{{Zawgyi/Unicode}}
ရုရွားအတိုက္အခံ ေခါင္းေဆာင္ Alexey Navalny ၾသဂုတ္လတုန္းက အဆိပ္ခတ္ခံရမႈမွာ ႏိုင္ငံတကာသတင္းမီဒီယာေတြ စြပ္စြဲသလို ရုရွားအစိုးရ ေနာက္ကြယ္က ပါဝင္မႈရွိတယ္ ဆိုတာ မဟုတ္မွန္ေၾကာင္းနဲ႔ ရုရွားနံမည္ပ်က္ေအာင္ အေမရိကန္ရဲ့ လုပ္ေဆာင္မႈ တစိတ္တပိုင္း အေနနဲ႔ Navalny က အေမရိကန္နဲ႔ လက္တြဲလုပ္ေဆာင္တာ ျဖစ္ေၾကာင္း ရုရွားသမၼတ Vladimir Putin က သူ႔ရဲ့ ၂၀၂၀ ႏွစ္ပတ္လည္ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။
Navalny နဲ႔ပတ္သက္ၿပီး Bellingcat အြန္လိုင္း စံုစမ္းေထာက္လွန္းေရးသတင္း အဖြဲ႔က ရုရွားရဲ့. The Insider ၊ Der Spiegel နဲ႔ အေမရိကန္ CNN သတင္းဌာန တို႔ဆီက ရတဲ့ အခ်က္လက္ေတြ ေပၚမူတည္ၿပီး ဒီသီတင္းပတ္ထဲမွာ ထုတ္ျပန္လိုက္တဲ့ အစီရင္ခံစာမွာ ေဖၚျပထားတာေတြဟာ စံုစမ္းစစ္ေဆးမႈ မဟုတ္ပဲ အေမရိကန္ ေထာက္လွန္းေရးအဖြဲ႔ေတြရဲ့ တင္ျပခ်က္ေတြကို တရားဝင္ေအာင္ လုပ္ေပးတာသာ ျဖစ္ေၾကာင္းလည္း သမၼတပူတင္က ေျပာပါတယ္။
သတင္းသမားေတြနဲ႔ ရုရွားႏိုင္ငံသားေတြရဲ့ ေမးခြန္းေတြကို ေျဖၾကားေပးတဲ့ သမၼတရဲ့ ႏွစ္ပတ္လည္ သတင္းစာရွင္းလင္းပြဲမွာ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ဆိုင္ရာ ကိုင္တြယ္မႈ၊ ရုရွားအစိုးရရဲ့ ႏိုင္ငံ့စီးပြါးေရးဆိုင္ရာ ရုန္ကန္ေနရမႈေတြကေန ႏိုင္ငံတကာ ဆက္ဆံေရး ဆိုင္ရာ အထိ သမၼတက ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ဒီအထဲမွာ အေမရိကန္ - ရုရွား ဆက္ဆံေရးကို အမ်ားဆံုး ေျပာၾကားခဲ့တာပါ။
ေနာက္တက္လာမယ့္ အေမရိကန္ သမၼတဟာ အေတြ႔အႀကံဳ ရင့္က်က္သူ တဦးျဖစ္တဲ့ အတြက္ ျပႆနာေတြထဲက အားလံုးမဟုတ္ေတာင္ တခ်ိဳ႕ကိေတာ့ ေျဖရွင္းေပးႏိုင္မယ္လို႔ ေမ ွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။ ဒါ့အျပင္ ၂၀၁၆ အေမရိကန္ ေရြးေကာက္ပြဲမွာ ရုရွားက ၾကားဝင္ေႏွာက္ယွက္မႈ မရွိေၾကာင္း ဒီစြပ္စြဲမႈဟာ သမၼတေဒၚနယ္ထရမ့္ကို ယံုၾကည္မႈ မရွိေအာင္ လုပ္ဖို႔ ႀကိဳးစားမႈ ျဖစ္ၿပီး ဒါကိုၾကည့္ရင္ အေမရိကန္- ရုရွား ဆက္ဆံေရးဟာ အေမရိကန္တို႔ရဲ့ ျပည္တြင္းေရးအတြက္ ဓါးစာခံလို ျဖစ္ေနတယ္လို႔လည္း ေျပာပါတယ္။
ႏွစ္ပတ္လည္ သတင္းစာရွင္းလင္းပြဲမွာ သမၼတပူတင္ဟာ အခုအခ်ိန္အထိ ႏိုင္ငံတြင္း လူေပါင္း ၅ ေသာင္းေလာက္ ေသဆံုးေနၿပီျဖစ္တဲ့ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ဆိုင္ရာ ရုရွား အစိုးရရဲ့ ကိုင္တြယ္ပံုနဲ႔ ပတ္သက္တဲ့ ေမးခြန္းေတြကို အမ်ားဆံုး ေျဖၾကားခဲ့ရတာ ျဖစ္ပါတယ္။
...........................................
{{Unicode}}
ရုရှားအတိုက်အခံ ခေါင်းဆောင် Alexey Navalny သြဂုတ်လတုန်းက အဆိပ်ခတ်ခံရမှုမှာ နိုင်ငံတကာသတင်းမီဒီယာတွေ စွပ်စွဲသလို ရုရှားအစိုးရ နောက်ကွယ်က ပါဝင်မှုရှိတယ် ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ ရုရှားနံမည်ပျက်အောင် အမေရိကန်ရဲ့ လုပ်ဆောင်မှု တစိတ်တပိုင်း အနေနဲ့ Navalny က အမေရိကန်နဲ့ လက်တွဲလုပ်ဆောင်တာ ဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin က သူ့ရဲ့ ၂၀၂၀ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Navalny နဲ့ပတ်သက်ပြီး Bellingcat အွန်လိုင်း စုံစမ်းထောက်လှန်းရေးသတင်း အဖွဲ့က ရုရှားရဲ့. The Insider ၊ Der Spiegel နဲ့ အမေရိကန် CNN သတင်းဌာန တို့ဆီက ရတဲ့ အချက်လက်တွေ ပေါ်မူတည်ပြီး ဒီသီတင်းပတ်ထဲမှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာတွေဟာ စုံစမ်းစစ်ဆေးမှု မဟုတ်ပဲ အမေရိကန် ထောက်လှန်းရေးအဖွဲ့တွေရဲ့ တင်ပြချက်တွေကို တရားဝင်အောင် လုပ်ပေးတာသာ ဖြစ်ကြောင်းလည်း သမ္မတပူတင်က ပြောပါတယ်။
သတင်းသမားတွေနဲ့ ရုရှားနိုင်ငံသားတွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးတဲ့ သမ္မတရဲ့ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဆိုင်ရာ ကိုင်တွယ်မှု၊ ရုရှားအစိုးရရဲ့ နိုင်ငံ့စီးပွါးရေးဆိုင်ရာ ရုန်ကန်နေရမှုတွေကနေ နိုင်ငံတကာ ဆက်ဆံရေး ဆိုင်ရာ အထိ သမ္မတက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီအထဲမှာ အမေရိကန် - ရုရှား ဆက်ဆံရေးကို အများဆုံး ပြောကြားခဲ့တာပါ။
နောက်တက်လာမယ့် အမေရိကန် သမ္မတဟာ အတွေ့အကြုံ ရင့်ကျက်သူ တဦးဖြစ်တဲ့ အတွက် ပြဿနာတွေထဲက အားလုံးမဟုတ်တောင် တချို့ကိတော့ ဖြေရှင်းပေးနိုင်မယ်လို့ မေ ျှာ်လင့်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲမှာ ရုရှားက ကြားဝင်နှောက်ယှက်မှု မရှိကြောင်း ဒီစွပ်စွဲမှုဟာ သမ္မတဒေါ်နယ်ထရမ့်ကို ယုံကြည်မှု မရှိအောင် လုပ်ဖို့ ကြိုးစားမှု ဖြစ်ပြီး ဒါကိုကြည့်ရင် အမေရိကန်- ရုရှား ဆက်ဆံရေးဟာ အမေရိကန်တို့ရဲ့ ပြည်တွင်းရေးအတွက် ဓါးစာခံလို ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲမှာ သမ္မတပူတင်ဟာ အခုအချိန်အထိ နိုင်ငံတွင်း လူပေါင်း ၅ သောင်းလောက် သေဆုံးနေပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဆိုင်ရာ ရုရှား အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို အများဆုံး ဖြေကြားခဲ့ရတာ ဖြစ်ပါတယ်။