သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္ၿဖိဳခဲြမႈေတြ ရပ္ဖို႔ ပုပ္ရဟန္းမင္းပန္ၾကား


ပုပ္ရဟန္းမင္းႀကီး ဖရန္႔စစ္။

[Zawgyi/Unicode]

ျမန္မာႏုိင္္ငံမွာ အၾကမ္းဖက္ၿဖိဳခြဲေနတာေတြရပ္ဖို႔ ပုပ္ရဟန္းမင္းႀကီး ဖရန္႔စစ္က ဒီကေန႔ ပန္ၾကားလိုက္ပါတယ္။

"ျမန္မာႏုိင္ငံက အေျခအေနနဲ႔ ပတ္သက္လို႔ အထူးဝမ္းနည္းေၾကကဲြစြာ ေနာက္တႀကိမ္ထပ္ေျပာဖို႔ အေရးေပၚေနၿပီလို႔ ကၽြႏု္ပ္ ခံစားရပါတယ္။ လူငယ္အမ်ားစုျဖစ္တဲ့ လူအမ်ားအျပားဟာ သူတုိ႔တုိင္းျပည္မွာ ေမွ်ာ္လင့္ခ်က္ ျဖစ္ထြန္းလာေစဖို႔အတြက္ အသက္ေတြ စေတးေနၾကပါတယ္။ ျမန္မာႏုိင္ငံရဲ႕ လမ္းေတြေပၚမွာ ကၽြႏု္ပ္ ဒူးေထာက္ၿပီး 'အၾကမ္းဖက္မႈ ရပ္တန္႔ပါ' လို႔ ေျပာပါရေစ။ ကၽြႏု္ပ္ လက္အစံုကိုဖြင့္ၿပီး 'ေစ့စပ္ေဆြးေႏြးမႈ ျဖစ္ေျမာက္ပါေစ' လို႔ ေျပာပါရေစ။ ေသြးထြက္သံယိုနဲ႔ ဘာကိုမွ မေျဖရွင္းႏိုင္ပါဘူး။ ေဆြးေႏြးေျပာဆိုမႈသာ အရာထင္မွာပါ။" လို႔ ဒီကေန႔ ဝတ္ျပဳဆုေတာင္းပြဲအတြင္း ပုပ္ရဟန္းမင္းႀကီးက ေျပာသြားပါတယ္။

ပုပ္ရဟန္းမင္းႀကီး ဖရန္႔စစ္ဟာ ၂၀၁၇ ခုႏွစ္က ျမန္မာျပည္ကို လာေရာက္ခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံတွင်း အကြမ်းဖက်ဖြိုခွဲမှုတွေ ရပ်ဖို့ ပုပ်ရဟန်းမင်းပန်ကြား

မြန်မာနိုင်ငံမှာ အကြမ်းဖက်ဖြိုခွဲနေတာတွေရပ်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဒီကနေ့ ပန်ကြားလိုက်ပါတယ်။

"မြန်မာနိုင်ငံက အခြေအနေနဲ့ ပတ်သက်လို့ အထူးဝမ်းနည်းကြေကွဲစွာ နောက်တကြိမ်ထပ်ပြောဖို့ အရေးပေါ်နေပြီလို့ ကျွနု်ပ် ခံစားရပါတယ်။ လူငယ်အများစုဖြစ်တဲ့ လူအများအပြားဟာ သူတို့တိုင်းပြည်မှာ မျှော်လင့်ချက် ဖြစ်ထွန်းလာစေဖို့အတွက် အသက်တွေ စတေးနေကြပါတယ်။ မြန်မာနိုင်ငံရဲ့ လမ်းတွေပေါ်မှာ ကျွနု်ပ် ဒူးထောက်ပြီး 'အကြမ်းဖက်မှု ရပ်တန့်ပါ' လို့ ပြောပါရစေ။ ကျွနု်ပ် လက်အစုံကိုဖွင့်ပြီး 'စေ့စပ်ဆွေးနွေးမှု ဖြစ်မြောက်ပါစေ' လို့ ပြောပါရစေ။ သွေးထွက်သံယိုနဲ့ ဘာကိုမှ မဖြေရှင်းနိုင်ပါဘူး။ ဆွေးနွေးပြောဆိုမှုသာ အရာထင်မှာပါ။" လို့ ဒီကနေ့ ဝတ်ပြုဆုတောင်းပွဲအတွင်း ပုပ်ရဟန်းမင်းကြီးက ပြောသွားပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ၂၀၁၇ ခုနှစ်က မြန်မာပြည်ကို လာရောက်ခဲ့ဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG