သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္းရင္းသားလက္နက္ကိုင္အားလံုး အၾကမ္းဖက္နဲ႔ မတရားအသင္းက CRPH ပယ္ဖ်က္


CRPH ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ။

[Zawgyi/Unicode]

ျမန္မာႏိုင္ငံတြင္း တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕အစည္းအားလံုးကို အၾကမ္းဖက္အဖဲြ႕ မတရားအသင္းအဖဲြ႕ေတြကေန ပယ္ဖ်က္ေၾကာင္း CRPH ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီက ဒီကေန႔ မတ္လ ၁၇ ရက္ေန႔ ရက္စဲြနဲ႔ေၾကညာပါတယ္။ ဒါေၾကာင့္လည္း တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေတြနဲ႔ ဆက္သြယ္ေဆာင္ရြက္လို႔ဆိုၿပီး ပုဒ္မ ၁၇(၁) တပ္ၿပီး ဖမ္းဆီးအေရးယူမႈေတြအားလံုးဟာ တရားမ၀င္ဘူးလို႔လည္း CRPH က ထုတ္ျပန္ပါတယ္။ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က အာဏာသိမ္းယူခဲ့တဲ့ စစ္ဘက္အုပ္ခ်ဳပ္ေရးေကာင္စီကိုေတာ့ အၾကမ္းဖက္အဖဲြ႕အစည္းအျဖစ္နဲ႔ မတ္လ ၁ ရက္ေန႔တုန္းက CRPH က ေၾကညာခဲ့ၿပီး စစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ အမိ္န္႔အာဏာေတြဟာလည္း တရား၀င္မႈမရွိဘူးလို႔ ထုတ္ျပန္ပါတယ္။

ျမန္မာစစ္ဘက္ အုပ္ခ်ဳပ္ေရးေကာင္စီဘက္ကေတာ့ CRPH ကို တရားမ၀င္အဖဲြ႕အစည္းအျဖစ္ ေၾကညာထားၿပီး CRPH နဲ႔ ဆက္စပ္သူ ပတ္သက္သူေတြကိုလည္း အေရးယူမယ္လို႔ ေၾကညာထားတာပါ။ ဒါ့အျပင္ CRPH က ခန္႔အပ္တဲ့ ကုလကိုယ္စားလွယ္ေဒါက္တာဆာဆာကိုလည္း ႏိုင္ငံေတာ္ပုန္ကန္မႈနဲ႔ စဲြခ်က္တင္ထားပါတယ္။ စစ္အုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႔ AA ရခိုင္လက္နက္ကိုင္အဖဲြ႕ကိုေတာ့ အၾကမ္းဖက္အဖဲြ႕အစည္းအျဖစ္ကေန ပယ္ဖ်က္ေၾကာင္း ၿပီးခဲ့တဲ့အပတ္က ထုတ္ျပန္ထားပါတယ္။

CRPH ဟာ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔တုန္းက ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ ၃၀၀ ေက်ာ္တတ္ေရာက္တဲ့ အေရးေပၚ အစည္းအေ၀းကေန လႊတ္ေတာ္ကို ကိုယ္စားျပဳဖို႔ ဖဲြ႕စည္းတာ၀န္ေပးခဲ့တာျဖစ္ပါတယ္။ CRPH အေနနဲ႔ ေခတၱ ဒုသမၼတ မန္း၀င္းခိုင္သန္းနဲ႔ ေခတၱျပည္ေထာင္စု၀န္ႀကီးတခ်ိဳ႕ကို တာ၀န္ေပးခဲ့သလို ကုလသမဂၢကိုယ္စားလွယ္ ႏိ္ုင္ငံတကာ ဆက္ဆံေရးကိုယ္စားလွယ္ေတြကိုပါ ခန္႔အပ္ထားပါတယ္။ လက္ရွိအားျဖင့္ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕အစည္းတခ်ိဳ႕နဲ႕ ဆက္သြယ္ေဆြးေႏြးမႈေတြ ရွိေနၿပီး ဖယ္ဒရယ္စံနစ္ကို အေျခခံတဲ့ ဖဲြ႕စည္းအုပ္ခ်ဳပ္ပံုအေျခခံဥပေဒ ေပၚေပါက္ေရး ျပင္ဆင္ေဆာင္ရြက္ေနတယ္လို႔ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တိုင်းရင်းသားလက်နက်ကိုင်အားလုံး အကြမ်းဖက်နဲ့ မတရားအသင်းက CRPH ပယ်ဖျက်

မြန်မာနိုင်ငံတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို အကြမ်းဖက်အဖွဲ့ မတရားအသင်းအဖွဲ့တွေကနေ ပယ်ဖျက်ကြောင်း CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဒီကနေ့ မတ်လ ၁၇ ရက်နေ့ ရက်စွဲနဲ့ကြေညာပါတယ်။ ဒါကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်လို့ဆိုပြီး ပုဒ်မ ၁၇(၁) တပ်ပြီး ဖမ်းဆီးအရေးယူမှုတွေအားလုံးဟာ တရားမဝင်ဘူးလို့လည်း CRPH က ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းယူခဲ့တဲ့ စစ်ဘက်အုပ်ချုပ်ရေးကောင်စီကိုတော့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်နဲ့ မတ်လ ၁ ရက်နေ့တုန်းက CRPH က ကြေညာခဲ့ပြီး စစ်အုပ်ချုပ်ရေးကောင်စီရဲ့ အမိန့်အာဏာတွေဟာလည်း တရားဝင်မှုမရှိဘူးလို့ ထုတ်ပြန်ပါတယ်။

မြန်မာစစ်ဘက် အုပ်ချုပ်ရေးကောင်စီဘက်ကတော့ CRPH ကို တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာထားပြီး CRPH နဲ့ ဆက်စပ်သူ ပတ်သက်သူတွေကိုလည်း အရေးယူမယ်လို့ ကြေညာထားတာပါ။ ဒါ့အပြင် CRPH က ခန့်အပ်တဲ့ ကုလကိုယ်စားလှယ်ဒေါက်တာဆာဆာကိုလည်း နိုင်ငံတော်ပုန်ကန်မှုနဲ့ စွဲချက်တင်ထားပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီအနေနဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကိုတော့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကနေ ပယ်ဖျက်ကြောင်း ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ထားပါတယ်။

CRPH ဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့တုန်းက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော်တတ်ရောက်တဲ့ အရေးပေါ် အစည်းအဝေးကနေ လွှတ်တော်ကို ကိုယ်စားပြုဖို့ ဖွဲ့စည်းတာဝန်ပေးခဲ့တာဖြစ်ပါတယ်။ CRPH အနေနဲ့ ခေတ္တ ဒုသမ္မတ မန်းဝင်းခိုင်သန်းနဲ့ ခေတ္တပြည်ထောင်စုဝန်ကြီးတချို့ကို တာဝန်ပေးခဲ့သလို ကုလသမဂ္ဂကိုယ်စားလှယ် နိုင်ငံတကာ ဆက်ဆံရေးကိုယ်စားလှယ်တွေကိုပါ ခန့်အပ်ထားပါတယ်။ လက်ရှိအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ ဆက်သွယ်ဆွေးနွေးမှုတွေ ရှိနေပြီး ဖယ်ဒရယ်စံနစ်ကို အခြေခံတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG