သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



သမ္မတအိုဗားမားနဲ့ သမ္မတ ပူတင်တို့  START စာချုပ်ကို Prague Castle မှာ လက်မှတ်ထိုးခဲ့စဉ်

(Zawgyi/Unicode)




...............................................................

တိုက်ရိုက် လင့်ခ်


ကန်-ရုရှား နျူကလီးယား လက်နက်လျှော့ချရေး သဘောတူညီချက် သက်တမ်းတိုးမည်

(Unicode)

အမေရိကန်နဲ့ ရုရှား အကြား နောက်ဆုံးသက်တမ်းကျန်နေသေးတဲ့ နျူးကလီးယား လက်နက် ထိန်းချုပ်ရေး သဘောတူစာချုပ်ကို နောက်ထပ် ငါးနှစ် တိုးဖို့ ရုရှားလွှတ်တော်အမတ်တွေဟာ ဗုဒ္ဓဟူးနေ့က အလျင်အမြန်ပဲ အတည်ပြုခဲ့ကြပါတယ်။ နှစ်နိုင်ငံကြား လက်နက်ထိန်းချုပ်ရေး သဘောတူ စာချုပ် သက်တမ်းကုန်ဆုံးဖို့ မတိုင်ခင် ရက်အနည်းငယ်အလိုမှာ အခုလို ရုရှားလွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ရုရှားသမ္မတ Vladimir Putin တို့အကြား တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုအပြီး နောက်တရက်မှာ ရုရှား အထက်နဲ့ အောက် လွှတ်တော်နှစ်ရပ်လုံးကနေ START သဘောတူစာချုပ်ကို နောက်ထပ်ငါးနှစ် သက်တမ်းတိုးဖို့ တညီတညွတ်တည်း သဘောတူခဲ့ကြတာပါ။
အခုလို စာချုပ်သက်တမ်းတိုးလိုက်တာနဲ့ပတ်သက်လို့ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို လာမယ့် ရက်အနည်းငယ်အတွင်း အပြီးသတ်ဆောင်ရွက်ဖို့ သဘောတူခဲ့ကြောင်း ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။

ဗွီဒီယိုကွန်ဖရင့်နဲ့ ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာလည်း ရုရှားသမ္မတ ပူတင်က ဗွီဒီယိုကနေတဆင့် မိန့်ခွန်ပြောကြားရာမှာ- စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့တာဟာ မှန်ကန်တဲ့ လမ်းကြောင်းတက်လှမ်းမှု အဖြစ် ချီးကျူးစကားပြောကြားခဲ့ပေမယ့် ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှုနဲ့ ပဋိပက္ခအသစ်တွေရဲ့ ခြိမ်းခြောက်မှုတွေ မြင့်မားလာနေကြောင်း သတိပေးခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG