သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်းဝင်းခိုင်သန်းနဲ့ ဦးကျော်မိုးထွန်းကို ပုန်ကန်မှုနဲ့ တရားစွဲကြောင်း စစ်ကောင်စီကြေညာ


ခေတ္တဒုသမ္မတ မန်းဝင်းခိုင်သန်း (ဝဲ) နဲ့ New York မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း (ယာ) (မှတ်တမ်းဓာတ်ပုံ (Combo))
ခေတ္တဒုသမ္မတ မန်းဝင်းခိုင်သန်း (ဝဲ) နဲ့ New York မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း (ယာ) (မှတ်တမ်းဓာတ်ပုံ (Combo))

[Zawgyi/Unicode]

ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ခန့်အပ်ထားတဲ့ ခေတ္တဒုသမ္မတ မန်းဝင်းခိုင်သန်းနဲ့ New York မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့ကို နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ ၁၂၂ (၂) နဲ့ ရဲတပ်ဖွဲ့က တရားစွဲထားတယ်လို့ အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

မန်းဝင်းခိုင်သန်းဟာ စင်ပြိုင်အစိုးရ နိုင်ငံတော်အကြီးအကဲ တယောက်အနေနဲ့ လူမှုကွန်ယက်ပေါ်ကနေ မိန့်ခွန်းပြောကြားခဲ့ကြောင်းနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်ဖြိုဖက်ဖို့ လှုံ့ဆော်မှုတွေပါတဲ့အတွက် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကို ကျူးလွန်တယ်လို့ စွပ်စွဲထားပါတယ်။

ဦးကျော်မိုးထွန်းဟာလည်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးစဉ် CRPH ဘက်က ရပ်တည်ပြီး CRPH ရဲ့ သတင်းစကားကို ပြောခဲ့တဲ့အပြင်၊ နိုင်ငံတော်ကပေးတဲ့ အမိန့် ညွှန်ကြားချက်တွေကို လိုက်နာခြင်း မရှိသလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖြိုဖျက်အောင် အားထုတ်လုပ်ဆောင်၊ လှုံ့ဆော် တိုက်တွန်းနေတဲ့အတွက် နိုင်ငံတော် သစ္စာဖောက်ဖျက် ရာဇသတ်ကြီး ပုဒ်မ ၁၂၂ (၂) ကိုကျူးလွန်တယ်လို့ စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ကုလသမဂ္ဂ အထူးသံတမန်အဖြစ် တာဝန်ပေးထားတဲ့ ဒေါက်တာဆာဆာကို အလားတူ ပုဒ်မတပ်ပြီး တရားစွဲတယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG