သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္နဲ႔ အိႏၵိယ မဟာဗ်ဳဟာေျမာက္ ပူးေပါင္းေဆာင္ရြက္ေရးေဆြးေႏြး


အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin နဲ႔ အိႏၵိယ ကာကြယ္ေရးဝန္ႀကီး Rajnath Singh တို႔ နယူးေဒလီမွာ ေဆြးေႏြးစဥ္ REUTERS/ March 20, 2021.

[ Zawgyi / Unicode ]

အေမရိကန္ ကာကြယ္ေရး ၀န္ႀကီး Lloyd Austin ရဲ႕ အိႏၵိယႏုိင္ငံ နယူးေဒလီ ၿမိဳ႕ေတာ္ ခရီးစဥ္ အတြင္း ႏွစ္ႏုိင္ငံၾကား မဟာဗ်ဴဟာေျမာက္ ပူးေပါင္ေဆာင္ရြက္မႈ တိုးျမွင့္ေဆာင္ရြက္ေရး ကတိျပဳခဲ႔ၾကပါတယ္။ တရုတ္ကို တန္ျပန္ ခ်ိန္ညွိထားႏုိင္မယ့္ ေဆာင္ရြက္ခ်က္ အျဖစ္ ႏုိင္ငံေတြၾကား မဟာမိတ္ဖြဲ႔ႏုိင္ေရး အေမရိကန္ဘက္က ေဆာင္ရြက္ေနၿပီး တရုတ္ရဲ႕ ခိုင္မာလာမႈကို စိုးရိမ္လာတဲ႔ အိႏၵိယဘက္က အေမရိကန္နဲ႔ ပိုၿပီး ပူးေပါင္းေဆာင္ရြက္လာတာနဲ႔ အတူဘဲ အေမရိကန္ သမၼတ Joe Biden အစိုးရ အဖြဲ႔က ထိ္ပ္တန္း အရာရွိ တဦး အိႏၵိယကို ပထမဆံုး သြားေရာက္တဲ႔ ခရီးစဥ္ ျဖစ္ပါတယ္။

ႏွစ္ႏုိင္ငံၾကား ကာကြယ္ေရး ပူးေပါင္းေဆာင္ရြက္မႈ၊ ေထာက္လွမ္းေရး အခ်က္အလက္ ဖလွယ္ေရးနဲ႔ ေထာက္ပံ႔ပို႔ေဆာင္ေရးတို႔မွာ ပိုၿပီး ပူးေပါင္းေဆာင္ရြက္ေရး အတြက္ အေမရိကန္နဲ႔ အိႏၵိယ ကာကြယ္ေရး ၀န္ႀကီး ႏွစ္ဦးရဲ႕ စေနေန႔က သေဘာတူခဲ႔ၾကပါတယ္။ လြတ္လပ္ ပြင့္လင္းတဲ႔ အင္ဒို - ပစိတ္ေဒသ အတြက္ အင္ဒို- အေမရိကန္ ဆက္ဆံေရးက အခရာက်တယ္လို႔ အေမရိကန္ ကာကြယ္ေရး ၀န္ႀကီး Austin က ေျပာပါတယ္။

“ႏုိင္ငံတကာ အခင္းအက်င္း ျမန္ျမန္ဆန္ဆန္ ေျပာင္းလဲလာေနတဲ႔ ဒီကေန႔ ကာလမွာ အိႏၵိယဟာ ပိုၿပီး အေရးပါလာတဲ႔ မဟာမိတ္ျဖစ္ေၾကာင္း ကာကြယ္ေရး ၀န္ႀကီး ၂ ဦး ေဆြးေႏြး အၿပီးမွာ အေမရိကန္ ကာကြယ္ေရး ၀န္ႀကီး Austin က ေျပာဆိုခဲ႔တာပါ။

ကာကြယ္ေရးနဲ႔ ႏွစ္ဘက္ ေထာက္ပံ႔ပို႔ေဆာင္ေရး ပူးေပါင္းေဆာင္ရြက္ေရး၊ သတင္းအခ်က္အလက္ မွ်ေ၀ေရးနဲ႔ စစ္တပ္ခ်င္း ဆက္ဆံေရး တိုးခ်ဲ႔ၿပီး ကာကြယ္ေရးပိုင္းမွာ ပိုၿပီး ပူးေပါင္းေဆာင္ရြက္ေရးတို႔ကို အဓိကထား ေဆြးေႏြးခဲ႔ၾကေၾကာင္း အိႏၵိယ ကာကြယ္ေရး ၀န္ႀကီး Rajnath Singh ကလည္း ေဆြးေႏြးပြဲ အၿပီးမွာ ေျပာဆိုခဲ႔ပါတယ္။

[ Unicode ]

အမေရိကန်နဲ့ အိန္ဒိယ မဟာဗျုဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Lloyd Austin ရဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တော် ခရီးစဉ် အတွင်း နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး ကတိပြုခဲ့ကြပါတယ်။ တရုတ်ကို တန်ပြန် ချိန်ညှိထားနိုင်မယ့် ဆောင်ရွက်ချက် အဖြစ် နိုင်ငံတွေကြား မဟာမိတ်ဖွဲ့နိုင်ရေး အမေရိကန်ဘက်က ဆောင်ရွက်နေပြီး တရုတ်ရဲ့ ခိုင်မာလာမှုကို စိုးရိမ်လာတဲ့ အိန္ဒိယဘက်က အမေရိကန်နဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်လာတာနဲ့ အတူဘဲ အမေရိကန် သမ္မတ Joe Biden အစိုးရ အဖွဲ့က ထိပ်တန်း အရာရှိ တဦး အိန္ဒိယကို ပထမဆုံး သွားရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ထောက်လှမ်းရေး အချက်အလက် ဖလှယ်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးတို့မှာ ပိုပြီး ပူးပေါင်းဆောင်ရွက်ရေး အတွက် အမေရိကန်နဲ့ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး နှစ်ဦးရဲ့ စနေနေ့က သဘောတူခဲ့ကြပါတယ်။ လွတ်လပ် ပွင့်လင်းတဲ့ အင်ဒို - ပစိတ်ဒေသ အတွက် အင်ဒို- အမေရိကန် ဆက်ဆံရေးက အခရာကျတယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Austin က ပြောပါတယ်။

“နိုင်ငံတကာ အခင်းအကျင်း မြန်မြန်ဆန်ဆန် ပြောင်းလဲလာနေတဲ့ ဒီကနေ့ ကာလမှာ အိန္ဒိယဟာ ပိုပြီး အရေးပါလာတဲ့ မဟာမိတ်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး ၂ ဦး ဆွေးနွေး အပြီးမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Austin က ပြောဆိုခဲ့တာပါ။

ကာကွယ်ရေးနဲ့ နှစ်ဘက် ထောက်ပံ့ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ သတင်းအချက်အလက် မျှဝေရေးနဲ့ စစ်တပ်ချင်း ဆက်ဆံရေး တိုးချဲ့ပြီး ကာကွယ်ရေးပိုင်းမှာ ပိုပြီး ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး Rajnath Singh ကလည်း ဆွေးနွေးပွဲ အပြီးမှာ ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG