သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေးရုံး မြောက်ကိုရီးယားပြန်လည်ရုပ်သိမ်း


တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Chun Hae-sun (မတ်၊ ၂၂၊ ၂၀၁၉)
တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Chun Hae-sun (မတ်၊ ၂၂၊ ၂၀၁၉)

တောင်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ မြောက်ပိုင်း Kaesong မြို့က ပူးတွဲရုံးတွေမှာ အပတ်စဉ် တွေ့ဆုံတဲ့ အစည်းအဝေးအတွင်း ဒီကနေ့ပဲ မြောက်ကိုရီးယားက တောင်ကိုရီးယားကို ရုတ်တရက် အကြောင်းကြားခဲ့တာပါ။

အထက်အမိန့်အရ မြောက်ကိုရီးယားက ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်းလည်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Chun Hae-sun က Reuters သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ဆုံးဖြတ်ချက်အတွက် စိတ်မကောင်း ဖြစ်ရကြောင်း တောင်ကိုရီးယားက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပေမဲ့ တောင်ကိုရီးယား ရုံးတွေကိုတော့ ဆက်လက် ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အမေရိကန် သမ္မတ Donald Trump တို့ရဲ့ ပြီးခဲ့တဲ့လထဲ ဗီယက်နမ်နိုင်ငံက ထိပ်သီးဆွေးနွေးပွဲ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် မြောက်ကိုရီးယားက တောင်ကိုရီးယားနဲ့ ဆက်ဆံရေးရုံး ပိတ်မယ့်သတင်း ထွက်လာတာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်တွေအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေနဲ့ ပတ်သက်လို့ အငြင်းပွားစရာတွေ ဖြစ်ခဲ့ရာက ဟနွိုင်မြို့က ထိပ်သီးအစည်းအဝေးပွဲ မအောင်မမြင် ဖြစ်ခဲ့ရတာပါ။

မြောက်ကိုရီးယား ဆက်ဆံရေးရုံးကိုတော့ တောင်-မြောက် ကိုရီးယား ၂ နိုင်ငံကြား သင့်မြတ်ရေးအတွက် ကြိုးပမ်းမှုတွေရဲ့ တစိတ်တပိုင်းအဖြစ် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG