သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး လန္ဒန္ဆႏၵျပပဲြ R2P ေတာင္းဆို


လန္ဒန္ၿမိဳ႕က ျမန္မာမ်ား စစ္အာဏာသိမ္းကန္႔ကြက္ဆႏၵျပ

{{Zawgyi/Unicode}}

R2P ျမန္မာ့အေရးမွာ ႏိုင္ငံတကာက၀င္ေရာက္စြတ္ဖက္ဖို႔ ေတာင္းဆိုတဲ့ လန္ဒန္ၿမိဳ႕က ဆႏၵျပပဲြမွာ ျမန္မာ့ဒီမိုကေရစီနဲ႔တိုင္းရင္းသားလႈပ္ရွားသူေတြ စုစုေပါင္း ႏွစ္ရာေလာက္ ဒီကေန႔ ေန႔လည္ပိုင္းက ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵျပပဲြမွာ ပါ၀င္ေနသူတဦးကို ကိုသားၫြန္႔ဦး ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုသားညြန္႔ဦး ။. ။ဒီေန႔ဆႏၵျပတဲ့အေျခအေနေလးေပါ့။ ဘယ္ေနရာမွာျပၾကလည္း။
ဆႏၵျပပြဲပါဝင္သူတဦး။.။ ဟုတ္ကဲ။ ဒီေန႔ မနက္ ၁ဝနာရီေလာက္မွာ CRPH (UK) ဂရု႔က ပါလီမန္ထဲကို စာသြားေပးပါတယ္။ ၿပီးေတာ့ ပါလီမန္ေရွ႕မွာ ဆႏၵျပၾကပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ က်မတို႔ UK မွာ ဗုဒၶဟူးေန႔ဆိုရင္ Prime Minister Question ရွိပါတယ္။ အဲဒီအတြက္ေၾကာင့္ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြ်န္ဆင္ ပါလီမန္မွာေဆြးေႏြးဖို႔အတြက္ပါ။ အဓိက R2P ကို ေဆြးေႏြးဖို႔အတြက္ပါ။ US မွာလည္း UK မစ္ရွင္ရွိတဲ့အတြက္ ဒီဟာကို ဆႏၵျပရတာပါ။ အဲဒီေနာက္ ပါလီမန္ကေနၿပီး တရုတ္သံရုံးကို ခ်ီတက္ေနပါတယ္။

ကိုသားညြန္႔ဦး ။.။ တရုတ္သံရုံးမွာေရာ အဓိက ဘာေတြေတာင္းဆိုၾကမွာလဲ။
ဆႏၵျပပြဲပါဝင္သူတဦး ။. ။ ရုတ္သံရုံးကိုစာေပးမယ္ရွင့္။ က်မတို႔ ဆႏၵျပသူေတြကလည္း တရုတ္အသုဘေတြမွာ ဝတ္သလိုမ်ဳိး ဝတ္စုံေတြဝတ္ေနၾကပါတယ္။ ၿပီးသြားရင္္ တရုတ္သံရုံးကို တရုတ္လိုေရးထားတဲ့စာေတြေပးမယ္လို႔သိရပါတယ္။

ကိုသားညြန္႔ဦး ။. ။ အဓိက တရုတ္သံရုံးကို ဆႏၵျပတဲ့ကိစၥက ရည္ရြယ္ခ်က္နဲ႔ လိုလားခ်က္ေတြဘာေတြရွိလဲ။
ဆႏၵျပပြဲပါဝင္သူတဦး။. ။ ခုေလာေလာဆယ္အေျခအေနကေတာ့ က်မတို႔လိုလားတာ ဒီမိုကေရစီပဲေပါ့ေနာ္။ အခုအေနအထားမွာ က်မတို႔ႏိုင္ငံမွာ R2P အရမ္းလိုအပ္ပါတယ္။

ကိုသားညြန္႔ဦး။.။ ေတာင္းဆိုေနၾကတာေတြျဖစ္ေျမာက္လာဖို႔ေရာ ဘယ္ေလာက္အထိေမွ်ာ္မွန္းထားလဲ။
ဆႏၵျပပြဲပါဝင္သူတဦး။. ။က်မတို႔ကေတာ့ စတဲ့ ေဖေဖာ္ဝါရီ (၁)ရက္ေန႔ကတည္းက တုိင္ပင္တယ္။ အၿမဲတန္းေအာင္စိတ္ပဲေမြးတယ္။ က်မတို႔ေခါင္းေဆာင္ ကိုမင္းကိုႏိုင္ ေျပာသလို R2P ကိုလည္းေမွ်ာ္လင့္တယ္။ တကယ္လည္းျဖစ္ပ်က္ေနတဲ့အေနအထားဆိုေတာ့။ ႏိုင္ငံတကာက ကူညီမယ္လို႔ ေမွ်ာ္လင့္တယ္။ ႏိုင္ငံတကာအသိုင္းအဝိုင္းကလည္း ရွိတယ္က်မတို႔က ႏိုင္မွာ။ ႏိုင္စိတ္ပဲေမြးတယ္။

ကိုသားညြန္႔ဦး ။။ အခုဆႏၵျပတာ ျမန္မာအသိုင္းအဝိုင္းက လူအင္အားဘယ္ေလာက္ရွိလဲ ။
ဆႏၵျပပြဲပါဝင္သူတဦး။ အင္အား ၂ဝဝ ေက်ာ္မယ္ထင္တယ္။ ျမန္မာတင္မကပါဘူး။ ကခ်င္၊ကယား ၊ ခ်င္းလူမ်ဳိးေတြ၊ ဘာသာေပါင္းစုံ၊ က်မကိုယ္တိုင္လည္း ကရင္ နဲ႔ တရုတ္စပ္ပါတယ္။ တရုတ္ေတြလည္းပါတယ္။ ဟိႏိၵဴေတြ၊ ရိုဟင္ဂ်ာေတြ လာပါတယ္ရွင့္။

ဒါကေတာ့ UK က ျမန္မာ့အေရးဆႏၵျပပဲြျဖစ္ပါတယ္။ ဒီကေန႔ အေမရိကန္ျပည္ေထာင္စု နယူးေယာက္ ကုလသမဂၢမွာေတာ့ မၾကာခင္အခ်ိန္မွာပဲ ကုလသမဂၢလံုျခံဳေရးေကာင္စီ တခါးပိတ္အစည္းအေ၀းက်င္းပဖို႔ရွိေနပါတယ္။ အေမရိကန္ျပည္ေထာင္စုက အလွည့္က်ဥကၠဌအျဖစ္ တာ၀န္ယူထားတဲ့ လံုျခံဳေရးေကာင္စီမွာ ျမန္မာ့အေရး အေရးေပၚ အစည္းအေ၀းေခၚယူဖို႔ UK က အဆိုျပဳထားၿပီး၊ ဒီအစည္းအေ၀းအတြင္း ျမန္မာႏိုင္ငံဆိုင္ရာ ကုလအထူးကိုယ္စားလွယ္က ျမန္မာႏိုင္ငံအေျခအေနေတြ ရွင္းျပဖို႔ရွိေနပါတယ္။

......................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

R2P မြန်မာ့အရေးမှာ နိုင်ငံတကာကဝင်ရောက်စွတ်ဖက်ဖို့ တောင်းဆိုတဲ့ လန်ဒန်မြို့က ဆန္ဒပြပွဲမှာ မြန်မာ့ဒီမိုကရေစီနဲ့တိုင်းရင်းသားလှုပ်ရှားသူတွေ စုစုပေါင်း နှစ်ရာလောက် ဒီကနေ့ နေ့လည်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်နေသူတဦးကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး ။. ။ဒီနေ့ဆန္ဒပြတဲ့အခြေအနေလေးပေါ့။ ဘယ်နေရာမှာပြကြလည်း။
ဆန္ဒပြပွဲပါဝင်သူတဦး။. ။ ဟုတ်ကဲ။ ဒီနေ့ မနက် ၁ဝနာရီလောက်မှာ CRPH (UK) ဂရု့က ပါလီမန်ထဲကို စာသွားပေးပါတယ်။ ပြီးတော့ ပါလီမန်ရှေ့မှာ ဆန္ဒပြကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ UK မှာ ဗုဒ္ဓဟူးနေ့ဆိုရင် Prime Minister Question ရှိပါတယ်။ အဲဒီအတွက်ကြောင့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ပါလီမန်မှာဆွေးနွေးဖို့အတွက်ပါ။ အဓိက R2P ကို ဆွေးနွေးဖို့အတွက်ပါ။ US မှာလည်း UK မစ်ရှင်ရှိတဲ့အတွက် ဒီဟာကို ဆန္ဒပြရတာပါ။ အဲဒီနောက် ပါလီမန်ကနေပြီး တရုတ်သံရုံးကို ချီတက်နေပါတယ်။

ကိုသားညွန့်ဦး ။. ။ တရုတ်သံရုံးမှာရော အဓိက ဘာတွေတောင်းဆိုကြမှာလဲ။
ဆန္ဒပြပွဲပါဝင်သူတဦး ။. ။ ရုတ်သံရုံးကိုစာပေးမယ်ရှင့်။ ကျမတို့ ဆန္ဒပြသူတွေကလည်း တရုတ်အသုဘတွေမှာ ဝတ်သလိုမျိုး ဝတ်စုံတွေဝတ်နေကြပါတယ်။ ပြီးသွားရင် တရုတ်သံရုံးကို တရုတ်လိုရေးထားတဲ့စာတွေပေးမယ်လို့သိရပါတယ်။

ကိုသားညွန့်ဦး ။. ။ အဓိက တရုတ်သံရုံးကို ဆန္ဒပြတဲ့ကိစ္စက ရည်ရွယ်ချက်နဲ့ လိုလားချက်တွေဘာတွေရှိလဲ။
ဆန္ဒပြပွဲပါဝင်သူတဦး။. ။ ခုလောလောဆယ်အခြေအနေကတော့ ကျမတို့လိုလားတာ ဒီမိုကရေစီပဲပေါ့နော်။ အခုအနေအထားမှာ ကျမတို့နိုင်ငံမှာ R2P အရမ်းလိုအပ်ပါတယ်။

ကိုသားညွန့်ဦး။. ။ တောင်းဆိုနေကြတာတွေဖြစ်မြောက်လာဖို့ရော ဘယ်လောက်အထိမျှော်မှန်းထားလဲ။
ဆန္ဒပြပွဲပါဝင်သူတဦး။. ။ကျမတို့ကတော့ စတဲ့ ဖေဖော်ဝါရီ (၁)ရက်နေ့ကတည်းက တိုင်ပင်တယ်။ အမြဲတန်းအောင်စိတ်ပဲမွေးတယ်။ ကျမတို့ခေါင်းဆောင် ကိုမင်းကိုနိုင် ပြောသလို R2P ကိုလည်းမျှော်လင့်တယ်။ တကယ်လည်းဖြစ်ပျက်နေတဲ့အနေအထားဆိုတော့။ နိုင်ငံတကာက ကူညီမယ်လို့ မျှော်လင့်တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ရှိတယ်ကျမတို့က နိုင်မှာ။ နိုင်စိတ်ပဲမွေးတယ်။

ကိုသားညွန့်ဦး ။ ။ အခုဆန္ဒပြတာ မြန်မာအသိုင်းအဝိုင်းက လူအင်အားဘယ်လောက်ရှိလဲ ။
ဆန္ဒပြပွဲပါဝင်သူတဦး။ အင်အား ၂ဝဝ ကျော်မယ်ထင်တယ်။ မြန်မာတင်မကပါဘူး။ ကချင်၊ကယား ၊ ချင်းလူမျိုးတွေ၊ ဘာသာပေါင်းစုံ၊ ကျမကိုယ်တိုင်လည်း ကရင် နဲ့ တရုတ်စပ်ပါတယ်။ တရုတ်တွေလည်းပါတယ်။ ဟိန္ဒိူတွေ၊ ရိုဟင်ဂျာတွေ လာပါတယ်ရှင့်။

ဒါကတော့ UK က မြန်မာ့အရေးဆန္ဒပြပွဲဖြစ်ပါတယ်။ ဒီကနေ့ အမေရိကန်ပြည်ထောင်စု နယူးယောက် ကုလသမဂ္ဂမှာတော့ မကြာခင်အချိန်မှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တခါးပိတ်အစည်းအဝေးကျင်းပဖို့ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုက အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အရေးပေါ် အစည်းအဝေးခေါ်ယူဖို့ UK က အဆိုပြုထားပြီး၊ ဒီအစည်းအဝေးအတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံအခြေအနေတွေ ရှင်းပြဖို့ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG