သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံေတာ္ကို သစၥာေဖာက္တာ စစ္ဗိုလ္ခ်ဳပ္ေတြသာျဖစ္တယ္ ( ႏိုင္ငံေတာ္သစၥာေဖာက္မႈနဲ႔ စဲြဆိုခံရသူ ေဒါက္တာဆာဆာ)


Dr. Sasa (ဓါတ္ပံု-VOA)

(Zawgyi/Unicode)

CRPH ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီဦးေဆာင္မႈေအာက္ ဖယ္ဒရယ္စစ္တပ္ မၾကာခင္ေပၚေပါက္လာေတာ့မယ့္အေၾကာင္း CRPH ကုလသမဂၢဆိုင္ရာ အထူးသံတမန္ ေဒါက္တာဆာဆာကေျပာပါတယ္။

မေန႔ ဗုဒၶဟူးေန႔ကပဲ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းအားလံုး ကို အၾကမ္းဖက္အဖြဲ႕ ဒါမွမဟုတ္ မတရားအသင္း စတာေတြကေန တရား၀င္ပယ္ဖ်က္လိုက္ေၾကာင္း CRPH ကေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။

တခ်ိန္တည္းမွာပဲ ေဒါက္တာ ဆာဆာအပါ၀င္ ယာယီဒုသမၼတ မန္း၀င္းခိုင္သန္းနဲ႔ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းတို႔ကို ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္၊ ပုန္ကန္မႈ စတာေတြနဲ႔ တရားစဲြ ဖမ္း၀ရမ္းထုတ္လိုက္ေၾကာင္း စစ္ေကာင္စီကလည္း ေၾကညာထားပါတယ္။

ဒါနဲ႔ ပတ္သက္လို႔ ေဒါက္တာဆာဆာရဲ႕တုန္႔ျပန္ခ်က္ေတြကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

အင္ၾကင္းႏိုင္။ ။ စစ္ေကာင္စီကေနၿပီးေတာ့ ေဒါက္တာဆာဆာကို ႏိုင္ငံေတာ္ သစၥာေဖာက္ ပုန္ကန္မႈနဲ႔ စဲြခ်က္တင္ထားေၾကာင္း ေၾကညာခဲ့ပါတယ္။ CRPH ကုလသမဂၢ အထူးကိုယ္စားလွယ္တဦးအေနနဲ႔ ေဒါက္တာဆာဆာဟာ ႏိုင္ငံတကာနဲ႔ ဆက္ဆံေျပာဆိုေနတာေတြရွိလာၿပီးေနာက္ပိုင္း အခုလို ႏိုင္ငံေတာ္ပုန္ကန္မႈ စဲြခ်က္တင္လိုက္တဲ့အေပၚ ဘယ္လိုျမင္ပါလဲ။

ေဒါက္တာဆာဆာ။ ။ အဲလို က်ေနာ့္ကို ႏိုင္ငံေတာ္ သစၥာေဖာက္မႈနဲ႔ တရားစဲြၿပီးေတာ့ အေရးယူၿပီးေတာ့ ေသဒဏ္အထိ ေပးဖို႔အတြက္ အၾကံအစည္ရွိတာကေတာ့ တဖက္ကေတာ့ တကယ့္ကို က်ေနာ္ ဂုဏ္ယူပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ဒီ ဖယ္ဒရယ္ ဒီမိုကေရစီအတြက္ က်ေနာ္တို႔ လုပ္ေနတဲ့ အလုပ္ဟာ ထိေရာက္ၿပီးေတာ့ က်ေနာ္တို႔ တရားမွ်တမႈအတြက္ လုပ္ေနတာ ဒီ Freedom အတြက္လုပ္ေနတာက က်ေနာ္အသက္နဲ႔ ရင္းၿပီးေတာ့ လုပ္ေနတဲ့ဟာ ျဖစ္တဲ့အတြက္ေၾကာင့္ ဒါကေတာ့ တဖက္က ေျပာမယ္ဆိုရင္ေတာ့ ဂုဏ္ယူစရာေပါ့။

တဖက္က ၾကည့္မယ္ဆိုရင္လည္း ႏိုင္ငံေတာ္ကို ေန႔တိုင္း သစၥာေဖာက္ေနတဲ့သူကပဲ က်ေနာ္တုိ႔လို ႏိုင္ငံေတာ္ကို ကာကြယ္ေနတဲ့ ျပည္သူလူထုအတြက္ကို လုပ္ေနတဲ့သူကို တရားျပန္စြဲတယ္ဆိုေတာ့ တဖက္ကဆိုရင္ေတာ့ ရယ္စရာေကာင္းတယ္။ ႏိုင္ငံတကာမွာဆိုရင္လည္း တပ္မေတာ္ေတြကို တည္ေဆာက္ၾကတယ္ေလ။ ျပည္သူလူထုကို ကာကြယ္ဖို႔ပဲ တပ္မေတာ္ဆုိတာ ေမြးလာတယ္ေလ။ ဒါမွ မဟုတ္ပဲနဲ႔ အခုက တပ္မေတာ္ကပဲ ျပည္သူလူထုကို သတ္ေနတယ္ ျဖတ္ေနတယ္ ၊ ႏိွပ္စက္ေနတယ္ဆိုတာကေတာ့ တကယ္က ႏိုင္ငံေတာ္ကို ပုန္ကန္ေနတာ ဒီ စစ္ဗိုလ္ခ်ဳပ္ေတြပဲေလ။ ၁၉၈၈ မွာ အျပစ္မဲ့ ေက်ာင္းသူ ေက်ာင္းသားေတြကို ရာခ်ီနဲ႔ သတ္ခဲ့တာ ဘယ္သူလဲ၊ ဒီ စစ္ဗိုလ္ခ်ဳပ္ေတြပဲမဟုတ္ဘူးလား။ ထိုနည္းတူပဲ ၁၉၉၇ မွာဆိုရင္လည္း သူတို႔ကပဲ ႏိုင္ငံေတာ္ကို သစၥာေဖာက္တယ္ ႏိုင္ငံေတာ္ကို ပုန္ကန္တယ္၊ ထိုနည္းတူပဲ ၂၀၀၇ မွာလည္း ေရႊ၀ါေရာင္ ေတာ္လွန္ေရးမွာေပါ့ေနာ္ ဘုန္ၾကီးေတြကို ေစာ္ကားၿပီးေတာ့ အဲဒီလို လူမဆန္ေအာင္လုပ္ၿပီးေတာ့ လမ္းေပၚမွာ သတ္ျဖတ္တာ ႏိုင္ငံေတာ္ကို ပုန္ကန္တယ္၊ တကယ့္ ႏိုင္ငံေတာ္ကို သစၥာေဖာက္တာ သူတို႔ပဲမဟုတ္ဘူးလား။ ၿပီးေတာ့ ထိုနည္းတူပဲ ၂၀၁၇ မွာဆိုရင္လည္း ရိုဟင္ဂ်ာေတြကို အစုလိုက္ အျပဳံလိုက္ လူမ်ိဳးတုံး သတ္ျဖတ္ခဲ့တဲ့သူေတြက ဘယ္သူေတြလဲ ဒါကျပည္သူျပည္သား ၅၄ သန္းမဟုတ္ဘူးေလ။ဒီ စစ္ဗိုလ္ခ်ဳပ္ေတြပဲ ဆိုေတာ့ တကယ္ပဲ ႏိုင္ငံေတာ္ကို ပုန္ကန္ေနတဲ့တကယ္ပဲ ႏိုင္ငံေတာ္ကို သစၥာေဖာက္ေနတာက သူတို႔ပဲေလ။ ဒီေန႔ဆိုရင္လည္း ဆက္လက္ၿပီးေတာ့ ျမန္မာႏိုင္ငံ အႏွံ႕မွာ ႏိုင္ငံေတာ္ကို ပုန္ကန္ၿပီးေတာ့ ႏိုင္ငံေတာ္ကို သစၥာေဖာက္ေနတာက ဒီ စစ္ဗိုလ္ခ်ဳပ္ေတြပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္မုိ႔ တဖက္ကဆိုရင္ေတာ့ သူတို႔ရဲ႕ က်ေနာ့္ကို ႏိုင္ငံေတာ္ကို သစၥာေဖာက္တယ္ ႏိုင္ငံေတာ္ကို ပုန္ကန္တယ္ဆိုၿပီးေတာ့ တရားျပန္စြဲလာတာကေတာ့ အံၾသဖို႔မဟုတ္ပါဘူး။ သမိုင္းက သက္ေသျပပါတယ္။ ဆိုေတာ့ တဖက္က ေျပာမယ္ဆိုရင္ ဂုဏ္ယူပါတယ္။ တဖက္ကၾကည့္မယ္ဆိုရင္လည္း ႏိုင္ငံေတာ္ကို ပုန္ကန္ၿပီးေတာ့ ႏိုင္ငံေတာ္ကို သစၥာေဖာက္တာက တရားမ၀င္ အာဏာသိမ္း စစ္ေကာင္စီပဲ ျဖစ္ပါတယ္ ဆိုတာကို က်ေနာ္ေျပာလိုပါတယ္။

အင္ၾကင္းႏိုင္။ ။ အခု CRPH ကေနၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြကို အရင္က သတ္မွတ္ထားတဲ့ အၾကမ္းဖက္အဖဲြ႔အစည္းကေနၿပီး ပယ္ဖ်က္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။ အဲဒါဟာ ဖယ္ဒရယ္စစ္တပ္ေပၚေပါက္လာဖို႔ဆိုတဲ့အဆင့္အတြက္ ဘယ္ေလာက္ထိ ေမွ်ာ္လင့္ခ်က္ရွိႏိုင္မလဲ။

ေဒါက္တာဆာဆာ။ ။ နံပတ္ ၁ အေနနဲ႔ တိုင္းရင္းသားေတြက ဘယ္ေတာ့အခါမွ အၾကမ္းမဖက္ဘူး။ ဒါကေတာ့ ေသခ်ာပါတယ္ သမိုင္းတေလ်ာက္လည္း သက္ေသအေထာက္အထားေတြ ရွိပါတယ္။ တိုင္းရင္းသားေတြက အၾကမ္းဖက္တယ္ ဆုိတာက ဘယ္ေတာ့အခါမွ မျဖစ္ပါဘူး။ အခုက သူတို႔က တိုက္ခိုက္လာလို႔ ကိုယ့္ကိုယ္ ျပန္ကာကြယ္တာပဲ ျဖစ္ပါတယ္။ တိုင္းရင္းသား လက္နက္ကိုင္ေတြ အားလံုးဟာ ဒီလို ႏွစ္ေပါင္း ၇၀ ေက်ာ္ေပါ့ေနာ္ ကိုယ့္ကိုယ္ကို ျပန္ကာကြယ္ေနရတဲ့ အေနအထားပါ။ ဒါေၾကာင့္ တိုင္းရင္းသားလက္နက္ကိုင္ေတြကို အၾကမ္းဖက္ အျဖစ္နဲ႔ ေျပာဆိုတဲ့ ထုတ္ျပန္တဲ့ဟာေတြ အားလံုးကေတာ့ လက္တဆုပ္စာ ဗိုလ္ခ်ဳပ္ေတြပဲ ျဖစ္ပါတယ္။ ဒီ တပ္မေတာ္ဘက္က ဗိုလ္ခ်ဳပ္ေတြေပါ့။ ဒီလို လူမဆန္တဲ့ဟာ တိုင္းရင္းသားနယ္ေျမေတြကို သြားၿပီးေတာ့ ဖ်က္ဆီးတယ္၊ မုဒိမ္းက်င့္တယ္ ၊ ညွဥ္းပမ္းတယ္ သတ္ျဖတ္တယ္ ၊ ႏွိတ္စက္တယ္ ဆိုတာက ကာကြယ္ႏိုင္ဖို႔ရန္အတြက္ တိုင္းရင္းသား လက္နက္ကိုင္ေတြက ဖြဲ႔စည္းလာတာပါ။ ဆိုေတာ့ နံပတ္ ၁ အေနနဲ႔ က်ေနာ္တို႔က ဒီေန႔ CRPH ကေနၿပီးေတာ့ တိုင္းရင္းသား လက္နက္ကိုင္ေတြကို အၾကမ္းဖက္တဲ့ list ကေနၿပီးေတာ့ remove လုပ္တယ္ဆိုတာကေတာ့ က်ေနာ္တုိ႔က အမွန္တရားဘက္ကို ရပ္တည္ၿပီးေတာ့ အမွန္တရားက ရွိၿပီးသားပါ။ က်ေနာ္တို႔ ေၾကညာလို႔ အမွန္တရားရွိတာ မဟုတ္ပါဘူး။ အမွန္တရားကေတာ့ တိုင္းရင္းသား လက္နက္ကိုင္ေတြ ဘယ္ေတာ့အခါမွ အၾကမ္းဖက္တာ မဟုတ္ပါဘူးဆိုတာပါပဲ။ ဒါေၾကာင့္မို႔လို႔ ဒါကိုပဲ ဒီေန႔ကေတာ့ အတည္ျပဳလိုက္တာ ျဖစ္ပါတယ္။ ဒါကိုပဲ ကမာၻသိေအာင္ ျမန္မာျပည္သူ လူထုကိုယ္စား က်ေနာ္တို႔က အမွန္တရားကို ေျပာသြားတာ ျဖစ္ပါတယ္။ ဆိုေတာ့ တိုင္းရင္းသား လက္နက္ကိုင္ေတြဟာလည္း တကယ္တမ္းဆိုရင္ေတာ့ ႏွစ္ေပါင္းမ်ားစြာ ကတည္းကေနၿပီးေတာ့ ဖယ္ဒရယ္ Army ျဖစ္လာဖို႔ေပါ့ေနာ္။ အခု စဥ္းစားၾကည့္ေလ ဗိုလ္ခ်ဳပ္အဆင့္ဆိုရင္ တပ္မေတာ္ဘက္မွ ဗမာ ျဖစ္ကို ျဖစ္ရမယ္ေလ၊ ဘယ္ေတာ့အခါမွ တိုင္းရင္းသားေတာင္ ဗိုလ္ခ်ဳပ္ ေပးတယ္ မရွိဘူးေလ။ ရွိရင္ေျပာပါ၊ ဒါက သူတို႔ ေပၚလစီၾကီးက ဗမာ ျဖစ္ရမယ္၊ ၿပီးေတာ့ ဗုဒၶဘာသာ ျဖစ္ရမည္ ဆိုတဲ့ အဓိပၸါယ္ေပါ့ အမ်ိဳး၊ ဘာသာ သာသနာ မဘသ ေတြရဲ႕ စကားလံုးနဲ႔ ဗိုလ္ခ်ဳပ္ေတြရဲ႕ စကားလံုးက တမ်က္ႏွာပဲ ျဖစ္ေနတယ္။ ဆိုေတာ့ က်ေနာ္တို႔ တိုင္းရင္းသားေတြအေနနဲ႔လည္း တေန႔က်ရင္ေတာ့ ကခ်င္လည္း ဗိုလ္ခ်ဳပ္မွဴးႀကီး ျဖစ္တာကို ျမင္ခ်င္တယ္။ တေန႔က်ရင္ ကရင္လည္း ဗိုလ္ခ်ဳပ္မွဴးႀကီး ျဖစ္တာကို ျမင္ခ်င္တယ္ အရည္အခ်င္း ျပည့္စံုရင္ေလ။ ခ်င္းလည္း တေန႔က်ရင္ ကာခ်ဳပ္ ျဖစ္တာကို ျမင္ခ်င္တယ္။ ရခိုင္လည္း တေန႔က်ရင္ ကာခ်ဳပ္ ျဖစ္တာကို ျမင္ခ်င္တယ္။ ဆိုေတာ့ အခု ျဖစ္ႏိုင္တာကေတာ့ အခုဒီ ျမန္မာ့တပ္မေတာ္လို႔ သတ္မွတ္ထားတဲ့ ဟာက တကယ္တမ္းဆိုရင္ေတာ့ တိုင္းရင္းသားေတြအတြက္ မဟုတ္ေတာ့ပဲနဲ႔ ဒီ လက္တဆုပ္စာေတြပဲ ခ်ဳပ္ကိုင္ထားတာျဖစ္ပါတယ္။ ဆိုေတာ့ ဖယ္ဒရယ္ Army ဆိုတာဟာ ဟိုတုန္းကတည္းက တိုင္းရင္းသားေတြ စိတ္ထဲမွာ အျမဲရွိၿပီးေတာ့ သူတို႔က ဘယ္ေတာ့အခါ ဘယ္အခ်ိန္မွာ ဖယ္ဒရယ္ Army ျဖစ္လာမလဲဆိုတာကို သူတို႔ ေစာင့္ေမွ်ာ္ရင္းနဲ႔ အခုဆိုရင္ေတာ့ ျဖစ္လာႏိုင္ပါၿပီ ၊ မၾကာခင္လည္း ျဖစ္လာမွာပါ ဆိုေတာ့ က်ေန္ာတို႔ဟာ တံခါးပိတ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြ အားလံုးနဲ႔လည္း ေဆြးေႏြးၿပီးသား ျဖစ္ပါတယ္။ သူတို႔ဘက္က မဟာဗ်ဴဟာနဲ႔ က်ေနာ္တို႔ဘက္က မဟာဗ်ဴဟာကို ေပါင္းလိုက္ရံုပဲ ဘာမွ မခက္ပါဘူး။ ဒီ မဟာဗ်ဴဟာၾကီးၾကီးထြက္လာမယ္ အဲဒါက ဖယ္ဒရယ္ Army ျဖစ္လာမွာ အဲလိုေပါ့။

ဟုိတုန္းကတည္းက တိုင္းရင္းသားေတြရဲ႕ စိတ္ထဲမွာ အၿမဲတမ္းရွိေနၿပီး ဘယ္အခ်ိန္မွာ ဒီ ဖယ္ဒရယ္စစ္တပ္ ျဖစ္လာမလဲဆိုတာကို သူတို႔ေစာင့္ေမွ်ာ္ရင္းနဲ႔ အခုဆိုရင္ ျဖစ္လာေနပါၿပီ။ မၾကာခင္လည္း ျဖစ္လာမွာပါ။ က်ေနာ္တို႔ တိုင္းရင္းသားအဖဲြ႕ေတြအားလံုးနဲ႔လည္း တံခါးပိတ္ေဆြးေႏြးၿပီးသာျဖစ္ပါတယ္။ သူတို႔ဘက္က မဟာဗ်ဴဟာနဲ႔ က်ေနာ္တို႔ ဘက္က မဟာဗ်ဴဟာ ေပါင္းလိုက္ရုံပါပဲ။ ဒါ မခက္ပါဘူး။ မဟာဗ်ဴဟာ အႀကီးႀကီးထြက္လာမယ္။ အဲဒါဟာ Federal Army ဖယ္ဒရယ္စစ္တပ္ ျဖစ္လာမွာပါ။

အင္ၾကင္းႏိုင္။ ။ အဂၤါေန႔က မီဇိုရမ္ျပည္နယ္လႊတ္ေတာ္အမတ္ကေန အိႏၵိယလႊတ္ေတာ္ အစည္းအေ၀းမွာ မီဇိုရမ္ျပည္နယ္ထဲကို ၀င္ေရာက္ခိုလႈံလာတဲ့ ျမန္မာဒုကၡသည္ေတြ အထူးသျဖင့္ စစ္တပ္ရဲ႕ အမိန္႔ကို လက္မခံတဲ့ ရဲ၀န္ထမ္းေတြကို ရာနဲ႔ခ်ီ လက္ခံထားရတယ္လို႔ေျပာသြားပါတယ္။ ဒါနဲ႔ပတ္သက္လို႔ အိႏၵိယအစိုးရရဲ႕ ရပ္တည္ခ်က္ ျမန္မာဒုကၡသည္ေတြကို ျပန္မပို႔ေရး၊ ေနာက္ခိုလႈံလာတဲ့ ျမန္မာဒုကၡသည္ေတြကို လက္ခံေရး စတာေတြနဲ႔ ပတ္သက္လို႔အိႏၵိယလႊတ္ေတာ္မွာ ေတာင္းဆိုသြားပါတယ္။ အဲေတာ့ အိႏၵိယအစိုးရအေနနဲ႔ လက္ရွိျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းလိုက္တဲ့အေျခအေနမွာ အိမ္နီးခ်င္းႏိုင္ငံအေနနဲ႔ သူတို႔ရပ္တည္ခ်က္ကို ဘယ္လိုျမင္ပါသလဲ။

ေဒါက္တာဆာဆာ။ ။ ဒါကေတာ့ အိႏၵိယႏိုင္ငံအေနနဲ႔ ျမန္မာအေပၚ ထားရွိတဲ့ ေပၚလစီကလည္း တကယ္တမ္း ျမန္မာႏိုင္ငံမွာ သူတို႔က တရုတ္ကိုပဲ အဓိက ဦးတည္ၿပီးေတာ့ Counter Chinese တရုတ္ကုိတန္ျပန္ေရး ေပၚလစီကို ျပန္သံုးသပ္ဖို႔ လိုပါတယ္။ ဂ်ပန္တို႔ အိႏၵိယတို႔က သူတို႔ရဲ႕ ျမန္မာႏိုင္ငံအေပၚထားရွိတဲ့ မူ၀ါဒေတာ္ေတာ္မ်ားမ်ားကေတာ့ တရုတ္ရဲ႕လႊမ္းမိုးမႈကို အားနည္းေစၿပီးေတာ့ သူတို႔လႊမ္းမိုးမႈ ပိုအားေကာင္းေစဖို႔ ပါ၀င္သလို ဒီလိုအေျခအေနမ်ဳိးမွာ သူတို႔ အမ်ားႀကီး မေျပာေသးတာ က်ေနာ္တို႔ သိပါတယ္။ ေၾကညာခ်က္ေတြကအစ သိပ္ၿပီးေတာ့ ခိုင္ခိုင္မာမာမထြက္ေသးတာလည္းရွိပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ က်ေနာ္တို႔ ျမန္မာစစ္တပ္ကိုလည္း ၾကည့္မယ္ဆိုရင္ အိႏၵိယစစ္တပ္ကေန လက္နက္ေတြအမ်ားႀကီး၀ယ္ထားတယ္ဆိုတာ က်ေနာ္တို႔ မေမ့သင့္ဘူး။ သူတို႔က သူတို႔ႏိုင္ငံရဲ႕ အက်ဳိးကို အရင္ဆံုးၾကည့္တယ္ဆိုတာ က်ေနာ္တို႔ ျမန္မာျပည္သူေတြ မေမ႔သင့္ပါဘူး။ ဒါကႏိုင္ငံေရးဆုိေတာ့ က်ေနာ္တို႔ ေတြေျပာဆိုေဆြးေႏြးသြားမွာပါ။ မီဇိုရမ္ျပည္နယ္လို႔ေျပာတဲ့အခါမွာ က်ေနာ္တို႔ ခ်င္းနဲ႔ မီဇိုေတြကေတာ့ လူမ်ဳိးတူတူပါပဲ။ ခဲြျခားလို႔ မရပါဘူး။ မီဇိုရမ္ျပည္နယ္ ၀န္ႀကီးခ်ဳပ္နဲ႔ အစိုးရအဖဲြ႔၀င္ ၀န္ႀကီးေတြနဲ႔လည္း က်ေနာ္တို႔ ခင္မင္မႈရွိၿပီး ေတြ႕ဆံုေဆြးေႏြးေလ့ရွိပါတယ္။ မၾကာေသးခင္ကေတာ့ အိႏၵိယအစိုးရ ျပည္ထဲေရး၀န္ႀကီးနဲ႔ မီဇိုရမ္ျပည္နယ္၀န္ႀကီးခ်ဳပ္တို႔ စကားေျပာၿပီးေတာ့ ျမန္မာျပည္ဘက္က CDM လႈပ္ရွားမႈမွာပါ၀င္တဲ့သူေတြ အထူးသျဖင့္ ရဲ၀န္ထမ္းေတြကို ျပန္မပို႔ဖို႔ရာအတြက္ ေတာင္းဆိုသလို အိႏၵိယ ဗဟိုအစိုးရကလည္း လက္ခံေပးတာေတြ ရွိပါတယ္။ ဆိုေတာ့ က်ေနာ္တို႔အေနနဲ႔ ဒါေတြအားလံုး ႏွစ္ႏိုင္ငံဆက္ဆံေရး ယံုၾကည္မႈတည္ေဆာက္ၿပီး က်ေနာ္လည္း မီဇိုရမ္အစိုးရနဲ႔ ဆက္သြယ္ေျပာဆိုေနပါတယ္။ အခုေလာေလာဆယ္ကေတာ့ မီဇိုရမ္ဘက္ကို၀င္လာတာ ေထာင္ဂဏန္းေလာက္ပဲရွိေသးေတာ့ မီဇိုရမ္အေနနဲ႔ပဲျဖစ္ျဖစ္၊ အိႏၵိယဗဟိုအစိုးရအေနနဲ႔ ပဲျဖစ္ျဖစ္ အဲဒီေလာက္ စိုးရိမ္စရာမရွိေသးဘူးလို႔ ထင္ပါတယ္။


............

နိုင်ငံတော်ကို သစ္စာဖောက်တာ စစ်ဗိုလ်ချုပ်တွေသာဖြစ်တယ် ( နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲဆိုခံရသူ ဒေါက်တာဆာဆာ)

(Unicode)

CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဦးဆောင်မှုအောက် ဖယ်ဒရယ်စစ်တပ် မကြာခင်ပေါ်ပေါက်လာတော့မယ့်အကြောင်း CRPH ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာဆာဆာကပြောပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့ကပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ကို အကြမ်းဖက်အဖွဲ့ ဒါမှမဟုတ် မတရားအသင်း စတာတွေကနေ တရားဝင်ပယ်ဖျက်လိုက်ကြောင်း CRPH ကကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

တချိန်တည်းမှာပဲ ဒေါက်တာ ဆာဆာအပါဝင် ယာယီဒုသမ္မတ မန်းဝင်းခိုင်သန်းနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကို နိုင်ငံတော်သစ္စာဖောက်ဖျက်၊ ပုန်ကန်မှု စတာတွေနဲ့ တရားစွဲ ဖမ်းဝရမ်းထုတ်လိုက်ကြောင်း စစ်ကောင်စီကလည်း ကြေညာထားပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဒေါက်တာဆာဆာရဲ့တုန့်ပြန်ချက်တွေကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ စစ်ကောင်စီကနေပြီးတော့ ဒေါက်တာဆာဆာကို နိုင်ငံတော် သစ္စာဖောက် ပုန်ကန်မှုနဲ့ စွဲချက်တင်ထားကြောင်း ကြေညာခဲ့ပါတယ်။ CRPH ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တဦးအနေနဲ့ ဒေါက်တာဆာဆာဟာ နိုင်ငံတကာနဲ့ ဆက်ဆံပြောဆိုနေတာတွေရှိလာပြီးနောက်ပိုင်း အခုလို နိုင်ငံတော်ပုန်ကန်မှု စွဲချက်တင်လိုက်တဲ့အပေါ် ဘယ်လိုမြင်ပါလဲ။

ဒေါက်တာဆာဆာ။ ။ အဲလို ကျနော့်ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲပြီးတော့ အရေးယူပြီးတော့ သေဒဏ်အထိ ပေးဖို့အတွက် အကြံအစည်ရှိတာကတော့ တဖက်ကတော့ တကယ့်ကို ကျနော် ဂုဏ်ယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဒီ ဖယ်ဒရယ် ဒီမိုကရေစီအတွက် ကျနော်တို့ လုပ်နေတဲ့ အလုပ်ဟာ ထိရောက်ပြီးတော့ ကျနော်တို့ တရားမျှတမှုအတွက် လုပ်နေတာ ဒီ Freedom အတွက်လုပ်နေတာက ကျနော်အသက်နဲ့ ရင်းပြီးတော့ လုပ်နေတဲ့ဟာ ဖြစ်တဲ့အတွက်ကြောင့် ဒါကတော့ တဖက်က ပြောမယ်ဆိုရင်တော့ ဂုဏ်ယူစရာပေါ့။ တဖက်က ကြည့်မယ်ဆိုရင်လည်း နိုင်ငံတော်ကို နေ့တိုင်း သစ္စာဖောက်နေတဲ့သူကပဲ ကျနော်တို့လို နိုင်ငံတော်ကို ကာကွယ်နေတဲ့ ပြည်သူလူထုအတွက်ကို လုပ်နေတဲ့သူကို တရားပြန်စွဲတယ်ဆိုတော့ တဖက်ကဆိုရင်တော့ ရယ်စရာကောင်းတယ်။ နိုင်ငံတကာမှာဆိုရင်လည်း တပ်မတော်တွေကို တည်ဆောက်ကြတယ်လေ။ ပြည်သူလူထုကို ကာကွယ်ဖို့ပဲ တပ်မတော်ဆိုတာ မွေးလာတယ်လေ။ ဒါမှ မဟုတ်ပဲနဲ့ အခုက တပ်မတော်ကပဲ ပြည်သူလူထုကို သတ်နေတယ် ဖြတ်နေတယ် ၊ နှိပ်စက်နေတယ်ဆိုတာကတော့ တကယ်က နိုင်ငံတော်ကို ပုန်ကန်နေတာ ဒီ စစ်ဗိုလ်ချုပ်တွေပဲလေ။ ၁၉၈၈ မှာ အပြစ်မဲ့ ကျောင်းသူ ကျောင်းသားတွေကို ရာချီနဲ့ သတ်ခဲ့တာ ဘယ်သူလဲ၊ ဒီ စစ်ဗိုလ်ချုပ်တွေပဲမဟုတ်ဘူးလား။ ထိုနည်းတူပဲ ၁၉၉၇ မှာဆိုရင်လည်း သူတို့ကပဲ နိုင်ငံတော်ကို သစ္စာဖောက်တယ် နိုင်ငံတော်ကို ပုန်ကန်တယ်၊ ထိုနည်းတူပဲ ၂၀၀၇ မှာလည်း ရွှေဝါရောင် တော်လှန်ရေးမှာပေါ့နော် ဘုန်ကြီးတွေကို စော်ကားပြီးတော့ အဲဒီလို လူမဆန်အောင်လုပ်ပြီးတော့ လမ်းပေါ်မှာ သတ်ဖြတ်တာ နိုင်ငံတော်ကို ပုန်ကန်တယ်၊ တကယ့် နိုင်ငံတော်ကို သစ္စာဖောက်တာ သူတို့ပဲမဟုတ်ဘူးလား။ ပြီးတော့ ထိုနည်းတူပဲ ၂၀၁၇ မှာဆိုရင်လည်း ရိုဟင်ဂျာတွေကို အစုလိုက် အပြုံလိုက် လူမျိုးတုံး သတ်ဖြတ်ခဲ့တဲ့သူတွေက ဘယ်သူတွေလဲ ဒါကပြည်သူပြည်သား ၅၄ သန်းမဟုတ်ဘူးလေ။ဒီ စစ်ဗိုလ်ချုပ်တွေပဲ ဆိုတော့ တကယ်ပဲ နိုင်ငံတော်ကို ပုန်ကန်နေတဲ့တကယ်ပဲ နိုင်ငံတော်ကို သစ္စာဖောက်နေတာက သူတို့ပဲလေ။ ဒီနေ့ဆိုရင်လည်း ဆက်လက်ပြီးတော့ မြန်မာနိုင်ငံ အနှံ့မှာ နိုင်ငံတော်ကို ပုန်ကန်ပြီးတော့ နိုင်ငံတော်ကို သစ္စာဖောက်နေတာက ဒီ စစ်ဗိုလ်ချုပ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တဖက်ကဆိုရင်တော့ သူတို့ရဲ့ ကျနော့်ကို နိုင်ငံတော်ကို သစ္စာဖောက်တယ် နိုင်ငံတော်ကို ပုန်ကန်တယ်ဆိုပြီးတော့ တရားပြန်စွဲလာတာကတော့ အံသြဖို့မဟုတ်ပါဘူး။ သမိုင်းက သက်သေပြပါတယ်။ ဆိုတော့ တဖက်က ပြောမယ်ဆိုရင် ဂုဏ်ယူပါတယ်။ တဖက်ကကြည့်မယ်ဆိုရင်လည်း နိုင်ငံတော်ကို ပုန်ကန်ပြီးတော့ နိုင်ငံတော်ကို သစ္စာဖောက်တာက တရားမဝင် အာဏာသိမ်း စစ်ကောင်စီပဲ ဖြစ်ပါတယ် ဆိုတာကို ကျနော်ပြောလိုပါတယ်။

အင်ကြင်းနိုင်။ ။ အခု CRPH ကနေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အရင်က သတ်မှတ်ထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းကနေပြီး ပယ်ဖျက်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အဲဒါဟာ ဖယ်ဒရယ်စစ်တပ်ပေါ်ပေါက်လာဖို့ဆိုတဲ့အဆင့်အတွက် ဘယ်လောက်ထိ မျှော်လင့်ချက်ရှိနိုင်မလဲ။

ဒေါက်တာဆာဆာ။ ။ နံပတ် ၁ အနေနဲ့ တိုင်းရင်းသားတွေက ဘယ်တော့အခါမှ အကြမ်းမဖက်ဘူး။ ဒါကတော့ သေချာပါတယ် သမိုင်းတလျောက်လည်း သက်သေအထောက်အထားတွေ ရှိပါတယ်။ တိုင်းရင်းသားတွေက အကြမ်းဖက်တယ် ဆိုတာက ဘယ်တော့အခါမှ မဖြစ်ပါဘူး။ အခုက သူတို့က တိုက်ခိုက်လာလို့ ကိုယ့်ကိုယ် ပြန်ကာကွယ်တာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးဟာ ဒီလို နှစ်ပေါင်း ၇၀ ကျော်ပေါ့နော် ကိုယ့်ကိုယ်ကို ပြန်ကာကွယ်နေရတဲ့ အနေအထားပါ။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေကို အကြမ်းဖက် အဖြစ်နဲ့ ပြောဆိုတဲ့ ထုတ်ပြန်တဲ့ဟာတွေ အားလုံးကတော့ လက်တဆုပ်စာ ဗိုလ်ချုပ်တွေပဲ ဖြစ်ပါတယ်။ ဒီ တပ်မတော်ဘက်က ဗိုလ်ချုပ်တွေပေါ့။ ဒီလို လူမဆန်တဲ့ဟာ တိုင်းရင်းသားနယ်မြေတွေကို သွားပြီးတော့ ဖျက်ဆီးတယ်၊ မုဒိမ်းကျင့်တယ် ၊ ညှဉ်းပမ်းတယ် သတ်ဖြတ်တယ် ၊ နှိတ်စက်တယ် ဆိုတာက ကာကွယ်နိုင်ဖို့ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေက ဖွဲ့စည်းလာတာပါ။ ဆိုတော့ နံပတ် ၁ အနေနဲ့ ကျနော်တို့က ဒီနေ့ CRPH ကနေပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်တွေကို အကြမ်းဖက်တဲ့ list ကနေပြီးတော့ remove လုပ်တယ်ဆိုတာကတော့ ကျနော်တို့က အမှန်တရားဘက်ကို ရပ်တည်ပြီးတော့ အမှန်တရားက ရှိပြီးသားပါ။ ကျနော်တို့ ကြေညာလို့ အမှန်တရားရှိတာ မဟုတ်ပါဘူး။ အမှန်တရားကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘယ်တော့အခါမှ အကြမ်းဖက်တာ မဟုတ်ပါဘူးဆိုတာပါပဲ။ ဒါကြောင့်မို့လို့ ဒါကိုပဲ ဒီနေ့ကတော့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါကိုပဲ ကမ္ဘာသိအောင် မြန်မာပြည်သူ လူထုကိုယ်စား ကျနော်တို့က အမှန်တရားကို ပြောသွားတာ ဖြစ်ပါတယ်။ ဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာလည်း တကယ်တမ်းဆိုရင်တော့ နှစ်ပေါင်းများစွာ ကတည်းကနေပြီးတော့ ဖယ်ဒရယ် Army ဖြစ်လာဖို့ပေါ့နော်။ အခု စဉ်းစားကြည့်လေ ဗိုလ်ချုပ်အဆင့်ဆိုရင် တပ်မတော်ဘက်မှ ဗမာ ဖြစ်ကို ဖြစ်ရမယ်လေ၊ ဘယ်တော့အခါမှ တိုင်းရင်းသားတောင် ဗိုလ်ချုပ် ပေးတယ် မရှိဘူးလေ။ ရှိရင်ပြောပါ၊ ဒါက သူတို့ ပေါ်လစီကြီးက ဗမာ ဖြစ်ရမယ်၊ ပြီးတော့ ဗုဒ္ဓဘာသာ ဖြစ်ရမည် ဆိုတဲ့ အဓိပ္ပါယ်ပေါ့ အမျိုး၊ ဘာသာ သာသနာ မဘသ တွေရဲ့ စကားလုံးနဲ့ ဗိုလ်ချုပ်တွေရဲ့ စကားလုံးက တမျက်နှာပဲ ဖြစ်နေတယ်။ ဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေအနေနဲ့လည်း တနေ့ကျရင်တော့ ကချင်လည်း ဗိုလ်ချုပ်မှူးကြီး ဖြစ်တာကို မြင်ချင်တယ်။ တနေ့ကျရင် ကရင်လည်း ဗိုလ်ချုပ်မှူးကြီး ဖြစ်တာကို မြင်ချင်တယ် အရည်အချင်း ပြည့်စုံရင်လေ။ ချင်းလည်း တနေ့ကျရင် ကာချုပ် ဖြစ်တာကို မြင်ချင်တယ်။ ရခိုင်လည်း တနေ့ကျရင် ကာချုပ် ဖြစ်တာကို မြင်ချင်တယ်။ ဆိုတော့ အခု ဖြစ်နိုင်တာကတော့ အခုဒီ မြန်မာ့တပ်မတော်လို့ သတ်မှတ်ထားတဲ့ ဟာက တကယ်တမ်းဆိုရင်တော့ တိုင်းရင်းသားတွေအတွက် မဟုတ်တော့ပဲနဲ့ ဒီ လက်တဆုပ်စာတွေပဲ ချုပ်ကိုင်ထားတာဖြစ်ပါတယ်။ ဆိုတော့ ဖယ်ဒရယ် Army ဆိုတာဟာ ဟိုတုန်းကတည်းက တိုင်းရင်းသားတွေ စိတ်ထဲမှာ အမြဲရှိပြီးတော့ သူတို့က ဘယ်တော့အခါ ဘယ်အချိန်မှာ ဖယ်ဒရယ် Army ဖြစ်လာမလဲဆိုတာကို သူတို့ စောင့်မျှော်ရင်းနဲ့ အခုဆိုရင်တော့ ဖြစ်လာနိုင်ပါပြီ ၊ မကြာခင်လည်း ဖြစ်လာမှာပါ ဆိုတော့ ကျနေ်ာတို့ဟာ တံခါးပိတ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးနဲ့လည်း ဆွေးနွေးပြီးသား ဖြစ်ပါတယ်။ သူတို့ဘက်က မဟာဗျူဟာနဲ့ ကျနော်တို့ဘက်က မဟာဗျူဟာကို ပေါင်းလိုက်ရုံပဲ ဘာမှ မခက်ပါဘူး။ ဒီ မဟာဗျူဟာကြီးကြီးထွက်လာမယ် အဲဒါက ဖယ်ဒရယ် Army ဖြစ်လာမှာ အဲလိုပေါ့။

ဟိုတုန်းကတည်းက တိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာ အမြဲတမ်းရှိနေပြီး ဘယ်အချိန်မှာ ဒီ ဖယ်ဒရယ်စစ်တပ် ဖြစ်လာမလဲဆိုတာကို သူတို့စောင့်မျှော်ရင်းနဲ့ အခုဆိုရင် ဖြစ်လာနေပါပြီ။ မကြာခင်လည်း ဖြစ်လာမှာပါ။ ကျနော်တို့ တိုင်းရင်းသားအဖွဲ့တွေအားလုံးနဲ့လည်း တံခါးပိတ်ဆွေးနွေးပြီးသာဖြစ်ပါတယ်။ သူတို့ဘက်က မဟာဗျူဟာနဲ့ ကျနော်တို့ ဘက်က မဟာဗျူဟာ ပေါင်းလိုက်ရုံပါပဲ။ ဒါ မခက်ပါဘူး။ မဟာဗျူဟာ အကြီးကြီးထွက်လာမယ်။ အဲဒါဟာ Federal Army ဖယ်ဒရယ်စစ်တပ် ဖြစ်လာမှာပါ။

အင်ကြင်းနိုင်။ ။ အင်္ဂါနေ့က မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ်ကနေ အိန္ဒိယလွှတ်တော် အစည်းအဝေးမှာ မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်ခိုလှုံလာတဲ့ မြန်မာဒုက္ခသည်တွေ အထူးသဖြင့် စစ်တပ်ရဲ့ အမိန့်ကို လက်မခံတဲ့ ရဲဝန်ထမ်းတွေကို ရာနဲ့ချီ လက်ခံထားရတယ်လို့ပြောသွားပါတယ်။ ဒါနဲ့ပတ်သက်လို့ အိန္ဒိယအစိုးရရဲ့ ရပ်တည်ချက် မြန်မာဒုက္ခသည်တွေကို ပြန်မပို့ရေး၊ နောက်ခိုလှုံလာတဲ့ မြန်မာဒုက္ခသည်တွေကို လက်ခံရေး စတာတွေနဲ့ ပတ်သက်လို့အိန္ဒိယလွှတ်တော်မှာ တောင်းဆိုသွားပါတယ်။ အဲတော့ အိန္ဒိယအစိုးရအနေနဲ့ လက်ရှိမြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တဲ့အခြေအနေမှာ အိမ်နီးချင်းနိုင်ငံအနေနဲ့ သူတို့ရပ်တည်ချက်ကို ဘယ်လိုမြင်ပါသလဲ။

ဒေါက်တာဆာဆာ။ ။ ဒါကတော့ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာအပေါ် ထားရှိတဲ့ ပေါ်လစီကလည်း တကယ်တမ်း မြန်မာနိုင်ငံမှာ သူတို့က တရုတ်ကိုပဲ အဓိက ဦးတည်ပြီးတော့ Counter Chinese တရုတ်ကိုတန်ပြန်ရေး ပေါ်လစီကို ပြန်သုံးသပ်ဖို့ လိုပါတယ်။ ဂျပန်တို့ အိန္ဒိယတို့က သူတို့ရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ မူဝါဒတော်တော်များများကတော့ တရုတ်ရဲ့လွှမ်းမိုးမှုကို အားနည်းစေပြီးတော့ သူတို့လွှမ်းမိုးမှု ပိုအားကောင်းစေဖို့ ပါဝင်သလို ဒီလိုအခြေအနေမျိုးမှာ သူတို့ အများကြီး မပြောသေးတာ ကျနော်တို့ သိပါတယ်။ ကြေညာချက်တွေကအစ သိပ်ပြီးတော့ ခိုင်ခိုင်မာမာမထွက်သေးတာလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ မြန်မာစစ်တပ်ကိုလည်း ကြည့်မယ်ဆိုရင် အိန္ဒိယစစ်တပ်ကနေ လက်နက်တွေအများကြီးဝယ်ထားတယ်ဆိုတာ ကျနော်တို့ မမေ့သင့်ဘူး။ သူတို့က သူတို့နိုင်ငံရဲ့ အကျိုးကို အရင်ဆုံးကြည့်တယ်ဆိုတာ ကျနော်တို့ မြန်မာပြည်သူတွေ မမေ့သင့်ပါဘူး။ ဒါကနိုင်ငံရေးဆိုတော့ ကျနော်တို့ တွေပြောဆိုဆွေးနွေးသွားမှာပါ။ မီဇိုရမ်ပြည်နယ်လို့ပြောတဲ့အခါမှာ ကျနော်တို့ ချင်းနဲ့ မီဇိုတွေကတော့ လူမျိုးတူတူပါပဲ။ ခွဲခြားလို့ မရပါဘူး။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့လည်း ကျနော်တို့ ခင်မင်မှုရှိပြီး တွေ့ဆုံဆွေးနွေးလေ့ရှိပါတယ်။ မကြာသေးခင်ကတော့ အိန္ဒိယအစိုးရ ပြည်ထဲရေးဝန်ကြီးနဲ့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်တို့ စကားပြောပြီးတော့ မြန်မာပြည်ဘက်က CDM လှုပ်ရှားမှုမှာပါဝင်တဲ့သူတွေ အထူးသဖြင့် ရဲဝန်ထမ်းတွေကို ပြန်မပို့ဖို့ရာအတွက် တောင်းဆိုသလို အိန္ဒိယ ဗဟိုအစိုးရကလည်း လက်ခံပေးတာတွေ ရှိပါတယ်။ ဆိုတော့ ကျနော်တို့အနေနဲ့ ဒါတွေအားလုံး နှစ်နိုင်ငံဆက်ဆံရေး ယုံကြည်မှုတည်ဆောက်ပြီး ကျနော်လည်း မီဇိုရမ်အစိုးရနဲ့ ဆက်သွယ်ပြောဆိုနေပါတယ်။ အခုလောလောဆယ်ကတော့ မီဇိုရမ်ဘက်ကိုဝင်လာတာ ထောင်ဂဏန်းလောက်ပဲရှိသေးတော့ မီဇိုရမ်အနေနဲ့ပဲဖြစ်ဖြစ်၊ အိန္ဒိယဗဟိုအစိုးရအနေနဲ့ ပဲဖြစ်ဖြစ် အဲဒီလောက် စိုးရိမ်စရာမရှိသေးဘူးလို့ ထင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG