သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကရင္စစ္ေျပးဒုကၡသည္ေတြ အေရးေပၚအကူအညီလိုအပ္


ဒဏ္ရာရ ျမန္မာစစ္ေျပးဒုကၡသည္တဦးကို ထိုင္းေဆးရုံပို႔ေဆာင္စဥ္

{{Zawgyi/Unicode}}

ျမန္မာစစ္တပ္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြအတြင္း ကေလးငယ္တဦးအပါအဝင္ ေဒသခံျပည္သူတခ်ိဳ႕ေသဆုံးခဲ့ရသလို ေဘးလြတ္ရာ ေတာေတာင္ေတြထဲကို တိမ္းေရွာင္ေနၾကရတဲ့ ကရင္ေဒသခံျပည္သူေတြထဲ ကေလးငယ္ေတြ ကိုယ္ဝန္ေဆာင္မိခင္ေတြ သက္ႀကီး႐ြယ္အိုေတြနဲ႔ နာမက်န္းျဖစ္ေနသူေတြပါ ပါဝင္ေနပါတယ္။ ဒီလိုအသက္လုေျပးေနၾကရတဲ့ စစ္ေျပး ဒုကၡသည္ေတြအတြက္ စားနပ္ရိကၡာနဲ႔အေရးေပၚေဆးဝါး ကုသေစာင့္ေရွာက္မႈေတြ အေရးတႀကီး လိုအပ္ေနတယ္လို႔ ကရင္လူ႔အခြင့္အေရးအဖြဲ႕ကေျပာပါတယ္။ ကူညီကယ္ဆယ္ေပးႏိုင္ေရး အခက္အခဲေတြနဲ႔ရင္ဆိုင္ေနၾကရတဲ့ မတ္လ ၃၁ရက္ေန႔ ေနာက္ဆုံးအေျခအေနကို ကရင္လူ႔အခြင့္အေရးအဖြဲ႕က ေနာ္ထူးထူးကို ဗြီအိုေအျမန္မာပိုင္းက မဆုမြန္ ဆက္သြယ္ေမးျမန္းထားပါတယ္။

ေနာ္ထူးထူး။ ။ က်မတို႔သတင္းအရဆိုရင္ ကေလးငယ္ အသက္ ၈ႏွစ္တေယာက္ေသသြားတယ္ေပါ့။ ကိုယ္ဝန္ေဆာင္မိခင္ေတြလည္းေျပးလာတယ္။ အသက္ႀကီးပိုင္းေတြလည္းပါတယ္။ အားလံုးက ေျပးၾကတယ္ေပါ့ေနာ္ အစားအေသာက္ေတြလည္းမပါဘူး။ အဝတ္တထည္ကိုယ္တခုနဲ႔ေျပးၾကရတာ။ ေတာထဲမွာေနၾကပုန္းၾကရတယ္။ တညလုံးပါပဲ။ မနက္ၾကမွ အသံတိတ္သြားမွ ဆန္ေတြျပန္ယူရတယ္။ အဲဒီလိုမ်ုိးေနရတယ္။ အေျခအေနက ေတာ္ေတာ္ဆိုးပါတယ္။ ဒီေန႔ မတ္ ၃၁ ရက္ေန႔အထိ က်မတို႔ရထားတဲ့ စာရင္းအရ ၇ ေထာင္ ၈ ေထာင္ေလာက္ရွိေနၿပီ။ ဖာပြန္ဧရိယာ ။ မူေတာၿမိဳ႕နယ္။ ဒီပြန္ၿမိဳ႕။ တျခားရြာနာမည္ေတြ ရြာစုေတြေျပးရတာပဲ။ ခန္႔မွန္း ၆ ေထာင္ ၇ ေထာင္ေလာက္ေပါ့။

မဆုမြန္။ ။ ဒီေလာက္ ေထာင္နဲ႔ခ်ီတိမ္းေရွာင္ေနရတဲ့ ရြာသူရြာသားေတြ ေဒသခံျပည္သူေတြဖက္က နီးစပ္တဲ့ထိုင္းႏိုင္ငံဖက္ေျပးတဲ့အခါမွာလည္း သူတို႔အခက္ခဲေတြေနရတယ္သိရပါတယ္။ ကရင္္လူ႔အခြင့္အေရးအဖြဲ႔အေနနဲ႔ ဒီအေနအထားမွာ လူသားခ်င္းစာနာတဲ့ ေစာင့္ေရွာက္ေပးႏိုင္ဖို႔ ၊ သူတို႔ဒီလို စစ္ေျပးလာတဲ့အေနအထားကို လုပ္ေပးႏိုင္ဖို႔ ဘာေတြမ်ား ေတာင္းဆိုလိုပါသလဲရွင့္။

ေနာ္ထူးထူး။ ။ က်မတို႔ေတာင္းဆိုခ်င္တာက ထုိင္းအစိုးရအေနနဲ႔ ဘယ္လိုအခက္ခဲရွိလဲ ကိုဗစ္ ကို ေၾကာက္လို႔လားမသိဘူးေပါ့ေနာ္။ စစ္ပြဲျဖစ္တဲ့ေနရာက ေျပးလာတဲ့ ကရင္တိုင္းရင္းသားေတြကို သူတို႔အေနနဲ႔ လူသားခ်င္းစာနာေပးၿပီးေတာ့ အကာအကြယ္ခိုလႈံခြင့္ေပးဖို႔ေပါ့ေနာ္။ ေပးဖို႔သင့္ပါတယ္။ ဒီလိုမ်ဳိး ေျပးလာသူေတြကို ေနာက္မနက္မွာ ျပန္လို႔ေျပာတာဟာ ရက္စက္လြန္းရာေရာက္ပါတယ္။ ရြာသားေတြက သူတို႔ရြာကိုလည္း မျပန္ႏိုင္ပါဘူး။ ေသာင္ရင္းျမစ္ဟိုဖက္ကမ္းမွာပဲ သူတို႔ျမင္ေနရတာေပါ့ေနာ္။ ေက်ာက္ဖ်ာေတြရွိတယ္။ အဲဒီေက်ာက္ဖ်ာအာက္မွာပဲ ဝင္ပုန္းျဖစ္သလိုေနရပါတယ္။

မဆုမြန္။ ။ ကရင္ျပည္သူေတြ တိမ္းေရွာင္ရတဲ့အေနအထားမွာ နာမက်န္းေတြ၊ အသက္ႀကီးသူေတြ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြေကာ၊ ကေလးေတြ အမ်ားႀကီးပါလာႏိုင္တဲ့အေနအထားမွာရွိေတာ့ သူတို႔ဘာေတြအခက္ခဲေတြ အေရးတႀကီးအကူညီေပးရမွာက ဘာမ်ားျဖစ္မလဲရွင့္။
ေနာ္ထူးထူး။.။ အေရးတႀကီး သူတို႔လုိအပ္တာက အစားေသာက္၊ ရာသီဥတု႔က ပူေတာ့ တာလပတ္ေပါ့၊ ခ်က္ခ်င္းဝါးနဲ႔ အမိုးလုပ္ႏိုင္တယ္။ သူတို႔ေျပးလာေတာ့ ဆန္ေတြလည္း မ်ားမ်ားစားစားမသယ္ႏိုင္ဘူး။ တခ်ဳိ႕ဆို ဘာမွကို မသယ္ႏိုင္တာ။ ဆိုေတာ့ သူတို႔အဓိကလုိအပ္တာက ဆန္ နဲ႔ က်န္းမာေရးေဆးဝါးလိုတယ္။ ေျပးလာရတာဆုိေတာ့ ကေလးေတြက ဝမ္းေလ်ာ ဝမ္းသြားတာလည္း ေတြ႔ရတယ္။ တခ်ုိ႕ေျပးရင္း ထိခိုက္လာတာရွိတယ္။ ေရွးဦးသူနာျပဳစု႔ဖို႔ေပါ့ေနာ္။ အဓိက က်န္းမာေရးေစာင့္ေရွာက္မႈေပါ့ေနာ္။

မဆုမြန္။.၊ ေနာက္တခုက ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ တိမ္းေရွာင္လာၾကရင္ ထိခိုက္ဒဏ္ရာရမႈေတြရွိလာတာကို သူတို႔အတြက္ က်န္းမာေရးေစာင့္ေရွာက္မႈေတြကေကာ ဘယ္လိုမ်ဳိးအခက္အခဲေတြရွိၾကသလဲေပါ့ေနာ္။

ေနာ္ထူးထူး ။. ။ ေျပးရင္းလႊားရင္ ေလေၾကာင္းက တိုက္ခိုက္တာခံရတဲ့သူေတြ ထိခုိက္ဒဏ္ရာရသူေတြကိုေတာ့ ထိုင္းဖက္ကို ညိွိႏိႈင္းၿပီး ပို႔ရတယ္ေပါ့ေနာ္။ ၆ ေယာက္ေလာက္ရွိတယ္။ ထိုင္းဖက္ မယ္ေဟာင္ေဆာင္ ကိုပို႔ကု႔ရပါတယ္။ တခ်ဳိ႕ဆုိးဆိုးဝါးဝါးမဟုတ္ပဲ ထိခိုက္ဒဏ္ရာရသူေတြကိုေတာ့ ေကအင္ယူ ရဲ႕ က်န္းမာေရးဌာနက ေဆးမွဴးေတြက ကု႔သေပးေနတာေတာ့ရွိတယ္။

မဆုမြန္ ။.။ ကရင္လူထု႔ေထာင္နဲ႔ခ်ီထြက္ေျပးေနရတယ္။ အခုခ်ိန္ထိလည္း သူတို႔ေနရပ္ျပန္ေရးမေသခ်ာေသးဘူး။ ဒီအေပၚမွာ ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းဖက္က ျမန္မာႏိုင္ငံမွာ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြရွိေနတဲ့အေပၚ ကရင္လူ႔အခြင့္အေရးအဖြဲ႔အေနနဲ႔ ဘာမ်ားေတာင္းဆုိခ်င္ပါသလဲ။

ေနာ္ထူးထူး ။. ။ က်မတို႔အေနနဲ႔ စစ္ေကာင္စီ အာဏာသိမ္းမွ ေတာင္းဆိုလာတာမဟုတ္ပါဘူး။ ဟုိးအရင္ကတည္းက ေတာင္းဆိုခဲ့တာပါ။ ျပစ္ဒဏ္က လြတ္ကင္းခြင့္ေတြရွိေနသမွ် လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြက ရွိေနခဲ့တယ္။ ေနာက္ၿပီးေတာ့ အေရးယူမႈမရွိတဲ့ တာဝန္ခံမႈ တာဝန္ယူမႈမရွိတဲ့အတြက္ လူအခြင့္အေရးခ်ဳိးေဖာက္မႈက တုိင္းရင္းသားနယ္ေျမမွာအၿမဲရွိခဲ့တယ္။ ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ ျမန္မာျပည္မွာ အရပ္သားေတြ ဒီလုိ အကာကြယ္မဲ့ သတ္ျဖတ္ျခင္းခံေနရတာေတြကို စိတ္ပူပါတယ္ဆိုတဲ့အဆင့္ကေန တိက်တဲ့ အေရးယူမႈေတြလုပ္ဖို႔အခ်ိန္တန္ေနပါၿပီ။ လက္နက္ေရာင္းခ်မႈေတြပိတ္ပင္ဖို႔ ဖိအားေပးရပါမယ္။ ဒီထက္ပိုလုပ္ေဆာင္ဖို႔ ေတာင္းဆိုခ်င္ပါတယ္။

ကရင္လူ႔အခြင့္အေရးအဖြဲ႕က ေနာ္ထူးထူးကို ဗြီအိုေအျမန္မာပိုင္းက မဆုမြန္ ဆက္သြယ္ေမးျမန္းခဲ့တာျဖစ္ပါတယ္။

.....................................................

ကရင္စစ္ေျပးဒုကၡသည္မ်ား
please wait

No media source currently available

0:00 0:05:50 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ကလေးငယ်တဦးအပါအဝင် ဒေသခံပြည်သူတချို့သေဆုံးခဲ့ရသလို ဘေးလွတ်ရာ တောတောင်တွေထဲကို တိမ်းရှောင်နေကြရတဲ့ ကရင်ဒေသခံပြည်သူတွေထဲ ကလေးငယ်တွေ ကိုယ်ဝန်ဆောင်မိခင်တွေ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေသူတွေပါ ပါဝင်နေပါတယ်။ ဒီလိုအသက်လုပြေးနေကြရတဲ့ စစ်ပြေး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့အရေးပေါ်ဆေးဝါး ကုသစောင့်ရှောက်မှုတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။ ကူညီကယ်ဆယ်ပေးနိုင်ရေး အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတဲ့ မတ်လ ၃၁ရက်နေ့ နောက်ဆုံးအခြေအနေကို ကရင်လူ့အခွင့်အရေးအဖွဲ့က နော်ထူးထူးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

နော်ထူးထူး။ ။ ကျမတို့သတင်းအရဆိုရင် ကလေးငယ် အသက် ၈နှစ်တယောက်သေသွားတယ်ပေါ့။ ကိုယ်ဝန်ဆောင်မိခင်တွေလည်းပြေးလာတယ်။ အသက်ကြီးပိုင်းတွေလည်းပါတယ်။ အားလုံးက ပြေးကြတယ်ပေါ့နော် အစားအသောက်တွေလည်းမပါဘူး။ အဝတ်တထည်ကိုယ်တခုနဲ့ပြေးကြရတာ။ တောထဲမှာနေကြပုန်းကြရတယ်။ တညလုံးပါပဲ။ မနက်ကြမှ အသံတိတ်သွားမှ ဆန်တွေပြန်ယူရတယ်။ အဲဒီလိုမျိုးနေရတယ်။ အခြေအနေက တော်တော်ဆိုးပါတယ်။ ဒီနေ့ မတ် ၃၁ ရက်နေ့အထိ ကျမတို့ရထားတဲ့ စာရင်းအရ ၇ ထောင် ၈ ထောင်လောက်ရှိနေပြီ။ ဖာပွန်ဧရိယာ ။ မူတောမြို့နယ်။ ဒီပွန်မြို့။ တခြားရွာနာမည်တွေ ရွာစုတွေပြေးရတာပဲ။ ခန့်မှန်း ၆ ထောင် ၇ ထောင်လောက်ပေါ့။

မဆုမွန်။ ။ ဒီလောက် ထောင်နဲ့ချီတိမ်းရှောင်နေရတဲ့ ရွာသူရွာသားတွေ ဒေသခံပြည်သူတွေဖက်က နီးစပ်တဲ့ထိုင်းနိုင်ငံဖက်ပြေးတဲ့အခါမှာလည်း သူတို့အခက်ခဲတွေနေရတယ်သိရပါတယ်။ ကရင်လူ့အခွင့်အရေးအဖွဲ့အနေနဲ့ ဒီအနေအထားမှာ လူသားချင်းစာနာတဲ့ စောင့်ရှောက်ပေးနိုင်ဖို့ ၊ သူတို့ဒီလို စစ်ပြေးလာတဲ့အနေအထားကို လုပ်ပေးနိုင်ဖို့ ဘာတွေများ တောင်းဆိုလိုပါသလဲရှင့်။

နော်ထူးထူး။ ။ ကျမတို့တောင်းဆိုချင်တာက ထိုင်းအစိုးရအနေနဲ့ ဘယ်လိုအခက်ခဲရှိလဲ ကိုဗစ် ကို ကြောက်လို့လားမသိဘူးပေါ့နော်။ စစ်ပွဲဖြစ်တဲ့နေရာက ပြေးလာတဲ့ ကရင်တိုင်းရင်းသားတွေကို သူတို့အနေနဲ့ လူသားချင်းစာနာပေးပြီးတော့ အကာအကွယ်ခိုလှုံခွင့်ပေးဖို့ပေါ့နော်။ ပေးဖို့သင့်ပါတယ်။ ဒီလိုမျိုး ပြေးလာသူတွေကို နောက်မနက်မှာ ပြန်လို့ပြောတာဟာ ရက်စက်လွန်းရာရောက်ပါတယ်။ ရွာသားတွေက သူတို့ရွာကိုလည်း မပြန်နိုင်ပါဘူး။ သောင်ရင်းမြစ်ဟိုဖက်ကမ်းမှာပဲ သူတို့မြင်နေရတာပေါ့နော်။ ကျောက်ဖျာတွေရှိတယ်။ အဲဒီကျောက်ဖျာအာက်မှာပဲ ဝင်ပုန်းဖြစ်သလိုနေရပါတယ်။

မဆုမွန်။ ။ ကရင်ပြည်သူတွေ တိမ်းရှောင်ရတဲ့အနေအထားမှာ နာမကျန်းတွေ၊ အသက်ကြီးသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေကော၊ ကလေးတွေ အများကြီးပါလာနိုင်တဲ့အနေအထားမှာရှိတော့ သူတို့ဘာတွေအခက်ခဲတွေ အရေးတကြီးအကူညီပေးရမှာက ဘာများဖြစ်မလဲရှင့်။
နော်ထူးထူး။. ။ အရေးတကြီး သူတို့လိုအပ်တာက အစားသောက်၊ ရာသီဥတု့က ပူတော့ တာလပတ်ပေါ့၊ ချက်ချင်းဝါးနဲ့ အမိုးလုပ်နိုင်တယ်။ သူတို့ပြေးလာတော့ ဆန်တွေလည်း များများစားစားမသယ်နိုင်ဘူး။ တချို့ဆို ဘာမှကို မသယ်နိုင်တာ။ ဆိုတော့ သူတို့အဓိကလိုအပ်တာက ဆန် နဲ့ ကျန်းမာရေးဆေးဝါးလိုတယ်။ ပြေးလာရတာဆိုတော့ ကလေးတွေက ဝမ်းလျော ဝမ်းသွားတာလည်း တွေ့ရတယ်။ တချို့ပြေးရင်း ထိခိုက်လာတာရှိတယ်။ ရှေးဦးသူနာပြုစု့ဖို့ပေါ့နော်။ အဓိက ကျန်းမာရေးစောင့်ရှောက်မှုပေါ့နော်။

မဆုမွန်။. ၊ နောက်တခုက လေကြောင်းတိုက်ခိုက်မှုကြောင့် တိမ်းရှောင်လာကြရင် ထိခိုက်ဒဏ်ရာရမှုတွေရှိလာတာကို သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကကော ဘယ်လိုမျိုးအခက်အခဲတွေရှိကြသလဲပေါ့နော်။

နော်ထူးထူး ။. ။ ပြေးရင်းလွှားရင် လေကြောင်းက တိုက်ခိုက်တာခံရတဲ့သူတွေ ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ထိုင်းဖက်ကို ညှိနှိုင်းပြီး ပို့ရတယ်ပေါ့နော်။ ၆ ယောက်လောက်ရှိတယ်။ ထိုင်းဖက် မယ်ဟောင်ဆောင် ကိုပို့ကု့ရပါတယ်။ တချို့ဆိုးဆိုးဝါးဝါးမဟုတ်ပဲ ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ကေအင်ယူ ရဲ့ ကျန်းမာရေးဌာနက ဆေးမှူးတွေက ကု့သပေးနေတာတော့ရှိတယ်။

မဆုမွန် ။. ။ ကရင်လူထု့ထောင်နဲ့ချီထွက်ပြေးနေရတယ်။ အခုချိန်ထိလည်း သူတို့နေရပ်ပြန်ရေးမသေချာသေးဘူး။ ဒီအပေါ်မှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းဖက်က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတဲ့အပေါ် ကရင်လူ့အခွင့်အရေးအဖွဲ့အနေနဲ့ ဘာများတောင်းဆိုချင်ပါသလဲ။

နော်ထူးထူး ။. ။ ကျမတို့အနေနဲ့ စစ်ကောင်စီ အာဏာသိမ်းမှ တောင်းဆိုလာတာမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက တောင်းဆိုခဲ့တာပါ။ ပြစ်ဒဏ်က လွတ်ကင်းခွင့်တွေရှိနေသမျှ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ရှိနေခဲ့တယ်။ နောက်ပြီးတော့ အရေးယူမှုမရှိတဲ့ တာဝန်ခံမှု တာဝန်ယူမှုမရှိတဲ့အတွက် လူအခွင့်အရေးချိုးဖောက်မှုက တိုင်းရင်းသားနယ်မြေမှာအမြဲရှိခဲ့တယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာပြည်မှာ အရပ်သားတွေ ဒီလို အကာကွယ်မဲ့ သတ်ဖြတ်ခြင်းခံနေရတာတွေကို စိတ်ပူပါတယ်ဆိုတဲ့အဆင့်ကနေ တိကျတဲ့ အရေးယူမှုတွေလုပ်ဖို့အချိန်တန်နေပါပြီ။ လက်နက်ရောင်းချမှုတွေပိတ်ပင်ဖို့ ဖိအားပေးရပါမယ်။ ဒီထက်ပိုလုပ်ဆောင်ဖို့ တောင်းဆိုချင်ပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့က နော်ထူးထူးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG