သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ကို တရုတ် တန်ပြန် ဒဏ်ခတ်အရေးယူ


(ZAWGYI/UNICODE)

ဗြိတိန်အနေနဲ့ EU နဲ့တွဲပြီး တရုတ်အရာရှိတွေကို Xinjiang ပြည်နယ်လူ့အခွင့်အရေးချိုးဖောက်မူနဲ့ ပစ်ဒဏ်ခတ်ပိတ်ဆို့ခဲ့တာကို၊ တရုတ်ဘက်က ပြန်ဒဏ်ခတ် ပိတ်ဆို့လိုက်ပါတယ်။

ဗြိတိန်နိုင်ငံက လူနဲ့ အဖွဲ့အစည်းတချို.ကို၊ တရုတ်ပိုင်နယ်မြေထဲ ဝင်လည်ပတ်ခွင့်နဲ့ တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ ငွေကြေးဆက်သွယ်ခွင့်တွေကို တရုတ်ဘက်က ပြန်ပိတ်ပင်ဒဏ်ခတ်လိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ချက်ထဲမှာလည်း၊ အနောက်နိုင်ငံတွေအုပ်စုရဲ့လုပ်ရပ်ဟာ၊ လိမ်ညာမူတွေ၊ သတင်းမှားတွေနဲ့သာပြည့်နေတာပါလို့၊ ပြန်ဝေဖန်ထားပြီး၊ တရုတ်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးကိုလည်း ခေါ်တွေ့သတိပေးခဲ့တယ်လိုဆိုပါတယ်။

ဒီ တရုတ်နိုင်ငံခြားရေးကြေညာချက်ထဲမှာပဲ၊ အနောက်နိုင်ငံတွေ တရုတ်အပေါ်ဒဏ်ခတ်တာက၊ နိုင်ငံတကာဆက်ဆံရေးထိန်းထားပေးတဲ့ ဥပဒေတွေ အခြေခံစံနှုန်းတွေကို ဗြောင်ချိုးဖောက်ပြီး၊ တရုတ်ပြည်တွင်းရေးကို ပြင်းပြင်းထန်ထန်ဝင်စွက်တာကြောင့်၊ တရုတ်-ဗြိတိန်ဆက်ဆံရေးကို ကြီးကြီးမားမားထိခိုက်နိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဗြိတိန်နိုင်ငံသား ၉ ဦးနဲ အဖွဲ့အစည်း ၄ ခုကို အခုလိုတရုတ်ဖက်က ဒဏ်ခတ်ပိတ်ဆိုးမူလုပ်ခဲ့ရာမှာ ဗြိတိန်လွှတ်တော်အမတ် Iain Duncan Smith နဲ့ ဗြိတိန် Conservative ပါတီရဲ့ လူ့အခွင့်အရေးကော်မရှင်တို့လည်း ပါဝင်ပါတယ်။

Xinjiang ပြည်နယ်က Uyghur လုမျိုးနဲ့ အခြားတရုတ်မွတ်ဆလင် တစ်သန်းကျော်ကို၊ တရုတ်အစိုးရက ဖမ်းဆီးထားတာ၊ အလုပ်ကြမ်းခိုင်စေတာနဲ့ ကလေးမွေးမူအတင်းအကြပ်ထိန်းချုပ်ထားတာတွေအပေါ်၊ အနောက်နိုင်ငံတွေဘက်ကလည်း အရေးယူမူတွေပိုလုပ်လာနေပါတယ်။

.......................................

တိုက်ရိုက် လင့်ခ်

(UNICODE)







XS
SM
MD
LG