သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ဆိုင္ရာ ႐ု႐ွားသံအမတ္ႀကီးကို ေမာ္စကို ျပန္ေခၚ


အေမရိကန္ႏိုင္ငံဆိုင္ရာ ရုရွားသံအမတ္ႀကီး Anatoly Antonov

[ Zawgyi / Unicode ]

ရုရွားသမၼတ Vladimir Putin ဟာ လူသတ္သမား တေယာက္ျဖစ္တယ္လို႔ သူယုံၾကည္ေၾကာင္း အေမရိကန္သမၼတ ဂ်ဳိးဘိုင္ဒန္ရဲ႕ မွတ္ခ်က္ေပးစကား ထြက္ေပၚလာၿပီးေနာက္ ရုရွားနဲ႔ အေမရိကန္ျပည္ေထာင္စုၾကား တင္းမာမႈ ျမင့္တက္ေနခ်ိန္မွာ အေရးေပၚ တိုင္ပင္စရာရွိလို႔ဆိုၿပီး ျပန္ေခၚတဲ့အတြက္ အေမရိကန္ႏိုင္ငံဆိုင္ရာ ရုရွားသံအမတ္ႀကီး တနဂၤေႏြေန႔က သူ႔ႏိုင္ငံကို ျပန္ေရာက္ သြားပါတယ္။

ဒီသီတင္းပတ္အေစာပိုင္း ရုပ္သံအင္တာဗ်ဴးတခုမွာ ဘုိင္ဒန္ရဲ႕ အဲဒီမွတ္ခ်က္စကား ထြက္ေပၚလာၿပီး ခ်က္ခ်င္းဆုိသလိုပဲ သမၼတပူတင္က တုန္႔ျပန္ခဲ့ရာမွာ သမၼတဘိုင္ဒန္ အေနနဲ႔ က်န္းမာေအာင္ေနပါ ၊ လူေတြဟာ ကိုယ္လုပ္တတ္တဲ့အလုပ္ကို အျခားလူကလည္း လုပ္တယ္ဆိုတာမ်ဳိး စြပ္စဲြေလ့ရွိတယ္ဆိုၿပီး တုန္႔ျပန္ခဲ့တာပါ။

ျပီးခဲ့တဲ့ အေမရိကန္ေရြးေကာက္ပဲြမွာ ဂ်ဳိးဘိုင္ဒန္ကို သိကၡာက်ေအာင္လုပ္ၿပီး ေဒၚနယ္ထရမ့္ အႏိုင္ရ ေစေရးအတြက္ ရုရွားအစိုးရအဖြဲ႔စည္းေတြက ဝင္ေရာက္ခ်ယ္လွယ္ဖို႔ ပူတင္က ညႊန္ၾကားခဲ့တယ္ဆိုတဲ့ အေမရိကန္ အမ်ဳိးသားေထာက္လွမ္းေရး NIS ဒါရုိက္တာရုံးက အစီရင္ခံစာတေစာင္ ထြက္ေပၚလာၿပီးေနာက္ ပူတင္အေပၚ သမၼတ ဘိုင္ဒန္ရဲ႕ မွတ္ခ်က္စကား ထြက္ေပၚလာတာ ျဖစ္ပါတယ္။

NIS ရဲ႕အစီရင္ခံစာပါ ေတြ႔ရွိခ်က္ေတြဟာ အေျချမစ္မရွိတဲ့ စြပ္စဲြခ်က္ျဖစ္တယ္လို႔ ရုရွားဘက္က တုန္႔ျပန္ခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံဆိုင္ရာ ရုရွားသံအမတ္ႀကီး Anatoly Antonov ကေတာ့ မတ္လ ၂၁ ရက္ေန႔မွာ ေမာ္စကို ေလဆိပ္တခုကုိ ျပန္လည္ေရာက္ရွိ လာခဲ့တယ္လို႔ ရုရွားသတင္းေတြမွာ ေဖၚျပပါတယ္။ သူ႔အေနနဲ႔ လိုအပ္တဲ့ အခ်ိန္အတုိင္းအတာတခုထိ ရုရွားမွာ ေနရလိမ့္မယ္လို႔ နယူးေယာက္ၿမဳိ႕က မထြက္ခါြခင္ ရုရွားသံအမတ္ႀကီးက ေျပာသြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်ကြီးကို မော်စကို ပြန်ခေါ်

ရုရှားသမ္မတ Vladimir Putin ဟာ လူသတ်သမား တယောက်ဖြစ်တယ်လို့ သူယုံကြည်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ မှတ်ချက်ပေးစကား ထွက်ပေါ်လာပြီးနောက် ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုကြား တင်းမာမှု မြင့်တက်နေချိန်မှာ အရေးပေါ် တိုင်ပင်စရာရှိလို့ဆိုပြီး ပြန်ခေါ်တဲ့အတွက် အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး တနင်္ဂနွေနေ့က သူ့နိုင်ငံကို ပြန်ရောက် သွားပါတယ်။

ဒီသီတင်းပတ်အစောပိုင်း ရုပ်သံအင်တာဗျူးတခုမှာ ဘိုင်ဒန်ရဲ့ အဲဒီမှတ်ချက်စကား ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပဲ သမ္မတပူတင်က တုန့်ပြန်ခဲ့ရာမှာ သမ္မတဘိုင်ဒန် အနေနဲ့ ကျန်းမာအောင်နေပါ ၊ လူတွေဟာ ကိုယ်လုပ်တတ်တဲ့အလုပ်ကို အခြားလူကလည်း လုပ်တယ်ဆိုတာမျိုး စွပ်စွဲလေ့ရှိတယ်ဆိုပြီး တုန့်ပြန်ခဲ့တာပါ။

ပြီးခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်ကို သိက္ခာကျအောင်လုပ်ပြီး ဒေါ်နယ်ထရမ့် အနိုင်ရ စေရေးအတွက် ရုရှားအစိုးရအဖွဲ့စည်းတွေက ဝင်ရောက်ချယ်လှယ်ဖို့ ပူတင်က ညွှန်ကြားခဲ့တယ်ဆိုတဲ့ အမေရိကန် အမျိုးသားထောက်လှမ်းရေး NIS ဒါရိုက်တာရုံးက အစီရင်ခံစာတစောင် ထွက်ပေါ်လာပြီးနောက် ပူတင်အပေါ် သမ္မတ ဘိုင်ဒန်ရဲ့ မှတ်ချက်စကား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

NIS ရဲ့အစီရင်ခံစာပါ တွေ့ရှိချက်တွေဟာ အခြေမြစ်မရှိတဲ့ စွပ်စွဲချက်ဖြစ်တယ်လို့ ရုရှားဘက်က တုန့်ပြန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Anatoly Antonov ကတော့ မတ်လ ၂၁ ရက်နေ့မှာ မော်စကို လေဆိပ်တခုကို ပြန်လည်ရောက်ရှိ လာခဲ့တယ်လို့ ရုရှားသတင်းတွေမှာ ဖေါ်ပြပါတယ်။ သူ့အနေနဲ့ လိုအပ်တဲ့ အချိန်အတိုင်းအတာတခုထိ ရုရှားမှာ နေရလိမ့်မယ်လို့ နယူးယောက်မြို့က မထွက်ခါွခင် ရုရှားသံအမတ်ကြီးက ပြောသွားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG