သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံသား သေဆုံးမှု မြောက်ကိုရီးယားကို မိသားစု ပြစ်တင်


မြောက်ကိုရီးယားမှာ ဇန်နဝါရီလ အစောပိုင်းထဲက ထိန်းသိမ်းခံထားရတဲ့ အမေရိကန် Virginia တက္ကသိုလ် ကျောင်းသား Otto Frederick Warmbier ကို Pyongyang ရှိ မြောက်ကိုရီးယားထိပ်တန်းတရားရုံးသို့ ခေါ်ဆောင်စဉ် (မတ်၊ ၁၆၊ ၂၀၁၆)
မြောက်ကိုရီးယားမှာ ဇန်နဝါရီလ အစောပိုင်းထဲက ထိန်းသိမ်းခံထားရတဲ့ အမေရိကန် Virginia တက္ကသိုလ် ကျောင်းသား Otto Frederick Warmbier ကို Pyongyang ရှိ မြောက်ကိုရီးယားထိပ်တန်းတရားရုံးသို့ ခေါ်ဆောင်စဉ် (မတ်၊ ၁၆၊ ၂၀၁၆)

အမေရိကန်နိုင်ငံသား Otto Warmbier သေဆုံးရတာဟာ မြောက်ကိုရီးယားမှာ တာဝန်ရှိတယ်လို့ Otto Warmbier ရဲ့ မိဘတွေက ပြောလိုက်ပါတယ်။ Warmbier သေဆုံးရတာဟာ မြောက်ကိုရီးယားအစိုးရရဲ့ လက်ချက်ဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း ဟာလည်း ဘယ်လိုမှစဉ်းစားလို့ မရလောက်အောင်ကို ရက်စက်ပြီး၊ လူမဆန်တဲ့သူဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

၂ နိုင်ငံခေါင်းဆောင် ၂ ဦး ဗီယက်နမ်နိုင်ငံမှာ တွေ့ဆုံခဲ့စဉ်အတွင်း Warmbier သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတထရမ့်က ကင်ဂျုံအွန်ကို ပြစ်တင်ပြောဆိုဖို့ ငြင်းဆန်ခဲ့ ပြီးတဲ့နောက် Otto Warmbier ရဲ့ မိဘတွေက သောကြာနေ့မှာ အဲဒီလို ပြောလိုက်တာပါ။

Warmbierကို မြောက်ကိုရီးယားနိုင်ငံမှာ ဖမ်းခံထားရအချိန်အတွင်း ရက်ရက်စက်စက် ပြုမှုခဲ့တာတွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း သိမယ်လို့ သူမထင်ကြောင်း သမ္မတထရမ့်က ကြာသပတေးနေ့မှာ ပြောပါတယ်။

ဗာဂျီနီးယားတက္ကသိုလ်ကျောင်းသား Otto Warmbier ဟာ မြောက်ကိုရီးယားနိုင်ငံကို ခရီးသွားအဖွဲ့တခုနဲ့ သွားရောက်ခဲ့ပြီး၊ ၂၀၁၆ ဇန်နဝါရီလမှာ ဖမ်းခံခဲ့ရပြီး၊ သူ့ကို ဝါဒဖြန့်ချီရေး ပိုစတာကို ခိုးယူမှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားက သူ့ကို ၂၀၁၇ ဇွန်လမှာ ပြန်လွှတ်ပေးခဲ့ပြီး၊ သူ့ရဲ့ မိသားစုဆီကို ရောက်လာချိန်မှာတော့ Warmbier ရဲ့ ဦးနှောက်ဟာ အလုပ်မလုပ်တော့ဘဲ၊ အဲဒီနောက် ရက်ပိုင်းအကြာမှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားကတော့ အဲဒီလိုဖြစ်တာဟာ ဆိုးရွားတဲ့ အစာအဆိပ်သင့်မှုကြောင့်ဖြစ်တာလို့ ပြောပေမယ့်၊ အမေရိကန်ဘက်ကတော့ ဘာသက်သေ အထောက်အထားမှ မတွေ့ဘူးလို့ ဆိုပါတယ်။

တစပ်တည်းမှာပဲ၊ သမ္မတထရမ့်နဲ့ ကင်ဂျုံအွန်းတို့ ဗီယက်နမ်နိုင်ငံမှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုက မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ ဗီယက်နမ်နိုင်ငံကနေ မြောက်ကိုရီးယားနိုင်ငံကို ဒီကနေ့မှာ ပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်။

ကန်နိုင်ငံသား သေဆုံးမှု မြောက်ကိုရီးယားကို မိသားစု အပြစ်တင်
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG