သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိမႈနဲ႔ စံုစမ္းစစ္ေဆးေန


မတ္လ ၇ ရက္ေန႔ ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ား ဆႏၵျပပဲြအတြင္း ကိုင္ေဆာင္ထားတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဓာတ္ပံုမ်ား။ (မတ္ ၇၊ ၂၀၂၁)

[Zawgyi/Unicode]

ဖမ္းဆီးခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို စီးပြားေရးလုပ္ငန္းရွင္တဦးျဖစ္တဲ့ ဦးေမာင္ဝိတ္ဆီက ေငြလက္ခံယူမႈနဲ႔ အဂတိတိုက္ဖ်က္ေရးေကာ္မရွင္က စတင္စစ္ေဆးေနၿပီလို႔ မတ္လ ၁၇ ရက္ေန႔ ႏိုင္ငံပိုင္သတင္းေတြမွာ ေၾကညာသြားပါတယ္။

႐ုပ္သံသတင္းထဲမွာေတာ့ ေစပိုင္ ေဆာက္လုပ္ေရးုကုမၸဏီ တည္ေထာင္သူ ဦးေမာင္ဝိတ္ကေန သူ႔စီးပြားေရးအက်ိဳးစီးပြားအတြက္ အေမရိကန္ေဒၚလာ ၁၀၀,၀၀၀ တခါ၊ ေဒၚလာ ၁၅၀,၀၀၀ တခါ၊ ေဒၚလာ ၅၀,၀၀၀ တခါ၊ ေဒၚလာ ၂၅၀,၀၀၀ တခါ စုစုေပါင္း အေမရိကန္ေဒၚလာ ၅၀၀,၀၀၀ ကို ေဒၚေအာင္ဆန္းစုၾကည္ကို ေပးခဲ့တဲ့အေၾကာင္း ထြက္ဆိုေနတာကို ႏိုင္ငံပိုင္႐ုပ္ျမင္သံၾကားမွာ ထုတ္လႊင့္ျပသသြားပါတယ္။ ဒါေပမဲ့ ဘာအတြက္ ဘာေၾကာင့္ ေပးသလဲဆိုတာကို တိတိက်က်ေျပာဆိုထားတာ မရွိပါဘူး။ ဒါ့အျပင္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းရဲ႕ ေငြအ၀င္အထြက္ေတြနဲ႔ အိမ္ျခံငွားရမ္းမႈေတြကို ေဖာ္ျပၿပီး ဒီစာရင္းေတြအရ ႏိုင္ငံေတာ္အတြက္ နစ္နာေစတယ္လို႔ စာရင္းစစ္ခ်ဳပ္ရံုးက သံုးသပ္ထားတယ္လို႔လည္း ေၾကညာသြားပါတယ္။ ၿပီးခဲ့တဲ့ စစ္ေကာင္စီသတင္းစာရွင္းလင္းပဲြအတြင္းမွာလည္း ေဒၚေအာင္ဆန္းစုၾကည္ကို ေဒၚလာ ၆၀၀,၀၀၀ နဲ႔ ေရႊစင္ ၇ ပိႆာေပးခဲ့တယ္ဆိုၿပီး ရန္ကုန္တိ္ုင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ထြက္ဆိုခဲ့တဲ့အေၾကာင္း ေျပာဆိုခဲ့ပါေသးတယ္။

ႏိ္ုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္ကအာဏာသိမ္းယူၿပီးကတည္းက ဖမ္းဆီးထားတာျဖစ္ၿပီး ဆက္သြယ္ေရးပုဒ္မ သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာ ပုဒ္မေတြနဲ႔ စဲြခ်က္တင္ထားပါတယ္။ ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ ထုတ္ျပန္မႈေတြအရဆိုရင္ အဂတိပုဒ္မေတြနဲ႔ပါ ထပ္ၿပီး အေရးယူလာဖြယ္ရွိေနပါတယ္။ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက အခုလို ထုတ္ျပန္ေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္လို႔ လြတ္လပ္တဲ့ သီးျခားအတည္ျပဳခ်က္မရသလို၊ သက္ဆိုင္ရာ ပုဂၢိဳလ္ေတြကိုလည္း ဗီြအိုေအ က တိုက္႐ိုက္အတည္ျပဳခ်က္ယူလို႔ မရခဲ့ပါဘူး။

ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ အာဏာသိမ္းယူမႈကို ဆန္႔က်င္တဲ့ဆႏၵျပမႈေတြ ႏိုင္ငံအ၀ွမ္းျဖစ္ေပၚေနၿပီး သမၼတ ဦး၀င္းျမင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္တို႔ကို အျမန္ဆံုးလႊတ္ေပးဖို႔ ျပည္တြင္း ျပည္ပ ေတာင္းဆိုမႈေတြ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ စုံစမ်းစစ်ဆေးနေ

ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးမောင်ဝိတ်ဆီက ငွေလက်ခံယူမှုနဲ့ အဂတိတိုက်ဖျက်ရေးကော်မရှင်က စတင်စစ်ဆေးနေပြီလို့ မတ်လ ၁၇ ရက်နေ့ နိုင်ငံပိုင်သတင်းတွေမှာ ကြေညာသွားပါတယ်။

ရုပ်သံသတင်းထဲမှာတော့ စေပိုင် ဆောက်လုပ်ရေးုကုမ္ပဏီ တည်ထောင်သူ ဦးမောင်ဝိတ်ကနေ သူ့စီးပွားရေးအကျိုးစီးပွားအတွက် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တခါ၊ ဒေါ်လာ ၁၅၀,၀၀၀ တခါ၊ ဒေါ်လာ ၅၀,၀၀၀ တခါ၊ ဒေါ်လာ ၂၅၀,၀၀၀ တခါ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တဲ့အကြောင်း ထွက်ဆိုနေတာကို နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပြသသွားပါတယ်။ ဒါပေမဲ့ ဘာအတွက် ဘာကြောင့် ပေးသလဲဆိုတာကို တိတိကျကျပြောဆိုထားတာ မရှိပါဘူး။ ဒါ့အပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ငွေအဝင်အထွက်တွေနဲ့ အိမ်ခြံငှားရမ်းမှုတွေကို ဖော်ပြပြီး ဒီစာရင်းတွေအရ နိုင်ငံတော်အတွက် နစ်နာစေတယ်လို့ စာရင်းစစ်ချုပ်ရုံးက သုံးသပ်ထားတယ်လို့လည်း ကြေညာသွားပါတယ်။ ပြီးခဲ့တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲအတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာ ၆၀၀,၀၀၀ နဲ့ ရွှေစင် ၇ ပိဿာပေးခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထွက်ဆိုခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပါသေးတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းယူပြီးကတည်းက ဖမ်းဆီးထားတာဖြစ်ပြီး ဆက်သွယ်ရေးပုဒ်မ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မတွေနဲ့ စွဲချက်တင်ထားပါတယ်။ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီရဲ့ ထုတ်ပြန်မှုတွေအရဆိုရင် အဂတိပုဒ်မတွေနဲ့ပါ ထပ်ပြီး အရေးယူလာဖွယ်ရှိနေပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီက အခုလို ထုတ်ပြန်ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ သီးခြားအတည်ပြုချက်မရသလို၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကိုလည်း ဗွီအိုအေ က တိုက်ရိုက်အတည်ပြုချက်ယူလို့ မရခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် အာဏာသိမ်းယူမှုကို ဆန့်ကျင်တဲ့ဆန္ဒပြမှုတွေ နိုင်ငံအဝှမ်းဖြစ်ပေါ်နေပြီး သမ္မတ ဦးဝင်းမြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို အမြန်ဆုံးလွှတ်ပေးဖို့ ပြည်တွင်း ပြည်ပ တောင်းဆိုမှုတွေ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG