သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ကျေးရွာသားတွေ ပြန်မောင်းထုတ်တာမဟုတ် ထိုင်းဝန်ကြီးချုပ်ငြင်းဆို


ကရင်စစ်ရှောင်ဒုက္ခသည်များ။ (မတ် ၂၉၊ ၂၀၂၁)
ကရင်စစ်ရှောင်ဒုက္ခသည်များ။ (မတ် ၂၉၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ကရင် ရွာသူ၊ ရွာသားတွေကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက မြန်မာနိုင်ငံဘက် ပြန်မောင်းထုတ်တယ်ဆိုတာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ်က ဒီကနေ့ ငြင်းလိုက်ပါတယ်။

သူတို့ရွာတွေကို စစ်ကောင်စီရဲ့တပ်တွေက လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည် ၃,ဝ၀၀ ထက်မနည်းကို ထိုင်းစစ်တပ်က ပြန်ခိုင်းတယ်ဆိုတဲ့သတင်းတွေ ထွက်လာခဲ့အပြီး နောက်တစ်ရက်မှာပဲ ထိုင်းဝန်ကြီးချုပ်က အခုလိုငြင်းလိုက်တာပါ။

"ဒုက္ခသည်တွေ အလုံးအရင်းနဲ့ရောက်လာတာ ခုချိန်ထိ မရှိသေးပါဘူး။ ထိုင်းနိုင်ငံထဲဝင်လာသူတွေကို သူတို့ဒေသမှာ ပြဿနာတစ်ခုခု ရှိသလားဆိုတာ မေးပါတယ်။ ပြဿနာမရှိဘူးလို့ သူတို့ပြောရင် သူတို့နေရာကိုပြန်ဖို့ အရင်ဆုံးပြောပါတယ်။ ပြန်ဖို့ပဲပြောတာပါ။ အင်အားမသုံးပါဘူး။ မောင်းမထုတ်ပါဘူး။ သူတို့ဒေသမှာ တိုက်ပွဲရှိနေရင် ကျနော်တို့ ဘယ်လိုမောင်းထုတ်နိုင်မှာလဲ။ ဒါပေမဲ့ လက်ရှိမှာ ဘာတိုက်ပွဲမှ မရှိဘူးဆိုရင် အရင်ဆုံး ပြန်မသွားနိုင်ဘူးလား။" လို့ ဝန်ကြီးချုပ် ပရာယုသ် ချန်-အိုချာက သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမဲ့လည်း ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို တားဆီးဖို့၊ ဒုက္ခသည်အရေး လုပ်ဆောင်နေတဲ့ NGO တွေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေ ဒုက္ခသည်တွေနဲ့ တိုက်ရိုက်ဆက်သွယ်တာကို ခွင့်မပြုဖို့ ထိုင်း-မြန်မာနယ်စပ်ဒေသက ခရိုင်တစ်ခုရဲ့ အကြီးအကဲက ဒေသတွင်းအစည်းအဝေးတခုမှာ ပြောခဲ့တဲ့အကြောင်း ရိုက်တာသတင်းတစ်ပုဒ်မှာ ရေးထားပါတယ်။ ဒုက္ခသည်တွေကို နယ်စပ်မှာ ထိုင်းစစ်တပ်ကတားဆီးဖို့ အစိုးရက မူချထားတယ်ဆိုပြီး အဲဒီခရိုင်အကြီးအကဲက ပြောတယ်လို့လည်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။

ကရင်ပြည်နယ်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ ထိုင်းစစ်သားတွေက စောင့်ကြည့်နေတဲ့အောက်မှာပဲ လှေတွေပေါ်ပြန်တက်သွားကြတာကို ရိုက်တာက လက်ခံရရှိခဲ့တဲ့ ဗွီဒီယိုထဲမှာ တွေ့ရတယ်လို့လည်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG