သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ နဲ႔ မေလးရွား ၀န္ႀကီး ၂ဦး ျမန္မာ့အေရး ေဆြးေႏြး


အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Antony Blinken နဲ႔ မေလးရွားႏုိင္ငံျခားေရး၀န္ႀကီး Hishammuddin Hussein

(Zawgyi/Unicode)
အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Antony Blinken နဲ႔ မေလးရွားႏုိင္ငံျခားေရး၀န္ႀကီး Hishammuddin Hussein တို႔ ဗုဒၶဟူးေန႔က တယ္လီဖုန္းဆက္ၿပီး အာဆီယံအဖြဲ႔အပါအ၀င္ အင္ဒိုပစိဖိတ္ေဒသနဲ႔ အေမရိကန္ျပည္ေထာင္စုၾကား ဘက္ေပါင္းစုံ ပူးေပါင္းေဆာင္ရြက္မႈေတြ တိုးျမွင့္ဖို႔ ေျပာဆိုေဆြးေႏြးခဲ့ၾကပါတယ္။

ေတာင္တရုတ္ပင္လယ္ အပါအ၀င္ အင္ဒိုပစိဖိတ္ေဒသတြင္း လြတ္လပ္စြာေရေၾကာင္းသြားလာေရး၊ ေလေၾကာင္းပ်ံသန္းေရးနဲ႔ ပင္လယ္ေရျပင္ကို တရားနည္းလမ္းတက်အသုံးျပဳေရးကိစၥရပ္ေတြကို အားေပးေထာက္ခံတဲ့ေနရာမွာ အာဆီယံအဖြဲ႔ရဲ ႔အခန္းက႑က သိပ္အေရးႀကီးေၾကာင္း ၀န္ႀကီး Blinken က အေလးေပးေျပာၾကားခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ အာဆီယံအဖြဲ႔၀င္ႏုိ္င္ငံျဖစ္တဲ့ ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းထားတဲ့အေပၚ အထူးစိုးရိမ္ေၾကာင္းကိုလည္း ႏွစ္ႏုိ္င္ငံ၀န္ႀကီးေတြေျပာဆိုခ့ဲၾကတယ္လို႔ အေမရိကန္ႏုိ္င္ငံျခားေရးဌာနရဲ ႔အင္တာနက္စာမ်က္ႏွာမွာေဖာ္ျပထားပါတယ္။ ျမန္မာနဲ႔ပတ္သက္ၿပီး ဘာေတြေျပာဆုိေဆြးေႏြးၾကသလဲဆိုတာမ်ိဳးေတာ့ အေသးစိတ္ေဖာ္ျပမထားပါဘူး။

ျမန္မာႏုိင္ငံမွာ အာဏာသိမ္းထားတဲ့စစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲ ႔တပ္ဖြဲ႔ေတြက ဆႏၵျပျပည္သူေတြကို အင္အားသုံး ႏွိ္မ္ႏွင္းေနတဲ့လုပ္ရပ္နဲ႔ပတ္သက္ၿပိီး အာဆီယံအဖြဲ႔၀င္ႏုိင္ငံေတြျဖစ္တဲ့ မေလးရွားနဲ႔ စကၤာပူႏုိင္ငံတို႔ကေတာ့ အေစာပိုင္းကတည္းက တက္တက္ၾကြၾကြ ေျပာဆိုေဆာင္ရြက္ေနၾကပါတယ္။

အင္ဒိုနိးရွားႏုိင္ငံျခားေရး၀န္ႀကီး Retno Marsudi အာဆိီယံ မိသားစုျဖစ္တဲ့ ျမန္မာျပည္သူေတြ ေဘးကင္းေရး ထိပ္တန္းဦးစားေပးေဆာင္ရြက္မယ္လို႔ လတ္တေလာေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကန် နဲ့ မလေးရှား ဝန်ကြီး ၂ဦး မြန်မာ့အရေး ဆွေးနွေး
(Unicode)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Hishammuddin Hussein တို့ ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက်ပြီး အာဆီယံအဖွဲ့အပါအဝင် အင်ဒိုပစိဖိတ်ဒေသနဲ့ အမေရိကန်ပြည်ထောင်စုကြား ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

တောင်တရုတ်ပင်လယ် အပါအဝင် အင်ဒိုပစိဖိတ်ဒေသတွင်း လွတ်လပ်စွာရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနဲ့ ပင်လယ်ရေပြင်ကို တရားနည်းလမ်းတကျအသုံးပြုရေးကိစ္စရပ်တွေကို အားပေးထောက်ခံတဲ့နေရာမှာ အာဆီယံအဖွဲ့ရဲ့အခန်းကဏ္ဍက သိပ်အရေးကြီးကြောင်း ဝန်ကြီး Blinken က အလေးပေးပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားတဲ့အပေါ် အထူးစိုးရိမ်ကြောင်းကိုလည်း နှစ်နိုင်ငံဝန်ကြီးတွေပြောဆိုခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့အင်တာနက်စာမျက်နှာမှာဖော်ပြထားပါတယ်။ မြန်မာနဲ့ပတ်သက်ပြီး ဘာတွေပြောဆိုဆွေးနွေးကြသလဲဆိုတာမျိုးတော့ အသေးစိတ်ဖော်ပြမထားပါဘူး။

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့စစ်အုပ်ချုပ်ရေးကောင်စီရဲ့တပ်ဖွဲ့တွေက ဆန္ဒပြပြည်သူတွေကို အင်အားသုံး နှိမ်နှင်းနေတဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတို့ကတော့ အစောပိုင်းကတည်းက တက်တက်ကြွကြွ ပြောဆိုဆောင်ရွက်နေကြပါတယ်။

အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi အာဆီယံ မိသားစုဖြစ်တဲ့ မြန်မာပြည်သူတွေ ဘေးကင်းရေး ထိပ်တန်းဦးစားပေးဆောင်ရွက်မယ်လို့ လတ်တလောပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG