သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရပ်ကွက်လိုက် အတားအဆီးတွေ ဖယ်ရှားပေးဖို့ စစ်တပ်က သတိပေးပြောကြား


လုံခြုံရေးတပ်ဖွဲ့ဝင်များ မဖြိုခွဲနိုင်ရန် ဘုရင့်နောင်ဂုံးတံတားကို ဆန္ဒပြသူများ ပိတ်ဆို့ထားစဉ် (ဓာတ်ပုံ-Courtesy)
လုံခြုံရေးတပ်ဖွဲ့ဝင်များ မဖြိုခွဲနိုင်ရန် ဘုရင့်နောင်ဂုံးတံတားကို ဆန္ဒပြသူများ ပိတ်ဆို့ထားစဉ် (ဓာတ်ပုံ-Courtesy)

(Zawgyi/Unicode)

ရန်ကုန်တိုင်းအတွင်း လှိုင်သာယာနဲ့ အနီးတဝိုက်မြို့နယ်တွေမှာ စစ်အာဏာသိမ်းဆန္ဒပြပွဲတွေရှိနေသေးသလို ရပ်ကွက်အလိုက် အတားအဆီးတွေ ပိတ်ဆို့ထားတာကြောင့် ဒီလို အတားအဆီးတွေကို ဖယ်ရှားရှင်းလင်းပေးဖို့ စစ်တပ်က အခုလို လိုက်လံသတိပေးနေပါတယ်။ ဒီအကြောင်းအပြည့်အစုံကို မမြသဇင်အောင်က ပြောပြမှာပါ။

“အခုလို လာရောက်ဖယ်ရှားပေးခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်ပါတယ်။ ရပ်ကွက်အလိုက်၊ လမ်းအလိုက်၊ အခြားရပ်ကွက်ကလူများ၊ လာရောက်လုပ်ဆောင်မယ်ဆိုရင် ဝိုင်းဝန်း တားဆီးပေးဖို့လိုပါ့မယ်။ နောက်တခေါက်ဒါမျိုး ရပ်ကွက်အတွင်းလမ်းများ၊ အများပြည်သူပိုင်လမ်းများကို ဖျက်လိုဖျက်ဆီး ပိတ်ဆို့ထားတာတွေ့ရင် တရပ်ကွက်လုံး မြေလှန်ပြီးတော့ သေနတ်နဲ့ပစ်ပါမယ်။ ဆိုင်ဆိုင် မဆိုင်ဆိုင် တရပ်ကွက်လုံး ပစ်ပါမယ်”

ဒါကတော့ မနေ့တုန်းက မြောက်ဥက္ကလာ မေဓာဝီရပ်ကွက်မှာ အတားအဆီးတွေကို ဖယ်ရှားဖို့ စစ်တပ်က လာရောက် သတိပေးနေတာဖြစ်ပါတယ်။

ရန်ကုန်မြို့နဲ့ တခြားမြို့တွေမှာ စစ်အာဏာသိမ်း ဆန္ဒပြပွဲတွေ ဆက်တိုက်လုပ်ဆောင်နေသလို စစ်တပ်ဘက်ကလည်း ဆန္ဒပြပွဲတွေကို အင်အားသုံး ဖြိုခွဲနှိမ်နှင်းနေပါတယ်။ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ သမိုင်း စတဲ့ မြို့နယ်တွေအပါအဝင် ရန်ကုန်မြို့နေရာအတော်များများမှာ ဆန္ဒပြပွဲတွေပြုလုပ်နေကြသလို စစ်တပ်က အင်အားသုံးဖြိုခွင်းနေတာကြောင့် ရပ်ကွက်တချို့မှာ အတားအဆီးတွေပြုလုပ်ထားကြပါတယ်။

မနေ့တုန်းကတော့ သမိုင်းလမ်းဆုံနဲ့ဘုရင့်နောင် နှစ်ထပ်ကုန်းထိပ်မှာ ရပ်ကွက်နေပြည်သူတွေ အတားအဆီးတွေပြုလုပ်ထားတဲ့အတွက် ရဲက လာရောက်ရှင်းလင်းတာတွေရှိတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

“မနေ့ညနေ ၆ နာရီကျော်လောက်ကတော့ သမိုင်း (၂) ရပ်ကွက်ကို လမ်းမီးတွေ ပိတ်ပြီးတော့မှ ဒီကောင်တွေက ခြေကျင်တက်လာတယ်။ ကားတွေက နောက်ကပါတယ်။ ကားတွေက နောက်ကမီးပိတ်ပြီး တက်လာတယ်။ တက်လာပြီးတော့ ကျနော်တို့သမိုင်း ဂုန်းတံတားပေါ်က ဒီကောင်တွေက ဓာတ်မီးထိုးပြီးတက်လာပြီးတော့ အသံဗုံးတွေ ဖောက်သွားတယ်။ ကျည်အစစ်နဲ့တော့ မပစ်သွားဘူး။ အသံဗုံးတွေ ဖောက်သွားတယ်။ ဒီက မြေပြင်အခြေအနေကို လာလေ့လာသွားတယ်။ ဒီဘက်က အကုန်လုံးက Defense က ခံပြီးတော့ အော်နေတော့ ဒီကောင်တွေက ပြန်ဆင်းသွားတယ်။ ပြန်ဆင်းသွားပြီးတော့ နောက်သိပ်မကြာဘူး နာရီဝက်လောက်နေတော့ ဘုရင့်နောင်ဘက်ကနေ နောက်စစ်ကားတစီးတက်လာပြီးတော့ ဘုရင့်နောက်ဘက်ကနေပြီးတော့မှ ကျည်အစစ်နဲ့လည်း ပစ်တယ်။ အသံဗုံးတွေလည်း ခွဲတယ်။ ဘုရင့်နောင် Defense ကို လာပြီးတော့မှ ခွဲတယ်။”

ဒီလို အတားအဆီးတွေကို ဖယ်ရှားဖို့ပြောရာမှာ အသံဗုံးနဲ့ ခြောက်လှန့်တာရှိသလို စစ်ကားတွေပေါ်ကနေ ရာဘာကျည်၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တာလည်း ရှိတယ်လို့ အမည်မထုတ်ဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။

“မနေ့ကလည်း အဲဒီအချိန်လောက်ပဲ ညနေ (၆)ရီလောက်မှာ ဘုရင့်နောင်ဘက်ကနေပြီးတော့ ညဘက်ကို အရှေ့ကနေပြီးတော့ တက်လာတယ်။ တက်လာပြီးတော့ အဲလိုပဲ သူတို့အသံဗုံးဖောက်တယ်။ ဂုန်းပေါ်ကိုလာကြည့်တယ်။ ဂုန်းပေါ်ကနေ အခြေအနေ မဟန်တော့ သူတို့ပြန်ပြီးတော့ ဆင်းတယ်။ မနေ့က သူတို့ဘုရင့်နောင်ဘက်ကနေပြီးတော့ သူတို့ကားတန်းဆင်းပြီးတော့ သူတို့အသံဗုံးတွေနဲ့ကျည်အစစ်တွေနဲ့ပစ်တယ်။ ကျည်အစစ်တွေနဲ့ပစ်တာ မနေ့ကတော့ ပစ်ချက်များတယ်။ ကျနော်တို့ရပ်ကွက်တွေထဲပါ ထိတယ်။ ဘုရင့်နောင်ဘက်က တိုက်ခန်းတွေ၊ မှန်တွေ ပေါက်တဲ့ ဟာတွေရှိတယ်။ တိုက်ခန်းတွေမှာ ကျည်ထိထားတဲ့ ဟာတွေ ရှိတယ်။ အဲဒါတွေကတော့ ကျည်အစစ်နဲ့ပစ်သွားတဲ့ဟာတွေ။”

အခုလို သမိုင်းနဲ့ ဘုရင့်နောင်လမ်းဆုံကြား ပိတ်ဆို့ထားတာတွေကို ဒီကနေ့မှာ အပြီးသတ်ရှင်းလင်းဖို့ စစ်တပ်က စပီကာတွေနဲ့ လာရောက်သတိပေး ပြောဆိုတာတွေရှိတယ်လို့လည်း သူက ပြောပါတယ်။

“အခုအခြေအနေကတော့ ဒီညအတွက်ကတော့ ၈ နာရီ၊ ၉ နာရီလောက်အထိပေါ့။ နောက်ဆုံး ဘုရင့်နောင်ကနေ နောက်ဆုံးပစ်ခတ်ပြီးသွားတဲ့အချိန်တွေမှာတော့ အခုလက်ရှိမှာ ငြိမ်တယ်။ သူတို့က စပီကာနဲ့လာအော်တယ်။ မနက်ဖြန် ၁၈ ရက်နေ့ကို ကျနော်တို့စခန်းကို အပြီးရှင်းရင် ရှင်းပေါ့နော်။ မရှင်းရင်တော့ ပစ်မယ်။ မနက်ဖြန် အဲဒီ သပိတ်စခန်းကို အပြီးဖယ်ပေးပေါ့။ မဖယ်ပေးလို့ရှိရင်တော့ မနက်ဖြန်ကျရင်တော့ သူတို့အတင်း ဝင်ရောက်ပြီးတော့ အတင်းပစ်ခတ်ပြီးတော့ ရှင်းလင်းပါမယ်ဆိုပြီးတော့ စပီကာနဲ့လာအော်သွားတယ်။”

စစ်အာဏာရှင်စနစ် ကျဆုံးရေး ဆန့်ကျင်ဆန္ဒပြသူတွေကိုစစ်တပ်က အင်အားသုံးဖြိုခွဲနှိမ်နှင်းနေပေမယ့် ဆန္ဒပြပွဲတွေကတော့ နိုင်ငံအနှံ့မှာ ပုံစံမျိုးစုံနဲ့ ဆက်ရှိနေဆဲဖြစ်ပါတယ်။ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ ရက်ပေါင်း ၄၅ ရက်ကြာခဲ့တဲ့ အချိန်ကာလအတွင်း အကြမ်းဖက်ဖြိုခွဲ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေလည်း ရာနဲ့ချီရှိလာနေတာပါ။

လှိုင်သာယာမြို့နယ်တွင်းက သပိတ်တွေကို ပြီးခဲ့တဲ့ ရက်တွေတုန်းက အကြမ်းဖက်ဖြိုခွဲ ပစ်ခတ်တာတွေလုပ်ခဲ့ပြီး မနေ့တုန်းကတော့ ဆန္ဒပြသပိတ်တွေ မရှိတော့ပေမယ့် ပြည်သူတွေ ကာရံထားတဲ့ လုံခြုံရေးအကာအရံတွေကို လမ်းတလျှောက် စစ်တပ်က ရှင်းလင်းတာတွေရှိခဲ့ပါတယ်။

အခုလက်ရှိမှာ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အပါအဝင် မြို့နယ် ၆ ခုကို စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။

ကုန်ထုတ်လုပ်ရေးမှာ အဓိကကျတဲ့ ရန်ကုန်တိုင်းက မြို့နယ်တချို့ကို စစ်အုပ်ချုပ်ရေးကောင်စီက အကြမ်းဖက်ဖြိုခွဲတာ၊ စစ်အုပ်ချုပ်ရေးဥပဒေ ကျင့်သုံးတာတွေကြောင့် နေရပ်ရွှေ့ပြောင်းမှုတွေနဲ့အတူ စားဝတ်နေရေး လုံခြုံမှုမရှိတော့တဲ့ အခြေအနေကို ဦးတည်လာကြောင်း ပညာရှင်တွေက သတိပေးပြောကြားနေကြပါတယ်။

တိုက်ရိုက် လင့်ခ်


ရပျကှကျလိုကျ အတားအဆီးတှေ ဖယျရှားပေးဖို့ စဈတပျက သတိပေးပွောကွား

(Unicode)



ဒါကတော့ မနေ့တုနျးက မွောကျဥက်ကလာ မဓောဝီရပျကှကျမှာ အတားအဆီးတှကေို ဖယျရှားဖို့ စဈတပျက လာရောကျ သတိပေးနတောဖွဈပါတယျ။












ဆက်စပ်သတင်းများ ...

XS
SM
MD
LG