သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စပိန် သံရုံးဝင်စီးခံရမှု စုံစမ်းပေးဖို့ မြောက်ကိုရီးယား တောင်းဆို


ဖေဖော်ဝါရီလအတွင်းက စပိန်နိုင်ငံ Madrid မှာရှိတဲ့ သူတို့ သံရုံး ဝင်စီးနင်းခံရတဲ့အပေါ် စုံစမ်းစစ်ဆေးပေးဖို့ မြောက်ကိုရီယားနိုင်ငံက တောင်းဆိုပါတယ်။ ဒီ စီးနင်းမှုဟာ ဆိုးဆိုးဝါးဝါး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို အစိုးရပိုင် KCNA သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာဆိုရင် မြောက်ကိုရီးယားဖက်က ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပထမဆုံးတရားဝင် တုံ့ပြန်ချက်ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ တရားမဝင် ဝင်ရောက်ကျူးကျော်မှု ဖြစ်သလိုပဲ နိုင်ငံတကာဥပဒေကို ဗြောင်ကျကျ ကျူးလွန်တာလို့လည်း မြောက်ကိုရီယား ကြေညာချက်မှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာဆိုရင် မြောက်ကိုရီးယားခေါင်းဆောင် Kim John Un အစိုးရကို ဆန့်ကျင်တဲ့ အတိုက်အခံအုပ်စုတစုရဲ့ လုပ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖြစ်တဲ့ အဲဒီဖြစ်ရပ်မှာဆိုရင် စီးနင်းဝင်ရောက်သူတွေဟာ သံရုံးမှာရှိတဲ့ ကွန်ပြူတာတွေနဲ့ အချက်အလက်တွေကို ယူဆောင်သွားကြပါတယ်။ အဲဒီ အချက်အလက် ပစ္စည်းတွေကို FBI အမေရိကန်ပြည်ထောင်စုထောက်လှမ်းရေးဗျူရိုကို လွဲှပြောင်းပေးခဲ့တယ်လို့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG