သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဏာသိမ္း အဖြဲ႔ ဘ႑ာေရး ျပတ္ေတာက္ေစဖို႔ CRPH ႀကိဳးပမ္း


(Zawgyi/Unicode)
အာဏာသိမ္း တပ္မေတာ္ အုပ္ခ်ဳပ္ေရး ေကာင္စီကို ႏုိင္ငံ ဘ႑ာေငြေတြ မသံုးႏုိင္ေရး အတြက္ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ CRPH က ႀကိဳးစားေနပါတယ္။ အခြန္ မေပးၾကဖို႔ CRPH က ထုတ္ျပန္လုိက္သလို ႏုိင္ငံပိုင္ လုပ္ငန္းေတြကေန စစ္တပ္ကို ေငြေၾကး မလႊဲေရး၊ ေနာက္ ႏုိင္ငံျခားမွာ အပ္ႏွံထားတဲ႔ ႏုိင္ငံဘ႑ာေတြကို ထိန္းခ်ဳပ္ႏုိင္ေရးလည္း ဆက္လက္ ေဆာင္ရြက္ေနေၾကာင္း CRPH ရဲ႕ စီးပြားေရးဆိုင္ရာ ယာယီ ျပည္ေထာင္စု ၀န္ႀကီး အျဖစ္ တာ၀န္ယူထားသူ ဦးတင္ထြန္းႏုိင္က ဗီြအိုေအကို ေျပာပါတယ္။ ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ တင္ျပထားပါတယ္။

ဦးတင္ထြန္းႏုိင္။ ။ အခြန္ တခုတည္း က်ေနာ္တို႔က ပိတ္ဆို႔မွာ မဟုတ္ပါဘူး။ သူတို႔ ဆက္လက္ ရပ္တည္ဖို႔ အတြက္ အဓိက က်တဲ႔ ဘ႑ာေရး အရင္းအျမစ္ တခု ျဖစ္ေနတဲ႔ အတြက္ အခြန္ကို အလ်င္အျမန္ တားဆီးပိတ္ဆို႔ဖို႔ ႀကိဳးစားလိုက္တာ ျဖစ္ပါတယ္။ ဒုတိယ အဆင့္ အေနနဲ႔ကေတာ့ ေရနံနဲ႔ သဘာ၀ ဓာတ္ေငြ႔က ရေနတဲ႔ ၀င္ေငြေတြ ရွိပါတယ္။ ေနာက္တခုက ႏုိင္ငံေတာ္ပိုင္ စီးပြားေရး အဖြဲ႔အစည္းေတြက ရေနတဲ႔ ၀င္ေငြ ေတြလည္း ရွိပါတယ္။ ေနာက္ၿပီးေတာ့ ႏုိင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈေတြက ရေနတဲ႔ ၀င္ေငြေတြလည္း ရွိပါတယ္။ ဒါေတြ အားလံုးကို ျမန္ႏုိင္သမွ် အျမန္ဆံုး ျဖစ္ႏုိင္သမွ် နည္းလမ္း ေပါင္းစံုနဲ႔ ႀကိဳးစား ပိတ္ဆို႔သြားမွာ ျဖစ္ပါတယ္။

သိဂၤ ီထုိက္။ ။ အခြန္နဲ႔ ေရနံ သဘာ၀ ဓာတ္ေငြ႔ ၂ ခုကို ဦးစားေပး လုပ္မယ္ဆိုေတာ့ ဒီ ၂ ခုက ဘယ္ေလာက္မ်ား အေရးပါပါသလဲရွင့္။

ဦးတင္ထြန္းႏုိင္။ ။ ဒီဘတ္ဂ်က္ႏွစ္မွာ လ်ာထားဘတ္ဂ်က္က အၾကမ္းဖ်ဥ္း က်ပ္ ဘီလ်ံ ၂၅,၀၀၀ ေလာက္ လိုပါတယ္။ ဒီထဲမွာ အဓိက ၀င္ေငြ ရလမ္းျဖစ္တဲ႔ အခြန္နဲ႔ ႏုိင္ငံေတာ္ပိုင္ စီးပြားေရး အဖြဲ႔အစည္းမ်ားလို႔ ဆိုတဲ႔ ေရနံ သဘာ၀ ဓာတ္ေငြ႔ အပါအ၀င္ေပါ့ေလ ဒီ ၀င္ေငြ ၂ ခုက ရာခိုင္ႏႈန္း အားျဖင့္ ၈၀ ရာခိုင္ႏႈန္းေလာက္ ရွိပါတယ္။ အခြန္က ဘီလ်ံ ၈,၀၀၀ ေက်ာ္ ရွိပါတယ္။ ေနာက္တခုက ႏုိင္ငံေတာ္ပိုင္ စီးပြားေရး အဖြဲ႔အစည္းမ်ားရဲ႕ ၀င္ေငြက ဘီလ်ံ ၁၂,၀၀၀ ေလာက္ ရွိပါတယ္။

ယႏၱရား လည္ပတ္ဖို႔ အတြက္ ဘီလ်ံ ၂၅,၀၀၀ ေလာက္ လုိတာမွာ အခြန္နဲ႔ ႏုိင္ငံေတာ္ပိုင္ စီးပြားေရး လုပ္ငန္းေတြရဲ႕ ၀င္ေငြက ဘီလ်ံ ၂၀,၀၀၀ ရွိပါတယ္။ ဆိုေတာ့ ဒီ ဘီလ်ံ ၂၀,၀၀၀ ကိုသာ က်ေနာ္တို႔ တားဆီးႏုိင္ခဲ႔မယ္ ပိတ္ဆို႔ႏုိင္ခဲ႔မယ္ဆိုရင္ သူတို႔ ယႏၱရား လည္ပတ္ဖို႔ အတြက္ လံုေလာက္တဲ႔ ပိုက္ဆံ ရွိစရာ အေၾကာင္း မရွိေတာ့ပါဘူး။ တျခားကေန သူတို႔ ရစရာလည္း ေလာေလာဆယ္ မရွိပါဘူး။ တၿပိဳင္နက္တည္းမွာဘဲ ႏုိင္ငံျခား အရန္ေငြေတြကိုလည္း တားဆီးဖို႔ ပိတ္ဆို႔ဖို႔ စဥ္းစားထားတဲ႔ အခါက်ေတာ့ သူတို႔ အေနနဲ႔ ယႏၱရား လည္ပတ္ဖို႔ အတြက္ လိုအပ္တဲ႔ ဘတ္ဂ်က္က အၾကပ္အတည္း တကယ္ ျဖစ္သြားမွာပါ။

သိဂၤ ီထုိက္။ ။ ဒီ လုပ္ငန္းစဥ္ေတြ လုပ္ႏုိင္ဖို႔ ကာလ အားျဖင့္ ဘယ္ေလာက္ေလာက္ မွန္းထားပါလဲရွင္႔။

ဦးတင္ထြန္းႏုိင္။ ။ အခ်ိန္ကာလကေတာ့ အခြန္ကိစၥကေတာ့ က်ေနာ္တို႔ ဥပေဒ ထုတ္လုိက္တယ္။ အခြန္ထမ္း ျပည္သူ လူထုက အားတက္သေရာ ပူးေပါင္းေဆာင္ရြက္မယ္လို႔လည္းယံုၾကည္တယ္၊ ေဆာင္ရြက္ခဲ႔မယ္ ဆိုရင္ေတာ့ အခြန္ကိစၥကေတာ့ ေအာင္ျမင္ၿပီလို႔ ယူဆလို႔ ရပါတယ္။ ေရနံ သဘာ၀ ဓာတ္ေငြ႔က ရတဲ႔ ၀င္ေငြေတြကေတာ့ သက္ဆိုင္ရာ ကမ္းလြန္ လုပ္ကြက္ေတြ လုပ္ေနတဲ႔ ကုမၸဏီေတြကို တရား၀င္ စာပို႔ၿပီးေတာ့ ေလာေလာဆယ္ ရပ္ဆိုင္းထားဖို႔၊ အစိုးရကို ေပးသြင္းျခင္း မျပဳဘဲ သူတို႔ရဲ႕ ႏုိင္ငံျခား ဘဏ္ အေကာင့္ေတြထဲမွာဘဲ ဒီပိုက္ဆံေတြကို ထိန္းသိမ္းထားဖို႔နဲ႔ က်ေနာ္တို႔ကေန လိုအပ္တဲ႔ ညႊန္ၾကားခ်က္ေတြ ေပးတဲ႔ အတိုင္း အတိအက် လုိက္နာ ေဆာင္ရြက္ဖို႔ ဆိုတဲ႔ စာေတြ က်ေနာ္တို႔ ထုတ္ပါမယ္။

ထုတ္တဲ႔ အခါမွာလည္း ထိေရာက္ေအာင္ က်ေနာ္တို႔ ႀကိဳးစား ေဆာင္ရြက္ သြားမွာ ျဖစ္ပါတယ္။ သူတို႔ဘက္က ပူးေပါင္း ေဆာင္ရြက္မႈ အေပၚမွာ မူတည္ၿပီးေတာ့မွ အျမန္ဆံုး အေကာင္အထည္ေပၚေအာင္ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

သိဂၤ ီထုိက္။ ။ အေမရိကန္ ျပည္ေထာင္စုဘက္ကေတာ့ ျမန္မာ အစိုးရရဲ႕ ေငြေၾကး ေဒၚလာ သန္း ၁,၀၀၀ ကို ခ်က္ခ်င္းဘဲ ထိန္းခ်ဳပ္လိုက္ပါတယ္။ တျခားႏုိင္ငံေတြမွာေရာ ျမန္မာ အစိုးရပိုင္ ေငြေၾကး ရွိထားပါသလားရွင့္။

ဦးတင္ထြန္းႏုိင္။ ။ အေမရိကန္ကေတာ့ အမိန္႔ညႊန္ၾကားခ်က္ ထုတ္ၿပီး ထိန္းခ်ဳပ္ထားပါတယ္။ အလားတူဘဲ ျမန္မာႏုိင္ငံရဲ႕ ႏုိင္ငံျခား အရန္ေငြကို ၾကားရ သေလာက္ေတာ့ စကာၤပူမွာ အေမရိကန္ ေဒၚလာ သန္း ၅,၇၀၀ ရွိပါတယ္ ဆိုၿပီး ၾကားရတာ ရွိပါတယ္။ စကာၤပူ အစိုးရ အရာရွိ ကေတာ့ သူတို႔ဆီမွာ မရွိပါဘူးဆိုၿပီး ျငင္းထားတာ ရွိပါတယ္။ သို႔ေသာ္ ရိုက္တာသတင္းေအဂ်င္စီတို႔လို သတင္းေတြမွာေတာ့ စကာၤပူ ဘဏ္ေတြမွာ ရွိပါတယ္ဆိုၿပီး သတင္းေရးသား ေဖာ္ျပမႈေတြလည္း ရွိပါတယ္။ ဒါေတြနဲ႔ ပတ္သက္ၿပီးလည္း သက္ဆိုင္ရာ ဘဏ္ေတြကို တရား၀င္ ဆက္သြယ္ၿပီးေတာ့ ျမန္မာႏုိင္ငံရဲ႕ ႏုိင္ငံျခား အရန္ေငြ ရွိ မရွိ ဆိုတာကို အရင္ စံုစမ္းေမးျမန္းမွာ ျဖစ္ပါတယ္။

တကယ္လို႔ ရွိတယ္ ဆိုလို႔ ရွိရင္ က်ေနာ္တို႔ တည္ဆဲ အစိုးရ ကိုယ္စား တာ၀န္ယူထားရတဲ႔ ယာယီ ၀န္ႀကီး တေယာက္ အေနနဲ႔ ဒီေငြေတြကို စစ္အုပ္စုဘက္ကို လက္လႊဲေပးေျပာင္းတာ မျဖစ္ေအာင္ ေဆာင္ရြက္သြားပါမယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)
အာဏာသိမ်း အဖွဲ့ ဘဏ္ဍာရေး ပြတ်တောက်စေဖို့ CRPH ကြိုးပမ်း


အာဏာသိမ်း တပ်မတော် အုပ်ချုပ်ရေး ကောင်စီကို နိုင်ငံ ဘဏ္ဍာငွေတွေ မသုံးနိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ကြိုးစားနေပါတယ်။ အခွန် မပေးကြဖို့ CRPH က ထုတ်ပြန်လိုက်သလို နိုင်ငံပိုင် လုပ်ငန်းတွေကနေ စစ်တပ်ကို ငွေကြေး မလွှဲရေး၊ နောက် နိုင်ငံခြားမှာ အပ်နှံထားတဲ့ နိုင်ငံဘဏ္ဍာတွေကို ထိန်းချုပ်နိုင်ရေးလည်း ဆက်လက် ဆောင်ရွက်နေကြောင်း CRPH ရဲ့ စီးပွားရေးဆိုင်ရာ ယာယီ ပြည်ထောင်စု ဝန်ကြီး အဖြစ် တာဝန်ယူထားသူ ဦးတင်ထွန်းနိုင်က ဗွီအိုအေကို ပြောပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။


ဦးတင်ထွန်းနိုင်။ ။ အခွန် တခုတည်း ကျနော်တို့က ပိတ်ဆို့မှာ မဟုတ်ပါဘူး။ သူတို့ ဆက်လက် ရပ်တည်ဖို့ အတွက် အဓိက ကျတဲ့ ဘဏ္ဍာရေး အရင်းအမြစ် တခု ဖြစ်နေတဲ့ အတွက် အခွန်ကို အလျင်အမြန် တားဆီးပိတ်ဆို့ဖို့ ကြိုးစားလိုက်တာ ဖြစ်ပါတယ်။ ဒုတိယ အဆင့် အနေနဲ့ကတော့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့က ရနေတဲ့ ဝင်ငွေတွေ ရှိပါတယ်။ နောက်တခုက နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းတွေက ရနေတဲ့ ဝင်ငွေ တွေလည်း ရှိပါတယ်။

နောက်ပြီးတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက ရနေတဲ့ ဝင်ငွေတွေလည်း ရှိပါတယ်။ ဒါတွေ အားလုံးကို မြန်နိုင်သမျှ အမြန်ဆုံး ဖြစ်နိုင်သမျှ နည်းလမ်း ပေါင်းစုံနဲ့ ကြိုးစား ပိတ်ဆို့သွားမှာ ဖြစ်ပါတယ်။

သိင်္ဂ ီထိုက်။ ။ အခွန်နဲ့ ရေနံ သဘာ၀ ဓာတ်ငွေ့ ၂ ခုကို ဦးစားပေး လုပ်မယ်ဆိုတော့ ဒီ ၂ ခုက ဘယ်လောက်များ အရေးပါပါသလဲရှင့်။

ဦးတင်ထွန်းနိုင်။ ။ ဒီဘတ်ဂျက်နှစ်မှာ လျာထားဘတ်ဂျက်က အကြမ်းဖျဉ်း ကျပ် ဘီလျံ ၂၅,၀၀၀ လောက် လိုပါတယ်။ ဒီထဲမှာ အဓိက ဝင်ငွေ ရလမ်းဖြစ်တဲ့ အခွန်နဲ့ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများလို့ ဆိုတဲ့ ရေနံ သဘာ၀ ဓာတ်ငွေ့ အပါအဝင်ပေါ့လေ ဒီ ဝင်ငွေ ၂ ခုက ရာခိုင်နှုန်း အားဖြင့် ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ အခွန်က ဘီလျံ ၈,၀၀၀ ကျော် ရှိပါတယ်။ နောက်တခုက နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများရဲ့ ဝင်ငွေက ဘီလျံ ၁၂,၀၀၀ လောက် ရှိပါတယ်။ ယန္တရား လည်ပတ်ဖို့ အတွက် ဘီလျံ ၂၅,၀၀၀ လောက် လိုတာမှာ အခွန်နဲ့ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းတွေရဲ့ ဝင်ငွေက ဘီလျံ ၂၀,၀၀၀ ရှိပါတယ်။

ဆိုတော့ ဒီ ဘီလျံ ၂၀,၀၀၀ ကိုသာ ကျနော်တို့ တားဆီးနိုင်ခဲ့မယ် ပိတ်ဆို့နိုင်ခဲ့မယ်ဆိုရင် သူတို့ ယန္တရား လည်ပတ်ဖို့ အတွက် လုံလောက်တဲ့ ပိုက်ဆံ ရှိစရာ အကြောင်း မရှိတော့ပါဘူး။ တခြားကနေ သူတို့ ရစရာလည်း လောလောဆယ် မရှိပါဘူး။ တပြိုင်နက်တည်းမှာဘဲ နိုင်ငံခြား အရန်ငွေတွေကိုလည်း တားဆီးဖို့ ပိတ်ဆို့ဖို့ စဉ်းစားထားတဲ့ အခါကျတော့ သူတို့ အနေနဲ့ ယန္တရား လည်ပတ်ဖို့ အတွက် လိုအပ်တဲ့ ဘတ်ဂျက်က အကြပ်အတည်း တကယ် ဖြစ်သွားမှာပါ။

သိင်္ဂ ီထိုက်။ ။ ဒီ လုပ်ငန်းစဉ်တွေ လုပ်နိုင်ဖို့ ကာလ အားဖြင့် ဘယ်လောက်လောက် မှန်းထားပါလဲရှင့်။

ဦးတင်ထွန်းနိုင်။ ။ အချိန်ကာလကတော့ အခွန်ကိစ္စကတော့ ကျနော်တို့ ဥပဒေ ထုတ်လိုက်တယ်။ အခွန်ထမ်း ပြည်သူ လူထုက အားတက်သရော ပူးပေါင်းဆောင်ရွက်မယ်လို့လည်းယုံကြည်တယ်၊ ဆောင်ရွက်ခဲ့မယ် ဆိုရင်တော့ အခွန်ကိစ္စကတော့ အောင်မြင်ပြီလို့ ယူဆလို့ ရပါတယ်။ ရေနံ သဘာ၀ ဓာတ်ငွေ့က ရတဲ့ ဝင်ငွေတွေကတော့ သက်ဆိုင်ရာ ကမ်းလွန် လုပ်ကွက်တွေ လုပ်နေတဲ့ ကုမ္ပဏီတွေကို တရားဝင် စာပို့ပြီးတော့ လောလောဆယ် ရပ်ဆိုင်းထားဖို့၊ အစိုးရကို ပေးသွင်းခြင်း မပြုဘဲ သူတို့ရဲ့ နိုင်ငံခြား ဘဏ် အကောင့်တွေထဲမှာဘဲ ဒီပိုက်ဆံတွေကို ထိန်းသိမ်းထားဖို့နဲ့ ကျနော်တို့ကနေ လိုအပ်တဲ့ ညွှန်ကြားချက်တွေ ပေးတဲ့ အတိုင်း အတိအကျ လိုက်နာ ဆောင်ရွက်ဖို့ ဆိုတဲ့ စာတွေ ကျနော်တို့ ထုတ်ပါမယ်။

ထုတ်တဲ့ အခါမှာလည်း ထိရောက်အောင် ကျနော်တို့ ကြိုးစား ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ သူတို့ဘက်က ပူးပေါင်း ဆောင်ရွက်မှု အပေါ်မှာ မူတည်ပြီးတော့မှ အမြန်ဆုံး အကောင်အထည်ပေါ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

သိင်္ဂ ီထိုက်။ ။ အမေရိကန် ပြည်ထောင်စုဘက်ကတော့ မြန်မာ အစိုးရရဲ့ ငွေကြေး ဒေါ်လာ သန်း ၁,၀၀၀ ကို ချက်ချင်းဘဲ ထိန်းချုပ်လိုက်ပါတယ်။ တခြားနိုင်ငံတွေမှာရော မြန်မာ အစိုးရပိုင် ငွေကြေး ရှိထားပါသလားရှင့်။

ဦးတင်ထွန်းနိုင်။ ။ အမေရိကန်ကတော့ အမိန့်ညွှန်ကြားချက် ထုတ်ပြီး ထိန်းချုပ်ထားပါတယ်။ အလားတူဘဲ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား အရန်ငွေကို ကြားရ သလောက်တော့ စကာၤပူမှာ အမေရိကန် ဒေါ်လာ သန်း ၅,၇၀၀ ရှိပါတယ် ဆိုပြီး ကြားရတာ ရှိပါတယ်။ စကာၤပူ အစိုးရ အရာရှိ ကတော့ သူတို့ဆီမှာ မရှိပါဘူးဆိုပြီး ငြင်းထားတာ ရှိပါတယ်။ သို့သော် ရိုက်တာသတင်းအေဂျင်စီတို့လို သတင်းတွေမှာတော့ စကာၤပူ ဘဏ်တွေမှာ ရှိပါတယ်ဆိုပြီး သတင်းရေးသား ဖော်ပြမှုတွေလည်း ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးလည်း သက်ဆိုင်ရာ ဘဏ်တွေကို တရားဝင် ဆက်သွယ်ပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား အရန်ငွေ ရှိ မရှိ ဆိုတာကို အရင် စုံစမ်းမေးမြန်းမှာ ဖြစ်ပါတယ်။

တကယ်လို့ ရှိတယ် ဆိုလို့ ရှိရင် ကျနော်တို့ တည်ဆဲ အစိုးရ ကိုယ်စား တာဝန်ယူထားရတဲ့ ယာယီ ဝန်ကြီး တယောက် အနေနဲ့ ဒီငွေတွေကို စစ်အုပ်စုဘက်ကို လက်လွှဲပေးပြောင်းတာ မဖြစ်အောင် ဆောင်ရွက်သွားပါမယ်။

XS
SM
MD
LG