သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ၿမိဳ႕ေပၚက ဆႏၵျပမႈမ်ား ပစ္ခတ္ႏွိမ္နင္းခံရ


မတ္လ ၁၇ ရက္ေန႔ ဆႏၵျပပဲြ ပစ္ခတ္ ျဖိဳခြင္းခံရမႈအတြင္း ဒဏ္ရာရသူတဦးကို ကယ္ဆယ္ သယ္ေဆာင္ေနၾကတဲ့ ျမင္ကြင္း။ (မတ္ ၁၇၊ ၂၀၂၁)

[Zawgyi/Unicode]

ရန္ကုန္ၿမိဳ႕မွာ စစ္အာဏာရွင္ဆန႔္က်င္ေရးလႈပ္ရွားေတြကို အၾကမ္းဖက္ဖိႏွိပ္တားဆီးေနေပမဲ့ ဆႏၵျပမႈေတြက ရွိေနဆဲပါ။ ေန႔ညမျပတ္ၿဖိဳခြင္းမႈေတြေၾကာင့္ ေသဆုံးသူေတြလည္း တိုးလာေနတဲ့အေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို မခင္ျဖဴေထြး က တင္ျပထားပါတယ္။

စစ္တပ္က အရပ္သားအစိုးရကို ျဖဳတ္ခ်ၿပီး အာဏာသိမ္းခဲ့တာေၾကာင့္ ျပည္သူေတြက ဆန႔္က်င္ေရး လႈပ္ရွားမႈေတြလုပ္ေနတာ ခုဆိုရင္ တလခြဲေက်ာ္ခဲ့ၿပီျဖစ္ပါတယ္။ ခုခ်ိန္ထိ အာဏာသိမ္းမႈ ဆန႔္က်င္ေရးေတြက ဖိႏွိပ္မႈေတြၾကားထဲ ပုံစံမ်ိဳးစုံနဲ႔ ဆက္ျဖစ္ေနတယ္လို႔ ဆိုရမွာပါ။ စစ္အုပ္ခ်ဳပ္ေရး ေကာင္စီ လက္နက္ကိုင္အဖြဲ႕ေတြက ေန႔ညမျပတ္ၿဖိဳခြင္းေနတာေတြရွိေနၿပီး ေသဆုံးသူေတြနဲ႔ ထိခိုက္သူေတြ ဆက္တိုးေနပါတယ္။

ဒီကေန႔မနက္ လင္းအားႀကီးအခ်ိန္မွာ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ထဲ လုံၿခဳံေရးအဖြဲ႔ေတြက ပစ္ခတ္လို႔ လူတစ္ဦး ေသနတ္ထိမွန္ေသဆုံးခဲ့ပါတယ္။ လႈိင္ၿမိဳ႕နယ္မွာလည္း ဒီကေန႔ ညေနပိုင္းမွာ ဆန႔္က်င္ေရးဆႏၵျပေနရာကို ပစ္ခတ္ၿဖိဳခြင္းလို႔ ျပည္သူတစ္ဦး ဦးေခါင္းထိမွန္ေသဆုံးခဲ့ပါတယ္။

စစ္အုပ္ခ်ဳပ္ေရး ေၾကျငာထားတဲ့ ေတာင္ဒဂုံမွာေတာ့ အုပ္ခ်ဳပ္ေရး ေၾကျငာၿပီးေနာက္ပိုင္းမွာ ၿမိဳ႕နယ္တြင္းလမ္းေတြ ကူးသန္းခြင့္မရွိ ပိတ္ခံထားရသလို ပစ္ခတ္မႈေတြေၾကာင့္ ထိခိုက္မႈေတြဆက္တိုးေနတယ္လို႔ ေဒသခံေတြက ဗြီအိုေအကိုေျပာပါတယ္။ အင္တာနက္ကိုလည္း ပိတ္ပင္ကန႔္သတ္ထားတာေၾကာင့္ သတင္းအေမွာင္ခ်ခံထားရသလို တေနရာနဲ႔ တေနရာကို ဆက္သြယ္ဖို႔လည္း ခက္ခဲလာေနၿပီး ထိခိုက္သူေတြကို အလြယ္တကူ ကူညီေပးႏိုင္ဖို႔ ပိုၿပီးေတာ့ ခက္ခဲလာတဲ့ အေျခအေနေတြနဲ႔ ႀကဳံေနရတယ္လို႔ ေတာင္ဒဂုံ ေဒသခံတဦးကေျပာပါတယ္။

"မေန႔ကနဲ႔ ဒီေန႔နဲ႔ ႏွစ္ရက္မွာ ေတာ္ေတာ္ကို အေျခအေနဆိုးေနတာပါ။ သူတို႔ ပစ္တယ္ ေတာက္ေလွ်ာက္ပစ္တာ တေယာက္ကေတာ့ ပြဲခ်င္းၿပီးပဲ။ ၂ ေယာက္ကေတာ့အေရးေပၚသြားရတယ္။ အဲဒီ ၂ ေယာက္ကလည္း အေျခအေန မသိရေသးဘူး။ ေနာက္ၿပီးေတာ့ ညပိုင္းမွာလည္း ထပ္ပစ္ခံရတာ တေယာက္ကေတာ့ ေသသြားတယ္။ က်န္တဲ့သူေတြကေတာ့ သတင္းအစအန မရေသးဘူး။ မနက္ ၄ နာရီေလာက္မွာ တေယာက္ကေတာ့ ထပ္ေသသြားတယ္။ လုံးဝက်ည္အစစ္ေတြပဲ သုံးတာ။ ေတာင္ဒဂုံမွာ တရပ္ကြက္နဲ႔ တရပ္ကြက္ကူးသြားလို႔မရေတာ့ဘူး... မိန္းလမ္းမႀကီးေတြကေန သြားလို႔ မရေတာ့ဘူး။ အျပင္ထြက္ဖို႔ေတာင္ ခက္တယ္။ ဖုန္းေတြ စစ္တာေတြ၊ ဘာေတြ ရွိတယ္။ ဆိုင္ကယ္ေတြတို႔ ေဘးတြဲ ဆိုင္ကယ္တို႔ စီၿပီးဆိုရင္ သူတို႔က စီးခြင့္မေပးဘူး။ ပစ္မယ္လို႔ေတာင္ ေျပာထားပါတယ္။"

စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားတဲ့ေနရာေတြမွာ လမ္းေပၚတက္တာနဲ႔ ပစ္ခတ္တာေတြလုပ္သလို လမ္းသြားလမ္းလာျပည္သူေတြကို စစ္ေဆးဖမ္းဆီးတာ၊ ျပည္သူေတြဘက္က လမ္းမေပၚမွာ လုံၿခဳံေရးအရ တားထားတဲ့ အကာကြယ္ေတြကို ဖယ္ခိုင္းတာ၊ လူေတြအျပင္ထြက္ဆႏၵမျပရဲေအာင္ ရပ္ကြက္ေတြ၊ လမ္းေတြထဲကို ပစ္ခတ္တာေတြရွိေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

"ေနာက္တေခါက္လာလို႔ ရပ္ကြက္အတြင္း လမ္းမ်ား၊ အမ်ားျပည္သူပိုင္လမ္းမ်ား... ပိတ္ဆို႔ထားတာ ေတြ႔ရင္ တရပ္ကြက္လံုး ေျမလွန္ၿပီးေတာ့ ေသနတ္နဲ႔ ပစ္ပါမယ္။ ဆိုင္ဆိုင္မဆိုင္ဆိုင္ တရပ္ကြက္လံုး ပစ္ပါမယ္။ အခုလို လာေရာက္ ဖယ္ရွားေပးျခင္းသည္ ေနာက္ဆံုးအၾကိမ္ ျဖစ္ပါတယ္။ မိမိတို႔ ရပ္ကြက္အလိုက္၊ လမ္းအလိုက္၊ တျခားရပ္ကြက္မွ လူမ်ား လာေရာက္လုပ္ေဆာင္တယ္ဆိုရင္လည္း ဝိုင္းဝန္းတားဆီးေပးဖို႔ လိုပါ့မယ္။"

ဒီအသံကေတာ့ စစ္အုပ္ခ်ဳပ္ေရးေၾကျငာထားတဲ့ ေျမာက္ဥကၠလာ ေမဓါဝီလမ္းေပၚမွာ လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြဘက္က ေၾကျငာသြားတာျဖစ္ပါတယ္။

ေျမာက္ဥကၠလာမွာ ေန႔ေန႔ညည ပစ္ခတ္ ဖမ္းဆီးမႈေတြ ရွိေနလို႔ ျပည္သူေတြမွာ က်ီးလန႔္စာစားေနရတဲ့ အေျခအေနျဖစ္ေနတယ္လို႔ အဲဒီေနရာက လူမႈကယ္ဆယ္ေရးလုပ္ေနသူ တဦးကဗြီအိုေအကို ေျပာပါတယ္။

"ေျမာက္ဥကၠလာ ေမဓါဝီလမ္းဆံုကေန ဘုန္းကမာၻလက္ဖက္ရည္ဆိုင္က လူ ၁၅ ေယာက္ေခၚသြားတယ္။ အခုေလးတင္ ဒီကေလးေတြက လက္ဖက္ရည္ဆိုင္ထိုင္ေနတာ။ အဲဒါကိုေခၚသြားတယ္။ ခုေလာေလာဆယ္ သူတို႔ေတြ လမ္းေလွ်ာက္ေနတယ္။ ရပ္ကြက္ထဲေနသူေတြက ေခ်ာင္းၾကည့္ေနရတာ။ အျပင္လည္း မထြက္ရဲဘူး။ သူတို႔ကေျပာလို႔မရတဲ့ လူေတြေလ။ ဒုကၡပဲ.... ဆႏၵျပတာ ေန႔တိုင္းရွိတယ္။ ညဘက္ဆိုပတ္ေနတာ။ ညေနေစာင္းရင္ သူတို႔ဆြဲတယ္။ ဆြဲၿပီးရင္ လမ္းရွင္းခိုင္းတယ္။ ညဘက္လည္း တခ်ိဳ႕ကို ဖမ္းေခၚတယ္။ ေခၚၿပီးပိတ္ထားတဲ့လမ္းေတြ ရွင္းခိုင္းတယ္။ ရွင္းခိုင္းၿပီးရင္ေတာ့ ျပန္လႊတ္တယ္။ သူတို႔လက္ခုတ္ထဲက ေရ၊ ျပည္သူေတြဘဝကေလ။ အဲဒီေတာ့ က်ေနာ္တို႔အမ်ားႀကီး သတိထားေနရတယ္။"

လမ္းမေပၚက အတားအဆီးေတြကို စစ္အုပ္ခ်ဳပ္ေရးေကာင္စီတပ္ဖြဲ႕က လိုက္လံဖယ္ရွားတာ မီးရႈိ႕ဖ်က္စီးတာေတြ လုပ္ေနေပမဲ့ ရန္ကုန္ၿမိဳ႕ ေနရာအေတာ္မ်ားမ်ားမွာ ခိုင္ခံ့တဲ့ အတားအဆီးေတြ ျပန္တည္ေဆာက္ေနၾကပါတယ္။ ေန႔စဥ္ရက္ဆက္ၿဖိဳခြင္းခံရတဲ့ သဃၤန္းကြၽန္း၊ လႈိင္၊ စမ္းေခ်ာင္း၊ ၾကည့္ျမင့္တိုင္၊ တာေမြ၊ ေက်ာက္ေျမာင္းနဲ႔ မရမ္းကုန္းၿမိဳ႕နယ္ေတြက သပိတ္စစ္ေၾကာင္းေတြ ဒီကေန႔လည္း စစ္အာဏာပိုင္ေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္တာေတြျဖစ္ခဲ့ၿပီး ၿဖိဳခြင္းခံရလို႔ ဖမ္းဆီးခံရတာေတြ ရွိပါတယ္။

ပစ္ခတ္မႈေတြနဲ႔ ပတ္သက္လို႔ ေသဆုံး ဒဏ္ရာရသူေတြ ရွိတယ္လို႔ သိရေပမဲ့ အေရအတြက္ကေတာ့ အတည္ျပဳဖို႔ခက္ေနပါတယ္။ ေနာက္ၿပီး မေန႔ညက မဂၤလာေတာင္ၫြန႔္မွာ ရွိတဲ့ NLD အမတ္ ေဒၚျဖဴျဖဴသင္းရဲ႕ ႐ုံးခန္းကို ဝင္ေရာက္စီးနင္းတာ ဖ်က္ဆီးတာေတြလုပ္ခဲ့ပါတယ္။

ေနရာေတာ္ေတာ္မ်ားမ်ားမွာ ညဘက္ဆို အသံဗုံးပစ္ေျခာက္တာေတြ သပိတ္စစ္ေၾကာင္းဦးေဆာင္ သူေတြလို႔ ထင္ရသူေတြကိုလိုက္လံရွာေဖြကာ အၾကမ္းဖက္ဖမ္းဆီးမႈေတြ ရွိေနတာမို႔ ရန္ကုန္ၿမိဳ႕ဟာ စစ္ေျမျပင္တခုလိုျဖစ္ေနတယ္လို႔ ၿမိဳခံေတြကေျပာပါတယ္။ လက္နက္ကိုင္တပ္ဖြဲ႕ေတြဘက္က ၿဖိဳခြဲမႈေတြကို အရွိန္ျမင့္လုပ္ေဆာင္ေနေပမဲ့ ျပည္သူေတြဘက္ကဆႏၵျပမႈေတြ ဆက္ျပဳလုပ္ၿပီး သူတို႔ရဲ႕ အာဏာရွင္ျဖဳတ္ခ်ေရးေတြကို ဆက္လက္လုပ္ေနတုန္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်မြို့ပေါ်က ဆန္ဒပြမှုများ ပစ်ခတ်နှိမ်နင်းခံရ

ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားတွေကို အကြမ်းဖက်ဖိနှိပ်တားဆီးနေပေမဲ့ ဆန္ဒပြမှုတွေက ရှိနေဆဲပါ။ နေ့ညမပြတ်ဖြိုခွင်းမှုတွေကြောင့် သေဆုံးသူတွေလည်း တိုးလာနေတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မခင်ဖြူထွေး က တင်ပြထားပါတယ်။

စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာကြောင့် ပြည်သူတွေက ဆန့်ကျင်ရေး လှုပ်ရှားမှုတွေလုပ်နေတာ ခုဆိုရင် တလခွဲကျော်ခဲ့ပြီဖြစ်ပါတယ်။ ခုချိန်ထိ အာဏာသိမ်းမှု ဆန့်ကျင်ရေးတွေက ဖိနှိပ်မှုတွေကြားထဲ ပုံစံမျိုးစုံနဲ့ ဆက်ဖြစ်နေတယ်လို့ ဆိုရမှာပါ။ စစ်အုပ်ချုပ်ရေး ကောင်စီ လက်နက်ကိုင်အဖွဲ့တွေက နေ့ညမပြတ်ဖြိုခွင်းနေတာတွေရှိနေပြီး သေဆုံးသူတွေနဲ့ ထိခိုက်သူတွေ ဆက်တိုးနေပါတယ်။

ဒီကနေ့မနက် လင်းအားကြီးအချိန်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲ လုံခြုံရေးအဖွဲ့တွေက ပစ်ခတ်လို့ လူတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ပါတယ်။ လှိုင်မြို့နယ်မှာလည်း ဒီကနေ့ ညနေပိုင်းမှာ ဆန့်ကျင်ရေးဆန္ဒပြနေရာကို ပစ်ခတ်ဖြိုခွင်းလို့ ပြည်သူတစ်ဦး ဦးခေါင်းထိမှန်သေဆုံးခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့ တောင်ဒဂုံမှာတော့ အုပ်ချုပ်ရေး ကြေငြာပြီးနောက်ပိုင်းမှာ မြို့နယ်တွင်းလမ်းတွေ ကူးသန်းခွင့်မရှိ ပိတ်ခံထားရသလို ပစ်ခတ်မှုတွေကြောင့် ထိခိုက်မှုတွေဆက်တိုးနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ အင်တာနက်ကိုလည်း ပိတ်ပင်ကန့်သတ်ထားတာကြောင့် သတင်းအမှောင်ချခံထားရသလို တနေရာနဲ့ တနေရာကို ဆက်သွယ်ဖို့လည်း ခက်ခဲလာနေပြီး ထိခိုက်သူတွေကို အလွယ်တကူ ကူညီပေးနိုင်ဖို့ ပိုပြီးတော့ ခက်ခဲလာတဲ့ အခြေအနေတွေနဲ့ ကြုံနေရတယ်လို့ တောင်ဒဂုံ ဒေသခံတဦးကပြောပါတယ်။

"မနေ့ကနဲ့ ဒီနေ့နဲ့ နှစ်ရက်မှာ တော်တော်ကို အခြေအနေဆိုးနေတာပါ။ သူတို့ ပစ်တယ် တောက်လျှောက်ပစ်တာ တယောက်ကတော့ ပွဲချင်းပြီးပဲ။ ၂ ယောက်ကတော့အရေးပေါ်သွားရတယ်။ အဲဒီ ၂ ယောက်ကလည်း အခြေအနေ မသိရသေးဘူး။ နောက်ပြီးတော့ ညပိုင်းမှာလည်း ထပ်ပစ်ခံရတာ တယောက်ကတော့ သေသွားတယ်။ ကျန်တဲ့သူတွေကတော့ သတင်းအစအန မရသေးဘူး။ မနက် ၄ နာရီလောက်မှာ တယောက်ကတော့ ထပ်သေသွားတယ်။ လုံးဝကျည်အစစ်တွေပဲ သုံးတာ။ တောင်ဒဂုံမှာ တရပ်ကွက်နဲ့ တရပ်ကွက်ကူးသွားလို့မရတော့ဘူး... မိန်းလမ်းမကြီးတွေကနေ သွားလို့ မရတော့ဘူး။ အပြင်ထွက်ဖို့တောင် ခက်တယ်။ ဖုန်းတွေ စစ်တာတွေ၊ ဘာတွေ ရှိတယ်။ ဆိုင်ကယ်တွေတို့ ဘေးတွဲ ဆိုင်ကယ်တို့ စီပြီးဆိုရင် သူတို့က စီးခွင့်မပေးဘူး။ ပစ်မယ်လို့တောင် ပြောထားပါတယ်။"

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့နေရာတွေမှာ လမ်းပေါ်တက်တာနဲ့ ပစ်ခတ်တာတွေလုပ်သလို လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးဖမ်းဆီးတာ၊ ပြည်သူတွေဘက်က လမ်းမပေါ်မှာ လုံခြုံရေးအရ တားထားတဲ့ အကာကွယ်တွေကို ဖယ်ခိုင်းတာ၊ လူတွေအပြင်ထွက်ဆန္ဒမပြရဲအောင် ရပ်ကွက်တွေ၊ လမ်းတွေထဲကို ပစ်ခတ်တာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

"နောက်တခေါက်လာလို့ ရပ်ကွက်အတွင်း လမ်းများ၊ အများပြည်သူပိုင်လမ်းများ... ပိတ်ဆို့ထားတာ တွေ့ရင် တရပ်ကွက်လုံး မြေလှန်ပြီးတော့ သေနတ်နဲ့ ပစ်ပါမယ်။ ဆိုင်ဆိုင်မဆိုင်ဆိုင် တရပ်ကွက်လုံး ပစ်ပါမယ်။ အခုလို လာရောက် ဖယ်ရှားပေးခြင်းသည် နောက်ဆုံးအကြိမ် ဖြစ်ပါတယ်။ မိမိတို့ ရပ်ကွက်အလိုက်၊ လမ်းအလိုက်၊ တခြားရပ်ကွက်မှ လူများ လာရောက်လုပ်ဆောင်တယ်ဆိုရင်လည်း ဝိုင်းဝန်းတားဆီးပေးဖို့ လိုပါ့မယ်။"

ဒီအသံကတော့ စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ မြောက်ဥက္ကလာ မေဓါဝီလမ်းပေါ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က ကြေငြာသွားတာဖြစ်ပါတယ်။

မြောက်ဥက္ကလာမှာ နေ့နေ့ညည ပစ်ခတ် ဖမ်းဆီးမှုတွေ ရှိနေလို့ ပြည်သူတွေမှာ ကျီးလန့်စာစားနေရတဲ့ အခြေအနေဖြစ်နေတယ်လို့ အဲဒီနေရာက လူမှုကယ်ဆယ်ရေးလုပ်နေသူ တဦးကဗွီအိုအေကို ပြောပါတယ်။

"မြောက်ဥက္ကလာ မေဓါဝီလမ်းဆုံကနေ ဘုန်းကမ္ဘာလက်ဖက်ရည်ဆိုင်က လူ ၁၅ ယောက်ခေါ်သွားတယ်။ အခုလေးတင် ဒီကလေးတွေက လက်ဖက်ရည်ဆိုင်ထိုင်နေတာ။ အဲဒါကိုခေါ်သွားတယ်။ ခုလောလောဆယ် သူတို့တွေ လမ်းလျှောက်နေတယ်။ ရပ်ကွက်ထဲနေသူတွေက ချောင်းကြည့်နေရတာ။ အပြင်လည်း မထွက်ရဲဘူး။ သူတို့ကပြောလို့မရတဲ့ လူတွေလေ။ ဒုက္ခပဲ.... ဆန္ဒပြတာ နေ့တိုင်းရှိတယ်။ ညဘက်ဆိုပတ်နေတာ။ ညနေစောင်းရင် သူတို့ဆွဲတယ်။ ဆွဲပြီးရင် လမ်းရှင်းခိုင်းတယ်။ ညဘက်လည်း တချို့ကို ဖမ်းခေါ်တယ်။ ခေါ်ပြီးပိတ်ထားတဲ့လမ်းတွေ ရှင်းခိုင်းတယ်။ ရှင်းခိုင်းပြီးရင်တော့ ပြန်လွှတ်တယ်။ သူတို့လက်ခုတ်ထဲက ရေ၊ ပြည်သူတွေဘဝကလေ။ အဲဒီတော့ ကျနော်တို့အများကြီး သတိထားနေရတယ်။"

လမ်းမပေါ်က အတားအဆီးတွေကို စစ်အုပ်ချုပ်ရေးကောင်စီတပ်ဖွဲ့က လိုက်လံဖယ်ရှားတာ မီးရှို့ဖျက်စီးတာတွေ လုပ်နေပေမဲ့ ရန်ကုန်မြို့ နေရာအတော်များများမှာ ခိုင်ခံ့တဲ့ အတားအဆီးတွေ ပြန်တည်ဆောက်နေကြပါတယ်။ နေ့စဉ်ရက်ဆက်ဖြိုခွင်းခံရတဲ့ သင်္ဃန်းကျွန်း၊ လှိုင်၊ စမ်းချောင်း၊ ကြည့်မြင့်တိုင်၊ တာမွေ၊ ကျောက်မြောင်းနဲ့ မရမ်းကုန်းမြို့နယ်တွေက သပိတ်စစ်ကြောင်းတွေ ဒီကနေ့လည်း စစ်အာဏာပိုင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တာတွေဖြစ်ခဲ့ပြီး ဖြိုခွင်းခံရလို့ ဖမ်းဆီးခံရတာတွေ ရှိပါတယ်။

ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ သေဆုံး ဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပေမဲ့ အရေအတွက်ကတော့ အတည်ပြုဖို့ခက်နေပါတယ်။ နောက်ပြီး မနေ့ညက မင်္ဂလာတောင်ညွန့်မှာ ရှိတဲ့ NLD အမတ် ဒေါ်ဖြူဖြူသင်းရဲ့ ရုံးခန်းကို ဝင်ရောက်စီးနင်းတာ ဖျက်ဆီးတာတွေလုပ်ခဲ့ပါတယ်။

နေရာတော်တော်များများမှာ ညဘက်ဆို အသံဗုံးပစ်ခြောက်တာတွေ သပိတ်စစ်ကြောင်းဦးဆောင် သူတွေလို့ ထင်ရသူတွေကိုလိုက်လံရှာဖွေကာ အကြမ်းဖက်ဖမ်းဆီးမှုတွေ ရှိနေတာမို့ ရန်ကုန်မြို့ဟာ စစ်မြေပြင်တခုလိုဖြစ်နေတယ်လို့ မြိုခံတွေကပြောပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က ဖြိုခွဲမှုတွေကို အရှိန်မြင့်လုပ်ဆောင်နေပေမဲ့ ပြည်သူတွေဘက်ကဆန္ဒပြမှုတွေ ဆက်ပြုလုပ်ပြီး သူတို့ရဲ့ အာဏာရှင်ဖြုတ်ချရေးတွေကို ဆက်လက်လုပ်နေတုန်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG