သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားလက်နက်မျိုးစုံ တားဆီးရေး နိုင်ငံတကာသဘောတူစာချုပ် စတင်အသက်ဝင်

UN အဖွဲ့ဝင်နိုင်ငံတွေရဲ့ အလံများ။ (စက်တင်ဘာ ၁၈၊ ၂၀၂၀)
UN အဖွဲ့ဝင်နိုင်ငံတွေရဲ့ အလံများ။ (စက်တင်ဘာ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

ကမ္ဘာနိုင်ငံပေါင်း ၅၁ နိုင်ငံ လက်မှတ်ရေးထိုးထားကြတဲ့ နျူကလီးယားလက်နက်မှန်သမ ျှ တားဆီးရေး နိုင်ငံတကာ သဘောတူစာချုပ်ဟာ ဒီနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ စတင်အသက်ဝင်ပါတယ်။ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးဖြစ်တဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး သဘောတူစာချုပ် စတင်အသက်ဝင်တဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres အပြင် နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့တို့က ကြိုဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅၁ နိုင်ငံက လက်မှတ်ထိုးထားတဲ့ နျူကလီးယားလက်နက်တားမြစ်ရေး (TPNW) သဘောတူစာချုပ်ထဲမှာ အမေရိကန်ပြည်ထောင်စုနဲ့ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားကြတဲ့ အင်အားကြီးနိုင်ငံတွေကတော့ ပါဝင်လက်မှတ်ထိုးထားခြင်း မရှိသေးပါဘူး။ နျူကလီးယားလက်နက်ဖျက်သိမ်းရေးဟာ ကုလသမဂ္ဂရဲ့ ထိပ်တန်းဦးစားပေးအဖြစ် ဆက်လက်ရှိနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Stéphane Dujarric က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

လူသားတွေနဲ့ သဘာဝပတ်ဝန်းကျင်မှာ ကြီးမားတဲ့ ဆိုးကျိုးတွေဖြစ်စေတဲ့ အဲဒီလက်နက်တွေကို ရှင်းလင်းဖျက်သိမ်းဖို့ ကမ္ဘာတဝန်းနိုင်ငံတွေ အရေးပေါ်ဆောင်ရွက်သင့်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အားလုံးလုံခြုံဘေးကင်းရေးအတွက် အားလုံးအတူလက်တွဲလုပ်ကြရမယ်လို့ အတွင်းရေးမှူးချုပ် António Guterres ကလည်း အဲဒီထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။

၇၅ နှစ်ကျော်ကြာအောင် ကြိုးစားခဲ့တဲ့ ရလဒ်အကောင်အထည်ပေါ်လာတဲ့အတွက် လူသားတွေအတွက် အောင်မြင်မှုဖြစ်တယ်လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ဥက္ကဋ္ဌကလည်း နိုင်ငံတကာလခြမ်းနီအဖွဲ့ IFRC နဲ့ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောကြားပါတယ်။ TPNW သဘောတူစာချုပ်ထဲမှာ နျူကလီးယားလက်နက်ကြောင့် ထိခိုက်ခဲ့သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ပြန်လည်ထူထောင်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေလုပ်ဖို့ ပါဝင်ပါတယ်။ ဒါတင်မက နျူကလီးယားလက်နက်အသုံးပြုလို့ ဒါမှမဟုတ် စမ်းသပ်လို့ ပတ်ဝန်းကျင်ညစ်ညမ်းတယ်လို့ သိထားတဲ့နေရာတွေမှန်သမ ျှကိုလည်း ရှင်းလင်းမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






This item is part of
XS
SM
MD
LG