သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အုပ္ခ်ဳပ္ေရးအေျခအေနေၾကာင့္ ေသဆံုးသူေတြ နာေရးခက္ခဲ


မတ္လ ၁၄ ရက္ေန႔က ဆႏၵျပပဲြအတြင္း က်ဆုံးခဲ့ရသူတဦးရဲ႕ ႐ုပ္အေလာင္းေတြကို သကၤန္းကြၽန္း စံျပေဆး႐ုံမွာ ေဆြမ်ိဳးေတာ္စပ္သူေတြ လာေရာက္သယ္ေဆာင္တဲ့ျမင္ကြင္း။ (ဓာတ္ပံု - ဟိန္းေအာင္၊ ဖိုတိုဒါန - မတ္ ၁၆၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္အုပ္ခ်ဳပ္ေရးေၾကညာထားတဲ့ ေနရာေတြမွာ က်ဆုံးသူေတြကို သၿဂိၤဳလ္ဖို႔နဲ႔ လူမႈကယ္ဆယ္ေရး လုပ္သူေတြ အၾကပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။ ဒီအေၾကာင္းကိုေတာ့ဗြီအိုေအသတင္းေထာက္ မဆုမြန္ တင္ျပေပးပါမယ္။

စစ္အုပ္ခ်ဳပ္ေရးေကာင္စီက လႈိင္သာယာၿမိဳ႕နယ္အပါအဝင္ ရန္ကုန္တိုင္းထဲက ၿမိဳ႕နယ္တခ်ိဳ႕ကို စစ္အုပ္ခ်ဳပ္ေရးအျဖစ္ ေၾကညာထားပါတယ္။ မတ္လ ၁၄ ရက္ေန႔နဲ႔ ၁၅ ရက္ေန႔က လႈိင္သာယာအပါအဝင္ ၿမိဳ႕နယ္တခ်ိဳ႕မွာ စစ္အုပ္ခ်ဳပ္ေရးစနစ္ အလိုမရွိေၾကာင္း ဆႏၵေဖာ္ေနတဲ့ျပည္သူေတြကို စစ္တပ္နဲ႔ ရဲက အၾကမ္းဖက္ၿဖိဳခြင္း ပစ္ခတ္မႈေတြေၾကာင့္ လူ ၅၀ ထက္မနည္း ေသဆုံးခဲ့ၿပီး လူရာနဲ႔ခ်ီ ဒဏ္ရာရခဲ့ပါတယ္။

စစ္အုပ္ခ်ဳပ္ေရးေၾကျငာထားခံရတဲ့ လႈိင္သာယာမွာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္က ဆႏၵေဖာ္ထုတ္မႈေတြကို အရွိန္ျမင့္ၿဖိဳခြဲမႈေတြ ရွိေနသလို ေန႔၊ ည ပစ္ခတ္မႈေတြ ရွိေနတာေၾကာင့္ဘယ္အခ်ိန္ ေသနတ္မွန္မလဲဆိုတာ ေၾကာက္ေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္အုပ္ခ်ဳပ္ေရးေၾကျငာထားတဲ့ အခ်ိန္ျဖစ္ေနတာေၾကာင့္ တေနရာနဲ႔ တေနရာ လမ္းပန္းသြားလာရခက္ခဲေနတာေတြ ရွိေနသလို ထိခိုက္ဒဏ္ရာရသူေတြကို ကူညီကယ္ဆယ္ေပးဖို႔ ဝင္ခြင့္မေပးတာေတြ ရွိေနလို႔ ကူညီကယ္ဆယ္ေရးပိုင္းမွာ ခက္ခဲေနတယ္လို႔ လူမႈကယ္ဆယ္ေရးအဖြဲ႕ဝင္တဦးကေျပာပါတယ္။

"သူတို႔ေတြက ရပ္ကြက္ထဲမွာကို ေတာနင္းၿပီး ပစ္တာ။ ေျပာရရင္သူတို႔လမ္းေၾကာင္းတေလွ်ာက္ ပိတ္ဆို႔ထားတာေတြ ရွင္းတဲ့အခါက်ရင္ စစ္တပ္က မဲမဲျမင္တာ အကုန္ပစ္သြားတာ။ အကုန္ရမ္းသမ္းပစ္ေတာ့ ညကဆို လမ္းထဲေနတဲ့သူရပ္ကြက္ေနတဲ့သူေတြကို မဲမဲျမင္ရာပစ္ေတာ့ ရပ္ေနတဲ့သူေတြေရာ၊ အိမ္ေရွ႕ကိုယ္ ထိုင္ေနတဲ့သူေတြေရာ အကုန္ထိတယ္ဗ်။ ထိကုန္လို႔ ညကေဆး႐ုံကို အသဲအသန္ပို႔ရတယ္။ လက္ရွိအေျခအေနက ဘာအေျခအေနျဖစ္လဲဆိုေတာ့ ည ၇ နာရီေက်ာ္တာနဲ႔ မပစ္ဖို႔ ေျပာထားတာေပါ့ဗ်ာ။ လမ္းေပၚထြက္လို႔ ထိတယ္ဆို က်ေနာ္တို႔မွာ ညပိုင္း တကယ္လို႔ ျဖစ္ေပၚလာလို႔ရွိရင္ ဒါေတြကို ပို႔ေပးဖို႔ အေရးကို ေၾကာင္က်ိဳးေၾကာင္ ၾကားကေန သြားရတာေပါ့၊ မီးေတြမွိတ္၊ သုံးဘီးေတြနဲ႔ အဲ့လို႔ သြားရတာေပါ့။"

ေနာက္ထပ္အခက္အခဲ ႀကဳံေနရတဲ့ေနရာကေတာ့ ေ႐ႊျပည္သာၿမိဳ႕နယ္မွာပါ။ ေ႐ႊျပည္သာၿမိဳ႕နယ္ကိုလည္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္က စစ္အုပ္ခ်ဳပ္ေရးအျဖစ္ ေၾကျငာထားပါတယ္။ လတ္တေလာမွာေတာ့ ၿပီးခဲ့တဲ့ ရက္ပိုင္း ၿဖိဳခြင္းမႈေတြေၾကာင့္ က်ဆုံးသူေတြမွာ သၿဂိၤဳလ္ဖို႔မွာ လူစုလူေဝး ျပဳလုပ္ခြင့္မေပးတာနဲ႔ အခုခ်ိန္ထိ ေသဆုံးသူ႐ုပ္အေလာင္းေတြ ကိုထုတ္မေပးေသးတာေၾကာင့္ သၿဂိၤဳလ္ဖို႔ အခက္အခဲေတြ ႀကဳံေနရတယ္လို႔ ေ႐ႊျပည္သာ အၾကမ္းဖက္ၿဖိဳခြဲမႈမွာ က်ဆုံးသြားရသူ ဦးၿဖိဳးေဇာ္လင္းရဲ႕ ဇနီးက ဗြီအိုေအကို ေျပာပါတယ္။

"အခုက ဘယ္လိုျဖစ္ေနသလဲဆိုေတာ့ သူတို႔လုပ္ေပးတဲ့အတိုင္းေတြပဲ လိုက္ၿပီးေတာ့ စီမံတဲ့အတိုင္း နာခံၿပီး လုပ္ေနရတယ္။ ကိုယ့္သေဘာနဲ႔ကို ဘာတခုမွ လုပ္လို႔မရဘူး။ အခု ဖိတ္စာေတြလည္း ဘာမွမစီစဥ္ရေသးဘူး။ ဖိတ္စာေတြဘာေတြလဲ မလုပ္ႏိုင္ဘူး။ လက္ထဲ လည္း ေငြမရွိေတာ့ ဘာမွမလုပ္ႏိုင္ဘူး။ ခုကလည္းလူေတြက ဒီေန႔တၿပိဳင္နက္ခ်ရမယ္။ သူတို႔က အဲဒီလို အေအးခန္းမထားတတ္ဘူးတဲ့။ က်မတို႔မွား အားခ်င္းေတြလုပ္ေနရတယ္။ ဒီေန႔ ၃ ရက္ျပည့္တဲ့ ေန႔မွာ အေလာင္းက အခုခ်ိန္ထိအျပင္ထြက္မလာေသးဘူး။ အခုအဲဒါေစာင့္ေနရတာ။ ခ်က္ခ်င္းစီစဥ္စရာေတြက ဘယ္လိုမွ စီစဥ္လို႔မရဘူး။ သူတို႔ကို အေၾကာင္းျပခ်က္သြားလည္း မေပးရဲဘူး။ အမွန္တိုင္းေျပာတာ ကိုယ္လဲေၾကာက္တယ္။ ရင္က်ိဳးမရျဖစ္ရတာေပါ့ေနာ္။ သူ႔လုပ္စာကို ထိုင္ၿပီးစားေနရတဲ့ မိန္းမတေယာက္ရဲ႕ ခံစားခ်က္အေနနဲ႔ ေျပာရရင္ေတာ့ ရင္ထုမနာျဖစ္တယ္။"

လႈိင္သာယာဘက္မွာလည္း ေသဆုံးသြားရတဲ့ မိသားစုဝင္ေတြရဲ႕ ေျပာဆိုခ်က္အရ ပစ္ခတ္မႈ ေၾကာင့္ လူ ၇၆ ေယာက္ေသဆုံးခဲ့ၿပီး ဒီေန႔ မတ္လ ၁၆ ရက္ေန႔မွာေတာ့ လူ ၄၀ ေက်ာ္ကို ထိန္ပင္သုႆန္မွာ သၿဂႋဳလ္ဖို႔ ရွိပါတယ္။ စစ္အုပ္ခ်ဳပ္ေရးေၾကျငာထားတာေၾကာင့္ ေသဆုံးရင္ လုပ္ေဆာင္ေလ့ရွိတဲ့ ႐ိုးရာဓေလ့ ထုံးတမ္းေတြလုပ္ေဆာင္ခြင့္မရဘဲ ေသဆုံးသူေတြကို သၿဂိၤဳလ္ေနရတယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

မႏၲေလးၿမိဳ႕မွာေတာ့ သပိတ္စစ္ေၾကာင္းတခုမွာၿဖိဳခြင္းခံရခ်ိန္မွာ က်ဆုံးခဲ့တဲ့ ကိုႏိုင္မင္းကို ရဲ႕ ႐ုပ္အေလာင္းထုတ္ယူခြင့္မေပးလို႔ မိသားစုက သၿဂႋဳလ္ခြင့္မရလိုက္ဘဲ ရက္လည္ဆြမ္းသြပ္ခဲ့ရတာ ရွိခဲ့သလို အသက္ ၁၉ ႏွစ္အ႐ြယ္ ေမာင္လင္းထက္ဆိုသူ တဦးမွာလည္း ေသဆုံးခဲ့ၿပီး ႐ုပ္အေလာင္းထုတ္မေပးတာေၾကာင့္ မိသားစုက ႐ုပ္အေလာင္းမပါဘဲ သၿဂိၤဳလ္ခဲ့ ရတာေတြ ရွိခဲ့ပါတယ္။

စစ္အုပ္ခ်ဳပ္ေရးေကာင္စီက အရပ္သားအစိုးရဆီက အာဏာသိမ္းတာ အခုဆိုရင္ ရက္ေပါင္း ၄၄ ရက္ရွိေနၿပီျဖစ္ၿပီး ဆႏၵျပသူေတြကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲဖမ္းဆီးတာ ေတြေၾကာင့္ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ ေသဆုံးသူ ၂၀၀ ေလာက္ ရွိေနၿပီး ထိခိုက္ဒဏ္ရာသူ၊ ဖမ္းဆီးထိန္းသိမ္းခံရသူကေတာ့ ေထာင္နဲ႔ ခ်ီၿပီး အမ်ားအျပား ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အုပ်ချုပ်ရေးအခြေအနေကြောင့် သေဆုံးသူတွေ နာရေးခက်ခဲ

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ နေရာတွေမှာ ကျဆုံးသူတွေကို သဂြိၤုလ်ဖို့နဲ့ လူမှုကယ်ဆယ်ရေး လုပ်သူတွေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီအကြောင်းကိုတော့ဗွီအိုအေသတင်းထောက် မဆုမွန် တင်ပြပေးပါမယ်။

စစ်အုပ်ချုပ်ရေးကောင်စီက လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်တိုင်းထဲက မြို့နယ်တချို့ကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားပါတယ်။ မတ်လ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့က လှိုင်သာယာအပါအဝင် မြို့နယ်တချို့မှာ စစ်အုပ်ချုပ်ရေးစနစ် အလိုမရှိကြောင်း ဆန္ဒဖော်နေတဲ့ပြည်သူတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက်ဖြိုခွင်း ပစ်ခတ်မှုတွေကြောင့် လူ ၅၀ ထက်မနည်း သေဆုံးခဲ့ပြီး လူရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကြေငြာထားခံရတဲ့ လှိုင်သာယာမှာ စစ်အုပ်ချုပ်ရေးကောင်စီဘက်က ဆန္ဒဖော်ထုတ်မှုတွေကို အရှိန်မြင့်ဖြိုခွဲမှုတွေ ရှိနေသလို နေ့၊ ည ပစ်ခတ်မှုတွေ ရှိနေတာကြောင့်ဘယ်အချိန် သေနတ်မှန်မလဲဆိုတာ ကြောက်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ အချိန်ဖြစ်နေတာကြောင့် တနေရာနဲ့ တနေရာ လမ်းပန်းသွားလာရခက်ခဲနေတာတွေ ရှိနေသလို ထိခိုက်ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ပေးဖို့ ဝင်ခွင့်မပေးတာတွေ ရှိနေလို့ ကူညီကယ်ဆယ်ရေးပိုင်းမှာ ခက်ခဲနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

"သူတို့တွေက ရပ်ကွက်ထဲမှာကို တောနင်းပြီး ပစ်တာ။ ပြောရရင်သူတို့လမ်းကြောင်းတလျှောက် ပိတ်ဆို့ထားတာတွေ ရှင်းတဲ့အခါကျရင် စစ်တပ်က မဲမဲမြင်တာ အကုန်ပစ်သွားတာ။ အကုန်ရမ်းသမ်းပစ်တော့ ညကဆို လမ်းထဲနေတဲ့သူရပ်ကွက်နေတဲ့သူတွေကို မဲမဲမြင်ရာပစ်တော့ ရပ်နေတဲ့သူတွေရော၊ အိမ်ရှေ့ကိုယ် ထိုင်နေတဲ့သူတွေရော အကုန်ထိတယ်ဗျ။ ထိကုန်လို့ ညကဆေးရုံကို အသဲအသန်ပို့ရတယ်။ လက်ရှိအခြေအနေက ဘာအခြေအနေဖြစ်လဲဆိုတော့ ည ၇ နာရီကျော်တာနဲ့ မပစ်ဖို့ ပြောထားတာပေါ့ဗျာ။ လမ်းပေါ်ထွက်လို့ ထိတယ်ဆို ကျနော်တို့မှာ ညပိုင်း တကယ်လို့ ဖြစ်ပေါ်လာလို့ရှိရင် ဒါတွေကို ပို့ပေးဖို့ အရေးကို ကြောင်ကျိုးကြောင် ကြားကနေ သွားရတာပေါ့၊ မီးတွေမှိတ်၊ သုံးဘီးတွေနဲ့ အဲ့လို့ သွားရတာပေါ့။"

နောက်ထပ်အခက်အခဲ ကြုံနေရတဲ့နေရာကတော့ ရွှေပြည်သာမြို့နယ်မှာပါ။ ရွှေပြည်သာမြို့နယ်ကိုလည်း စစ်အုပ်ချုပ်ရေးကောင်စီဘက်က စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာထားပါတယ်။ လတ်တလောမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်း ဖြိုခွင်းမှုတွေကြောင့် ကျဆုံးသူတွေမှာ သဂြိၤုလ်ဖို့မှာ လူစုလူဝေး ပြုလုပ်ခွင့်မပေးတာနဲ့ အခုချိန်ထိ သေဆုံးသူရုပ်အလောင်းတွေ ကိုထုတ်မပေးသေးတာကြောင့် သဂြိၤုလ်ဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ ရွှေပြည်သာ အကြမ်းဖက်ဖြိုခွဲမှုမှာ ကျဆုံးသွားရသူ ဦးဖြိုးဇော်လင်းရဲ့ ဇနီးက ဗွီအိုအေကို ပြောပါတယ်။

"အခုက ဘယ်လိုဖြစ်နေသလဲဆိုတော့ သူတို့လုပ်ပေးတဲ့အတိုင်းတွေပဲ လိုက်ပြီးတော့ စီမံတဲ့အတိုင်း နာခံပြီး လုပ်နေရတယ်။ ကိုယ့်သဘောနဲ့ကို ဘာတခုမှ လုပ်လို့မရဘူး။ အခု ဖိတ်စာတွေလည်း ဘာမှမစီစဉ်ရသေးဘူး။ ဖိတ်စာတွေဘာတွေလဲ မလုပ်နိုင်ဘူး။ လက်ထဲ လည်း ငွေမရှိတော့ ဘာမှမလုပ်နိုင်ဘူး။ ခုကလည်းလူတွေက ဒီနေ့တပြိုင်နက်ချရမယ်။ သူတို့က အဲဒီလို အအေးခန်းမထားတတ်ဘူးတဲ့။ ကျမတို့မှား အားချင်းတွေလုပ်နေရတယ်။ ဒီနေ့ ၃ ရက်ပြည့်တဲ့ နေ့မှာ အလောင်းက အခုချိန်ထိအပြင်ထွက်မလာသေးဘူး။ အခုအဲဒါစောင့်နေရတာ။ ချက်ချင်းစီစဉ်စရာတွေက ဘယ်လိုမှ စီစဉ်လို့မရဘူး။ သူတို့ကို အကြောင်းပြချက်သွားလည်း မပေးရဲဘူး။ အမှန်တိုင်းပြောတာ ကိုယ်လဲကြောက်တယ်။ ရင်ကျိုးမရဖြစ်ရတာပေါ့နော်။ သူ့လုပ်စာကို ထိုင်ပြီးစားနေရတဲ့ မိန်းမတယောက်ရဲ့ ခံစားချက်အနေနဲ့ ပြောရရင်တော့ ရင်ထုမနာဖြစ်တယ်။"

လှိုင်သာယာဘက်မှာလည်း သေဆုံးသွားရတဲ့ မိသားစုဝင်တွေရဲ့ ပြောဆိုချက်အရ ပစ်ခတ်မှု ကြောင့် လူ ၇၆ ယောက်သေဆုံးခဲ့ပြီး ဒီနေ့ မတ်လ ၁၆ ရက်နေ့မှာတော့ လူ ၄၀ ကျော်ကို ထိန်ပင်သုဿန်မှာ သင်္ဂြိုလ်ဖို့ ရှိပါတယ်။ စစ်အုပ်ချုပ်ရေးကြေငြာထားတာကြောင့် သေဆုံးရင် လုပ်ဆောင်လေ့ရှိတဲ့ ရိုးရာဓလေ့ ထုံးတမ်းတွေလုပ်ဆောင်ခွင့်မရဘဲ သေဆုံးသူတွေကို သဂြိၤုလ်နေရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မန္တလေးမြို့မှာတော့ သပိတ်စစ်ကြောင်းတခုမှာဖြိုခွင်းခံရချိန်မှာ ကျဆုံးခဲ့တဲ့ ကိုနိုင်မင်းကို ရဲ့ ရုပ်အလောင်းထုတ်ယူခွင့်မပေးလို့ မိသားစုက သင်္ဂြိုလ်ခွင့်မရလိုက်ဘဲ ရက်လည်ဆွမ်းသွပ်ခဲ့ရတာ ရှိခဲ့သလို အသက် ၁၉ နှစ်အရွယ် မောင်လင်းထက်ဆိုသူ တဦးမှာလည်း သေဆုံးခဲ့ပြီး ရုပ်အလောင်းထုတ်မပေးတာကြောင့် မိသားစုက ရုပ်အလောင်းမပါဘဲ သဂြိၤုလ်ခဲ့ ရတာတွေ ရှိခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကောင်စီက အရပ်သားအစိုးရဆီက အာဏာသိမ်းတာ အခုဆိုရင် ရက်ပေါင်း ၄၄ ရက်ရှိနေပြီဖြစ်ပြီး ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲဖမ်းဆီးတာ တွေကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သေဆုံးသူ ၂၀၀ လောက် ရှိနေပြီး ထိခိုက်ဒဏ်ရာသူ၊ ဖမ်းဆီးထိန်းသိမ်းခံရသူကတော့ ထောင်နဲ့ ချီပြီး အများအပြား ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG