သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Nuclear လက္နက္ထိန္းခ်ဳပ္ေရး ကုလအေလးေပးေဆာင္ရြက္သင့္


Arak ႏ်ဴကလီးယား စက္ရုံ

၂၀၁၉ ခုႏွစ္၊ ကုလသမဂၢ အေထြေထြ ညီလာခံကို တက္ေရာက္မယ့္ ကမၻာ့ ေခါင္းေဆာင္ေတြ အေနနဲ႔ မျဖစ္မေန ဦးစားေပး ေဆြးေႏြးရမယ့္ ကိစၥတစ္ကေတာ့ ႏ်ဴးကလီးယား လက္နက္ထိန္းခ်ဳပ္ေရး ကိစၥျဖစ္ပါတယ္လို႔ ဥေရာပနဲ႔ ရုရွားက သံတမန္ေတြ၊ ႏုိင္ငံေရးသမားေတြနဲ႔ စစ္ေရး ကၽြမ္းက်င္သူေတြ အေယာက္ ၁၀၀ ေက်ာ္ ပါ၀င္တဲ့ အဖြဲ႔တစ္ခုရဲ႕ ေၾကညာခ်က္မွာ ပါရွိခဲ့ပါတယ္။

မေတာ္တဆ ေၾကာင့္ပဲျဖစ္ျဖစ္၊ အတြက္မွား တာနဲ႔ ဆုံးျဖတ္ခ်က္ မွားတာေတြေၾကာင့္ပဲျဖစ္ျဖစ္ ႏ်ဴးကလီးယား အႏၱရာယ္က်ေရာက္ႏုိ္င္ေျခဟာ ၁၉၆၂ ခုႏွစ္ က်ဴးဘား အက်ပ္အတည္းအျပီး အျမင့္ဆုံး အဆင့္မွာ ရွိေနေၾကာင္း ဗီအိုေအ သတင္းေထာက္ Henry Ridgell သတင္းေပးပို႔ထားပါတယ္။ အျပည့္အစုံကို ကိုရဲမင္းထြန္းက ေျပာျပပါမယ္။

စစ္ေအးကာလအတြင္း သေဘာတူညီထားခဲ့တဲ့ INF လို႔ေခၚတဲ့ တာလတ္ပစ္ ႏ်ဴးကလီးယား တပ္ဖြဲ႔ ဆိုင္ရာ စာခ်ဳပ္ကို တရား၀င္ ရပ္ဆိုင္းပစ္ဖို႔ အေမရိကန္ ျပည္ေထာင္စုနဲ႔ ရုရွားႏိုင္ငံ ႏွစ္ႏုိ္င္ငံစလုံးက ဒီႏွစ္အတြင္း ေၾကညာျပီးတဲဲ့ေနာက္ လက္နက္ ထိန္းခ်ဳပ္ေရးနဲ႔ပတ္သက္ျပီး ကၽြမ္းက်င္သူအဖြဲ႔ တစ္ဖြဲ႕က ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီ ေၾကညာခ်က္မွာ ဒီကေန႔စတင္က်င္းပမယ့္ ကုလသမဂၢ အေထြေထြ ညီလာခံမွာ လက္နက္ ထိန္းခ်ဳပ္ေရး ကိစၥကို မျဖစ္မေန ဦးစားေပး ေဆြးေႏြးဖို႔ ကမၻာ့ ေခါင္းေဆာင္ေတြကို တိုက္တြန္းထားပါတယ္။

ပ်က္ျပား သြားခဲ့တဲ့ INF စာခ်ဳပ္ကို ရုရွားက ခ်ိဳးေဖာက္ေနခဲ့တယ္လို႔ အေမရိကန္ႏုိင္ငံက စြပ္စြဲျပီး တရုတ္ႏုိ္င္ငံလုိ ႏုိင္ငံေတြ စာခ်ဳပ္ထဲ ပါ၀င္သင့္တာေၾကာင့္ ဒီစာခ်ဳပ္ ေခတ္နဲ႔ မညီေတာ့ဘူးလို႔လည္း အေၾကာင္းျပပါတယ္။ အခုလထဲမွာေတာ့ ရုရွား သမၼတ ပူတင္က အဲဒီ စာခ်ဳပ္အရ အရင္က တားျမစ္ထားတဲ့ လက္နက္သစ္ေတြကို ရုရွားတို႔ ထုတ္လုပ္ေတာ့မွာ ျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။ အေမရိကန္က လက္နက္ေတြ အရင္ ေစလႊတ္ မခ်ထားသေရြ႕ ရုရွားက ေစလႊတ္ခ်ထားမွာ မဟုတ္ဘူးလို႔လည္း ဆိုပါတယ္။ ဒီလို INF စာခ်ဳပ္ ရုတ္ခ်ည္း ပ်က္ျပယ္သြားတာက ဥေရာပက သံတမန္နဲ႔ စစ္ေရး ေခါင္းေဆာင္ေတြ ပါ၀င္တဲ့ အဖြဲ႔ကို စိုးရိမ္ ပူပန္မႈေတြ ျဖစ္ေပၚလာေစ ခဲ့ပါေတာ့တယ္။

အဲဒီလို စိုးရမ္မႈေတြနဲ႔အတူ ဒီကိစၥကို နယူးေယာက္ျမိဳ႕မွာ ကုလသမဂၢ အေထြေထြ ညီလာခံမွာ ဦးစားေပး ေဆြးေႏြးေပးပါဆိုျပီး ကၽြမ္းက်င္သူ ေတြက လက္မွတ္ ေရးထိုး ေတာင္းဆိုလုိက္ၾကပါတယ္။ လက္မွတ္ေရးထုိးသူတစ္ေယာက္ကေတာ့ ဥေရာပ ေခါင္းေဆာင္မႈ ကြန္ယက္ အဖြဲ႕ရဲ႕ ဥကၠဌလည္းျဖစ္၊ ၿဗိတိသွ် ကာကြယ္ေရး ၀န္ၾကီးေဟာင္းလည္းျဖစ္သူ Des Browne ျဖစ္ပါတယ္။

“အထူးသျဖင့္ ကၽြန္ေတာ္တို႔တစ္ေတြ ဆယ္စုႏွစ္ေတြနဲ႕ခ်ီ အားကိုးလာခဲ့ရတဲ့ လက္နက္ ထိန္းခ်ဳပ္ေရးဆိုင္ရာ ဖြဲ႕စည္းမႈ ပုံသ႑ာန္က တစ္ျဖည္းျဖည္း ပ်က္ယြင္းလာေနတယ္။ ဒါကို ပိုျပီး ရွဳပ္ေထြးေစတာက ႏ်ဴးကလီးယားလက္နက္ေတြနဲ႔ ဆက္ႏြယ္တဲ့ လက္နက္ဆိုင္ရာ နည္းပညာသစ္ေတြ တိုးတက္လာခဲ့တာပဲ။ ဒါဟာ စည္းမရွိ ေဘာင္မရွိ လက္နက္ေတြ ထုတ္လုပ္ သုိမီွးဖို႔ ျဖစ္လာေစရုံတင္မကဘူး အႏၱရာယ္ကိုလည္း မၾကဳံစဖူး ျမင့္မားလာေနေစပါတယ္။

Des Browne ေျပာတဲ့လက္နက္ေတြထဲ ရုရွား၊ အေမရိကန္၊ တရုတ္နဲ႔ ၾသစေၾတးလ်တို႔ စမ္းသပ္ ထုတ္လုပ္ဆဲျဖစ္တဲ့ ျမန္ႏွဳန္းျမင့္ ဒုံးက်ည္ hypersonic missiles ေတြ ပါ၀င္ေနပါတယ္။ အဲဒီ လက္နက္က ဘယ္ ကာကြယ္ေရး စနစ္ကို မဆို ထိုးေဖာက္ႏုိ္င္စြမ္း ရွိေနပါတယ္။ ကိုယ္ပိုင္ ဒုံးက်ည္ စနစ္ကို ထုတ္လုပ္ဖုိ႔ ၾကိဳးစားေနတဲ့ ႏုိ္င္ငံေတြကလည္း ပိုလို႔ မ်ားမ်ား လာလို႔ေနပါတယ္။

“အေနာက္ႏိုင္ငံေတြနဲ႔ ရုရွား အၾကား တစ္ဦးနဲ႔တစ္ဦး ယုံၾကည္မႈ ေလ်ာ့နည္းေနတာေတြနဲ႔ ျပီးခဲ့တဲ့ ၁၀ စုႏွစ္အတြင္း လက္ရွိ လက္နက္ထိန္းခ်ဳပ္ ေရး ဖြဲ႕စည္းပုံသ႑ာန္ တစ္ျဖည္းျဖည္း ေျပေလ်ာ့ လာေနတာေတြက ဥေရာပ ရႈ႕ေထာင္ကၾကည့္မယ္ဆိုရင္ အထူး စိုးရမ္စရာ ျဖစ္လာခဲ့ ပါတယ္။ ဘာျဖစ္လို႔ လဲဆိုေတာ့ ကမၻာေပၚမွာ ႏ်ဴးကလီးယား လက္နက္ေတြရဲ႕ ၉၀ ရာခိုင္ႏွဳန္းကို သိုေလွာင္ထားရင္ထား၊ မထားရင္ အဆင္သင့္ တပ္ဆင္ ျဖန္႔က်က္ထားျပီးျဖစ္လို႔ပါ။ အဆင္သင့္ ခ်ထားတဲ့ လက္နက္ေတြကို အသုံးျပဳဖို႔က မိနစ္ပိုင္းပဲ လိုပါတယ္။”

ကာကြယ္ေရး ၀န္ၾကီး ေဟာင္း Des Browne တို႔ ထုတ္ျပန္ခဲ့တဲ့ေၾကညာခ်က္က ဥေရာပအတြက္ လုံျခံဳေရး အႏၱရာယ္ ျမင့္မားေနတာ တစ္ခုတည္းကို သတိေပးထားတာ မဟုတ္ပါဘူး။ ေျမာက္ကိုရီးယားက သုိေလွာင္ထားတဲ့ လက္နက္ ပမာဏ မ်ားလာသလို ႏ်ဴကလီးယား လက္နက္ပိုင္ အိႏိၵယနဲ႔ ပါကစၥတန္တို႔အၾကား တင္းမားမႈေတြ ျမင့္တက္ေနတာနဲ႔ အီရန္နဲ႕ ႏ်ဴးကလီးယာ သေဘာတူစာခ်ဳပ္ ပ်က္ျပား သြားတဲ့ ကိစၥေတြ အေပၚမွာလည္း သတိေပးထားတာပါ။

ကၽြမ္းက်င္သူေတြရဲ႕ ေၾကညာခ်က္ထဲမွာ လက္နက္အသစ္ေၾကာင့္ ျဖစ္ေပၚလာတဲ့အႏၱရာယ္ေတြ ေလ်ာ့ပါးသြားေစဖို႔နည္းလမ္းသစ္ေတြ ရွာၾကံဖို႔ အေမရိကန္နဲ႕ ရုရွားႏုိင္ငံေတြကို တိုက္တြန္း ထားပါတယ္။ တရုတ္ႏို္င္ငံနဲ႔ တစ္ျခား ႏ်ဴးကလီးယား လက္နက္ အင္အား ႏုိ္င္ငံေတြကိုလည္း မဟာဗ်ဴဟာအရ တည္ျငိမ္မႈကို ရရွိဖို႔အေရး ႀကိဳးပမ္းဖု႔ိလည္း ေဆာ္ၾသထားပါတယ္။ လတ္တေလာ ပထ၀ီႏိုင္ငံေရး အေျခအေနအရေတာ့ ကုလသမဂၢမွာ ဒီလို သေဘာတူညီခ်က္မ်ိဳး ရဖုိ႔ကေတာ့ မလြယ္ကူေသးေၾကာင္းပါ ။

..............

(Unicode )

Nuclear လက်နက်ထိန်းချုပ်ရေး ကုလအလေးပေးဆောင်ရွက်သင့်

၂၀၁၉ ခုနှစ်၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်မယ့် ကမ္ဘာ့ ခေါင်းဆောင်တွေ အနေနဲ့ မဖြစ်မနေ ဦးစားပေး ဆွေးနွေးရမယ့် ကိစ္စတစ်ကတော့ နျူးကလီးယား လက်နက်ထိန်းချုပ်ရေး ကိစ္စဖြစ်ပါတယ်လို့ ဥရောပနဲ့ ရုရှားက သံတမန်တွေ၊ နိုင်ငံရေးသမားတွေနဲ့ စစ်ရေး ကျွမ်းကျင်သူတွေ အယောက် ၁၀၀ ကျော် ပါဝင်တဲ့ အဖွဲ့တစ်ခုရဲ့ ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။

မတော်တဆ ကြောင့်ပဲဖြစ်ဖြစ်၊ အတွက်မှား တာနဲ့ ဆုံးဖြတ်ချက် မှားတာတွေကြောင့်ပဲဖြစ်ဖြစ် နျူးကလီးယား အန္တရာယ်ကျရောက်နိုင်ခြေဟာ ၁၉၆၂ ခုနှစ် ကျူးဘား အကျပ်အတည်းအပြီး အမြင့်ဆုံး အဆင့်မှာ ရှိနေကြောင်း ဗီအိုအေ သတင်းထောက် Henry Ridgell သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက ပြောပြပါမယ်။

စစ်အေးကာလအတွင်း သဘောတူညီထားခဲ့တဲ့ INF လို့ခေါ်တဲ့ တာလတ်ပစ် နျူးကလီးယား တပ်ဖွဲ့ ဆိုင်ရာ စာချုပ်ကို တရားဝင် ရပ်ဆိုင်းပစ်ဖို့ အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံ နှစ်နိုင်ငံစလုံးက ဒီနှစ်အတွင်း ကြေညာပြီးတဲ့နောက် လက်နက် ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူအဖွဲ့ တစ်ဖွဲ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်မှာ ဒီကနေ့စတင်ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ လက်နက် ထိန်းချုပ်ရေး ကိစ္စကို မဖြစ်မနေ ဦးစားပေး ဆွေးနွေးဖို့ ကမ္ဘာ့ ခေါင်းဆောင်တွေကို တိုက်တွန်းထားပါတယ်။

ပျက်ပြား သွားခဲ့တဲ့ INF စာချုပ်ကို ရုရှားက ချိုးဖောက်နေခဲ့တယ်လို့ အမေရိကန်နိုင်ငံက စွပ်စွဲပြီး တရုတ်နိုင်ငံလို နိုင်ငံတွေ စာချုပ်ထဲ ပါဝင်သင့်တာကြောင့် ဒီစာချုပ် ခေတ်နဲ့ မညီတော့ဘူးလို့လည်း အကြောင်းပြပါတယ်။ အခုလထဲမှာတော့ ရုရှား သမ္မတ ပူတင်က အဲဒီ စာချုပ်အရ အရင်က တားမြစ်ထားတဲ့ လက်နက်သစ်တွေကို ရုရှားတို့ ထုတ်လုပ်တော့မှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အမေရိကန်က လက်နက်တွေ အရင် စေလွှတ် မချထားသရွေ့ ရုရှားက စေလွှတ်ချထားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဒီလို INF စာချုပ် ရုတ်ချည်း ပျက်ပြယ်သွားတာက ဥရောပက သံတမန်နဲ့ စစ်ရေး ခေါင်းဆောင်တွေ ပါဝင်တဲ့ အဖွဲ့ကို စိုးရိမ် ပူပန်မှုတွေ ဖြစ်ပေါ်လာစေ ခဲ့ပါတော့တယ်။

အဲဒီလို စိုးရမ်မှုတွေနဲ့အတူ ဒီကိစ္စကို နယူးယောက်မြို့မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဦးစားပေး ဆွေးနွေးပေးပါဆိုပြီး ကျွမ်းကျင်သူ တွေက လက်မှတ် ရေးထိုး တောင်းဆိုလိုက်ကြပါတယ်။ လက်မှတ်ရေးထိုးသူတစ်ယောက်ကတော့ ဥရောပ ခေါင်းဆောင်မှု ကွန်ယက် အဖွဲ့ရဲ့ ဥက္ကဌလည်းဖြစ်၊ ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီးဟောင်းလည်းဖြစ်သူ Des Browne ဖြစ်ပါတယ်။

“အထူးသဖြင့် ကျွန်တော်တို့တစ်တွေ ဆယ်စုနှစ်တွေနဲ့ချီ အားကိုးလာခဲ့ရတဲ့ လက်နက် ထိန်းချုပ်ရေးဆိုင်ရာ ဖွဲ့စည်းမှု ပုံသဏ္ဍာန်က တစ်ဖြည်းဖြည်း ပျက်ယွင်းလာနေတယ်။ ဒါကို ပိုပြီး ရှုပ်ထွေးစေတာက နျူးကလီးယားလက်နက်တွေနဲ့ ဆက်နွယ်တဲ့ လက်နက်ဆိုင်ရာ နည်းပညာသစ်တွေ တိုးတက်လာခဲ့တာပဲ။ ဒါဟာ စည်းမရှိ ဘောင်မရှိ လက်နက်တွေ ထုတ်လုပ် သိုမှီးဖို့ ဖြစ်လာစေရုံတင်မကဘူး အန္တရာယ်ကိုလည်း မကြုံစဖူး မြင့်မားလာနေစေပါတယ်။

Des Browne ပြောတဲ့လက်နက်တွေထဲ ရုရှား၊ အမေရိကန်၊ တရုတ်နဲ့ သြစတြေးလျတို့ စမ်းသပ် ထုတ်လုပ်ဆဲဖြစ်တဲ့ မြန်နှုန်းမြင့် ဒုံးကျည် hypersonic missiles တွေ ပါဝင်နေပါတယ်။ အဲဒီ လက်နက်က ဘယ် ကာကွယ်ရေး စနစ်ကို မဆို ထိုးဖောက်နိုင်စွမ်း ရှိနေပါတယ်။ ကိုယ်ပိုင် ဒုံးကျည် စနစ်ကို ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေကလည်း ပိုလို့ များများ လာလို့နေပါတယ်။

“အနောက်နိုင်ငံတွေနဲ့ ရုရှား အကြား တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု လျော့နည်းနေတာတွေနဲ့ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း လက်ရှိ လက်နက်ထိန်းချုပ် ရေး ဖွဲ့စည်းပုံသဏ္ဍာန် တစ်ဖြည်းဖြည်း ပြေလျော့ လာနေတာတွေက ဥရောပ ရှု့ထောင်ကကြည့်မယ်ဆိုရင် အထူး စိုးရမ်စရာ ဖြစ်လာခဲ့ ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကမ္ဘာပေါ်မှာ နျူးကလီးယား လက်နက်တွေရဲ့ ၉၀ ရာခိုင်နှုန်းကို သိုလှောင်ထားရင်ထား၊ မထားရင် အဆင်သင့် တပ်ဆင် ဖြန့်ကျက်ထားပြီးဖြစ်လို့ပါ။ အဆင်သင့် ချထားတဲ့ လက်နက်တွေကို အသုံးပြုဖို့က မိနစ်ပိုင်းပဲ လိုပါတယ်။”

ကာကွယ်ရေး ဝန်ကြီး ဟောင်း Des Browne တို့ ထုတ်ပြန်ခဲ့တဲ့ကြေညာချက်က ဥရောပအတွက် လုံခြုံရေး အန္တရာယ် မြင့်မားနေတာ တစ်ခုတည်းကို သတိပေးထားတာ မဟုတ်ပါဘူး။ မြောက်ကိုရီးယားက သိုလှောင်ထားတဲ့ လက်နက် ပမာဏ များလာသလို နျူကလီးယား လက်နက်ပိုင် အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား တင်းမားမှုတွေ မြင့်တက်နေတာနဲ့ အီရန်နဲ့ နျူးကလီးယာ သဘောတူစာချုပ် ပျက်ပြား သွားတဲ့ ကိစ္စတွေ အပေါ်မှာလည်း သတိပေးထားတာပါ။

ကျွမ်းကျင်သူတွေရဲ့ ကြေညာချက်ထဲမှာ လက်နက်အသစ်ကြောင့် ဖြစ်ပေါ်လာတဲ့အန္တရာယ်တွေ လျော့ပါးသွားစေဖို့နည်းလမ်းသစ်တွေ ရှာကြံဖို့ အမေရိကန်နဲ့ ရုရှားနိုင်ငံတွေကို တိုက်တွန်း ထားပါတယ်။ တရုတ်နိုင်ငံနဲ့ တစ်ခြား နျူးကလီးယား လက်နက် အင်အား နိုင်ငံတွေကိုလည်း မဟာဗျူဟာအရ တည်ငြိမ်မှုကို ရရှိဖို့အရေး ကြိုးပမ်းဖု့ိလည်း ဆော်သြထားပါတယ်။ လတ်တလော ပထဝီနိုင်ငံရေး အခြေအနေအရတော့ ကုလသမဂ္ဂမှာ ဒီလို သဘောတူညီချက်မျိုး ရဖို့ကတော့ မလွယ်ကူသေးကြောင်းပါ ။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG