သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလးဆႏၵျပမႈ အၾကမ္းဖက္ၿဖိဳခြဲခံရ၊ သုံးဦးထက္မနည္း ေသဆုံး


မတ္လ ၁၆ ရက္ေန႔ ကေလးၿမိဳ႕ သပိတ္ စစ္ေၾကာင္းျမင္ကြင္း။ (မတ္ ၁၆၊ ၂၀၂၁)

[Zawgyi/Unicode]

ႏိုင္ငံတစ္ဝန္း စစ္အာဏာရွင္ ဆန႔္က်င္ေရးဆႏၵျပပြဲေတြကို လက္နက္ကိုင္တပ္ဖြဲ႕ေတြက အၾကမ္းဖက္ အင္အားသုံး ၿဖိဳခြဲေနေပမဲ့ ဆႏၵျပသူေတြကေတာ့ ဆက္လက္ခ်ီတက္ ဆႏၵျပေနၾကဆဲျဖစ္ပါတယ္။ ဒီကေန႔ ကေလးၿမိဳ႕က စစ္အာဏာသိမ္းမႈဆန႔္က်င္ေရး ဆႏၵျပသူေတြကို အၾကမ္းဖက္ၿဖိဳခြဲခဲ့တဲ့အတြက္ အနည္းဆုံး ၃ ဦး ေသဆုံးသြားခဲ့ပါတယ္။ အျပည့္အစုံကိုေတာ့ မဆုမြန္ က တင္ျပေပးပါမယ္။

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕မွာ ဒီကေန႔ေတာင္ဖီလာဘက္က စစ္ေၾကာင္းကို လက္နက္ကိုင္တပ္ဖြဲ႕ေတြက အၾကမ္းဖက္ ၿဖိဳခြင္းပစ္ခတ္မႈေၾကာင့္ ၃ ဦး ေသဆုံးၿပီး ဒဏ္ရာရသူေတြလည္းရွိခဲ့တယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္သူတဦးက ဗြီအိုေအကို ေျပာပါတယ္။

"ေတာင္ဖီလာဘက္က စစ္ေၾကာင္းကို သူတို႔က လာေရာက္ျဖိဳခြင္းေတာ့ ေက်ာင္းသားေတြပုန္းေတာ့ ေတာင္သာနဲ႔ ၿမိဳ႕လွ ေပါ့... အိမ္ထဲေတြမွာ ေက်ာင္းသားေတြ ပုန္းေတာ့ အိမ္ထဲေတြ ဝင္ရွာၿပီးေတာ့ ပစ္တယ္။ ဒီကေန႔ အ.ထ.က ၂ နားမွာ တေယာက္က်သြားၿပီ။ ကေလးၿမိဳ႕ အေနာက္ျခမ္းကို သူတို႔က စစ္တပ္စခန္းခ်လိုက္တယ္။ က်ေနာ္တို႔က ဒီဘက္ကေန အေရွ႕ဘက္မွာ ရွိတဲ့လူေတြက အထိုင္သပိတ္လုပ္တယ္။ ၿပီးေတာ့ ဆိုင္ကယ္ေတြနဲ႔ ပတ္ ၿပီးေတာ့ သပိတ္လုပ္တယ္။ တေယာက္ေသတယ္။ ၃ ေယာက္ အဖမ္းခံရတယ္။ ႏွစ္ေယာက္ေလာက္ထိတယ္လို႔ ၾကားတယ္ဗ်။ ဒီကေန႔ ကေလးၿမိဳ႕ တာဟန္းရပ္ကြက္ အ.ထ.က ၂ နားမွာ တစ္ေယာက္၊ ၿပီးရင္ ကေမာၻဇဘဏ္နားက ဘရနီ အလွျပင္ဆိုင္နားမွာ ႏွစ္ေယာက္ဗ်၊ စုစုေပါင္း ၃ ေယာက္ က်ဆုံးသြားပါၿပီဗ်။"

ဆႏၵျပသူေတြထဲက ဖမ္းဆီးခံရသူလည္း အနည္းဆုံး ၃ ေယာက္ေလာက္ရွိတယ္လုိ႔ ဆုိပါတယ္။

စစ္ကိုင္းတိုင္း ေကာလင္းၿမိဳ႕ရဲ႕ အေရွ႕ ၁၆ မိုင္ အကြာမွာရွိတဲ့ ခံသာေက်း႐ြာက တိုက္နယ္ရဲကင္းကို မေန႔က ျပည္သူေတြက ဝင္ေရာက္စီးနင္းခဲ့ပါတယ္။ အဲ့ဒီရဲကင္းစခန္း ဝင္စီးခံရၿပီးေနာက္မွာ တပ္က အဲ့ဒီေနရာမွာ တပ္စြဲထားၿပီး ဒီေန႔ ေကာလင္းမွာ ဆႏၵျပအုပ္စုေတြကို လက္နက္ကိုင္ေတြက တားဆီး ၿဖိဳခြဲတာေတြ မလုပ္ခဲ့ဘူးလို႔ အဲ့ဒီၿမိဳ႕က ေဒသခံတစ္ဦးက ေျပာျပပါတယ္။

“မေန႔က ညေနက ရဲကင္းေလ... ေကာလင္းၿမိဳ႕ရဲ႕ အေရွ႕ ၁၆ မိုင္မွာ ရွိတဲ့ ခံသာဆိုတဲ့ ေက်းရြာရွိတယ္။ ခံသာေက်းရြာတိုက္နယ္ ရဲကင္းေလးကို ျပည္သူေတြက သြားဝိုင္းတာေပါ့။ သြားဝိုင္းၿပီးေတာ့ နည္းနည္းပါးပါး လူအုပ္နဲ႔ဆိုေတာ့ အထဲမွာ အပ်က္အစီးတခ်ိဳ႕လည္းရွိတယ္။ အဲ့ဒါကို မေန႔ညကတည္းက အဲ့ဒီမွာ လူစုခြဲလိုက္ၾကတယ္။ ႐ြာခံေတြက ထိန္းၿပီးေတာ့ေလ... မီးေတြ ဘာေတြ ရႈိ႕မွာစိုးလို႔။ ရဲေတြက ေရွာင္သြားတယ္။ လူစုခြဲလိုက္တာေပါ့။ ညေနဘက္က်ေတာ့ ေ႐ႊဘိုဘက္က တပ္က တက္လာၿပီးေတာ့ တပ္က အဲ့ဒီမွာပဲ တပ္စြဲထားတာေပါ့။ ထိပ္တိုက္ေတြ႔သလို ျဖစ္ၿပီးေတာ့မွာ နည္းနည္း ပစ္တာေတြဘာေတြရွိတယ္ေလ။ ၿမိဳ႕ထဲလိုက္ၿပီး ေျခာက္လန္႔ပစ္တာေတြရွိတယ္။ ညပိုင္းနဲ႔ ဒီေနာက္ပိုင္း ခုမနက္က်ေတာ့ မရွိေတာ့ဘူး အဲဒါမ်ိဳးေတြေလ။ ေဈးေတြ၊ ဘာေတြကလည္း အကုန္ပိတ္ထားၾက၊ ဆိုင္ေတြေရာ၊ ေဈးေတြေရာ အကုန္ပိတ္ထားၾကတယ္။ ဆႏၵျပတာက ဟိုဘက္ရပ္ကြက္တစ္စု၊ ဒီဘက္ရပ္ကြက္တစ္စု အဲ့ဒီလို ေပ်ာက္ၾကားနည္းနဲ႔ ျပၾကတယ္။ ဒီေန႔ကေတာ့ ပစ္ခတ္ၿဖိဳခြဲတာမရွိဘူး။ သူတို႔က အျပင္ကို လုံးဝထြက္မလာဘူး၊ ဒီေန႔ကေတာ့ လမ္းေတြေပၚေတာင္ထြက္မလာဘူး။ သူတို႔ ရဲစခန္းမွာပဲ တပ္စြဲထားတာေပါ့။”

မုံ႐ြာမွာလည္း ဒီကေန႔ လွည့္လည္ဆႏၵျပတာေတြလုပ္ခဲ့ၿပီး သပိတ္ေခါင္းေဆာင္ေတြက ေဟာေျပာမႈေတြ လုပ္ခဲ့ပါတယ္။ မႏၲေလးၿမိဳ႕မွာလည္း ဆႏၵျပမႈေတြက ဆက္ရွိေနပါတယ္။ ျပင္ဦးလြင္ၿမိဳ႕မွာေတာ့ ဒီမနက္မွာ အာ႐ုံဦးသပိတ္ျပဳလုပ္ ဆႏၵျပခဲ့ၾကပါတယ္။

ရွမ္းျပည္နယ္ လားရႈိးမွာ ဒီကေန႔ မနက္ပိုင္းကတည္းက ဆႏၵျပအုပ္စုေတြကို ၿဖိဳခြဲမႈေတြရွိသလို ရဟတ္ယာဥ္ေတြနဲ႔ ပ်ံဝဲေစာင့္ၾကည့္ေနတာမ်ိဳးေတြပါ ရွိေနတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

“ဒီမွာ ဒီမနက္ ၉ နာရီေလာက္မွာ ထြက္ဖို႔လုပ္ၾကေတာ့ ၿဖိဳတယ္ေပါ့ေနာ္။ ၿဖိဳၿပီးေတာ့မွ ဒီဘက္မွာက ထူးျခားတာက သူတို႔က ေလယာဥ္ေတြနဲ႔ ပတ္တယ္။ ေလယာဥ္နဲ႔ ဘာလုပ္ဖို႔လည္းေတာ့ မသိဘူး။ ရဲေတြကလည္း လိုက္ေတာ့ဖမ္းေနတယ္။ ဒါေပမဲ့ ဒီေန႔ေတာ့ဖမ္းမိတဲ့ သတင္းေတာ့ မၾကားေသးဘူး။ ေလယာဥ္ေတြနဲ႔ ပတ္တာေတာ့ ၃၊ ၄၊ ၅ ခါ သူတို႔ပတ္တယ္။ ဘာလုပ္ဖို႔လည္းေတာ့ က်မလည္း မသိဘူး။ ၃ စီးေတြ႕တယ္။ လမ္းထိပ္ဘက္မွာေတာ့ လူငယ္ေတြကေတာ့ တတ္ႏိုင္တဲ့နည္းလမ္းကေန သပိတ္ေမွာက္ၾကတာေပါ့ေလ။ ဒါေပမဲ့ ကိုယ္ေတာင္ မေရာက္ေသးဘူး... ရဲေတြ ေရာက္ေနတယ္။ ဆိုေတာ့ ဒလန္ေတြတအားေပါတယ္ေလ။”

လက္နက္ကိုင္တပ္ဖြဲ႕ေတြရဲ႕ အၾကမ္းဖက္ၿဖိဳခြဲမႈေတြကို ေရွာင္ႏိုင္ဖို႔အတြက္ ဆႏၵျပသူေတြက မနက္အာ႐ုံတက္ခ်ိန္ေတြႏွင့္ ညဘက္ေတြမွာ ထိုင္သပိတ္ ဆႏၵျပၾကတာေတြလုပ္ၾကတဲ့အျပင္ ေႂကြးေၾကာ္သံေတြကို လမ္းမေပၚမွာ ခ်ထားတဲ့ လူမဲ့သပိတ္ေတြ၊ က်ဆုံးသြားတဲ့ သူရဲေကာင္းေတြအတြက္ လုပ္ေပးၾကတဲ့ ဝိဉာဥ္သပိတ္စတဲ့ နည္းလမ္းမ်ိဳးစုံနဲ႔ စစ္အာဏာရွင္ကို ကန႔္ကြက္ ဆန႔္က်င္ေၾကာင္း ေဖာ္ထုတ္ျပသေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကလေးဆန္ဒပြမှု အကြမ်းဖက်ဖြိုခွဲခံရ၊ သုံးဦးထက်မနည်း သေဆုံး

နိုင်ငံတစ်ဝန်း စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် အင်အားသုံး ဖြိုခွဲနေပေမဲ့ ဆန္ဒပြသူတွေကတော့ ဆက်လက်ချီတက် ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။ ဒီကနေ့ ကလေးမြို့က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အတွက် အနည်းဆုံး ၃ ဦး သေဆုံးသွားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန် က တင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဒီကနေ့တောင်ဖီလာဘက်က စစ်ကြောင်းကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွင်းပစ်ခတ်မှုကြောင့် ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

"တောင်ဖီလာဘက်က စစ်ကြောင်းကို သူတို့က လာရောက်ဖြိုခွင်းတော့ ကျောင်းသားတွေပုန်းတော့ တောင်သာနဲ့ မြို့လှ ပေါ့... အိမ်ထဲတွေမှာ ကျောင်းသားတွေ ပုန်းတော့ အိမ်ထဲတွေ ဝင်ရှာပြီးတော့ ပစ်တယ်။ ဒီကနေ့ အ.ထ.က ၂ နားမှာ တယောက်ကျသွားပြီ။ ကလေးမြို့ အနောက်ခြမ်းကို သူတို့က စစ်တပ်စခန်းချလိုက်တယ်။ ကျနော်တို့က ဒီဘက်ကနေ အရှေ့ဘက်မှာ ရှိတဲ့လူတွေက အထိုင်သပိတ်လုပ်တယ်။ ပြီးတော့ ဆိုင်ကယ်တွေနဲ့ ပတ် ပြီးတော့ သပိတ်လုပ်တယ်။ တယောက်သေတယ်။ ၃ ယောက် အဖမ်းခံရတယ်။ နှစ်ယောက်လောက်ထိတယ်လို့ ကြားတယ်ဗျ။ ဒီကနေ့ ကလေးမြို့ တာဟန်းရပ်ကွက် အ.ထ.က ၂ နားမှာ တစ်ယောက်၊ ပြီးရင် ကမ္ဘောဇဘဏ်နားက ဘရနီ အလှပြင်ဆိုင်နားမှာ နှစ်ယောက်ဗျ၊ စုစုပေါင်း ၃ ယောက် ကျဆုံးသွားပါပြီဗျ။"

ဆန္ဒပြသူတွေထဲက ဖမ်းဆီးခံရသူလည်း အနည်းဆုံး ၃ ယောက်လောက်ရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ကောလင်းမြို့ရဲ့ အရှေ့ ၁၆ မိုင် အကွာမှာရှိတဲ့ ခံသာကျေးရွာက တိုက်နယ်ရဲကင်းကို မနေ့က ပြည်သူတွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲ့ဒီရဲကင်းစခန်း ဝင်စီးခံရပြီးနောက်မှာ တပ်က အဲ့ဒီနေရာမှာ တပ်စွဲထားပြီး ဒီနေ့ ကောလင်းမှာ ဆန္ဒပြအုပ်စုတွေကို လက်နက်ကိုင်တွေက တားဆီး ဖြိုခွဲတာတွေ မလုပ်ခဲ့ဘူးလို့ အဲ့ဒီမြို့က ဒေသခံတစ်ဦးက ပြောပြပါတယ်။

“မနေ့က ညနေက ရဲကင်းလေ... ကောလင်းမြို့ရဲ့ အရှေ့ ၁၆ မိုင်မှာ ရှိတဲ့ ခံသာဆိုတဲ့ ကျေးရွာရှိတယ်။ ခံသာကျေးရွာတိုက်နယ် ရဲကင်းလေးကို ပြည်သူတွေက သွားဝိုင်းတာပေါ့။ သွားဝိုင်းပြီးတော့ နည်းနည်းပါးပါး လူအုပ်နဲ့ဆိုတော့ အထဲမှာ အပျက်အစီးတချို့လည်းရှိတယ်။ အဲ့ဒါကို မနေ့ညကတည်းက အဲ့ဒီမှာ လူစုခွဲလိုက်ကြတယ်။ ရွာခံတွေက ထိန်းပြီးတော့လေ... မီးတွေ ဘာတွေ ရှို့မှာစိုးလို့။ ရဲတွေက ရှောင်သွားတယ်။ လူစုခွဲလိုက်တာပေါ့။ ညနေဘက်ကျတော့ ရွှေဘိုဘက်က တပ်က တက်လာပြီးတော့ တပ်က အဲ့ဒီမှာပဲ တပ်စွဲထားတာပေါ့။ ထိပ်တိုက်တွေ့သလို ဖြစ်ပြီးတော့မှာ နည်းနည်း ပစ်တာတွေဘာတွေရှိတယ်လေ။ မြို့ထဲလိုက်ပြီး ခြောက်လန့်ပစ်တာတွေရှိတယ်။ ညပိုင်းနဲ့ ဒီနောက်ပိုင်း ခုမနက်ကျတော့ မရှိတော့ဘူး အဲဒါမျိုးတွေလေ။ ဈေးတွေ၊ ဘာတွေကလည်း အကုန်ပိတ်ထားကြ၊ ဆိုင်တွေရော၊ ဈေးတွေရော အကုန်ပိတ်ထားကြတယ်။ ဆန္ဒပြတာက ဟိုဘက်ရပ်ကွက်တစ်စု၊ ဒီဘက်ရပ်ကွက်တစ်စု အဲ့ဒီလို ပျောက်ကြားနည်းနဲ့ ပြကြတယ်။ ဒီနေ့ကတော့ ပစ်ခတ်ဖြိုခွဲတာမရှိဘူး။ သူတို့က အပြင်ကို လုံးဝထွက်မလာဘူး၊ ဒီနေ့ကတော့ လမ်းတွေပေါ်တောင်ထွက်မလာဘူး။ သူတို့ ရဲစခန်းမှာပဲ တပ်စွဲထားတာပေါ့။”

မုံရွာမှာလည်း ဒီကနေ့ လှည့်လည်ဆန္ဒပြတာတွေလုပ်ခဲ့ပြီး သပိတ်ခေါင်းဆောင်တွေက ဟောပြောမှုတွေ လုပ်ခဲ့ပါတယ်။ မန္တလေးမြို့မှာလည်း ဆန္ဒပြမှုတွေက ဆက်ရှိနေပါတယ်။ ပြင်ဦးလွင်မြို့မှာတော့ ဒီမနက်မှာ အာရုံဦးသပိတ်ပြုလုပ် ဆန္ဒပြခဲ့ကြပါတယ်။

ရှမ်းပြည်နယ် လားရှိုးမှာ ဒီကနေ့ မနက်ပိုင်းကတည်းက ဆန္ဒပြအုပ်စုတွေကို ဖြိုခွဲမှုတွေရှိသလို ရဟတ်ယာဉ်တွေနဲ့ ပျံဝဲစောင့်ကြည့်နေတာမျိုးတွေပါ ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီမှာ ဒီမနက် ၉ နာရီလောက်မှာ ထွက်ဖို့လုပ်ကြတော့ ဖြိုတယ်ပေါ့နော်။ ဖြိုပြီးတော့မှ ဒီဘက်မှာက ထူးခြားတာက သူတို့က လေယာဉ်တွေနဲ့ ပတ်တယ်။ လေယာဉ်နဲ့ ဘာလုပ်ဖို့လည်းတော့ မသိဘူး။ ရဲတွေကလည်း လိုက်တော့ဖမ်းနေတယ်။ ဒါပေမဲ့ ဒီနေ့တော့ဖမ်းမိတဲ့ သတင်းတော့ မကြားသေးဘူး။ လေယာဉ်တွေနဲ့ ပတ်တာတော့ ၃၊ ၄၊ ၅ ခါ သူတို့ပတ်တယ်။ ဘာလုပ်ဖို့လည်းတော့ ကျမလည်း မသိဘူး။ ၃ စီးတွေ့တယ်။ လမ်းထိပ်ဘက်မှာတော့ လူငယ်တွေကတော့ တတ်နိုင်တဲ့နည်းလမ်းကနေ သပိတ်မှောက်ကြတာပေါ့လေ။ ဒါပေမဲ့ ကိုယ်တောင် မရောက်သေးဘူး... ရဲတွေ ရောက်နေတယ်။ ဆိုတော့ ဒလန်တွေတအားပေါတယ်လေ။”

လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေကို ရှောင်နိုင်ဖို့အတွက် ဆန္ဒပြသူတွေက မနက်အာရုံတက်ချိန်တွေနှင့် ညဘက်တွေမှာ ထိုင်သပိတ် ဆန္ဒပြကြတာတွေလုပ်ကြတဲ့အပြင် ကြွေးကြော်သံတွေကို လမ်းမပေါ်မှာ ချထားတဲ့ လူမဲ့သပိတ်တွေ၊ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် လုပ်ပေးကြတဲ့ ဝိဉာဉ်သပိတ်စတဲ့ နည်းလမ်းမျိုးစုံနဲ့ စစ်အာဏာရှင်ကို ကန့်ကွက် ဆန့်ကျင်ကြောင်း ဖော်ထုတ်ပြသနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG