သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ Donald Trump ထပ်မံတွေ့ဆုံလို


သမ္မတ Donald Trump နှင့် မြောက်ကိုရီးယားခေါင်းဆောင်
သမ္မတ Donald Trump နှင့် မြောက်ကိုရီးယားခေါင်းဆောင်

အမေရိကန်သမ္မတ Donald Trump က သူဟာ မြောက်ကိုရီးယားနဲ့ နျူကလီယားလက်နက် ဆိုင်ရာ သဘောတူညီမှု ရအောင်ကြိုးစားဖို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ နောက်တကြိမ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပလိုတဲ့ ဆန္ဒရှိကြောင်း သမ္မတအိမ်ဖြူတော်မှာ တောင်ကိုရီးယား သမ္မတ Moon Jae-in နဲ့အတူပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ဖြစ်ပေါ်လာနိုင်သလို ဒါဟာ တဆင့်ပြီးမှ တဆင့်လုပ်ရတာ ဖြစ်ပြီး အမြန်လုပ်လို့ ရတဲ့ကိစ္စမျိုး မဟုတ်ဖူးလို့ သမ္မတ Trump ကပြောပါတယ်။

လက်နက်ဖျက်သိမ်းရေးကို မပြောပေမယ့် လုပ်ငန်းစဉ်က ရှေ့တိုး နေတယ်လို့ တောင်ကိုရီးယားသမ္မတ ပြောကြားခဲ့သလို နျူကလီယားလက်နက်ဖျက်သိမ်းရေးကို မပြောပဲ သဘောတူညီမှု တစုံတရာအတွက် သမ္မတ Trump အနေနဲ့ လက်ခံဖို့ ရှိမရှိ သတင်းထောက်တွေက မေးမြန်းရာမှာတော့ သဘောတူညီမှု အငယ်စား အမျိုးမျိုး ရနိုင်ကြောင်း သမ္မတ Trump က တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်မှာ နျူကလီယားလက်နက် ဖျက်သိမ်းရေးဆိုင်ရာ သဘောတူညီမှု အတွက်ပဲ ပြောကြားမှာဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားအပေါ် တင်းကြပ်တဲ့ အရေးယူမှုတွေ မလုပ်ဖို့ သမ္မတက ဆုံးဖြတ်ခဲ့ပေမယ့် လက်ရှိ အရေးယူမှုတွေကို ဆက်ပြီး ထားမှာ ဖြစ်ကြောင်းလည်း သမ္မတ Trump က ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတ Moon ကတော့ အခုအချိန်မှာကိုပဲ ငြိမ်းချမ်းမှုကို ရနေပြီဖြစ်ပြီး သမ္မတ Trump အနေနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ သူယုံကြည်ကြောင်း ပြောကြားခဲ့တာပါ။

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ Donald Trump ထပ်မံတွေ့ဆုံလို
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG