(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္သူေတြအေပၚ ထိန္းထိန္းသိမ္းသိမ္း ေဆာင္ရြက္ဖို႔ အာဆီယံကာကြယ္ေရး၀န္ႀကီး အစည္းအေ၀းမွာ စကၤာပူကာကြယ္ေရး ၀န္ႀကီးက ေျပာဆိုလိုက္ပါတယ္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ ပထမဆုံးအႀကိမ္အျဖစ္ ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ပါ၀င္တက္ေရာက္တဲ့ ၾကာသပေတးေန႔ အြန္လိုင္း အစည္းအေ၀းမွာ စကၤာပူ ကာကြယ္ေရး၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး Melvyn Ong က ျမန္မာႏိုင္ငံက အေျခအေနေတြအေပၚ အလြန္အမင္း စိုးရိမ္ေၾကာင္း ေျပာဆိုလိုက္တာပါ။
လက္နက္မဲ့ အရပ္သားေတြအေပၚ ေသေက်ေလာက္တဲ့အထိ အင္အားမသုံးဖို႔နဲ႔ အတတ္ႏိုင္ဆုံး ထိန္းထိန္းသိမ္းသိမ္း ေဆာင္ရြက္ဖို႔ ျမန္မာစစ္အာဏာပိုင္ေတြကို တိ္ုက္တြန္း လိုက္ေၾကာင္းလည္း စကၤာပူ ကာကြယ္ေရး ၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။
.............
အရပ်သားတွေအပေါ် အင်အားမသုံးဖို့ မြန်မာစစ်ခေါင်းဆောင်ကို စင်္ကာပူ ကာကွယ်ရေးဝန်ကြီး တိုက်တွန်း
(Unicode)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေအပေါ် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ အာဆီယံကာကွယ်ရေးဝန်ကြီး အစည်းအဝေးမှာ စင်္ကာပူကာကွယ်ရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်တဲ့ ကြာသပတေးနေ့ အွန်လိုင်း အစည်းအဝေးမှာ စင်္ကာပူ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး Melvyn Ong က မြန်မာနိုင်ငံက အခြေအနေတွေအပေါ် အလွန်အမင်း စိုးရိမ်ကြောင်း ပြောဆိုလိုက်တာပါ။
လက်နက်မဲ့ အရပ်သားတွေအပေါ် သေကျေလောက်တဲ့အထိ အင်အားမသုံးဖို့နဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ မြန်မာစစ်အာဏာပိုင်တွေကို တိုက်တွန်း လိုက်ကြောင်းလည်း စင်္ကာပူ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။