သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားနျူကလီယားရေး ဆွေးနွေးပွဲပြန်စဖို့ တောင်ကိုရီးယားကြိုးစားမည်


မြောက်ကိုရီးယား Nuclear အရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ဆွေးနွေးမှုတွေ ပြန်စနိုင်အောင် သူ့ဖက်က အတတ်နိုင်ဆုံး ကြိုးစားမယ်လို့ တောင်ကိုရီးယားသမ္မတ Moon Jae-in က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ဒီကိစ္စညှိနိုင်းဖို့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ၄ ကြိမ်မြောက် တွေ့ဆုံဖို့အတွက် သူ့ဖက်ကအဆင်သင့်ရှိတယ်လို့ တောင်ကိုရီးယားသမ္မတက ပြောပါတယ်။

တောင်ကိုရီးယားက ကြားဝင်စေ့စပ်ပေးနေတာနဲ့ပတ်သက်လို့ တောင်ကိုရီးယားအစိုးရဟာ သူ့အခန်းကဏ္ဍထက်ကို ကျော်ပြီးလုပ်နေတယ်လို့ မြောက်ကိုရီးယားက အခုစနေ တနင်္ဂနွေရုံးပိတ်ရက်ကပဲ ပြင်းပြင်ထန်ထန်ဝေဖန်ထားတဲ့ကြားကနေ တောင်ကိုရီးယားသမ္မတက ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားကြား Nuclear ဖျက်သိမ်းရေးသဘောတူညီမှု ရနိုင်ရေးဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ တောင်ကိုရီးယားသမ္မတ Moon Jae-in က သမ္မတ Donald Trump ကို ပြီးခဲ့တဲ့ သီတင်းပတ်က အိမ်ဖြူတော်မှာ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။ Vietnam နိုင်ငံမှာ သမ္မတ Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ခဲ့ပြီးထဲက Nuclear လက်နက်ဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ရပ်တံ့နေတာပါ။

ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖယ်ရှားစေချင်တဲ့ မြောက်ကိုရီးယားက အမေရိကန်ဖက်က တွက်ချက်မှုနဲ့ သဘောထားကို ပြင်မယ်ဆိုရင်တော့ သမ္မတ Trump နဲ့ နောက်ထပ်ဆွေးနွေးဖို့လိုလားပါတယ်လို့ Kim Jong Un ကပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပေးဖို့ အချိန်မတန်သေးဘူးလို့ သမ္မတ Trump ကေ တာင်ကိုရီးယားသမ္မနဲ့ အိမ်ဖြူတော်မှာ တေ့ွဆုံစဉ်က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG