သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္က်ဴးလြန္တဲ့ ရာဇဝတ္မွတ္တမ္းေတြ ေပးပို႔ဖို႔ ကုလ IIMM အဖဲြ႔ ပန္ၾကား


မတ္လ ၁၆ ရက္ေန႔ ရန္ကုန္ၿမိဳ႕ စစ္အာဏာဖီဆန္ဆႏၵျပပဲြအတြင္း ေတြ႔ရတဲ့ ျမင္ကြင္း။ (မတ္ ၁၆၊ ၂၀၂၁)

[Zawgyi/Unicode]

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းယူခဲ့ခ်ိန္ကတည္းကစၿပီး ျမန္မာစစ္တပ္ ေခါင္းေဆာင္ေတြ အမိန႔္ေပး က်ဴးလြန္ထားတဲ့ ရာဇဝတ္မႈဆိုင္ရာ မွတ္တမ္းေတြကို စုေဆာင္း သိမ္းဆည္းၿပီး ေပးပို႔ေပးဖို႔ ျမန္မာႏိုင္ငံဆိုင္ရာ သီးျခားလြတ္လပ္တဲ့ စုံစမ္းေရးအဖြဲ႔ (IIMM) က ဒီကေန႔ ပန္ၾကားလိုက္ပါတယ္။

"အေလးနက္ဆုံး အျပည္ျပည္ဆိုင္ရာ ရာဇဝတ္မႈေတြအတြက္ တာဝန္အရွိဆုံးသူေတြဟာ မ်ားေသာအားျဖင့္ ထိပ္သီးအာဏာပိုင္ေတြ ျဖစ္ၾကပါတယ္။ သူတို႔က ရာဇဝတ္မႈေတြကို တိုက္႐ိုက္ လက္နဲ႔ က်ဴးလြန္သူေတြမဟုတ္ၾကဘဲ ရာဇဝတ္မႈျဖစ္စဥ္ေနရာေတြမွာ လူကိုယ္တိုင္ေတာင္ ပါဝင္ေရာက္ရွိေနၾကသူေတြ မဟုတ္ပါဘူး။ သူတို႔ရဲ႕ တာဝန္ဝတၱရားရွိေၾကာင္း သက္ေသျပဖို႔က လက္ခံရရွိခဲ့တဲ့ မွတ္တမ္းေတြ၊ ေပးခဲ့တဲ့အမိန႔္ေတြနဲ႔ မူဝါဒေတြကို ဘယ္လို ျပဌာန္းခဲ့သလဲဆိုတဲ့ အေထာက္အထားေတြ လိုပါတယ္။ ဒါမ်ိဳးေတြက မ်ားေသာအားျဖင့္ အနစ္နာခံရသူေတြက ေပးပို႔ႏိုင္တဲ့ အေထာက္အထားေတြ မဟုတ္တဲ့အတြက္ တရားမဝင္အမိန႔္ေတြနဲ႔ မူဝါဒေတြကို လက္ခံရရွိခဲ့သူေတြ၊ သိတဲ့သူေတြက အမွန္တရားကို ေဖာ္ထုတ္ေျပာဆိုဖို႔ လိုပါတယ္။ ဒီလိုအခ်က္အလက္ အေၾကာင္းအရာေတြကို သိရွိသူေတြက ယႏၲရားသို႔ ဆက္သြယ္ေပးပါရန္ က်ေနာ္ကိုယ္တိုင္ အားေပးလိုပါတယ္။" လို႔ IIMM ရဲ႕အႀကီးအကဲ Nicholas Koumjian က ဒီကေန႔ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

အခ်က္အလက္ ေပးပို႔သူေတြ အႏၲရာယ္မျဖစ္ေစေရး သတိထားလုပ္ေဆာင္ဖို႔လည္း IIMM က တိုက္တြန္းထားၿပီး ဆက္သြယ္ရမယ့္ ဖုန္းနံပါတ္နဲ႔ အီးေမးလိပ္စာေတြကို ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အာဏာသိမ္းမႈနဲ႔ ဆက္စပ္တဲ့ အျဖစ္အပ်က္ေတြကို အနီးကပ္ေစာင့္ၾကည့္ေနၿပီး စိတ္ထင္သလို ဖမ္းဆီးေထာင္ခ်တာ၊ ႏွိပ္စက္ညွဥ္းပန္းတာ၊ အစေဖ်ာက္တာနဲ႔ အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္ၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို ေသေစေလာက္တဲ့နည္းေတြအပါအဝင္ အင္အားသံုး ၿဖိဳခြဲတာ စတာေတြနဲ႔သက္ဆိုင္တဲ့ အေထာက္အထားေတြကို IIMM က စုေဆာင္းေနတယ္လုိ႔ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာစစ်တပ်ကျူးလွန်တဲ့ ရာဇဝတ်မှတ်တမ်းတွေ ပေးပို့ဖို့ ကုလ IIMM အဖွဲ့ ပန်ကြား

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းယူခဲ့ချိန်ကတည်းကစပြီး မြန်မာစစ်တပ် ခေါင်းဆောင်တွေ အမိန့်ပေး ကျူးလွန်ထားတဲ့ ရာဇဝတ်မှုဆိုင်ရာ မှတ်တမ်းတွေကို စုဆောင်း သိမ်းဆည်းပြီး ပေးပို့ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ သီးခြားလွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ (IIMM) က ဒီကနေ့ ပန်ကြားလိုက်ပါတယ်။

"အလေးနက်ဆုံး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေအတွက် တာဝန်အရှိဆုံးသူတွေဟာ များသောအားဖြင့် ထိပ်သီးအာဏာပိုင်တွေ ဖြစ်ကြပါတယ်။ သူတို့က ရာဇဝတ်မှုတွေကို တိုက်ရိုက် လက်နဲ့ ကျူးလွန်သူတွေမဟုတ်ကြဘဲ ရာဇဝတ်မှုဖြစ်စဉ်နေရာတွေမှာ လူကိုယ်တိုင်တောင် ပါဝင်ရောက်ရှိနေကြသူတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ တာဝန်ဝတ္တရားရှိကြောင်း သက်သေပြဖို့က လက်ခံရရှိခဲ့တဲ့ မှတ်တမ်းတွေ၊ ပေးခဲ့တဲ့အမိန့်တွေနဲ့ မူဝါဒတွေကို ဘယ်လို ပြဌာန်းခဲ့သလဲဆိုတဲ့ အထောက်အထားတွေ လိုပါတယ်။ ဒါမျိုးတွေက များသောအားဖြင့် အနစ်နာခံရသူတွေက ပေးပို့နိုင်တဲ့ အထောက်အထားတွေ မဟုတ်တဲ့အတွက် တရားမဝင်အမိန့်တွေနဲ့ မူဝါဒတွေကို လက်ခံရရှိခဲ့သူတွေ၊ သိတဲ့သူတွေက အမှန်တရားကို ဖော်ထုတ်ပြောဆိုဖို့ လိုပါတယ်။ ဒီလိုအချက်အလက် အကြောင်းအရာတွေကို သိရှိသူတွေက ယန္တရားသို့ ဆက်သွယ်ပေးပါရန် ကျနော်ကိုယ်တိုင် အားပေးလိုပါတယ်။" လို့ IIMM ရဲ့အကြီးအကဲ Nicholas Koumjian က ဒီကနေ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အချက်အလက် ပေးပို့သူတွေ အန္တရာယ်မဖြစ်စေရေး သတိထားလုပ်ဆောင်ဖို့လည်း IIMM က တိုက်တွန်းထားပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့ အီးမေးလိပ်စာတွေကို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းမှုနဲ့ ဆက်စပ်တဲ့ အဖြစ်အပျက်တွေကို အနီးကပ်စောင့်ကြည့်နေပြီး စိတ်ထင်သလို ဖမ်းဆီးထောင်ချတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ အစဖျောက်တာနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သေစေလောက်တဲ့နည်းတွေအပါအဝင် အင်အားသုံး ဖြိုခွဲတာ စတာတွေနဲ့သက်ဆိုင်တဲ့ အထောက်အထားတွေကို IIMM က စုဆောင်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

XS
SM
MD
LG