သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏ်ဴကလီးယားလက္နက္မ်ဳိးစံု တားဆီးေရး ႏုိင္ငံတကာသေဘာတူစာခ်ဳပ္ စတင္အသက္ဝင္


UN အဖဲြ႔ဝင္ႏိုင္ငံေတြရဲ႕ အလံမ်ား။ (စက္တင္ဘာ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

ကမာၻႏိုင္ငံေပါင္း ၅၁ ႏိုင္ငံ လက္မွတ္ေရးထိုးထားၾကတဲ့ ႏ်ဴကလီးယားလက္နက္မွန္သမ ွ် တားဆီးေရး ႏိုင္ငံတကာ သေဘာတူစာခ်ဳပ္ဟာ ဒီေန႔ ဇန္နဝါရီလ ၂၂ ရက္ေန႔မွာ စတင္အသက္ဝင္ပါတယ္။ ႏွစ္ေပါင္း ၂၀ ေက်ာ္အတြင္း ပထမဆံုးျဖစ္တဲ့ ႏ်ဴကလီးယားလက္နက္ဖ်က္သိမ္းေရး သေဘာတူစာခ်ဳပ္ စတင္အသက္ဝင္တဲ့အေပၚ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ António Guterres အျပင္ ႏိုင္ငံတကာၾကက္ေျခနီနဲ႔ လျခမ္းနီအဖဲြ႔တို႔က ႀကိဳဆိုခဲ့ၾကပါတယ္။

ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံေပါင္း ၅၁ ႏိုင္ငံက လက္မွတ္ထိုးထားတဲ့ ႏ်ဴကလီးယားလက္နက္တားျမစ္ေရး (TPNW) သေဘာတူစာခ်ဳပ္ထဲမွာ အေမရိကန္ျပည္ေထာင္စုနဲ႔ ႏ်ဴကလီးယားလက္နက္ေတြ ပိုင္ဆိုင္ထားၾကတဲ့ အင္အားႀကီးႏိုင္ငံေတြကေတာ့ ပါဝင္လက္မွတ္ထိုးထားျခင္း မ႐ွိေသးပါဘူး။ ႏ်ဴကလီးယားလက္နက္ဖ်က္သိမ္းေရးဟာ ကုလသမဂၢရဲ႕ ထိပ္တန္းဦးစားေပးအျဖစ္ ဆက္လက္႐ွိေနတယ္လို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရသူ Stéphane Dujarric က ထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။

လူသားေတြနဲ႔ သဘာဝပတ္ဝန္းက်င္မွာ ႀကီးမားတဲ့ ဆိုးက်ဳိးေတြျဖစ္ေစတဲ့ အဲဒီလက္နက္ေတြကို ႐ွင္းလင္းဖ်က္သိမ္းဖုိ႔ ကမာၻတဝန္းႏိုင္ငံေတြ အေရးေပၚေဆာင္႐ြက္သင့္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အားလံုးလံုၿခံဳေဘးကင္းေရးအတြက္ အားလံုးအတူလက္တဲြလုပ္ၾကရမယ္လို႔ အတြင္းေရးမွဴးခ်ဳပ္ António Guterres ကလည္း အဲဒီထုတ္ျပန္ခ်က္ထဲမွာ ေျပာၾကားထားပါတယ္။

၇၅ ႏွစ္ေက်ာ္ၾကာေအာင္ ႀကိဳးစားခဲ့တဲ့ ရလဒ္အေကာင္အထည္ေပၚလာတဲ့အတြက္ လူသားေတြအတြက္ ေအာင္ျမင္မႈျဖစ္တယ္လို႔ ႏိုင္ငံတကာၾကက္ေျခနီအဖဲြ႔ ICRC ဥကၠ႒ကလည္း ႏိုင္ငံတကာလျခမ္းနီအဖဲြ႔ IFRC နဲ႔ ပူးတဲြထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာ ေျပာၾကားပါတယ္။ TPNW သေဘာတူစာခ်ဳပ္ထဲမွာ ႏ်ဴကလီးယားလက္နက္ေၾကာင့္ ထိခိုက္ခဲ့သူေတြအတြက္ က်န္းမာေရးေစာင့္ေ႐ွာက္မႈ၊ ျပန္လည္ထူေထာင္ေရးနဲ႔ စိတ္ပိုင္းဆိုင္ရာ အားေပးကူညီမႈေတြလုပ္ဖုိ႔ ပါဝင္ပါတယ္။ ဒါတင္မက ႏ်ဴကလီးယားလက္နက္အသံုးျပဳလို႔ ဒါမွမဟုတ္ စမ္းသပ္လို႔ ပတ္ဝန္းက်င္ညစ္ညမ္းတယ္လို႔ သိထားတဲ့ေနရာေတြမွန္သမ ွ်ကိုလည္း ႐ွင္းလင္းမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နျူကလီးယားလက်နက်မျိုးစုံ တားဆီးရေး နိုင်ငံတကာသဘောတူစာချုပ် စတင်အသက်ဝင်

ကမ္ဘာနိုင်ငံပေါင်း ၅၁ နိုင်ငံ လက်မှတ်ရေးထိုးထားကြတဲ့ နျူကလီးယားလက်နက်မှန်သမ ျှ တားဆီးရေး နိုင်ငံတကာ သဘောတူစာချုပ်ဟာ ဒီနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ စတင်အသက်ဝင်ပါတယ်။ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးဖြစ်တဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး သဘောတူစာချုပ် စတင်အသက်ဝင်တဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres အပြင် နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့တို့က ကြိုဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅၁ နိုင်ငံက လက်မှတ်ထိုးထားတဲ့ နျူကလီးယားလက်နက်တားမြစ်ရေး (TPNW) သဘောတူစာချုပ်ထဲမှာ အမေရိကန်ပြည်ထောင်စုနဲ့ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားကြတဲ့ အင်အားကြီးနိုင်ငံတွေကတော့ ပါဝင်လက်မှတ်ထိုးထားခြင်း မရှိသေးပါဘူး။ နျူကလီးယားလက်နက်ဖျက်သိမ်းရေးဟာ ကုလသမဂ္ဂရဲ့ ထိပ်တန်းဦးစားပေးအဖြစ် ဆက်လက်ရှိနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Stéphane Dujarric က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

လူသားတွေနဲ့ သဘာဝပတ်ဝန်းကျင်မှာ ကြီးမားတဲ့ ဆိုးကျိုးတွေဖြစ်စေတဲ့ အဲဒီလက်နက်တွေကို ရှင်းလင်းဖျက်သိမ်းဖို့ ကမ္ဘာတဝန်းနိုင်ငံတွေ အရေးပေါ်ဆောင်ရွက်သင့်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အားလုံးလုံခြုံဘေးကင်းရေးအတွက် အားလုံးအတူလက်တွဲလုပ်ကြရမယ်လို့ အတွင်းရေးမှူးချုပ် António Guterres ကလည်း အဲဒီထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။

၇၅ နှစ်ကျော်ကြာအောင် ကြိုးစားခဲ့တဲ့ ရလဒ်အကောင်အထည်ပေါ်လာတဲ့အတွက် လူသားတွေအတွက် အောင်မြင်မှုဖြစ်တယ်လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ဥက္ကဋ္ဌကလည်း နိုင်ငံတကာလခြမ်းနီအဖွဲ့ IFRC နဲ့ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောကြားပါတယ်။ TPNW သဘောတူစာချုပ်ထဲမှာ နျူကလီးယားလက်နက်ကြောင့် ထိခိုက်ခဲ့သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ပြန်လည်ထူထောင်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေလုပ်ဖို့ ပါဝင်ပါတယ်။ ဒါတင်မက နျူကလီးယားလက်နက်အသုံးပြုလို့ ဒါမှမဟုတ် စမ်းသပ်လို့ ပတ်ဝန်းကျင်ညစ်ညမ်းတယ်လို့ သိထားတဲ့နေရာတွေမှန်သမ ျှကိုလည်း ရှင်းလင်းမှာဖြစ်ပါတယ်။

XS
SM
MD
LG