသတင္းဌာနေတြက ေရးသားၾကပါတယ္။
ကိုဗစ္က ႐ုန္းထဖို႔ ႀကိဳးစားေနခ်ိန္မွာ စစ္အာဏာသိမ္းမႈေၾကာင့္ အက်ိဳးဆက္အေနနဲ႔ ရွိၿပီးသား ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ လုပ္ငန္းေတြဟာ ျပန္ထြက္စ ျပဳလာပါတယ္။ ကပ္ေရာဂါကာလ အျဖစ္လည္ပတ္ေနတဲ႔ စက္မႈလုပ္ငန္းေတြဟာ စစ္အုပ္ခ်ဳပ္ေရးေၾကာင့္ ရပ္တန္႔သြားေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ စီးပြားေရးအၾကံေပးလုပ္ခဲ႔သူ ဦးေဇာ္ေဖဝင္းက ေျပာပါတယ္။
“နယ္ေတြကလာၿပီး အလုပ္လုပ္ၾကတဲ႔ အလုပ္သမားေတြေပါ႔ေနာ္... သူတို႔ ျပန္ကုန္တယ္ဆိုေတာ႔ စီးပြားေရး လုပ္ငန္းေတြကေတာ႔ လည္ပတ္ရတာ ေတာ္ေတာ္ ခက္သြားတဲ႔အတြက္ေၾကာင့္ တိုင္းျပည္ရဲ႕ စီးပြားေရးအေျခအေန အထူးသျဖင့္ စက္မႈက႑နဲ႔ ကုန္သြယ္ေရးက႑ အဲဒီလိုဟာမ်ိဳး ေတြမွာေတာ႔ ေတာ္ေတာ္ ထိခိုက္စရာ အေၾကာင္းရွိတယ္လို႔ ျမင္ပါတယ္။”
ဒီရက္ပိုင္းအတြင္း စားအုန္းဆီေစ်းဟာ ၂၀ ရာခိုင္ႏႈန္း၊ ဆန္ေစ်းက ၿမိဳ႕ႀကီးေတြမွာ ၄ ရာခိုင္ႏႈန္း၊ ဗန္းေမာ္နဲ႔ ပူတာအိုမွာေတာ႔ ၃၅ ရာခိုင္ႏႈန္းအထိ တက္သြားေၾကာင္း WFP က ေဖာ္ျပပါတယ္။ ေလာင္စာဆီေစ်းကလည္း ၁၅ ကေန ၃၃ ရာခိုင္ႏႈန္း တက္သြားပါတယ္။ ကိုဗစ္ကပ္ေရာဂါကာလကတည္းက ဝင္ေငြ၊ ထြက္ဝက္ေလာက္ ေလ်ာ့သြားတဲ႔ ျမန္မာျပည္သူေတြဟာ အာဏာသိမ္း ေနာက္ဆက္တြဲ စီးပြားေရးျပႆနာေၾကာင့္ တကယ့္ကို စိုးရိမ္စရာရွိလာေၾကာင္း WFP ရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားထားတာပါ။
အာဏာသိမ္းမႈေအာက္မွာ တတိုင္းျပည္လံုးရဲ႕ စီးပြားေရးအေျခအေနကို ေရရွည္ေမွ်ာ္ၾကည့္မယ္ဆိုရင္ အဆိုးဘက္ကို ဦးတည္ေနၿပီး စစ္တပ္ကေတာ႔ အရင္အတိုင္း သူ႔တို႔ရဲ႕ အက်ိဳးစီးပြားေတြ ရွင္သန္ႏိုင္မယ့္နည္းလမ္းကိုပဲ ျပန္သြားဖို႔ ေရြးခ်ယ္လိမ့္မယ္လို႔ စီးပြားေရး ပညာရွင္တခ်ိဳ႕က ေျပာပါတယ္။
[Unicode Version]
စစ်အုပ်ချုပ်ရေးကြောင့် စားဝတ်နေရေးထိခိုက်ပြီး ပြည်တွင်းရွှေ့ပြောင်းမှုဖြစ်လာနိုင်
ကုန်ထုတ်လုပ်ရေးမှာ အဓိကကျတဲ့ ရန်ကုန်တိုင်းက မြို့နယ်တချို့ကို စစ်အုပ်ချုပ်ရေးကောင်စီက အကြမ်းဖက်ဖြိုခွဲတာ၊ စစ်အုပ်ချုပ်ရေးဥပဒေ ကျင့်သုံးတာတွေကြောင့် နေရပ်ရွှေ့ပြောင်းမှုတွေနဲ့အတူ စားဝတ်နေရေး လုံခြုံမှုမရှိတော့တဲ့ အခြေအနေကို ဦးတည်လာကြောင်း ပညာရှင်တွေက ပြောလိုက်ပါတယ်။ အပြည်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်ကတင်ပြပေးထားပါတယ်။
စက်မှုဇုန်အခြေတည်ထားတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ ဒီနေရာတွေမှာ ဒေသခံတွေကို စစ်အုပ်ချုပ်ရေးကောင်စီက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး ဒေသခံတွေရဲ့ စားဝတ်နေရေးဟာ စိုးရိမ်စရာ ရှိလာပါတယ်။ ဒီအခြေအနေက ပြည်တွင်းရွှေ့ပြောင်းမှုကို ဦးတည်လာပြီလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်က ဒေါ်ခင်မျိုးချစ်က ဗွီအိုအေကို ပြောပါတယ်။
“ပြန်တဲ့သူတွေအတွက် ကျတော့လည်း ဟိုမှာရော သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းက ပေးနိုင်မလဲပေါ့။ ရေရှည်မှာ ဒီဟာက ကြာလာတာနဲ့အမျှ အားလုံးက အဆင်မပြေတာတွေ၊ ဒုစရိုက်မှုတွေက ပိုများလာတာ ဒါမျိုးတွေ ဖြစ်လာနိုင်တယ်။ လူကတော့လေ ထမင်းမစားဘဲလည်း မနေနိုင်ဘူး အသက်ရှင်နေသမျှ ကာလပတ်လုံး ရှင်သန်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ စဉ်းစားရတာဆိုတော့ စက်မှုဇုန်တွေက အလုပ်မဖြစ်တော့ဘူးလို့ တွေးလာတဲ့ အခါမှာ တခြားလမ်းကြောင်း တခုကို စဉ်းစာကြမှာပေါ့နော်။ စိုက်ပျိုးရေးသော်လည်းကောင်း၊ ကျမတို့ မမြင်နိုင်တဲ့ ဘာလုပ်ငန်း ပေါ်လာဦးမလဲ မသိဘူးပေါ့နော်။ ဒါမျိုးတွေ ဖြစ်လာမှာပေါ့။”
ကိုဗစ်ကြောင့် စီးပွားရေးယုတ်လျော့နေတဲ့ မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲဖြစ်လာမယ့် အစားအစာ ဖူလုံမှုအတွက် စိုးရိမ်စရာဖြစ်လာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးအစီအစဉ် WFP က သူ့ရဲ့ မြန်မာပြည်ဌာနေ ညွှန်ကြားရေးမှူး Stephen Anderson ရဲ့ ပြောဆိုချက်ကို ကိုးထားထုတ်ပြန်လိုက်ပါတယ်။
ဒီမိုကရေစီပြန်ရဖို့ သပိတ်မှောက်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ လမ်းပေါ်ထွက် ဆန္ဒပြသူတွေကြောင့် ဘဏ်စနစ်တွေ၊ ကုန်စည်စီးဆင်းမှုတွေ၊ နိုင်ငံတကာ ထောက်ပံ့ရေး အစီအစဉ်တွေ ရပ်တန့်သွားပါတယ်။ ဒါဟာ စစ်အစိုးရကို ဦးတည်တိုက်ခိုက်တာ ဖြစ်ပေမဲ့ ထိခိုက်ရှလွယ် အခြေခံလူတန်းစားလည်း အခက်အခဲတွေ စတင်ရင်ဆိုင်နေရကြောင်း ဒီထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။
“စီးပွားရေး အခြေအနေကတော့ ကျနော်ထင်တယ်... လောလောဆယ် ဖြစ်ပျက်နေတဲ့ အခြေအနေအရဆိုရင် ကောင်းဖို့တော်တော့်ကို ခဲယဉ်းမှာပါ။ စိုက်ပျိုးရေးအနေနဲ့ ကြည့်ကြည့်၊ ထုတ်လုပ်မှု အနေနဲ့ကြည့်ကြည့်၊ ဘာပဲကြည်ကြည့်ပေါ့လေ အခြေအနေက ကောင်းဖို့တော်တော့်ကို ခက်ပါတယ်။”
ပြည်ထောင်စု စာရင်းစစ်ချုပ်လုပ်ခဲ့သူ ဦးမော်သန်း ပြောပြသွားတာပါ။
နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF အချက်အလက်အရဆိုရင် ဖေဖော်ဝါရီလအတွင်း ပြည်တွင်းမှာ လုပ်ငန်းသစ် ၁၈၀ ကျော်ပဲမှတ်ပုံကြပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ၂၀၂၀ ဖေဖော်ဝါရီမှာ မှတ်ပုံတင်တဲ့ လုပ်ငန်းသစ်ပေါင်း ၁,၄၀၀ ဝန်းကျင်ရှိခဲ့တာပါ။ ဒါဟာနိုင်ငံရေး မတည်ငြိမ်တဲ့ အခြေအနေမှာ လုပ်ငန်စတင်းဖို့ ဆန္ဒမရှိဘူးဆိုတာ ပြသနေတာဖြစ်ကြောင်း ပြည်ပသတင်းဌာနတွေက ရေးသားကြပါတယ်။
ကိုဗစ်က ရုန်းထဖို့ ကြိုးစားနေချိန်မှာ စစ်အာဏာသိမ်းမှုကြောင့် အကျိုးဆက်အနေနဲ့ ရှိပြီးသား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေဟာ ပြန်ထွက်စ ပြုလာပါတယ်။ ကပ်ရောဂါကာလ အဖြစ်လည်ပတ်နေတဲ့ စက်မှုလုပ်ငန်းတွေဟာ စစ်အုပ်ချုပ်ရေးကြောင့် ရပ်တန့်သွားကြောင်း ပြည်ထောင်စုလွှတ်တော် စီးပွားရေးအကြံပေးလုပ်ခဲ့သူ ဦးဇော်ဖေဝင်းက ပြောပါတယ်။
“နယ်တွေကလာပြီး အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေပေါ့နော်... သူတို့ ပြန်ကုန်တယ်ဆိုတော့ စီးပွားရေး လုပ်ငန်းတွေကတော့ လည်ပတ်ရတာ တော်တော် ခက်သွားတဲ့အတွက်ကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ အထူးသဖြင့် စက်မှုကဏ္ဍနဲ့ ကုန်သွယ်ရေးကဏ္ဍ အဲဒီလိုဟာမျိုး တွေမှာတော့ တော်တော် ထိခိုက်စရာ အကြောင်းရှိတယ်လို့ မြင်ပါတယ်။”
ဒီရက်ပိုင်းအတွင်း စားအုန်းဆီဈေးဟာ ၂၀ ရာခိုင်နှုန်း၊ ဆန်ဈေးက မြို့ကြီးတွေမှာ ၄ ရာခိုင်နှုန်း၊ ဗန်းမော်နဲ့ ပူတာအိုမှာတော့ ၃၅ ရာခိုင်နှုန်းအထိ တက်သွားကြောင်း WFP က ဖော်ပြပါတယ်။ လောင်စာဆီဈေးကလည်း ၁၅ ကနေ ၃၃ ရာခိုင်နှုန်း တက်သွားပါတယ်။ ကိုဗစ်ကပ်ရောဂါကာလကတည်းက ဝင်ငွေ၊ ထွက်ဝက်လောက် လျော့သွားတဲ့ မြန်မာပြည်သူတွေဟာ အာဏာသိမ်း နောက်ဆက်တွဲ စီးပွားရေးပြဿနာကြောင့် တကယ့်ကို စိုးရိမ်စရာရှိလာကြောင်း WFP ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။
အာဏာသိမ်းမှုအောက်မှာ တတိုင်းပြည်လုံးရဲ့ စီးပွားရေးအခြေအနေကို ရေရှည်မျှော်ကြည့်မယ်ဆိုရင် အဆိုးဘက်ကို ဦးတည်နေပြီး စစ်တပ်ကတော့ အရင်အတိုင်း သူ့တို့ရဲ့ အကျိုးစီးပွားတွေ ရှင်သန်နိုင်မယ့်နည်းလမ်းကိုပဲ ပြန်သွားဖို့ ရွေးချယ်လိမ့်မယ်လို့ စီးပွားရေး ပညာရှင်တချို့က ပြောပါတယ်။