သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Putin ကို ဝန္းရံေနတဲ့ လုပ္ငန္း႐ွင္ေတြအေပၚ ပစ္မွတ္ထားဒဏ္ခတ္ဖို႔ ႐ု႐ွား အတိုက္အခံ ေခါင္းေဆာင္ တိုက္တြန္း


(Zawgyi/Unicode)

႐ုရွားသမၼတ Vladimir Putin ကို ၀ိုင္းရံပံ့ပိုးေပးေနတဲ့ စီးပြားေရးလုပ္ငန္းရွင္ႀကီးေတြအေပၚ ပစ္မွတ္ထား အေရးယူဖို႔ အတိုက္အခံေခါင္းေဆာင္ Alexei Navalny က ဥေရာပသမဂၢကို ေသာၾကာေန႔က တိုက္တြန္းလိုက္ပါတယ္။

” ခရီးအသြားအလာ သိပ္မမ်ားတဲ့ ဗိုလ္မွဴးႀကီးေတြ၊ ဗိုလ္ခ်ဳပ္ႀကီးေတြနဲ႔အခ်ဳိ႕ ပုဂၢိဳလ္ေတြကို ပိတ္ဆို႔အေရးယူတဲ့ ပံုစံက သိပ္ၿပီး အဓိပၸါယ္မရွိပါဘူး။” လို႔နည္းဗ်ဴဟာ အသစ္အတြက္ ဥေရာပ ပါလီမန္ ႏိုင္ငံျခားေရးရာေကာ္မတီ အစည္းအေ၀းမွာ ဗီြဒီယိုကေနတဆင့္ Navalny ကေျပာသြားတာပါ။ ရုရွားအစိုးရအမိန္႔ေပးၿပီး အဆိပ္ခတ္ခံခဲ့ရတယ္ဆိုတဲ့ Alexei Navalny ဟာ ဂ်ာမနီႏိုင္ငံမွာ ေဆးကုသခံရၿပီးေနာက္ ျပန္ၿပီး နလန္ထူ သက္သာလာၿပီ ျဖစ္ပါတယ္။

အစဥ္အလာအားျဖင့္ ပစ္မွတ္ထား ဒဏ္ခတ္အေရးယူခံရတဲ့ ရုရွားအရာရွိေတြနဲ႔ စစ္အရာရွိေတြဟာ ဥေရာပႏိုင္ငံေတြမွာ အိမ္ေျမပိုင္ဆိုင္မႈနဲ႔ ဘဏ္အေကာင့္ေတြ ဆိုတာမ်ဳိး မ်ားမ်ားစားစားမရွိဘူလို႔လည္း သူက ဆိုပါတယ္။

ဒါေၾကာင့္ သူေတြကို ပစ္မွတ္ထားမယ့္အစား ဥေရာပမွာ ရင္းႏွီးျမွဳပ္ႏွံမႈေတြ၊ ရြက္ေလွေတြ ပိုင္ဆိုင္မႈေတြရွိေနတဲ့ သမၼတ Putin ယံုၾကည္ရတဲ့ အ၀န္းအ၀ိုင္းအတြင္းရွိေနတဲ့ ခ်မ္းသာၾကြယ္၀သူေတြကို သူအႀကံေပးသလို ဥေရာပသမဂၢအေနနဲ႔ လုပ္သင့္ေၾကာင္း Navalny က ေျပာပါတယ္။

အေနာက္ႏိုင္ငံ အစိုးရေတြကေတာ့ Navalny ဟာသာမန္အျပင္လူေတြ ၀ယ္ဖို႔ ခက္ခဲတဲ့စစ္ေရးအဆင့္ရွိတဲ့ Novichok အဆိပ္ခတ္ခံရတာျဖစ္တယ္လို႔ ေကာက္ခ်က္ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

သမ္မတ Putin ကို ဝန်းရံနေတဲ့ လုပ်ငန်းရှင်တွေအပေါ် ပစ်မှတ်ထားဒဏ်ခတ်ဖို့ ရုရှား အတိုက်အခံ ခေါင်းဆောင် တိုက်တွန်း

(Unicode)

ရုရှားသမ္မတ Vladimir Putin ကို ဝိုင်းရံပံ့ပိုးပေးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအပေါ် ပစ်မှတ်ထား အရေးယူဖို့ အတိုက်အခံခေါင်းဆောင် Alexei Navalny က ဥရောပသမဂ္ဂကို သောကြာနေ့က တိုက်တွန်းလိုက်ပါတယ်။

” ခရီးအသွားအလာ သိပ်မများတဲ့ ဗိုလ်မှူးကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေနဲ့အချို့ ပုဂ္ဂိုလ်တွေကို ပိတ်ဆို့အရေးယူတဲ့ ပုံစံက သိပ်ပြီး အဓိပ္ပါယ်မရှိပါဘူး။” လို့နည်းဗျူဟာ အသစ်အတွက် ဥရောပ ပါလီမန် နိုင်ငံခြားရေးရာကော်မတီ အစည်းအဝေးမှာ ဗွီဒီယိုကနေတဆင့် Navalny ကပြောသွားတာပါ။ ရုရှားအစိုးရအမိန့်ပေးပြီး အဆိပ်ခတ်ခံခဲ့ရတယ်ဆိုတဲ့ Alexei Navalny ဟာ ဂျာမနီနိုင်ငံမှာ ဆေးကုသခံရပြီးနောက် ပြန်ပြီး နလန်ထူ သက်သာလာပြီ ဖြစ်ပါတယ်။

အစဉ်အလာအားဖြင့် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူခံရတဲ့ ရုရှားအရာရှိတွေနဲ့ စစ်အရာရှိတွေဟာ ဥရောပနိုင်ငံတွေမှာ အိမ်မြေပိုင်ဆိုင်မှုနဲ့ ဘဏ်အကောင့်တွေ ဆိုတာမျိုး များများစားစားမရှိဘူလို့လည်း သူက ဆိုပါတယ်။

ဒါကြောင့် သူတွေကို ပစ်မှတ်ထားမယ့်အစား ဥရောပမှာ ရင်းနှီးမြှုပ်နှံမှုတွေ၊ ရွက်လှေတွေ ပိုင်ဆိုင်မှုတွေရှိနေတဲ့ သမ္မတ Putin ယုံကြည်ရတဲ့ အဝန်းအဝိုင်းအတွင်းရှိနေတဲ့ ချမ်းသာကြွယ်ဝသူတွေကို သူအကြံပေးသလို ဥရောပသမဂ္ဂအနေနဲ့ လုပ်သင့်ကြောင်း Navalny က ပြောပါတယ်။

အနောက်နိုင်ငံ အစိုးရတွေကတော့ Navalny ဟာသာမန်အပြင်လူတွေ ဝယ်ဖို့ ခက်ခဲတဲ့စစ်ရေးအဆင့်ရှိတဲ့ Novichok အဆိပ်ခတ်ခံရတာဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG