သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လံုျခံဳေရးစိုးရိမ္ခ်က္ေၾကာင့္ လိႈင္သာယာေဒသခံတခ်ိဳ႕နယ္ေျမ စြန္႔ခြာ


လႈိင္သာယာၿမိဳ႕နယ္ကေန စြန္႔ခြာထြက္ေျပးၾကရသူမ်ား။ (မတ္ ၁၆၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္တပ္နဲ႔ ရဲပါဝင္တဲ့ လက္နက္ကိုင္ေတြဘက္က အၾကမ္းဖက္ပစ္ခတ္တာေတြေၾကာင့္ လႈိင္သာယာၿမိဳ႕နယ္တြင္းမွာ နယ္ေျမစြန႔္ခြာ ထြက္ေျပးရသူေတြ တိုးလာေနပါတယ္။ ေဆး႐ုံအနီးနား တပ္စြဲထားတာေတြေၾကာင့္လည္း အေရးေပၚလူနာေတြကလြဲလို႔ လူနာတခ်ိဳ႕ကို ရက္မျပည့္ဘဲ အိမ္ျပန္လႊတ္ရတဲ့ အေျခအေနမွာ ရွိေနတာပါ။ ရန္ကုန္က ရရွိတဲ့သတင္းကိုမဆုမြန္က ေျပာျပေပးပါမယ္။

လႈိင္သာယာၿမိဳ႕နယ္ကေန စြန္႔ခြာထြက္ေျပးၾကရသူမ်ား။ (မတ္ ၁၆၊ ၂၀၂၁)
လႈိင္သာယာၿမိဳ႕နယ္ကေန စြန္႔ခြာထြက္ေျပးၾကရသူမ်ား။ (မတ္ ၁၆၊ ၂၀၂၁)

စစ္အာဏာရွင္စနစ္ က်ဆုံးေရး ဆန႔္က်င္ဆႏၵျပသူေတြကို လက္နက္ကိုင္ေတြ အၾကမ္းဖက္ေနၾကေပမဲ့ ဆႏၵျပပြဲေတြကေတာ့ ႏိုင္ငံအႏွံ႔မွာ ပုံစံမ်ိဳးစုံနဲ႔ ဆက္ရွိေနဆဲပါ။ အရပ္သားအစိုးရ ေခါင္းေဆာင္ေတြကို ဖမ္းဆီးၿပီး စစ္တပ္က အာဏာသိမ္းလိုက္တာ ရက္ေပါင္း ၄၅ ရက္ၾကာခဲ့တဲ့ အခ်ိန္ကာလအတြင္း အၾကမ္းဖက္ၿဖိဳခြဲ ပစ္ခတ္မႈေတြေၾကာင့္ ေသဆုံးခဲ့ရသူေတြလည္း ရာနဲ႔ခ်ီရွိလာပါၿပီ။

အေျခခံလူတန္းစားေတြနဲ႔ အလုပ္သမားအင္အားစု အမ်ားဆုံးေနထိုင္ရာ လႈိင္သာယာၿမိဳ႕နယ္တြင္းက သပိတ္ေတြကို ၿပီးခဲ့တဲ့ ရက္ေတြတုန္းက အၾကမ္းဖက္ၿဖိဳခြဲ ပစ္ခတ္တာေတြလုပ္ခဲ့ၿပီး ဒီကေန႔မွာေတာ့ ဆႏၵျပသပိတ္ေတြ မရွိေတာ့ေပမဲ့ ျပည္သူေတြ ကာရံထားတဲ့ လုံၿခဳံေရးအကာအရံေတြကို လမ္းတေလွ်ာက္ ရွင္းလင္းတာေတြရွိခဲ့တယ္လို႔ မ်က္ျမင္ေတြ႕သူတဦးက ဗီြအိုေအကိုေျပာပါတယ္။

"လႈိင္သာယာေဆး႐ုံကေန ေ႐ႊလင္ပန္းအထိကို သူတို႔နယ္ေျမရွင္းလင္းေရးေတြ လိုက္လုပ္ေနတယ္။ လမ္းပိတ္ထားတဲ့အဖြဲ႕နဲ႔ သူတို႔စုစု၊ စုစုေတြ႕လို႔ရွိရင္ မိုးေပၚေထာင္ပစ္ၿပီး လူစုခြဲပစ္တယ္။ မိုးေပၚေထာင္ပစ္ေတာ့ လူေတြကလည္း ေသနတ္သံၾကားေတာ့ ေျပးၾကတာေပါ့။ အခု လႈိင္သာယာမွာ အရင္ကလို မဟုတ္ေတာ့ဘူး၊ လုံးဝကို ရွင္းလင္းေနတာပဲ။ သူတို႔ေတြ မေန႔ကဆိုရင္ ၃ ထိပ္၊ ၄ ထိပ္၊ ၅ ထိပ္၊ ၁ ထိပ္ ... အဲဒီဝန္းက်င္မွာ သူတို႔ရွင္းလင္းေရး အရင္လုပ္တယ္။ အခု သူတို႔ပိတ္ထားတဲ့လမ္းေတြကို ေအးေအးေဆးေဆး ဖြင့္လို႔ရရင္ သူတို႔ေအးေအးေဆးေဆးပဲ ဖြင့္သြားမယ္။ ျပည္သူဘက္က နည္းနည္းပါးပါး အုပ္စု၊ အုပ္စုနဲ႔ ေအာ္တာဟစ္တာလုပ္မယ္ဆိုရင္ေတာ့ သူတို႔ပစ္မယ္ ... အဲဒီပုံစံပဲ။ ခုနက ၁၀၃ ဂိတ္နားမွာ ၁ ခ်က္၊ ၂ ခ်က္ ပစ္တယ္။ ရွင္းလင္းေရးလုပ္တာ သူတို႔ကား ဘက္ဖိုးနဲ႔ လိုက္ကေလာ္တယ္။ အဲဒီလမ္းေတြ ရွင္းတယ္။ သူတို႔တပ္ေတြ ေဘးမွာရွိတယ္။ ျပည္သူေတြကလည္း ရပ္ကြက္ထဲမွာ က်ေနာ္ေတြ႕ရသေလာက္ေတာ့ ရွိကို မရွိေတာ့တာ။ အကုန္လုံး ဧရာဝတီတိုင္းဘက္က လူေတြကျပန္ကုန္ၾကၿပီဗ်ာ။ ရန္ကုန္က လူေတြလည္း စားစရာ ေသာက္စရာ ဝယ္ထားၿပီးေတာ့ မထြက္ၾကေတာ့ဘူး။"

ၿပီးခဲ့တဲ့ တနဂၤေႏြနဲ႔ တနလၤာေန႔တုန္းက လႈိင္သာယာက ဆႏၵျပလူထုကို အၾကမ္းဖက္ပစ္ခတ္တာေတြေၾကာင့္ ေသဆုံးသူ ၈၀ ထက္မနည္းရွိခဲ့တာပါ။ မေန႔ကညအထိ လူေနရပ္ကြက္တခ်ိဳ႕မွာ လူငယ္ေတြကို ဝင္ေရာက္ဖမ္းဆီးေခၚေဆာင္တာေတြ ရွိခဲ့တဲ့အေၾကာင္းကိုလည္း ကိုယ္တိုင္ထြက္ေျပးတိမ္းေရွာင္ေနရသူ တဦးကေျပာပါတယ္။

ဆႏၵျပသူေတြကို အၾကမ္းဖက္ႏွိမ္နင္းလာတဲ့ လက္နက္ကိုင္ေတြရဲ႕ အေျခအေနကို ေရွ႕တန္းကေနေစာင့္ၾကည့္ေနတဲ့ သူေတြထဲ က်ည္ထိမွန္ၿပီး ေသဆုံးခဲ့ရသူေတြ ရွိသလို၊ ဒဏ္ရာရသူေတြလည္း ရွိခဲ့ပါတယ္။ လက္ဖ်ံ႐ိုးကို က်ည္ထိၿပီး ထုတ္ခ်င္းေပါက္ အ႐ိုးက်ိဳးသြားလို႔ ေဆး႐ုံတင္ကုသမႈခဲ့ေနၿပီး လုံၿခဳံေရးအေျခအေနေၾကာင့္ ေဆးရံုတင္ရမယ့္ ရက္မျပည့္ေသးခင္မွာ ထြက္ေျပးတိမ္းေရွာင္လာတဲ့ လူငယ္တဦးကလည္း ဒီကေန႔ လႈိင္သာယာေဆး႐ုံအေျခအေနကို ေျပာျပလာပါတယ္။

"ေဆး႐ုံအျပင္ဘက္မွာ စခန္းခ်ထားၿပီးေတာ့ အဝင္ဝမွာ ယူနီေဖာင္းအျပည့္အစုံနဲ႔။ ဘုရားလမ္းဘက္က ဝင္ေပါက္ရွိတယ္ေလ။ အဲဒီဘုရားလမ္းဘက္က ေဆး႐ုံဝင္ေပါက္မွာ သူတို႔ေနရာယူထားတာ။ အဲဒီမွာ က်ေနာ္လွမ္းၾကည့္တာ ေတြ႔သေလာက္ေတာ့ ဆိုင္ကယ္ ကယ္ရီသမားေတြကို ဒူးေထာက္ၿပီးေတာ့ လက္ေျမႇာက္ခိုင္းထားတာ ထင္တယ္ ... လွမ္းၾကည့္လိုက္တာ ေတြ႕ရသေလာက္ေတာ့။ က်ေနာ္တို႔ဆိုရင္ တပတ္ေလာက္ေနရမွာ။ ဒါေပမဲ့ ေဆး႐ုံကို ဝင္ဆြဲမယ္ဆိုတဲ့ သတင္းေတြၾကားေတာ့ အရမ္းအေရးႀကီးတဲ့ လူနာေတြေလာက္ပဲ ေဆး႐ုံမွာ ရွိေတာ့တယ္။ က်န္တဲ့လူေတြ အကုန္လုံးကို ျပန္လႊတ္လိုက္တာ။"

အၾကမ္းဖက္ၿဖိဳခြဲ ခံရၿပီးတဲ့ေနာက္ ေနရပ္စြန႔္ခြာသူေတြ မ်ားလာသလို၊ ကိုယ့္ရဲ႕ေနအိမ္တြင္းမွာသာ ေနထိုင္ၿပီး လုံၿခဳံေရးစိုးရိမ္ ပူပင္ေနရသူေတြလည္း ရွိေနပါတယ္။ စစ္အုပ္ခ်ဳပ္ေရးနယ္ေျမအျဖစ္ သတ္မွတ္ခံထားရတဲ့ လႈိင္သာယာၿမိဳ႕နယ္မွာ ညမထြက္ရအမိန႔္ကိုလည္း ထုတ္ျပန္ထားၿပီး ညဥ့္သန္းေခါင္အိပ္ခ်ိန္မွာ လူေနအိမ္ မီးေလာင္တာနဲ႔ စက္႐ုံမီးေလာင္တဲ့ ျဖစ္စဥ္ေတြလည္း ရွိေနတာပါ။ မီးေလာင္ရတဲ့ အေၾကာင္းရင္းေတြကို ေသခ်ာမသိရေသးေပမဲ့ ျပည္သူေတြ အနားေရာက္မလာဖို႔အတြက္ စစ္တပ္နဲဲ႔ ရဲေတြဘက္က ပစ္ခတ္ၿခိမ္းေျခာက္တာေတြလည္း ရွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လုံခြုံရေးစိုးရိမ်ချက်ကြောင့် လှိုင်သာယာဒေသခံတချို့နယ်မြေ စွန့်ခွာ

စစ်တပ်နဲ့ ရဲပါဝင်တဲ့ လက်နက်ကိုင်တွေဘက်က အကြမ်းဖက်ပစ်ခတ်တာတွေကြောင့် လှိုင်သာယာမြို့နယ်တွင်းမှာ နယ်မြေစွန့်ခွာ ထွက်ပြေးရသူတွေ တိုးလာနေပါတယ်။ ဆေးရုံအနီးနား တပ်စွဲထားတာတွေကြောင့်လည်း အရေးပေါ်လူနာတွေကလွဲလို့ လူနာတချို့ကို ရက်မပြည့်ဘဲ အိမ်ပြန်လွှတ်ရတဲ့ အခြေအနေမှာ ရှိနေတာပါ။ ရန်ကုန်က ရရှိတဲ့သတင်းကိုမဆုမွန်က ပြောပြပေးပါမယ်။

စစ်အာဏာရှင်စနစ် ကျဆုံးရေး ဆန့်ကျင်ဆန္ဒပြသူတွေကို လက်နက်ကိုင်တွေ အကြမ်းဖက်နေကြပေမဲ့ ဆန္ဒပြပွဲတွေကတော့ နိုင်ငံအနှံ့မှာ ပုံစံမျိုးစုံနဲ့ ဆက်ရှိနေဆဲပါ။ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ ရက်ပေါင်း ၄၅ ရက်ကြာခဲ့တဲ့ အချိန်ကာလအတွင်း အကြမ်းဖက်ဖြိုခွဲ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေလည်း ရာနဲ့ချီရှိလာပါပြီ။

အခြေခံလူတန်းစားတွေနဲ့ အလုပ်သမားအင်အားစု အများဆုံးနေထိုင်ရာ လှိုင်သာယာမြို့နယ်တွင်းက သပိတ်တွေကို ပြီးခဲ့တဲ့ ရက်တွေတုန်းက အကြမ်းဖက်ဖြိုခွဲ ပစ်ခတ်တာတွေလုပ်ခဲ့ပြီး ဒီကနေ့မှာတော့ ဆန္ဒပြသပိတ်တွေ မရှိတော့ပေမဲ့ ပြည်သူတွေ ကာရံထားတဲ့ လုံခြုံရေးအကာအရံတွေကို လမ်းတလျှောက် ရှင်းလင်းတာတွေရှိခဲ့တယ်လို့ မျက်မြင်တွေ့သူတဦးက ဗွီအိုအေကိုပြောပါတယ်။

"လှိုင်သာယာဆေးရုံကနေ ရွှေလင်ပန်းအထိကို သူတို့နယ်မြေရှင်းလင်းရေးတွေ လိုက်လုပ်နေတယ်။ လမ်းပိတ်ထားတဲ့အဖွဲ့နဲ့ သူတို့စုစု၊ စုစုတွေ့လို့ရှိရင် မိုးပေါ်ထောင်ပစ်ပြီး လူစုခွဲပစ်တယ်။ မိုးပေါ်ထောင်ပစ်တော့ လူတွေကလည်း သေနတ်သံကြားတော့ ပြေးကြတာပေါ့။ အခု လှိုင်သာယာမှာ အရင်ကလို မဟုတ်တော့ဘူး၊ လုံးဝကို ရှင်းလင်းနေတာပဲ။ သူတို့တွေ မနေ့ကဆိုရင် ၃ ထိပ်၊ ၄ ထိပ်၊ ၅ ထိပ်၊ ၁ ထိပ် ... အဲဒီဝန်းကျင်မှာ သူတို့ရှင်းလင်းရေး အရင်လုပ်တယ်။ အခု သူတို့ပိတ်ထားတဲ့လမ်းတွေကို အေးအေးဆေးဆေး ဖွင့်လို့ရရင် သူတို့အေးအေးဆေးဆေးပဲ ဖွင့်သွားမယ်။ ပြည်သူဘက်က နည်းနည်းပါးပါး အုပ်စု၊ အုပ်စုနဲ့ အော်တာဟစ်တာလုပ်မယ်ဆိုရင်တော့ သူတို့ပစ်မယ် ... အဲဒီပုံစံပဲ။ ခုနက ၁၀၃ ဂိတ်နားမှာ ၁ ချက်၊ ၂ ချက် ပစ်တယ်။ ရှင်းလင်းရေးလုပ်တာ သူတို့ကား ဘက်ဖိုးနဲ့ လိုက်ကလော်တယ်။ အဲဒီလမ်းတွေ ရှင်းတယ်။ သူတို့တပ်တွေ ဘေးမှာရှိတယ်။ ပြည်သူတွေကလည်း ရပ်ကွက်ထဲမှာ ကျနော်တွေ့ရသလောက်တော့ ရှိကို မရှိတော့တာ။ အကုန်လုံး ဧရာဝတီတိုင်းဘက်က လူတွေကပြန်ကုန်ကြပြီဗျာ။ ရန်ကုန်က လူတွေလည်း စားစရာ သောက်စရာ ဝယ်ထားပြီးတော့ မထွက်ကြတော့ဘူး။"

ပြီးခဲ့တဲ့ တနင်္ဂနွေနဲ့ တနင်္လာနေ့တုန်းက လှိုင်သာယာက ဆန္ဒပြလူထုကို အကြမ်းဖက်ပစ်ခတ်တာတွေကြောင့် သေဆုံးသူ ၈၀ ထက်မနည်းရှိခဲ့တာပါ။ မနေ့ကညအထိ လူနေရပ်ကွက်တချို့မှာ လူငယ်တွေကို ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိခဲ့တဲ့အကြောင်းကိုလည်း ကိုယ်တိုင်ထွက်ပြေးတိမ်းရှောင်နေရသူ တဦးကပြောပါတယ်။

ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းလာတဲ့ လက်နက်ကိုင်တွေရဲ့ အခြေအနေကို ရှေ့တန်းကနေစောင့်ကြည့်နေတဲ့ သူတွေထဲ ကျည်ထိမှန်ပြီး သေဆုံးခဲ့ရသူတွေ ရှိသလို၊ ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ လက်ဖျံရိုးကို ကျည်ထိပြီး ထုတ်ချင်းပေါက် အရိုးကျိုးသွားလို့ ဆေးရုံတင်ကုသမှုခဲ့နေပြီး လုံခြုံရေးအခြေအနေကြောင့် ဆေးရုံတင်ရမယ့် ရက်မပြည့်သေးခင်မှာ ထွက်ပြေးတိမ်းရှောင်လာတဲ့ လူငယ်တဦးကလည်း ဒီကနေ့ လှိုင်သာယာဆေးရုံအခြေအနေကို ပြောပြလာပါတယ်။

"ဆေးရုံအပြင်ဘက်မှာ စခန်းချထားပြီးတော့ အဝင်ဝမှာ ယူနီဖောင်းအပြည့်အစုံနဲ့။ ဘုရားလမ်းဘက်က ဝင်ပေါက်ရှိတယ်လေ။ အဲဒီဘုရားလမ်းဘက်က ဆေးရုံဝင်ပေါက်မှာ သူတို့နေရာယူထားတာ။ အဲဒီမှာ ကျနော်လှမ်းကြည့်တာ တွေ့သလောက်တော့ ဆိုင်ကယ် ကယ်ရီသမားတွေကို ဒူးထောက်ပြီးတော့ လက်မြှောက်ခိုင်းထားတာ ထင်တယ် ... လှမ်းကြည့်လိုက်တာ တွေ့ရသလောက်တော့။ ကျနော်တို့ဆိုရင် တပတ်လောက်နေရမှာ။ ဒါပေမဲ့ ဆေးရုံကို ဝင်ဆွဲမယ်ဆိုတဲ့ သတင်းတွေကြားတော့ အရမ်းအရေးကြီးတဲ့ လူနာတွေလောက်ပဲ ဆေးရုံမှာ ရှိတော့တယ်။ ကျန်တဲ့လူတွေ အကုန်လုံးကို ပြန်လွှတ်လိုက်တာ။"

အကြမ်းဖက်ဖြိုခွဲ ခံရပြီးတဲ့နောက် နေရပ်စွန့်ခွာသူတွေ များလာသလို၊ ကိုယ့်ရဲ့နေအိမ်တွင်းမှာသာ နေထိုင်ပြီး လုံခြုံရေးစိုးရိမ် ပူပင်နေရသူတွေလည်း ရှိနေပါတယ်။ စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခံထားရတဲ့ လှိုင်သာယာမြို့နယ်မှာ ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားပြီး ညဉ့်သန်းခေါင်အိပ်ချိန်မှာ လူနေအိမ် မီးလောင်တာနဲ့ စက်ရုံမီးလောင်တဲ့ ဖြစ်စဉ်တွေလည်း ရှိနေတာပါ။ မီးလောင်ရတဲ့ အကြောင်းရင်းတွေကို သေချာမသိရသေးပေမဲ့ ပြည်သူတွေ အနားရောက်မလာဖို့အတွက် စစ်တပ်နဲ့ ရဲတွေဘက်က ပစ်ခတ်ခြိမ်းခြောက်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG