သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ကွန်ရက် နှစ်ခုအပေါ် ကန် ဒဏ်ခတ်အရေးယူ


အီရန်စစ်တပ်ရဲ့ အကျိုးအတွက် လျှို့ဝှက်လုပ်ကိုင်နေတယ်လို့ စွပ်စွဲပြီး အီရန်အစိုးရနဲ့ ဆက်နွယ်နေတဲ့ ကွန်ယက် ၂ ခုအပေါ် အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်ထဲမှာ အီရန်နိုင်ငံသား Hamed Dehghan ဦးစီးလုပ်ကိုင်နေတဲ့ ကွန်ယက် တခုကို အရေးယူလိုက်ကြောင်း ဖေါ်ပြထားပါတယ်။

ဒီကွန်ယက်ကို Hamed Dehghan က ဟောင်ကောင်အခြေစိုက် ကုမ္ပဏီ တခုကို အသုံးချပြီး အမေရိကန်နဲ့ နိုင်ငံတကာက အရေးယူဒဏ်ခတ်မှုတွေကို ရှောင်လွှဲနိုင်ဖို့ ကြိုးစားခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။ ဒီကွန်ယက်က အမေရိကန်နည်းပညာနဲ့ ပစ္စည်းတွေကို အီရန်အစိုးရနဲ့ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်တွေနဲ့ ဆက်နွယ်နေသူတွေ ရရှိဖို့အတွက် လုပ်ဆောင်နေတာလို့လည်း ဖေါ်ပြထားပါတယ်။

ဒုတိယ ဒဏ်ခတ်ပိတ်ပင်လိုက်တဲ့ ကွန်ယက်ကတော့ အီရန်နိုင်ငံသား Seyed Hossein Shariat ရဲ့ ကွန်ယက်ဖြစ်ပါတယ်။ ဒီကွန်ယက်က နျူကလီယားဆိုင်ရာ ပစ္စည်းတွေ Nuclear Suppliers အဖွဲ့ရဲ့ အလျူမီနီယံပါ ကုန်ပစ္စည်းတွေကို အီရန်စစ်တပ်အကျိးအတွက် ဝယ်ယူနေတဲ့ ကွန်ယက်ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီကွန်ယက်တွေနဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်တွေ အပေါ်မှာလည်း အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်လိုက်ကြောင်းလည်း ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG