သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဖွဲ့စည်းပုံမှာ နျူကလီးယားလက်နက်နိုင်ငံအဖြစ် ဖေါ်ပြ


မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက သူ့ကိုယ်သူ သုံးနှုန်းလိုက်ပြီး သူ့အစိုးရ တရားဝင်မှုကို မြှင့်တင်ဖို့ ကြိုးစားလိုက်တာ ဖြစ်နိုင်ပေမဲ့လည်း ပြင်ပ ကမ္ဘာအတွက်တော့ ဒီခေါင်းစဉ်သစ်ကြောင့် မြောက်ကိုရီးယား ခေါင်းဆောင် အနေနဲ့ နျူကလီးယား ကင်းစင်ရေး ပိုင်းဖြတ်ထားပါတယ်ဆိုတဲ့ ပြောဆိုချက်ကို လျော့ပါးသွားစေတဲ့ အနေအထားလို့ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။

မြောက်ကိုရီးယား နိုင်ငံရဲ့ အသစ်ပြင်ဆင်လိုက်တဲ့ အခြေခံ ဥပဒေအရ ကင်ဂျုံအွန်းကို နိုင်ငံအကြီးအကဲအဖြစ် တရားဝင် ဖြစ်သွားစေပါတယ်။

နိုင်ငံရဲ့ ထိပ်တန်း အုပ်ချုပ်မှု အဖွဲ့ နိုင်ငံရေးရာ ကော်မရှင်မှာ ကင်ဂျုံအွန်းကို အကြီးအကဲအဖြစ် တင်မြှောက်လိုက်တာ ဖြစ်ပါတယ်။ ဒ့ါအပြင် နျူကလီးယား လက်နက် နိုင်ငံရဲ့ ကာကွယ်ရေး ဦးစီးချုပ် အဖြစ်လည်း ကင်ဂျုံအွန်းကို ခေါ်တွင်လိုက်ပါတယ်။

အခြေခံ ဥပဒေကိုတော့ ဧပြီလထဲမှာ ပြင်ခဲ့တာပါ၊ ဒါပေမဲ့လည်း မြောက်ကိုရီးယားရဲ့ ၀ါဒဖြန့် ၀က်ဘ်ဆိုက် Naenaraက ပြီးခဲ့တဲ့ သတင်းပတ် တုန်းကမှာ လူသိရှင်ကြား ထုတ်တာ ဖြစ်ပါတယ်။ အရင် အခြေခံ ဥပဒေ အဟောင်းမှာတုန်းကတော့ ကင်ဂျုံအွန်းကို မြောက်ကိုရီးယားရဲ့ စစ်တပ် တပ်ဖွဲ့တွေကို ထိန်းချုပ်မှုနဲ့ အတူ ခေါင်းဆောင်ကြီး အဖြစ်ပဲ ခေါ်တွင်ထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG