သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူလက်နက်ဖျက်သိမ်းရေး နိုင်ငံတကာစာချုပ် ကုလအဖွဲ့ဝင် နိုင်ငံ ၅၀ လက်မှတ်ထိုး


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres. (အောက်တိုဘာ ၂၁၊ ၂၀၂၀)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres. (အောက်တိုဘာ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

အပြည်ပြည်ဆိုင်ရာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး သဘောတူစာချုပ်ကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၅၀ က အတည်ပြု လက်မှတ်ရေးထိုးလိုက်တယ်လို့ ကုလသမဂ္ဂက စနေနေ့က ပြောလိုက်ပါတယ်။

ဟွန်ဒူးရပ်စ်နိုင်ငံက နိုင်ငံ ၅၀ မြောက်အဖြစ်နဲ့ အတည်ပြု လက်မှတ်ရေးထိုးလိုက်တဲ့အတွက် ဒီသမိုင်းဝင် သဘောတူစာချုပ်ဟာ လာမယ့် ဇန်နဝါရီ ၂၂ ရက်နေ့ ရက် ၉၀ ပြည့်တဲ့နေ့မှာ စတင်အသက်ဝင်လာမှာ ဖြစ်ပါတယ်။

ဒီသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်တဲ့ နိုင်ငံ ၅၀ နဲ့ နျူကလီးယား ဆန့်ကျင်ရေးအတွက် လူထုအခြေပြု လှုပ်ရှားမှုအဖွဲ့တွေက တက်ကြွလှုပ်ရှားသူတွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ကြေညာချက်ထဲမှာ ချီးကျူး ပြောဆိုထားပါတယ်။

ဒီသဘောတူစာချုပ်ဟာ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုရဲ့ ရလဒ်ဖြစ်ပြီး နျူကလီးယားလက်နက်တွေ သုံးခြင်းအားဖြင့် လူသားတွေအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်ဆိုတာကို သတိပြုမိစေဖို့ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ် Guterres က ကြေညာချက်ထဲမှာ ပြောထားပါတယ်။

ဒါ့အပြင် ဒီစာချုပ်ဟာ နျူကလီးယား ပေါက်ကွဲမှုတွေနဲ့ စမ်းသပ်မှုတွေအတွင်း အသက်မသေဘဲ ကျန်ရစ်ခဲ့တဲ့သူတွေကို ဂုဏ်ပြုတာလည်းဖြစ်ပြီး အဲဒီလူတွေထဲက အတော်များများက ဒီစာချုပ်ကို အကြံပေးခဲ့တာဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး အမေရိကန် အပါအဝင် တခြား နျူကလီးယား အင်အားကြီးနိုင်ငံတွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။

ဒီသဘောတူစာချုပ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ရဲ့ ဥက္ကဋ္ဌကလည်း ဦးညွှတ်ဂုဏ်ပြုလိုက်ပြီး ဒီနေ့ဟာ လူသားထုတရပ်လုံးအတွက် အောင်ပွဲဖြစ်ပြီးတော့ ပိုပြီးတော့ ဘေးကင်းလုံခြုံတဲ့ အနာဂတ်အတွက် ကတိပြုချက်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့နဲ့ နာဂါဆာကီမြို့တွေကို အဏုမြူဗုံးကြဲတာ ၇၅ နှစ် ပြည့်မြောက်ပြီးချိန်ကစပြီး နိုင်ဂျီးရီးယား၊ မလေးရှား၊ အိုင်ယာလန်၊ မော်လ်တာ၊ တူဗာလူနဲ့ တခြားနိုင်ငံတွေ အများအပြားက ဒီစာချုပ်မှာ လက်မှတ်ထိုးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)










XS
SM
MD
LG