သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံအထူးအစည္းေဝး က်င္းပႏိုင္ေျခရွိ


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္ႏွိမ္နင္းေနတာေတြ ရပ္တန္႔ၿပီး၊ ျပန္တည္ျငိမ္မူရေ ေစေရးအတြက္ အာဆီယံထိပ္သီး အေရးေပၚအစည္းအေဝးက်င္းပေပးဖို႔ အင္ဒိုနီးရွားသမၼတ ဂ်ိုကိုဝီဒိုဒို ေတာင္းဆိုလိုက္သလို မေလးရွားဝန္ႀကီးခ်ဳပ္ Tan Sri Dato' Haji Muhyiddin bin Haji Muhammad Yassin ကလည္း ဒီေတာင္းဆိုမႈကို ေထာက္ခံလိုက္ပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ရံုး အၾကံေပး Panitan Wattanayagorn ကေတာ့ သူတပါးျပည္တြင္းေရး ဝင္မစြက္တဲ့ မူရွိေနတဲ့ အာဆီယံအတြက္ စိန္ေခၚမႈေတြ အမ်ားႀကီး ရွိႏိုင္ေပမယ့္ အခုျမန္မာႏိုင္ငံ့အေရးမွာေတာ့ ရက္ပိုင္းအတြင္း ေရွ႕ဆက္လုပ္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။ ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

အခုလို အင္ဒိုနီးရွားသမၼတ အေရးေပၚ ေတာင္းဆိုခ်က္ ပထမဆံုးအဆင့္ စျဖစ္လာပံုကို ထိုင္း၀န္ႀကီးခ်ဳပ္ရံုး လံုၿခံဳေရး အၾကံေပး ေကာ္မတီဥကၠ႒ ပါေမာကၡ Panitan Wattanayagorn က

“ကၽြန္ေတာ္ထင္ပါတယ္၊ လက္ရွိျမန္မာႏိုင္ငံထဲျဖစ္ေနတာေတြကို အဆင့္ျမင့္ အာဆီယံအစည္းအေဝးမွာ ေဆြးေႏြးႏိုင္ဖို႔ အခု ေတာင္းဆိုတာနဲ႔ပတ္သက္ၿပီးေတာ့၊ ထိုင္းႏိုင္ငံအပါအဝင္ အာဆီယံႏိုင္ငံေတြအေနနဲ႔၊ လက္ရွိအာဆီယံ ဥကၠဌ ဘရူႏုိင္းႏိုင္ငံဆီကေန လမ္းညႊန္ခ်က္ကို ေစာင့္ဖို႔လိုပါတယ္။”

အဲဒီေတာ့ ဒီထိပ္သီးေဆြးေႏြးပြဲ ျဖစ္လာဖို႔ အဓိက လိုအပ္ခ်က္ကို ထိုင္းႏိုင္ငံ Chulalongkorn တကၠသိုလ္ ၊ ႏိုင္ငံေရးသိပၸံေက်ာင္း ႏိုင္ငံတကာဆက္ဆံေရးဌာနက ပါေမာကၡလည္းျဖစ္တဲ့ Panitan ကပဲ

“အခုလို ျမန္မာကိစၥေဆြးေႏြးေရး အဆင့္ျမင့္ေဆြးေႏြးပြဲျဖစ္လာဖို႔က၊ အနည္းဆံုး အာဆီယံႏိုင္ငံအမ်ားစုရဲ့ အားလံုးသေဘာတူေထာက္ခံခ်က္ရဖို႔ လိုပါတယ္။ သိတယ္မလား အာဆီယံမွာက အားလံုးသေဘာတူခ်က္က အေရးပါတယ္ေလ။ ဒါ့ေၾကာင့္ လက္ရွိအာဆီယံဥကၠဌအေနနဲ႔ ျမန္မာအၾကပ္အတည္းကို ခုလိုေဆြးေႏြးဖို႔ျဖစ္ႏိုင္မလားဆိုတာ၊ တျခား အာဆီယံႏိုင္ငံေခါင္းေဆာင္ေတြနဲ႔ အလြတ္သေဘာ စ တီးေခါက္ဖလွယ္ဖို႔ အထူးအေရးႀကီးပါတယ္။ ဘာလို႔လဲဆိုေတာ့ ဝင္ေရာက္မစြက္ဖက္ေရးမူကလည္း ရွိေနတယ္ေလ။”

ဒီေနရာမွာ အာဆီယံဥကၠ႒အေနနဲ႔ ဘာအဓိက စလုပ္ဖို႔ အေရးႀကီးတာကိုလည္း အရင္ထိုင္း၀န္ႀကီးခ်ဳပ္ ေျပာခြင့္ရလည္းျဖစ္တဲ့ Panitan ကပဲ

“ျမန္မာႏိုင္ငံက အေျခအေနက မႀကံဳစဖူး ျပင္းထန္ပါတယ္။ လမ္းမေပၚမွာ ထိပ္တိုက္ရင္ဆိုင္မူေတြျဖစ္ေနၿပီး အသက္ဆံုးရံႈးမူေတြပါ ႀကံဳေနရတာကို ႏိုင္ငံတကာမွာ ေတြ႔ေနရပါတယ္။ ဒါေၾကာင့္ လာမယ့္ ရက္ပိုင္းေတြအတြင္းမွာ အာဆီယံဥကၠဌအေနနဲ႔ သူ႔ရဲ့ေခါင္းေဆာင္ျဖစ္ေနမူကို အသံုးျပဳၿပီး ျမန္မာအေျခအေနကို ကူညီေပးဖို႔၊ အာဆီယံအဖြဲ႔ဝင္ အားလံုးလက္ခံႏိုင္မယ့္ ျဖစ္ႏိုင္ေခ်တစ္ခုကို ႀကိဳးပမ္းညိႈႏိႈင္းလုပ္ေဆာင္ေရးက အေရးႀကီးလာပါတယ္။”

ဒါ့အျပင္ မၾကာေသးခင္ သတင္းပတ္ေတြက ထြက္လာခဲ့တဲ့ အာဆီယံ ေခါင္းေဆာင္ေတြရဲ႕ ပူးတြဲေၾကညာခ်က္ကလည္း အေထာက္အကူျပဳႏိုင္တယ္လို႔ Panitan ကဆက္ၿပီး ေျပာပါတယ္။

“ဒီအာဆီယံေခါင္းေဆာင္ေတြအေနနဲ႔ ဒီအၾကမ္းဖက္ေနတာေတြအေပၚ သူတို႔ရဲ့ စိုးရိမ္ခ်က္ကို ရွင္းရွင္းလင္းေျပာထားၿပီး၊ ျမန္မာဘက္က အကူအညီလိုအပ္ရင္ ကူညီေပးႏိုင္တာကိုလည္း ပြင့္ပြင့္လင္းလင္း ေျပာထားၿပီးသားပါ။ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီျပန္ရွိလာေရး လုပ္ငန္းတစ္ခုျဖစ္ေပၚလာေရးကိုလည္း သူတို႔ေမွ်ာ္လင့္ထားၾကပါတယ္။ အဲ့ဒိေတာ့ အာဆီယံအေနနဲ႔ ေရွ႕လာမယ့္ အေရးႀကီးတဲ့ ရက္ပိုင္းအနည္းငယ္အတြင္းမွာ ေရွ႕ဆက္လုပ္ေပးႏိုင္ဖို႔ ေမွ်ာ္လင့္ရပါတယ္။ ေသေက်ထိခိုက္မူဆက္ေတြမ်ားလာတာနဲ႔အမွ်၊ အာဆီယံအေနနဲ႔ ပိုျမန္ျမန္လုပ္ေဆာင္ေပးဖို႔ ဖိအားေတြမ်ားလာေနပါတယ္။”

အဲဒီေတာ့ အာဆီယံအေနနဲ႔ အခု ျမန္မာကိစၥမွာ ေဆြးေႏြးေပးဖို႔ လုပ္ေဆာင္ေရး ေႏွးေကြးေနတယ္လို႔ တခ်ိဳ႕က စိုးရိမ္ၾကေပမယ့္ အတတ္ႏိုင္ဆံုး ၾကိဳးပမ္းေနခ်ိန္မွာ ျမန္မာဘက္က ဘက္အားလံုးအေနနဲ႔လည္း အာဆီယံက ကူညီေပးေရး ေတာင္းဆိုဖို႔ အေရးပါတာအျပင္ လက္ေတြ႔ ကူညီႏိုင္ဖို႔လည္း Panitan က အခုလို ရွင္းျပပါတယ္။

“အေရးႀကီးဆံုးကေတာ့ ျမန္မာႏိုင္ငံထဲက ပတ္သက္ေနသူအားလံုးအေနနဲ႔၊ အၾကမ္းဖက္မူေတြ တစ္ဖက္နဲ႔ တစ္ဖက္မျဖစ္ေတာ့ေအာင္၊ အေသအခ်ာကို ထိန္းသိမ္းေပးၾကဖို႔ အထူးကို ပထမအဆင့္ အေနနဲ႔ အေရးႀကီးေနပါတယ္။ အခုလို အၾကမ္းဖက္မူေတြ ရပ္သြားၿပီးမွသာ၊ ပို အစီအစဥ္တက် ျဖစ္ႏိုင္တဲ့ ေဆြးေႏြးပြဲေတြ တရားဝင္သေဘာမ်ိဳးအထိ၊ က်င္းပဖို႔ျဖစ္လာႏိုင္ေစပါတယ္။ အဲ့ဒိေတာ့ အခုတခ်ိဳ႕ေဒသေတြမွာ ဒီအၾကမ္းဖက္မူေတြ စက်ဆင္းတာ ဆက္ျဖစ္လာရင္ေတာ့၊ ေမွ်ာ္လင့္ခ်က္ေကာင္းလာႏိုင္ပါတယ္။”

ဒါ့အျပင္ လက္ရွိအခ်ိန္မွာ ျမန္မာ့အေရး စိန္ေခၚခ်က္ျဖစ္ေနတာ တခုကိုလည္း Panitan က

“စိန္ေခၚခ်က္ကေတာ့ ျမန္မာႏိုင္ငံထဲက၊ ဘက္အားလံုးအေနနဲ႔၊ အခုအခ်ိန္မွာ ဘယ္လိုေရွ.ဆက္ဖို႔ သေဘာတူခ်က္တခု အလြယ္တကူရဖို႔ ခက္ေနပံု ရပါတယ္။ တကယ္ေတာ့၊ ဘက္အားလံုးအေနနဲ႔ အၾကမ္းဖက္မူေတြရပ္ၿပီး၊ ေဆြးေႏြးတာေတြစလုပ္၊ ေနာက္ အာဆီယံေခါင္းေဆာင္ေတြကို ဝိုင္းကူေပးဖို႔ အကူအညီေတာင္းေရး ဘံုသေဘာတူခ်က္ရႏိုင္ရင္ေတာ့ အရမ္းေကာင္းပါတယ္။”

တကယ္ေတာ့ အခုလို အင္ဒိုနီးရွားနဲ႔ မေလးရွားေခါင္းေဆာင္ေတြအျပင္ စကၤာပူ၀န္ႀကီးခ်ဳပ္ Lee Hsien Loong အေနနဲ႔လည္း ျမန္မာ့အေရးအေပၚ စိုးရိမ္ေၾကာင္း အရင္ထုတ္ေျပာခဲ့ၿပီး တရုတ္ႏိုင္ငံကလည္း အာဆီယံရဲ႕ ဦးေဆာင္မႈကို အကူအညီေပးဖို႔ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

မြန်မာ့အရေး အာဆီယံအထူးအစည်းဝေး ကျင်းပနိုင်ခြေရှိ
(Unicode)
မြန်မာနိုင်ငံမှာ အကြမ်းဖက်နှိမ်နင်းနေတာတွေ ရပ်တန့်ပြီး၊ ပြန်တည်ငြိမ်မူရေ စေရေးအတွက် အာဆီယံထိပ်သီး အရေးပေါ်အစည်းအဝေးကျင်းပပေးဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို တောင်းဆိုလိုက်သလို မလေးရှားဝန်ကြီးချုပ် Tan Sri Dato' Haji Muhyiddin bin Haji Muhammad Yassin ကလည်း ဒီတောင်းဆိုမှုကို ထောက်ခံလိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ရုံး အကြံပေး Panitan Wattanayagorn ကတော့ သူတပါးပြည်တွင်းရေး ဝင်မစွက်တဲ့ မူရှိနေတဲ့ အာဆီယံအတွက် စိန်ခေါ်မှုတွေ အများကြီး ရှိနိုင်ပေမယ့် အခုမြန်မာနိုင်ငံ့အရေးမှာတော့ ရက်ပိုင်းအတွင်း ရှေ့ဆက်လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

အခုလို အင်ဒိုနီးရှားသမ္မတ အရေးပေါ် တောင်းဆိုချက် ပထမဆုံးအဆင့် စဖြစ်လာပုံကို ထိုင်းဝန်ကြီးချုပ်ရုံး လုံခြုံရေး အကြံပေး ကော်မတီဥက္ကဋ္ဌ ပါမောက္ခ Panitan Wattanayagorn က

“ကျွန်တော်ထင်ပါတယ်၊ လက်ရှိမြန်မာနိုင်ငံထဲဖြစ်နေတာတွေကို အဆင့်မြင့် အာဆီယံအစည်းအဝေးမှာ ဆွေးနွေးနိုင်ဖို့ အခု တောင်းဆိုတာနဲ့ပတ်သက်ပြီးတော့၊ ထိုင်းနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေအနေနဲ့၊ လက်ရှိအာဆီယံ ဥက္ကဌ ဘရူနိုင်းနိုင်ငံဆီကနေ လမ်းညွှန်ချက်ကို စောင့်ဖို့လိုပါတယ်။”

အဲဒီတော့ ဒီထိပ်သီးဆွေးနွေးပွဲ ဖြစ်လာဖို့ အဓိက လိုအပ်ချက်ကို ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ် ၊ နိုင်ငံရေးသိပ္ပံကျောင်း နိုင်ငံတကာဆက်ဆံရေးဌာနက ပါမောက္ခလည်းဖြစ်တဲ့ Panitan ကပဲ

“အခုလို မြန်မာကိစ္စဆွေးနွေးရေး အဆင့်မြင့်ဆွေးနွေးပွဲဖြစ်လာဖို့က၊ အနည်းဆုံး အာဆီယံနိုင်ငံအများစုရဲ့ အားလုံးသဘောတူထောက်ခံချက်ရဖို့ လိုပါတယ်။ သိတယ်မလား အာဆီယံမှာက အားလုံးသဘောတူချက်က အရေးပါတယ်လေ။ ဒါ့ကြောင့် လက်ရှိအာဆီယံဥက္ကဌအနေနဲ့ မြန်မာအကြပ်အတည်းကို ခုလိုဆွေးနွေးဖို့ဖြစ်နိုင်မလားဆိုတာ၊ တခြား အာဆီယံနိုင်ငံခေါင်းဆောင်တွေနဲ့ အလွတ်သဘော စ တီးခေါက်ဖလှယ်ဖို့ အထူးအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဝင်ရောက်မစွက်ဖက်ရေးမူကလည်း ရှိနေတယ်လေ။”

ဒီနေရာမှာ အာဆီယံဥက္ကဋ္ဌအနေနဲ့ ဘာအဓိက စလုပ်ဖို့ အရေးကြီးတာကိုလည်း အရင်ထိုင်းဝန်ကြီးချုပ် ပြောခွင့်ရလည်းဖြစ်တဲ့ Panitan ကပဲ

“မြန်မာနိုင်ငံက အခြေအနေက မကြုံစဖူး ပြင်းထန်ပါတယ်။ လမ်းမပေါ်မှာ ထိပ်တိုက်ရင်ဆိုင်မူတွေဖြစ်နေပြီး အသက်ဆုံးရှုံးမူတွေပါ ကြုံနေရတာကို နိုင်ငံတကာမှာ တွေ့နေရပါတယ်။ ဒါကြောင့် လာမယ့် ရက်ပိုင်းတွေအတွင်းမှာ အာဆီယံဥက္ကဌအနေနဲ့ သူ့ရဲ့ခေါင်းဆောင်ဖြစ်နေမူကို အသုံးပြုပြီး မြန်မာအခြေအနေကို ကူညီပေးဖို့၊ အာဆီယံအဖွဲ့ဝင် အားလုံးလက်ခံနိုင်မယ့် ဖြစ်နိုင်ချေတစ်ခုကို ကြိုးပမ်းညှိုနှိုင်းလုပ်ဆောင်ရေးက အရေးကြီးလာပါတယ်။”

ဒါ့အပြင် မကြာသေးခင် သတင်းပတ်တွေက ထွက်လာခဲ့တဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ ပူးတွဲကြေညာချက်ကလည်း အထောက်အကူပြုနိုင်တယ်လို့ Panitan ကဆက်ပြီး ပြောပါတယ်။

“ဒီအာဆီယံခေါင်းဆောင်တွေအနေနဲ့ ဒီအကြမ်းဖက်နေတာတွေအပေါ် သူတို့ရဲ့ စိုးရိမ်ချက်ကို ရှင်းရှင်းလင်းပြောထားပြီး၊ မြန်မာဘက်က အကူအညီလိုအပ်ရင် ကူညီပေးနိုင်တာကိုလည်း ပွင့်ပွင့်လင်းလင်း ပြောထားပြီးသားပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရှိလာရေး လုပ်ငန်းတစ်ခုဖြစ်ပေါ်လာရေးကိုလည်း သူတို့မျှော်လင့်ထားကြပါတယ်။ အဲ့ဒိတော့ အာဆီယံအနေနဲ့ ရှေ့လာမယ့် အရေးကြီးတဲ့ ရက်ပိုင်းအနည်းငယ်အတွင်းမှာ ရှေ့ဆက်လုပ်ပေးနိုင်ဖို့ မျှော်လင့်ရပါတယ်။ သေကျေထိခိုက်မူဆက်တွေများလာတာနဲ့အမျှ၊ အာဆီယံအနေနဲ့ ပိုမြန်မြန်လုပ်ဆောင်ပေးဖို့ ဖိအားတွေများလာနေပါတယ်။”

အဲဒီတော့ အာဆီယံအနေနဲ့ အခု မြန်မာကိစ္စမှာ ဆွေးနွေးပေးဖို့ လုပ်ဆောင်ရေး နှေးကွေးနေတယ်လို့ တချို့က စိုးရိမ်ကြပေမယ့် အတတ်နိုင်ဆုံး ကြိုးပမ်းနေချိန်မှာ မြန်မာဘက်က ဘက်အားလုံးအနေနဲ့လည်း အာဆီယံက ကူညီပေးရေး တောင်းဆိုဖို့ အရေးပါတာအပြင် လက်တွေ့ ကူညီနိုင်ဖို့လည်း Panitan က အခုလို ရှင်းပြပါတယ်။

“အရေးကြီးဆုံးကတော့ မြန်မာနိုင်ငံထဲက ပတ်သက်နေသူအားလုံးအနေနဲ့၊ အကြမ်းဖက်မူတွေ တစ်ဖက်နဲ့ တစ်ဖက်မဖြစ်တော့အောင်၊ အသေအချာကို ထိန်းသိမ်းပေးကြဖို့ အထူးကို ပထမအဆင့် အနေနဲ့ အရေးကြီးနေပါတယ်။ အခုလို အကြမ်းဖက်မူတွေ ရပ်သွားပြီးမှသာ၊ ပို အစီအစဉ်တကျ ဖြစ်နိုင်တဲ့ ဆွေးနွေးပွဲတွေ တရားဝင်သဘောမျိုးအထိ၊ ကျင်းပဖို့ဖြစ်လာနိုင်စေပါတယ်။ အဲ့ဒိတော့ အခုတချို့ဒေသတွေမှာ ဒီအကြမ်းဖက်မူတွေ စကျဆင်းတာ ဆက်ဖြစ်လာရင်တော့၊ မျှော်လင့်ချက်ကောင်းလာနိုင်ပါတယ်။”

ဒါ့အပြင် လက်ရှိအချိန်မှာ မြန်မာ့အရေး စိန်ခေါ်ချက်ဖြစ်နေတာ တခုကိုလည်း Panitan က

“စိန်ခေါ်ချက်ကတော့ မြန်မာနိုင်ငံထဲက၊ ဘက်အားလုံးအနေနဲ့၊ အခုအချိန်မှာ ဘယ်လိုရှေ.ဆက်ဖို့ သဘောတူချက်တခု အလွယ်တကူရဖို့ ခက်နေပုံ ရပါတယ်။ တကယ်တော့၊ ဘက်အားလုံးအနေနဲ့ အကြမ်းဖက်မူတွေရပ်ပြီး၊ ဆွေးနွေးတာတွေစလုပ်၊ နောက် အာဆီယံခေါင်းဆောင်တွေကို ဝိုင်းကူပေးဖို့ အကူအညီတောင်းရေး ဘုံသဘောတူချက်ရနိုင်ရင်တော့ အရမ်းကောင်းပါတယ်။”

တကယ်တော့ အခုလို အင်ဒိုနီးရှားနဲ့ မလေးရှားခေါင်းဆောင်တွေအပြင် စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong အနေနဲ့လည်း မြန်မာ့အရေးအပေါ် စိုးရိမ်ကြောင်း အရင်ထုတ်ပြောခဲ့ပြီး တရုတ်နိုင်ငံကလည်း အာဆီယံရဲ့ ဦးဆောင်မှုကို အကူအညီပေးဖို့ ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG