သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ၿမိဳ႕တြင္း ဆက္လက္ျဖစ္ပြားေနတဲ႔ အၾကမ္းဖက္ႏွိမ္နင္းမႈမ်ား


မတ္လ ၁၆ ရက္ေန႔တုန္းက ဆႏၵျပျပည္သူမ်ားကို ရဲက ၿဖိဳခြဲေန

(Zawgyi/Unicode)

ႏိုင္ငံတကာက သတိေပးေနတဲ့ ၾကားမွာပဲ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္သူေတြအေပၚ အာဏာပိုင္ေတြ အၾကမ္းဖက္ႏွိမ္နင္းမႈေတြ ရွိေနဆဲျဖစ္ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ေန႔ေရာ၊ ညပါ ဆႏၵျပလႈပ္ရွားမႈေတြ ဆက္လက္ ေပၚေပါက္ေနတဲ့ ရန္ကုန္ၿမိဳ႕မွာ ဆိုရင္လည္း လုံျခံဳေရးတပ္ဖဲြ႕ေတြက ပစ္ခတ္မႈေတြနဲ႔ အၾကမ္းဖက္ ႏွိမ္နင္းမႈေတြေၾကာင့္ ၾကာသပေတးေန႔မွာ ေသေက်ထိခိုက္သူေတြ ရွိခဲ့ေၾကာင္း ၿမိဳ႕ခံတေယာက္က ဗြီအိုေအကို ေျပာပါတယ္။

"အဓိက ဒီကေန႔ ရန္ကုန္မွာ ၾကမ္းတဲ့ ေနရာေတြက ေတာင္ဥကၠလာရွိတယ္၊ စမ္းေခ်ာင္းရွိတယ္၊ ေျမာက္ဥကၠလာ ၿပီးေတာ့ သမိုင္းဘက္ရွိတယ္။ လိႈင္သာယာလည္းရွိတယ္။ အဓိက လူေတြေသတာကေတာ့ လိႈင္သာယာ ရွိတယ္၊ ေတာင္ဥကၠလာရွိတယ္၊ ေတာင္ဥကၠလာ မွာေတာ့ လူေသသြားတယ္။ ေသခ်ာတာကေတာ့ အဲဒီေနရာေတြမွာ လူေသတယ္။ လိႈင္သာယာမွာ ပိုင္ရွင္မဲ့အေလာင္းေတြအရမ္းမ်ားေနတယ္။"

အာဏာပိုင္ေတြရဲ႕ ႏွိမ္နင္းမႈေတြကို ကာကြယ္ဖို႔ လူေနရပ္ကြက္ေတြမွာ ၿမိဳ႕ခံေတြက အကာအရံေတြ အတားအဆီးေတြ ခ်ထားတာကို လုံျခံဳေရးတပ္ဖဲြ႕ေတြက ရွင္းလင္းဖို႔ ႀကိဳးပမ္းတာေတြ ရွိခဲ့တယ္လို႔လည္း ေျပာပါတယ္။

"သူတို႔ ဒီေန႔ တေနကုန္လုပ္တာက ခါတိုင္းေန႔ေတြလိုမ်ိဳး လူေတြကို တိုက္ရိုက္ ပစ္တာမ်ိဳး ရွိေပမယ့္လည္း အတားအဆီးဖယ္ေရးကို ဦးစားေပးတယ္။ အတားအဆီးဖယ္တာမွာလည္း သူတို႔ကိုယ္တိုင္ဖယ္တာမဟုတ္ဘူး လူေတြကို ေပၚတာဆြဲတယ္၊ ျဖတ္လာတဲ့ ကားေတြကို ေသနတ္နဲ႔ ခ်ိန္တယ္ လူေတြဆင္းခိုင္းတယ္ ။ ၿပီးေတာ့ ရွိတဲ့ သဲအိတ္ေတြထမ္းခိုင္းတယ္၊ ေဘးခ်ခိုင္းတယ္။ ေနာက္ဆံုး ဘယ္မွာမွ လူေခၚမရဘူးဆိုရင္ ေဘးမွာ ရွိတဲ့ အိမ္ေတြကေန ေသနတ္နဲ႔ ေထာက္ၿပီးေတာ့ ေယာက်ၤားေလးေတြ အကုန္ထြက္ခိုင္းတယ္။"

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းလိုက္တာကို ဆန္႔က်င္တဲ့ ႏိုင္ငံအ၀န္း ကန္႔ကြက္လႈပ္ရွားမႈေတြအေပၚ အာဏာပိုင္ေတြရဲ႕ အၾကမ္းဖက္ႏွိမ္နင္းမႈေတြေၾကာင့္ ေသဆုံးဒဏ္ရာရသူေတြ တိုးလာေနတာေၾကာင့္ ကုလသမဂၢနဲ႔ အေမရိကန္ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းက စိုးရိမ္တႀကီး သတိေပးေနခ်ိန္မွာပဲ အာဏာပိုင္ေတြ ႏွိမ္နင္းမႈေတြ ဆက္လုပ္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ရန်ကုန်မြို့တွင်း ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်နှိမ်နင်းမှုများ

(Unicode)

နိုင်ငံတကာက သတိပေးနေတဲ့ ကြားမှာပဲ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် အာဏာပိုင်တွေ အကြမ်းဖက်နှိမ်နင်းမှုတွေ ရှိနေဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ နေ့ရော၊ ညပါ ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်လက် ပေါ်ပေါက်နေတဲ့ ရန်ကုန်မြို့မှာ ဆိုရင်လည်း လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်မှုတွေနဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် ကြာသပတေးနေ့မှာ သေကျေထိခိုက်သူတွေ ရှိခဲ့ကြောင်း မြို့ခံတယောက်က ဗွီအိုအေကို ပြောပါတယ်။

"အဓိက ဒီကနေ့ ရန်ကုန်မှာ ကြမ်းတဲ့ နေရာတွေက တောင်ဥက္ကလာရှိတယ်၊ စမ်းချောင်းရှိတယ်၊ မြောက်ဥက္ကလာ ပြီးတော့ သမိုင်းဘက်ရှိတယ်။ လှိုင်သာယာလည်းရှိတယ်။ အဓိက လူတွေသေတာကတော့ လှိုင်သာယာ ရှိတယ်၊ တောင်ဥက္ကလာရှိတယ်၊ တောင်ဥက္ကလာ မှာတော့ လူသေသွားတယ်။ သေချာတာကတော့ အဲဒီနေရာတွေမှာ လူသေတယ်။ လှိုင်သာယာမှာ ပိုင်ရှင်မဲ့အလောင်းတွေအရမ်းများနေတယ်။"

အာဏာပိုင်တွေရဲ့ နှိမ်နင်းမှုတွေကို ကာကွယ်ဖို့ လူနေရပ်ကွက်တွေမှာ မြို့ခံတွေက အကာအရံတွေ အတားအဆီးတွေ ချထားတာကို လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းဖို့ ကြိုးပမ်းတာတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

"သူတို့ ဒီနေ့ တနေကုန်လုပ်တာက ခါတိုင်းနေ့တွေလိုမျိုး လူတွေကို တိုက်ရိုက် ပစ်တာမျိုး ရှိပေမယ့်လည်း အတားအဆီးဖယ်ရေးကို ဦးစားပေးတယ်။ အတားအဆီးဖယ်တာမှာလည်း သူတို့ကိုယ်တိုင်ဖယ်တာမဟုတ်ဘူး လူတွေကို ပေါ်တာဆွဲတယ်၊ ဖြတ်လာတဲ့ ကားတွေကို သေနတ်နဲ့ ချိန်တယ် လူတွေဆင်းခိုင်းတယ် ။ ပြီးတော့ ရှိတဲ့ သဲအိတ်တွေထမ်းခိုင်းတယ်၊ ဘေးချခိုင်းတယ်။ နောက်ဆုံး ဘယ်မှာမှ လူခေါ်မရဘူးဆိုရင် ဘေးမှာ ရှိတဲ့ အိမ်တွေကနေ သေနတ်နဲ့ ထောက်ပြီးတော့ ယောင်္ကျားလေးတွေ အကုန်ထွက်ခိုင်းတယ်။"

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ နိုင်ငံအဝန်း ကန့်ကွက်လှုပ်ရှားမှုတွေအပေါ် အာဏာပိုင်တွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် သေဆုံးဒဏ်ရာရသူတွေ တိုးလာနေတာကြောင့် ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်တကြီး သတိပေးနေချိန်မှာပဲ အာဏာပိုင်တွေ နှိမ်နင်းမှုတွေ ဆက်လုပ်နေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG