သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြောက်ကိုရီးယား နျူကလီယားခြိမ်းခြောက်မှုရှိနေသေးဟု ကန်တပ်မှူးပြောဆို


အမေရိကန်တပ်တွေရဲ့ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Robert Abrams
အမေရိကန်တပ်တွေရဲ့ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Robert Abrams

အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေအပေါ် မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေ ဆက်လက်ရှိနေသေးတဲ့အကြောင်း တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ အမေရိကန်တပ်တွေရဲ့ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Robert Abrams က ပြောဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း ဟာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ပေးထားတဲ့ ကတိကဝတ် အတိုင်း မဆောင်ရွက်ဘဲ နျူကလီးယားလက်နက် တပ်ဆင်အသုံးပြုနိုင်တဲ့ လက်နက်တွေနဲ့ မစ်ဆိုင်းဒုံးတွေကို ဆက်ပြီးထုတ်လုပ်နေ သေးတယ်လို့ ဗိုလ်ချုပ်ကြီး Robert Abrams က အမေရိကန် လွှတ်တော် ကြားနာပွဲမှာ ဗုဒ္ဓဟူးနေ့က ပြောဆိုတာပါ။

မြောက်ကိုရီးယားဘက်က တိုက်ခိုက်လာမယ်ဆိုရင် မျက်ခြေမပြတ် စောင့်ကြည့်ဖို့နဲ့ အချိန်မှီ သတိပေးတဲ့ စနစ်ထားရှိဖို့ အမေရိကန်ပြည်ထောင်စုမှာ လုံလောက်တဲ့ အနေအထား မရှိသေးဘူးလို့လည်း သူက သတိပေးသွားပါတယ်။ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက အမေရိကန်သမ္မတ Donald Trump နဲ့ စင်္ကာပူမှာ တွေ့ချိန်တုန်းကတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား လက်နက်ကင်းစင်ရေးကို ရှေ့ရှု လုပ်ဆောင်သွားမယ်လို့ ပြောခဲ့တာပါ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့လ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ သမ္မတ Trump နဲ့ ထပ်မံ တွေ့ဆုံချိန်မှာတော့ သဘောတူညီမှု မရခဲ့ပါဘူး။ စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပြီး အပြန်အလှန်အားဖြင့် နျုကလီးယားကင်းစင်ရေးမှာ တဖြေးဖြေးချင်းလုပ်ဆောင်တာမျိုးကို လက်ခံဖို့၊ မြောက်ကိုရီးယားဖက်က ပြောဆိုထားပေမယ့် အမေရိကန်ပြည်ထောင်စုကတော့ ဒါကို ငြင်းပယ်ထားပါတယ်။

XS
SM
MD
LG